03/08/2025
ကျွန်တော်တို့ရဲ့ Business တစ်ခုမှာ နေ့စဉ်လုပ်ငန်းဆောင်တာတွေထဲက အရေးကြီးတဲ့အချက်တွေ အများအပြားရှိပါတယ် အဲ့ဒီထဲကမှ အရေးကြီးတဲ့အချက်တစ်ခုကို ပြောပြပေးသွားပါမယ်
Customer Feedback တစ်နည်း Client Feedback
Feedback အရေးကြီးပါတယ် ပေါ့ပေါ့တန်တန်သဘောထားလို့မရပါဘူး Business တိုင်းဟာ Customer ရှိပါတယ် Customer ရှိရင် Feedback ရှိပါတယ်
ဥပမာ ကျွန်တော်တို့ ထုတ်ကုန်တစ်ခုကို ထုတ်လုပ်ပြီး ဈေးကွက်ကို ရောင်းချလိုက်ပြီဆိုပါစို့
အဲ့ဒီမှာ ဝယ်ယူသူလက်ထဲကို ရောက်ရှိသွားပြီဆိုပြီး ပစ်စလက်ခတ် လက်လွှတ်စပယ်ထားလိုက်လို့ မရပါဘူး ကျွန်တော်တို့နားတွေကို စွင့်ထားရပါမယ် ဒီထုတ်ကုန်နဲ့ ပတ်သက်လို့ ဝယ်ယူသူ Customer ဘက်က ပြန်တုံ့ပြန်လာမယ့် တုံ့ပြန်မှုတွေကို နားစွင့်ထားရပါမယ် ဒီနေရာမှာ မိတ်ဆွေတို့ဘက်က ဂျင်းထည့်ရောင်းမယ့် တစ်ခါဆက်ဆံနောက်ပက်လက်လန်တဲ့ အကွက်ကို ကျွန်တော်ထည့်မပြောပါဘူး
ကိုယ့်ရဲ့ထုတ်ကုန်လုပ်ငန်းကို ရေရှည်လုပ်ကိုင်မှာလား အောင်မြင်အောင်တိုးတက်အောင် လုပ်ဆောင်မှာလား
Feedback ဟာ ကျွန်တော်တို့ရဲ့ indirect marketing ပါ ဘာလို့ဒီလိုဆိုရလဲဆိုတော့ မိတ်ဆွေရဲ့ထုတ်ကုန် ကောင်းခြင်းဆိုးခြင်းကို ဝယ်ယူသွားတဲ့ customer က Marketing ပြန်ဆင်းပေးမှာပါ ဒါဟာ မိတ်ဆွေငွေမကုန်ပဲနဲ့ ရရှိတဲ့ fee-free Marketing ပါ
ဒီFeedback ကြောင့်ပဲ သင့်ရဲ့ထုတ်ကုန် သင့်ရဲ့လုပ်ငန်းဟာ ဖောက်သည်တွေ ဝယ်ယူသူတွေတိုးလာမယ် အားပေးတဲ့သူတွေ ရှယ်ယာရှင်တွေတိုးလာမယ်
မိတ်ဆွေရဲ့ထုတ်ကုန်နဲ့ ဝန်ဆောင်မှုသာကောင်းမွန်ပါစေ Customer ဟာ မိတ်ဆွေ အခကြေးငွေ မပေးရတဲ့ Marketer တစ်ဦးပါပဲ
မိတ်ဆွေရဲ့ Social Mediaမှာ မိတ်ဆွေရဲ့ လုပ်ငန်းတစ်ခုကို တင်ထားတယ်ဆိုပါဆို ဒီတင်ထားတဲ့ content တစ်ခုအောက်မှာ comment Feedback ကတစ်ဆင့် မြင်သွားပြီး အကျိုးအကြောင်း အဆိုးအကောင်းကိုသိရှိသွားပြီး customer to customer relationship မရှိပဲနဲ့လဲ third party customer နဲ့ partner အသစ်တွေကို ထိုးဖောက်ဝင်ရောက်နိုင်ပါတယ် ဒါဟာလဲ Feedback ရဲ့ ကောင်းကျိုးတွေပါပဲ
မိတ်ဆွေတို့အနေနဲ့ ကိုယ့်ရဲ့လုပ်ငန်း ကြီးပွားတိုးတက်အောင်မြင်ဖို့ဆိုရင် လုံးဝမမေ့ထားသင့် လျစ်လျူရှုမထားသင့်တဲ့ အချင်းအရာတွေထဲမှာ ပါဝင်တာ Feedback ပါပဲ