23/07/2023
Digital Marketing ဟာ ဘယ်လိုအမျိုးအစားလဲ?
လူတိုင်းလုပ်လို့ရသလား ?
Marketing ဆိုတာ ဈေးကွက်ချဲ့ထွင်ခြင်း (သို့) ဈေးကွက်ကိုသုံးသပ်ပြီးဖောက်သည်ရှာဖွေခြင်းလို့ တော်တော်များများသဘောပေါက်ထားပြီးသားဖြစ်မှာပါ။
ကိုယ့်ရဲ့ ကုန်ပစ္စည်းတွေကိုလူသိအောင် ဝယ်ချင်လာအောင် ရောင်းအားတက်လာအောင်ဆိုရင်....
တစ်နေရာထဲက နေထိုင်ရောင်းနေလို့မရပါဘူး။
ဒါကြောင့် Marketing ဆိုတဲ့ ဈေးကွက်ချဲ့ထွင်ခြင်း လိုအပ်လာပါတယ်။
အရင်က ရပ်ကွက်အနှံ့ တစ်အိမ်တက်တစ်အိမ်ဆင်း ကုန်ပစ္စည်းလေးတွေလိုက်မိတ်ဆက်ပေးနေတဲ့သူတွေကို ကြုံဖူးခဲ့သူတွေရှိမှာပါ။
အဲ့ဒါ Marketing ပါပဲ။
အနည်းဆုံးမရောင်းရရင်တောင်
သူတို့ရဲ့ ကုန်အမှတ်တံဆိပ်အကြောင်း
ကုန်ပစ္စည်းအကြောင်း
သိသွားစေလိုတဲ့ရည်ရွယ်ချက်နဲ့ပါ။
ဈေးဆိုင်တွေမှာ သူတို့ကုန်ပစ္စည်းကို တင်ရောင်းပေးဖို့ တစ်ဆိုင်ပြီးတစ်ဆိုင်လိုက်ကမ်းလှမ်းနေတာဟာလည်း
Marketing ပါပဲ။
ဒါပေမယ့် Marketing ကိုပဲအားကိုးနေရတဲ့အခါ အချိန်ကုန်၊ လူပန်း သွားလာရတဲ့စရိတ်တွေထောင်းပြီးထိရောက်မှုက ထင်သလောက်မဖြစ်မြောက်ခဲ့ကြပါဘူး။
ဒီအခါမှာ
Radio ,
Television ,
သတင်းစာ/ ဂျာနယ် ဆိုတဲ့ Media Platform တွေကိုသုံးပြီးကြော်ငြာတဲ့ Advertising ကပိုပြီးထိရောက်တာသတိထားမိသွားကြပါတယ်။
ဒါကြောင့်မို့ Radio ခေတ်ကနေ Television ခေတ်အထိ ကျနော်တို့ ပါးစပ်ထဲ၊ နားထဲ၊ စိတ်ထဲစွဲနေခဲ့တဲ့
ကြော်ငြာပေါင်းဟာမနည်းမနောပါပဲ။
သူတို့ရဲ့ ကုန်အမှတ်တံဆိပ်၊ ကြော်ငြာစာသားတွေသာမက တစ်ချို့ဆို ဈေးနှုန်းအထိပါ တရေးနိုးထမေးတောင် မှတ်မိလောက်အောင် ခေါင်းထဲရိုက်သွင်းနိုင်ခဲ့ကြပါတယ်။
ဆိုလိုရင်းကတော့ Marketing မှာ Advertising ဆိုတာ ခွဲမရအောင်ဆက်စပ်နေကြတဲ့ အမွှာညီအကိုပါပဲ။
ကားဂိတ်မှာကပ်ထားတဲ့ မြင်နေကျ စာလေးတစ်ကြောင်းဟာလည်း Advertising ဆိုတဲ့ ကြော်ငြာပါပဲ။
မြင်သာတဲ့နေရာမျိုးကနေ အများသတိထားမိအောင် ပြထားပြီး လူတွေရဲ့ စိတ်နှလုံးကိုသိမ်းသွင်းယူနိုင်တာ ကြော်ငြာပါ။
ဒီဘက်ခေတ်အနေအထားအရ ဈေးကွက်ရေစီးကြောင်းကိုပြန်ကောက်ရရင်...
Internet ရှိလာတော့ Website, Social Media Channel တွေပေါ်လာသလို
Digital Marketing ဆိုတဲ့ online Platform ပေါ်ကတဆင့် ဈေးကွက်ချဲ့ထွင်ခြင်းမျိုးခေတ်စားလာပြန်ပါတယ်။
အခြားနိုင်ငံကြီးတွေထက် ဒီနိုင်ကအစအစအရာရာနောက်ကျတာမို့ Digital Marketing ဟာလည်းတော်တော်နဲ့ရောက်မလာသေးပါဘူး။
ဒါပေမယ့် Facebook လို Social Media Channel တွေကိုအသုံးပြုသူတွေများလာတဲ့အချိန်မှာတော့
ဒီအားသာချက်ကိုသုံးပြီး Marketing လုပ်တဲ့ နည်းဗျူဟာတွေကခေတ်စားလာတာပါပဲ။
(တကယ်တော့ Digital Marketing လို့ပြောရင်အလွန်တရာကျယ်ပြန့်ပါတယ်။
Social Media Marketing ဆိုတာဟာလည်း Digital Marketing ဆိုတဲ့ခေါင်းစဉ်ကြီးအောက်က ဘာသာရပ်အခွဲတစ်ခုလောက်သာရှိပါသေးတယ်)
ဒါကြောင့် Digital Marketing ပိုင်းကို သိထားတတ်ထားရင်မမှားဘူးလို့တွေးပြီး စိတ်ဝင်စားတဲ့သူတွေရှိသလို
အသက်မွေးဝမ်းကျောင်းတစ်ခုအဖြစ်လေ့လာချင်တဲ့သူတွေလည်း များလာပါတယ်။
ဒီအတွက်ကြောင့်ပဲ အမေးများဆုံးက ဘာတွေလုပ်ရတာလဲ ဘာတွေသိဖို့လိုလဲဆိုတဲ့ မေးခွန်းပါပဲ။
အကျဉ်းချုံးပြီးဖြေရရင်တော့... Social Media Marketing ဟာ အပိုင်း(၂)ပိုင်းကိုပေါင်းစပ် နားလည်သူတိုင်းလုပ်ကိုင်လို့ရပါတယ်။
ပထမတစ်ပိုင်းက Marketing Concept (သို့) Marketing Sense ရှိဖို့လိုပါတယ်။ (ဒီနေရာမှာ ဈေးကွက်ဆိုင်ရာဘွဲ့တွေ ဒီဂရီတွေမပြောဘူးနော်)
နောက်တစ်ပိုင်းက ကိုယ့်ရဲ့အဓိကဈေးကွက်အဖြစ် ပစ်မှတ်ထားလုပ်ကိုင်မယ့် Platform ကိုနှံ့စပ်ကျွမ်းကျင်ရပါမယ်။
ဒီ(၂)ပိုင်းပေါင်းစပ်နားလည်ပြီဆိုရင်တော့ Social Media Marketer အဖြစ်ရပ်တည်နိုင်ပါပြီ။
Digital Marketer တစ်ယောက်ဖြစ်ဖို့ဆိုရင်တော့ Platform အစုံအလင်ကိုသိရှိပြီး သက်ဆိုင်ရာ Platform အားလုံးကိုချုံငုံမိတဲ့ မဟာဗျူဟာချမှတ်နိုင်သူဖြစ်နေဖို့လိုပါတယ်။
စေတနာများစွာဖြင့်...