KPG Entertainment

  • Home
  • KPG Entertainment

KPG Entertainment Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KPG Entertainment, Advertising/Marketing, .

Silence... Can You Hear It?(2021)အညွှန်း***************************************ဒီဇာတ်ကားလေးကတော့ IMDb rating 7.0ရရှိထားတ...
08/04/2021

Silence... Can You Hear It?(2021)အညွှန်း
***************************************

ဒီဇာတ်ကားလေးကတော့ IMDb rating 7.0ရရှိထားတဲ့Hindiစကားပြော Thrillerဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။တခြား

အိန္ဒိယကားတွေလို သီချင်းတွေ အကတွေ တစ်ခုမှ မပါပါဘူး။

ဇာတ်လမ်း အကျဉ်း
တရားသူကြီး ချော်ဒရီရဲ့သမီး ပူဂျာချော်ဒရီဟာ သူ့ရဲ့သူငယ်ချင်း ကဗီသာဆီကို သွားမယ်ဆိုပြီး အိမ်ကနေ ထွက်လာခဲ့ပါတယ်။
ကဗီသာရဲ့အိမ်ရောက်မှ ကဗီသာဟာ အိမ်မှာမရှိကြောင်း ပူနေးကို ရောက်နေကြောင်း သိလိုက်ရပြီး အဲဒီအိမ်မှာပဲ တစ်ညအိပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
နောက်တစ်နေ့မှာတော့ ပူဂျာချော်ဒရီတစ်ယောက် ရက်ရက်စက်စက် အသတ်ခံလိုက်ရပြီ ဒီအမှုကို စုံစမ်းအဖြေရှာဖို့
ပူဂျာချော်ဒရီရဲ့အဖေ တရားသူကြီး ချော်ဒရီက အေစီပီအဗီနား(ရှ်)ကို အကူအညီတောင်းတာကြောင့်
ရဲမှူးချုပ် ရှရ်မားက ဒီအမှုကို စုံးစမ်းဖော်ထုပ်ဖို့ အထူးအဖွဲ့တစ်ဖွဲ့ ဖွဲ့ပေးလိုက်ပါတယ်။

ဒီလူသတ်မှုကို ကျူးလွန်တဲ့ တရားခံက ဘယ်သူလဲ ....
အမှုမှန်ပေါ်ပေါက်အောင် ဘယ်လိုတွေ စုံစမ်းဖော်ထုတ်ကြမှာလဲ ....
Thrillerဇာတ်ကားကြိုက်သူများ လုံးဝ လက်မလွှတ်သင့်ပါကြောင်း ....

Crd CM

Bhoomi (2021)===========================================ဘူမီနာသန် ဟာ NASA ရဲ့ပထမဆုံး တမီးလ်လူမျိုး အာကာသယာဥ်မှူးဖြစ်ပြီး...
05/04/2021

Bhoomi (2021)

===========================================

ဘူမီနာသန် ဟာ NASA ရဲ့ပထမဆုံး တမီးလ်လူမျိုး အာကာသယာဥ်မှူးဖြစ်ပြီး
အင်္ဂါဂြိုလ်ပေါ်ကိုပထမဆုံးဆင်းသက်မယ့်စစ်ဆင်ရေးကို
ဦးဆောင်သူဖြစ်ပါတယ်။
အင်္ဂါဂြိုလ်ပေါ်ကို ဆင်းသက်ရုံတင်မကဘဲ အင်္ဂါဂြိုလ်ရဲ့ပတ်ဝန်းကျင်ကို
လူသားတွေနေထိုင်နိုင်အောင် စိုက်ပျိုးရေးကိုသုံးပြီး ပြောင်းလဲဖို့အစီအစဥ်ရှိသူဖြစ်ပါတယ်။
ဘူမီဟာ အဲ့စစ်ဆင်ရေးမစခင် ခွင့်တစ်လရလိုက်တဲ့အခါ
မိမိရဲ့မွေးရပ်​ဇာတိရွာကလေးကို အလည်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။
ရွာကိုရောက်တဲ့အခါဆွေမျိုးသားချင်းတွေ သူငယ်ချင်းတွေနဲ့ပြန်တွေ့ခဲ့ပြီး
ရွာဟာအများကြီး​တိုးတက်ပြောင်းလဲတာတာကိုတွေ့ခဲ့ရပေမယ့်
တစ်နေ့မှာပျက်စီးဆုတ်ယုတ်မှုတွေကိုလည်းတွေ့လိုက်ရပါတယ်။

ဘူမီရဲ့ဦးလေးနဲ့တခြားလယ်သမားတွေရဲ့လယ်ယာစိုက်ခင်းတွေဟာ ပျက်စီးယိုယွင်းနေပြီး
မြေအောက်ရေတွေကို ကုမ္ပဏီလုပ်ငန်းတွေကသုံးစွဲနေတာမို့ ရေရှားပါးမှုတွေဖြစ်လာပါတယ်။
လယ်သမားတွေဟာအာဏာပိုင်တွေကို အကူအညီတောင်းကြပေမယ့်
လျစ်လျူရှုခံ၊ ဖိနှိပ်ခံနေကြရတာကို ဘူမီတွေ့လိုက်ရတဲ့အခါ
လယ်သမားတွေရဲ့အခက်အခဲတွေပြေလည်ဖို့ကြိုးစားပါတော့တယ်။
ဘူမီဟာ သူ့ရဲ့ကြိုးစားမှုတွေ​ကိုမလိုလားတဲ့ အာဏာပိုင်တွေကိုရင်ဆိုင်လာရကာ
ဆုံးရှုံးမှုတွေကြုံတွေ့ရပြီး သူ့ရွာမှာဖြစ်ပျက်နေတဲ့ပြဿနာတွေဟာ
ထင်ထားတာထက် ကြီးမားနက်နဲနေတာကိုသိလိုက်ရပါတယ်။
သူ့ရွာနဲ့သူ့နိုင်ငံရဲ့ရှေ့ရေးအတွက် ဘူမီဟာ အိပ်မက်တွေကိုစတေးပြီး ကုမ္ပဏီလုပ်ငန်းထုတ်ကုန်တွေကို
လယ်သမားတွေရဲ့သဘာဝစိုက်ပျိုးရေးထုတ်ကုန်တွေနဲ့အစားထိုးဖို့ကြိုးစားပါတော့တယ်။
ဒီကားဟာ စိုက်ပျိုးရေးနိုင်ငံတွေမှာဖြစ်နေတဲ့ အကြပ်အတည်းတွေကို
ပေါ်လွင်အောင်သရုပ်ဖော်ထားပြီး သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းသင့်ကြောင်း
ဇွဲမလျှော့ဘဲ ကြိုးစားရင် ဘာမဆိုဖြစ်လာနိုင်ကြောင်း
မက်ဆေ့ကောင်းကောင်းပေးထားတဲ့ အိန္ဒိယဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။

Crd CM

The Dissident (2020)==============အခုတစ်ခေါက် တင်ဆက်ပေးမှာကတော့IMDb 8.2/10 နဲ့ Rotten Tomatoes 97%ရရှိထားတဲ့Spy Document...
05/04/2021

The Dissident (2020)
==============
အခုတစ်ခေါက် တင်ဆက်ပေးမှာကတော့

IMDb 8.2/10 နဲ့ Rotten Tomatoes 97%ရရှိထားတဲ့

Spy Documentary ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်

၂၀၁၈ တုန်းက ဝါရှင်တန်ပိုစ့်သတင်းစာတိုက်က

ပင်တိုင်ဆောင်းပါးရှင် ဂျမားခါရှိုဂီ ပျောက်ဆုံးသွားတဲ့သတင်းကို ကြားလိုက်ကြမှာပါ

အစ္စတန်ဘူက ဆော်ဒီကောင်စစ်ဝန်ရုံးထဲ

အဝင်သာရှိပြီး ပြန်ထွက်မလာခဲ့တဲ့ ဂျမားရဲ့ ဖြစ်တည်မှုကို

သို့လော သို့လော မေးခွန်းတွေထုတ်ကြတဲ့အကြောင်း

ဂျမားရဲ့ ဆော်ဒီမှာနေခဲ့တဲ့ဘဝဇာတ်လမ်းနဲ့

လွတ်လပ်စွာ ပြောဆိုခွင့်ရရှိအောင်

ဘယ်လိုတွေ ကြိုးစားခဲ့ရတဲ့အကြောင်းကို ကြည့်ရှုကြရမှာပါ

အမေရိကန်သမ္မတဟောင်းထရမ်ပ့်နဲ့

ဝါရှင်တန်ပိုစ့်တည်ထောင်သူ ဂျက်ဖ်ဘီဇိုတို့ရဲ့ ပုံရိပ်အချို့ ပါဝင်ခဲ့တဲ့အပြင်

Cyber Army နဲ့ ဆော်ဒီအာရေးဘီးယားနိုင်ငံရေးအကြောင်းကိုပါ ပြသထားတဲ့အတွက်

A-must-watch documentary တစ်ခု ဖြစ်ပါကြောင်း ။

Crd CM

The White Tiger (2021)==============IMDb 7.2Crime,DramaNetflix ရဲ့ ရုပ်ရှင်အသစ်လေး ခံစားကြည့်ရအောင်။ မင်းသား မင်းသမီးတွေ...
05/04/2021

The White Tiger (2021)
==============

IMDb 7.2
Crime,Drama

Netflix ရဲ့ ရုပ်ရှင်အသစ်လေး ခံစားကြည့်ရအောင်။
မင်းသား မင်းသမီးတွေက နာမည်ကြီးတွေလို့တော့ ပြောကြတယ်ဗျ။
ကျွန်တော်ကတော့ အကြည့်နည်းလို့ သိပ်မသိဘူး။
ဒါပေမယ့် ဇာတ်လမ်းအကြောင်းကိုပဲ ပြောရအောင်။
သိပ်ကောင်းပါတယ်။ အိန္ဒိယရဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်က
တရုတ်ဝန်ကြီးချုပ် ဝန်ကျားပေါင်နဲ့ တွေ့ခွင့်ရဖို့
သူ့ဘဝဇာတ်ကြောင်းကို အီးမေးလ် ပို့ရာကနေ စတာပေါ့ဗျာ။
အိန္ဒိယနိုင်ငံမှာ ဇာတ်နိမ့်တွေ ဇာတ်မြင့်တွေ အမျိုး ၁၀၀၀ လောက် ရှိခဲ့ပေမယ့်
တကယ်တော့ ဇာတ် ၂ မျိုးပဲ ရှိပါတယ်။
ဗိုက်ပူနေတဲ့သူနဲ့ ဗိုက်ပိန်နေတဲ့သူပေါ့။
သခင် နဲ့ အစေခံပေါ့။
အိန္ဒိယနိုင်ငံရဲ့ လူတန်းစား ကွာခြားမှုအမြင်တွေ
ရုန်းကန်မှုတွေ အကြောင်း ကောင်းကောင်းကြီး ပုံဖော်ထားတာပါပဲ။
ဇာတ်လိုက်ရဲ့ ဥပမာကတော့ သူတို့လို အစေခံ လူတန်းစားတွေကို
ကြက်လှောင်အိမ်ထဲက ကြက်တွေနဲ့ နှိုင်းယှဉ်ပြထားတယ်ဗျာ။
ကြက်လှောင်အိမ်ထဲက ကြက်တွေဟာ
သူတို့ရှေ့မှာ ကြက်တွေကို သတ်နေတာတွေ မြင်ရတယ် သွေးနံ့တွေရတယ်။ ဒါပေမယ့် လှောင်အိမ်ထဲက ထွက်ဖို့ မကြိုးစားကြဘူး။
အစေခံတွေအားလုံးဟာလည်း ဒီလိုလူတွေပဲလို့ ဆိုထားတယ်။
ဒီဇာတ်လမ်းကတော့ ကြက်လှောင်အိမ်ထဲကနေ
ထွက်ဖို့ ကြိုးစားခဲ့တဲ့ ကြက်တစ်ကောင်အကြောင်းပေါ့ဗျာ။
အားလုံးကြိုက်ကြမှာပါ။

Crd CM

A Sun (2019)===========IMDb - 7.6/10ဒီဇာတ်ကားလေးကတော့ ၂၀၁၉ က ထွက်ရှိခဲ့တဲ့ဇာတ်ကားလေးဖြစ်ပြီး ရုပ်ရှင်ပွဲတော်တွေမှာ ဆုပေါ...
05/04/2021

A Sun (2019)
===========
IMDb - 7.6/10

ဒီဇာတ်ကားလေးကတော့ ၂၀၁၉ က ထွက်ရှိခဲ့တဲ့ဇာတ်ကားလေးဖြစ်ပြီး ရုပ်ရှင်ပွဲတော်တွေမှာ ဆုပေါင်း ၁၀ ဆုရရှိထားတာဖြစ်ပါတယ်

မိဘမေတ္တာကို ဖော်ကျူးထားတဲ့ မိသားစုဇာတ်ကားလေးဖြစ်လို့ ကြည့်ပြီးရင်တော့ ရင်ထဲမှာ တစ်ခုခုကျန်ခဲ့မှာ သေချာပါတယ်

ဇာတ်လမ်းအကျဉ်း

အားဝမ်က အလုပ်ကြိုးစားတဲ့ ကားမောင်းနည်းပြတစ်ယောက်ပါ

ချန်ကျန်းဟိုနဲ့ ချန်ကျန်းဟောင်ဆိုပြီး သား၂ယောက်ရှိပေမယ့် ကျန်းဟိုက အမြဲပြဿနာရှာတတ်တာကြောင့် သားအဖြစ် အသိအမှတ်မပြုခဲ့ဘူး

တစ်ရက်မှာတော့ ချန်ကျန်းဟို အမှုအခင်းရင်ဆိုင်ရပြီး လူငယ်ထိန်းသိမ်းရေးစခန်းကိုရောက်ခဲရတယ်

သိပ်မကြာခင်မှာ အားဝမ် သိပ်ချစ်ရတဲ့ သားကြီး ချန်ကျန်းဟောင်လည်း ဆုံးပါးသွားခဲ့တယ်

ရုတ်တရက်ကြီး ကံဆိုးမှုတွေ ကြုံလာရတဲ့ ဒီမိသားစုလေးမှာ နောက်ထပ် ကံဆိုးမှုတွေ မကြုံရအောင် သူတို့ဘယ်လိုတွေ ကြိုးစားမလဲ
ဘယ်လိုကာကွယ်မလဲဆိုတာ ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုကြပါ

Crd CM

Don’t Tell A Soul (2020)***********************IMDbမှာ 5.9 အထိ ရထားတဲ့ Thriller ကားကောင်းလေးပါ။ဆယ်ကျော်သက်အရွယ် မက်နဲ့ ဂ...
05/04/2021

Don’t Tell A Soul (2020)

***********************

IMDbမှာ 5.9 အထိ ရထားတဲ့ Thriller ကားကောင်းလေးပါ။

ဆယ်ကျော်သက်အရွယ် မက်နဲ့ ဂျိုဝီတို့က နေမကောင်းဖြစ်နေတဲ့
အမေဖြစ်သူရဲ့ ဆေးဝါးစရိတ်တွေ အတွက် သက်ကြီးရွယ်အိုတွေနေတဲ့ အိမ်ကို
လူတွေ မရှိချိန်မှာ ပိုက်ဆံတွေ သွားခိုးကြပါတယ် ...

တစ်ခုခုဆို ကြောက်တတ်ပြီး ရိုးရိုးအေးအေးလေး နေတတ်တဲ့ ဂျိုဝီဟာ
မက်လို့ ခေါ်တဲ့ အကို ကြိုးဆွဲရာ ကရတဲ့ ရုပ်သေးရုပ်လေးဖြစ်တယ်

အကို့ကိုလည်း ကြောက်ကလည်းကြောက် ....
ပိုက်ဆံသွားခိုးဖို့လဲမိမှာ ကြောက်နေရှာတဲ့ ဂျိုဝီဟာ
အကို ခိုင်းသမျှ ကြောက်ကြောက်လန့်လန့်နဲ့ လုပ်ခဲ့ရရှာပါတယ် ....

ပိုက်ဆံခိုးရင်း သူတို့ ညီအကိုနှစ်ယောက်ဟာ လုံခြုံရေး အစောင့်နဲ့ တွေ့ပြီး
ကိစ္စရပ်တွေဟာ စီစဉ်ထားသလို ဖြစ်မလာခဲ့ရတာကနေ
ဒီဇာတ်လမ်းလေးကို သဲထိပ်ရင်ဖို အဆုံးထိ ဆွဲခေါ်သွားပါတယ်....

ဝိဉာဉ်ကိုတောင်မှ ပြောပြလို့မရတဲ့ သဲထိပ်ရိပ်ဖို
Drama ကားကောင်းလေး ဖြစ်တာကြောင့် မိတ်ဆက်ပေးလိုက်ပါတယ်

Crd CM

Happy Together (1997)==================IMDb Rating - 7.8/10ဝေါင်ကာဝေးရဲ့ ရုပ်ရှင်တွေက ဇာတ်ညွှန်းကို စဆုံးရေးပြီးမှရိုက်တ...
05/04/2021

Happy Together (1997)
==================
IMDb Rating - 7.8/10

ဝေါင်ကာဝေးရဲ့ ရုပ်ရှင်တွေက ဇာတ်ညွှန်းကို စဆုံးရေးပြီးမှရိုက်တဲ့ ရုပ်ရှင်တွေမဟုတ်ဘူး။
အများအားဖြင့်တော့ သူ့ခေါင်းထဲမှာရှိတဲ့ အချက်အလက်တွေကို ညဘက်ရိုက်ကွင်းမတိုင်ခင် နေ့ဘက်မှာရေးထားတာတွေ။
အရမ်းကြီး ကြိုတင်စီမံမှုမရှိဘူး။ပြောရရင် ကဗျာရေးသလိုပေါ့။
ဒါကြောင့်ပဲ Ashes Of time အပြီး သူပေါ့ပေါ့ပါးပါးရိုက်လိုက်တဲ့ Chungking Expressက သူက ပေါ့ပေါ့ပါးပါးပဲရိုက်လိုက်တာဆိုပေမဲ့အတော်တာသွား သွားတယ်။
ပြောရရင် ကဗျာရေးသလိုရိုက်တာဆိုတော့ သူ့ရုပ်ရှင်တစ်ခုနဲ့ တစ်ခုရဲ့ကွာခြားမှုက ကဗျာရေးသလို အခွင့်အခါလိုတယ်။
ခံစားမှုအပေါ်အခြေခံပြီး စာသားကောင်းကောင်းထွက်လာဖို့ အခွင့်အခါလိုသလိုပေါ့။
သူပြောတာကတော့ အခွင့်အခါမဟုတ်ဘူး။
" တရုတ်ဘာသာစကားကနေ အင်္ဂလိပ်ဘာသာကိုပြန်ဆိုဖို့ ခက်တဲ့ဝေါဟာရတစ်ခုဗျာ။
အဲ့ဒီ‌ ‌ဝေါဟာရက အခွင့်အလမ်းလို သဘောမျိုးပဲ။
သဘောကဗျာ
ကျုပ် ဒီမှာထိုင်ပြီး ခင်ဗျားနဲ့အင်တာဗျူးလုပ်နေတယ်။
ဒါပေမဲ့ တကယ်လို့ဒီလိုသာ မဟုတ်ခဲ့ရင် ကျုပ်တစ်ခြားတစ်ယောက်ယောက်နဲ့ အင်တာဗျူးလုပ်မိမှာလည်းဖြစ်နိုင်တယ်။
ဘာကြောင့် ကျုပ်တို့ ဒီအချိန်ဒီနေရာမှာ တွေ့သင့်တာလဲ။
ဒါက အခွင့်အခါကြောင့်ပဲလေ။
ကျုပ်ရုပ်ရှင်တွေအကုန်လုံးကလည်း အခွင့်အခါကြောင့်ဖြစ်လာတယ်ပဲထင်တယ်" တဲ့
အဲ့ဒီအခွင့်အခါကြောင့်ပဲဖြစ်ပါလိမ့်မယ်
Happy Togetherက Cinematographyတွေဟာ တခြားဝေါင်ကာဝေးကားတွေနဲ့ ကွဲတယ်။
ရိုက်တာကတော့ ထုံးစံအတိုင်း ခရစ္စတိုဖာဒွိုင်းပါပဲ။

တစ်ချို့အခန်းတွေဆို သူ့နောက်ထွက်တဲ့ အနောက်တိုင်းရုပ်ရှင်တွေမှာတောင် ယူသုံးကြတာ ကျွန်တော်သတိထားမိတယ်။
Ang leeရိုက်တဲ့ နာမည်ကြီး BLကား BrokebackMountainမှာတောင်
ဒီထဲက emotionalအဖြစ်ဆုံးအခန်းကို သူ့ကားရဲ့ emotionalအဖြစ်ဆုံးအခန်းအဖြစ် မှီးသုံးထားတယ်ထင်ရတာတွေ့ရပါတယ်။
အစကတော့ BLကားမို့ ကျွန်တော်လည်း မကြည့်ချင်ပါဘူး။ ဒါပေမဲ့ Happy Togetherဟာ BLကားမဆန်ဘဲ ဝေါင်ကာဝေးကားပဲ ဆန်သွားပါတယ်။

အဓိကဇာတ်ကောင်တွေဖြစ်တဲ့ လတ်စလီချောင်နဲ့ တိုနီလျောင်ချူဝေတို့ရဲ့ သရုပ်ဆောင်နိုင်စွမ်းကတော့ လက်ဖျားခါလောက်စရာပါပဲ။
အထူးသဖြင့် လတ်စလီချောင် အခြောက်လိုလုပ်ပြမနေပေမဲ့ ယောကျာ်းချင်းကြိုက်တဲ့လူတစ်ယောက်ဆန်ဆန် မဟန်နှောင်းနွဲ့ နေတယ်။
သူတို့နှစ်ယောက်ရဲ့ အိပ်ရာခန်းတွေကို ကြည့်ရတာ Al Pacinoနဲ့ Robert De Niroကို BLခန်း ရိုက်ထားတာကိုကြည့်ရသလို
အတော်ကသိကအောက်ဖြစ်ပေမဲ့ သိပ်တော့မများပါဘူး။

CM

Raging Bull (1980)==============IMDb Rating – 8.2/10Directed By Martin ScorseseGoodfellas,The Irishman,Taxi Driver,The W...
05/04/2021

Raging Bull (1980)
==============

IMDb Rating – 8.2/10
Directed By Martin Scorsese

Goodfellas,The Irishman,Taxi Driver,
The Wolf of WallstreetThe Departed,
Shutter Island, Gangs of New York,
king of Comedy,ဒီရုပ်ရှင်တွေကို
မိတ်ဆွေကြိုက်တယ်ဆိုရင်တော့
Martin Scorseseကိုသိမှာပါ။
အကောင်းဆုံး Gangsရုပ်ရှင်တွေဟာ
သူ့လက်ကထွက်လာတယ်ဆိုကြပါတယ်။

Raging Bullကို Martin Scorseseရဲ့
ဒုတိယအကောင်းဆုံး ရုပ်ရှင်လို့တော့
ဝေဖန်ရေးသမားတစ်ချို့က ဆိုပါတယ်။
ပထမကတော့ Goodfellasပါ။

မာတင်နဲ့ ရုပ်ရှင်ကိုးကားရိုက်ဖူးတဲ့
Robert De Niroနဲ့ Joe Pesciကိုပဲသုံးထားပြီး
အီတာလျံအမေရိကန် လက်ဝှေ့သမား
ဟာသပညာရှင်အကြောင်းကိုရိုက်ထားတာပါ။
မာတင်သေချာသိတဲ့ သူတို့အီတာလျံနွယ်တွေရဲ့
အကြောင်းပဲမို့ သူ့ကားတွေရဲ့ အငွေ့အသက်ကို
အပြည့်အ၀ရမှာပါ။Gangsကားလို့တော့
ပြောမရပေမယ့် သူရဲ့ Gangsကားတွေလို
Brotherhoodsအငွေ့အသက်
အပြည့်သုံးထားပါတယ်။

Raging Bullဟာ Biography,Drama ,Sport
အမျိုးအစား အဖြူအမဲရုပ်ရှင်ပါ။ဒီတော့
တစ်ချို့အတွက်ကတော့ အတော်လေး
ပျင်းစရာကောင်းပါလိမ့်မယ်။
ဇာတ်လမ်းကတော့ 1949မှာ
ကမ္ဘာ့ မစ်ဒယ်ဝိတ်ချန်ပီယံဖြစ်ခဲ့တဲ့
အီတာလျံအမေရိကန် ဘောက်စင်သမား
တစ်ယောက်ဖြစ်တဲ့ ဂျိတ်လာမော့တာရဲ့ဘ၀
အနိမ့်အမြင့်အတက်အကျတွေအကြောင်းပါပဲ။
ဘာမှထူးထူးခြားခြားပါမှာမဟုတ်သလို
ထမင်းစားရင်းလေး အပျင်းပြေကျော်လိုက်ရစ်လိုက်
ကြည့်မယ်တွေးပြီးကြည့်မယ်ဆိုရင်တော့
စားလက်စထမင်းပန်ကန်ထဲပါ မျက်နှာစိုက်
အိပ်ပျော်သွားနိုင်ပါတယ်။ရုပ်ရှင်တစ်ပုဒ်ကို
စီးကရက်တစ်လိပ် ကော်ဖီတစ်ခွက်နဲ့
အေးအေးဆေးဆေး ခံစားပြီးကြည့်မယ်ဆိုရင်တော့
အတော်ကြည့်ကောင်းမယ့် ရုပ်ရှင်ပါပဲ။
လူတိုင်းရဲ့ဘ၀ဟာ စိတ်၀င်စားစရာ
ဇာတ်ကြောင်းတစ်ခုတော့ရှိကြတာကိုး။

ရုပ်ရှင်ဟာ အနုပညာတစ်ခုပါပဲ။တစ်ခုထက်ပိုသော
အနုပညာတောင် ဖြစ်နိုင်ပါတယ်။အနုပညာပစ္စည်းဟာ
ဘယ်တော့မှ တစ်စုံတစ်ရာကို ရည်ရွယ်ထည့်သွင်းလို့ရတဲ့
အရာမျိုးမဟုတ်ပါဘူး။ ဖန်တီးသူက သူ့ခံစားချက်ကို
ထည့်သွင်းပေးပေမယ့် ကျွန်တော်တို့ဟာ ဖန်တီးသူရဲ့
ခံစားချက်က ပေးချင်တာကိုရမှာမဟုတ်ပါဘူး။
ကျွန်တော်တို့ ခံစားချက်က လိုချင်တာကိုပဲရမှာပါ။
ရုပ်ရှင်တစ်ကားကို ခံစားရတာဟာ ပို့စ်မော်ဒန်ရဲ့
မြက်ပင်သီ၀ရီလိုပါပဲ ဘယ်ဟာကမှ မူလအဓိက
ဟုတ်မနေပဲ ကြိုက်တဲ့၀င်ပေါက်က၀င်လို့ရပါတယ်။
ဘယ်အနုပညာပစ္စည်းမှာမှ ဘာမက်ဆေ့မှမလိုပါဘူး
ကြိုက်တဲ့၀င်ပေါက်က ၀င်လာလို့ရပါတယ်။

Crd CM

Brothers by Blood(2021)အညွှန်း*****************************ဒုစရိုက်မှုတွေများပြားလှတဲ့ဖီလာဒဲလ်ဖီးယားမြို့နေ အိုင်းရစ်မာဖ...
05/04/2021

Brothers by Blood(2021)အညွှန်း

*****************************

ဒုစရိုက်မှုတွေများပြားလှတဲ့ဖီလာဒဲလ်ဖီးယားမြို့နေ အိုင်းရစ်မာဖီးယားဂိုဏ်းခေါင်းဆောင်ရဲ့ သားဖြစ်သူ

၈နှစ်သားပီတာက မိမိညီမဖြစ်သူရဲ့မတော်တဆသေဆုံးမှုကြောင့်
စိတ်ဒဏ်ရာရခဲ့သလို မိသားစုလည်းပြိုကွဲခဲ့ရပါတယ်။

ကြီးပြင်းလာတဲ့အချိန်မှာတော့ အကိုဝမ်းကွဲဖြစ်သူ မိုက်ကယ်က ဂိုဏ်းကိုဆက်လက်ဦးဆောင်နေပြီး

အီတလီမာဖီးယားတွေနဲ့
စားကျက်လုရင်း ငြိကြပါတော့တယ်။ အကိုဝမ်းကွဲမိုက်ကယ်ရဲ့ တဇောက်ကန်းလုပ်ရပ်တွေအကြောင့်

အခြေအနေတွေက ပိုဆိုးလာသလို၊ ပီတာ့ အနေနဲ့ မိမိဖခင်သေဆုံးခဲ့ရတဲ့ အဖြစ်မှန်
ကိုသိရှိလာရမှာဖြစ်ပြီး၊ နောက်ဆုံးမှာ ပီတာ့အနေနဲ့ အန္္တရယ်တောထဲကိုဝင်ရောက်ဖြေရှင်းဖို့

ဖြစ်လာတဲ့အခါမှာတော့....ဘာတွေဆက်ြဖစ်မလဲဆိုတာကိုတော့ အက်ရှင်ကားကြိုက်သူတို့ကြည့်သင့်ပါကြောင်း....

Crd CM

Fate: The Winx Saga (2021)****************************(IMDB 6.8 )အပိုင်း (၆) ဇတ်သိမ်းပိုင်း Netflix ကအသစ်လွှင့်တဲ့ Fate:...
05/04/2021

Fate: The Winx Saga (2021)
****************************
(IMDB 6.8 )
အပိုင်း (၆) ဇတ်သိမ်းပိုင်း

Netflix ကအသစ်လွှင့်တဲ့ Fate: The Winx Saga Series ဖြစ်ပါတယ်
Alfea ဆိုတဲ့ သာမာန်လူတွေမသိတဲ့ ‌တစ်ခြားကမ္ဘာကမှော်နယ်မြေတစ်ခုမှာ
နတ်သမီး (fairy)ကျောင်းတစ်ခုမှာ ရှိပြီး (fairy)မျိုးဆက်တွေကို
ပညာသင်ကြားပေးပါတယ်။ ကျောင်းကြီးဟာ ပညာသင်ပေးရုံသာမက
လောင်းကျွမ်းသားရဲကောင်အန္တရာယ်ကနေကာကွယ်ဖို့ အကာကွယ်ကြီး
အုပ်ကာထားတဲ့ ခံတပ်ကြီးတစ်ခုလဲဖြစ်ပါတယ်။
ဘလွန်းရဲ့ မိဘတွေကသာမာန်လူတွေဖြစ်လျှက် သူမမှာနတ်သမီးအစွမ်းရှိနေတာသိခဲ့ပြီး
မထိန်းချုပ်နိုင်ဘဲ ဒုက္ခရောက်ခဲ့ရာကစလို့ အစွမ်းကိုထိန်းချုပ်နိုင်ဖို့ ကျောင်းလာတက်ပါတယ်။
လူတွေနဲ့အနေဝေးပြီး သီးသန့်နေတတ်တဲ့ ဘလွန်းဟာ သူနဲ့အဆောင်တူ
မိန်းကလေး ၄ ယောက်နဲ့အတူ ပထမဆုံးကျောင်းတက်တဲ့နေ့မှာပဲ အဖြစ်မျိုးစုံကြုံရင်း
သာမာန်မိဘကနေ ဘာကြောင့် နတ်သမီးအစွမ်းတွေရနေတာလဲ
လောင်ကျွမ်း သားရဲကြီးက ကောဘာကြောင့်ရောက်နေတာလဲ ဘယ်လိုအန္တရယ်ဆိုးတွေကြုံရမလဲ
သူတို့အစွမ်းတွေနဲ့တိုက်ဖျက်ဖြေရှင်းနိုင်ကြမှာလားဆိုတာတို့ကိုစိတ်ဝင်စားဖွယ်ကြည့်ရမှာဖြစ်ပါတယ်။
ဇတ်လမ်းလေးက စိတ်ဝင်စားဖို့ကောင်းတဲ့အပြင် ဖန်တီးသူကလဲ
the-vampire-diaries ရဲ့ စာရေးဆရာဖြစ်တဲ့ Brian Young ဖြစ်ပါတယ်။
Virtual Effect တွေလဲ အတော်လေးကောင်းတဲ့အတွက် Magic ဖန်တွေ ကြည့်သင့်တဲ့
Fantasy စီးရီးလေးတစ်ခုအဖြစ်ညွှန်းလိုက်ပါတယ်။

Crd CM

Love, Lost & Found (2021)====================IMDb Rating – 5.6/10 မထင်မှတ်ထားတဲ့ အချိန်မှာ အချစ်ဆိုတာ ပေါ်လာတတ်တယ်လို့လူ...
05/04/2021

Love, Lost & Found (2021)

====================

IMDb Rating – 5.6/10


မထင်မှတ်ထားတဲ့ အချိန်မှာ အချစ်ဆိုတာ ပေါ်လာတတ်တယ်လို့လူတွေပြောကြတယ်။ တစ်ခါတစ်လေမှာ ကိုယ့်အနားမှာ

တစ်ချိန်လုံးရှိနေပေမယ့်လည်း ဒါဟာ အချစ်စစ်ဟုတ်ချင်မှ ဟုတ်လိမ့်မယ်။ တသစ်ဒင်္ဂလေး တွေ့လိုက်ရုံနဲ့ အချစ်စစ်တွေ

ပေါက်ဖွားလာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

တစ်ချို့ကျလည်း အချစ်ဦးဆိုတာကို မေ့ပျောက်မရနိုင်ဖြစ်ပြီး ဘယ်သူ့ကိုမှ ဆက်မချစ်တတ်ကြတော့ပါဘူး။

အချစ်ဟာ အဲ့ဒီလောက်ထိကို ဆန်းကြယ်ပါတယ်။

ဒီဇာတ်လမ်းလေးထဲမှာလည်း ဘက်ဖ်ဆိုတဲ့ လူဟာ သူ့ရဲ့ ချစ်သူ ကလဲရ်ရဲ့ ဇာတိမြေလေးကို သွားပြီး လက်ထပ်ခွင့်တောင်းဖို့

ကြံစည်ထားခဲ့ပါတယ်။ နေ၀င်တာကို ကြည့်ရင်း လက်ထပ်ခွင့်တောင်းမယ့် အချိန်မှာပဲ ကံဆိုးစွာနဲ့ ကလဲရ်က တောင်စောင်းပေါ်က

ပြုတ်ကျပြီး မြစ်တစ်လျှောက် ပါသွားပါတော့တယ်။ ချစ်သူကို စိုးရိမ်စိတ်နဲ့ ပြူးပျာနေတဲ့ ဘက်ဖ်လည်း တောင်ပေါ်က တလိမ့်

ခေါက်ကွေး ပြုတ်ကျပြီး နတ်တလီဆိုတဲ့ တောခေါင်းမလေးနဲ့တွေ့…..

ဘက်ဖ်ရဲ့ ချစ်သူ ကလဲရ်နဲ့တွေ့တဲ့ ကယ်ဆယ်ရေးအဖွဲ့က လူဟာလည်း ကလဲရ်ရဲ့ ရည်းစားဟောင်း ကော့တ်ဖြစ်နေပါတော့တယ်။

ဒီအတွဲလေး ၂ တွဲ ဘယ်လိုလဲ ပြန်ဆုံမယ် ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကတော့ စိတ်၀င်စားစရာပါပဲ လူလေးယောက်တည်းနဲ့

တစ်ကားလုံးကို စိတ်၀င်စားအောင် ရိုက်ပြထားတာတော့ တကယ်ချီးကျူးစရာပါ။

ဇာတ်ကားလေးကြည့်ရင်း အချစ်ဦးကို သတိရစေမှာဖြစ်သလို အချစ်ဆိုတာ မမျှော်မှန်းထားတဲ့ အချိန်မှာ ပေါ်လာတတ်တယ်ဆိုတဲ့

သဘောတရားလေးတွေ မြင်တွေ့ရမှာဖြစ်ပါတယ်။

Crd CM

Alone/Together (2019)အထီးကျန် (သို့မဟုတ်) အတူတကွကို မရှိတဲ့အချိန်က ကျွန်မအတွက် အထီးကျန်တဲ့အချိန်တွေပေါ့ကို ရှိတဲ့အချိန်တ...
05/04/2021

Alone/Together (2019)

အထီးကျန် (သို့မဟုတ်) အတူတကွ

ကို မရှိတဲ့အချိန်က ကျွန်မအတွက် အထီးကျန်တဲ့အချိန်တွေပေါ့
ကို ရှိတဲ့အချိန်တွေက ကျွန်မတို့ အတူတကွ ရှိကြမယ့် အချိန်တွေပေါ့ ..... ကို ရယ်။

ကျွန်မ ဘဝမှာ တွေ့တိုင်း မြတ်မြတ်နိုးနိုးငေးကြည့်မိတဲ့အရာတစ်ချို့ရှိတယ်။
ပြတိုက်ထဲက အနုပညာလက်ရာ ပြကွက် ပြခန်းတွေ ပန်းချီပန်းပုတွေရယ်။

ပြီးတော့……… ကို ရယ်။

အဲဒီအကြောင်းအရာ ၂ ခုဟာ ကျွန်မဘဝရဲ့ ရည်မှန်းချက်တွေပဲပေါ့….. ရည်မှန်းချက်တွေအတိုင်း ကျွန်မ ကြိုးစားခဲ့တယ်။
ကျွန်မက အနုပညာလေ့လာမှုဘာသာရပ်နဲ့ လက်တင်ဂုဏ်ထူးတန်းတက်ရင်း အမျိုးသားပြတိုက်မှာ စေတနာ့ဝန်ထမ်းလုပ်တယ်။
ကျွန်မ ဘွဲ့ရပြီးရင် ပြတိုက်တွေ ပြခန်းတွေမှာ ပြတိုက်မှုး ဖြစ်ချင်တယ်။
အနုပညာ လက်ရာတွေ ဝိုင်းဝိုင်းလည်နေတဲ့ နေရာမှာ အလုပ်လုပ်ရတာ ကျွန်မပျော်တယ်။

အမှန်တကယ်ကြိုးစားမယ်ဆိုရင် ကမ္ဘာကြီးကို ပြောင်းလဲနိုင်တယ်လို့လည်း ကျွန်မ ယုံကြည်တယ်။

ကို ကတော့ ဘာမှမဖြစ်ချင်ဘူးတဲ့ .....
သူက အရာရာကို အဆိုးမြင်နေသူလေ။
ကျွန်မက စိတ်ကူးနဲ့ ရူးလွန်းနေတယ်လို့လည်း ပြောသေးတယ်။
သူ က ကျွန်မ ဖြစ်စေချင်တာကို လုပ်မယ်တဲ့….

ဆရာဝန် လုပ်လေဆိုတော့ “အင်း” တဲ့။

ကိုယ့်ချစ်လေး ဖြစ်ချင်တာမှန်သမျှ ကိုယ့်ချစ်လေး ရစေရမယ်တဲ့။
သူ့မှာ ဘာအိပ်မက်မှ မရှိဘူးပဲနော်။
ကျွန်မကတော့ ကျွန်မ အိပ်မက်တွေကို အကောင်အထည်ဖော်မယ်။
ပြီးရင် ကို နဲ့ လက်ထပ်မယ်……..
ကျွန်မ အတွေးထဲမှာ အမြဲနေရာယူထားတာ အဲဒီအကြောင်းအရာလေးတွေပါပဲ။

ဒါပေမယ့် ကျွန်မ မတွေးခဲ့မိတာက ကံတရားကိုပဲ….

မာယာများပြီး ရက်စက်လွန်းတဲ့ ကံတရားက ကျွန်မဘဝရဲ့ အရေးအကြီးဆုံး အရာတွေကို ဖျက်ဆီးသွားခဲ့ပြီလေ။
၅နှစ်လုံးလုံး ကိုယ့်ကိုယ်ကို ပြန်တည်ဆောက်နေတာလား ဖြိုချဖျက်ဆီးနေတာလားဆိုတာတောင် ကျွန်မ မသိတော့ပါဘူး။
ဒါပေမယ့် အကောင်းဆုံး ဖြစ်မယ့်အရာကိုပဲ ရွေးချယ်ခဲ့ရပါတယ်။
ကို ရယ် အနုပညာ ရယ်ကို မေ့ပစ်ပြီး ဘဝသစ်ကို ပြန်စခဲ့ရတယ်။

ဒါပေမယ့် ကျွန်မ က ကံကြမ္မာရဲ့ ကြာပွတ်အောက်က ပြေးမလွတ်ခဲ့ဘူးပဲနော်………
ကို နဲ့ ပြန် ဆုံအောင် ဖန်တီးပေးလိုက်တယ်။
ကိုက ကျွန်မကို ကတိပေးခဲ့တဲ့အတိုင်း ဆရာဝန်ဘဝနဲ့။
ကျွန်မကတော့ အရှုံးသမား…အိပ်မက်တွေ ပျက်စီးသွားတဲ့သူ……………။

ပြန်ဆုံချိန်မှာ ကျွန်မ အိပ်မက်တွေ ပြန်မရတော့ဘူး……
ကို့ ကို ကျွန်မ ပြန်မရတော့ဘူး

ဒါပေမယ့်…………ဒါပေမယ့်လေ…………..

Crd CM

Address


Website

Alerts

Be the first to know and let us send you an email when KPG Entertainment posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Advertising & Marketing Company?

Share