Miracle AdOps Creative Studio

  • Home
  • Miracle AdOps Creative Studio

Miracle AdOps Creative Studio Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Miracle AdOps Creative Studio, Marketing Agency, .

𝗛𝗔𝗣𝗣𝗬 𝗡𝗘𝗪 𝗬𝗘𝗔𝗥 ...!!!🌌May it be a year of love, laughter, and happiness, of moments cherished with loved ones, and of jo...
31/12/2023

𝗛𝗔𝗣𝗣𝗬 𝗡𝗘𝗪 𝗬𝗘𝗔𝗥 ...!!!🌌
May it be a year of love, laughter, and happiness, of moments cherished with loved ones, and of joy found in the simple things...🎉


Which, What, Why?ရင်ခုန်စိတ်လှုပ်ရှားစရာသံစဥ်စည်းချက်တွေကြားမှာ ခံစားစီးမျောနေရတာကို နှစ်သက်တတ်သူမှန်ရင် Spotify နဲ့ App...
29/11/2023

Which, What, Why?

ရင်ခုန်စိတ်လှုပ်ရှားစရာသံစဥ်စည်းချက်တွေကြားမှာ ခံစားစီးမျောနေရတာကို နှစ်သက်တတ်သူမှန်ရင် Spotify နဲ့ Apple Music တို့လို Streaming Platform တွေနဲ့ သေချာပေါက် ရင်းနှီးပြီးသားဖြစ်မှာပါ။
ďťż

အခုဒီစာကိုဖတ်နေတဲ့သူတောင်မှ အဲဒီ Platform တစ်ခုခုရဲ့ User တစ်ယောက်ဖြစ်ချင်ဖြစ်နေနိုင်တာပါပဲ။ ဖြစ်တယ်ပဲထားပါတော့ဗျာ.... အဲဒီ Platform နှစ်ခုထဲက ဘယ်တစ်ခုကို ပိုသဘောကျလဲ? ဘာအကြောင်းကြောင့်လဲ? စတဲ့

ကိုယ့်ရွေးချယ်မှုနဲ့ဆက်စပ်အချက်လေးတွေကို ဝေမျှပေးသွားခဲ့ကြပါဦး...!
ďťż


🙏 မင်္ဂလာအချိန်သမယမှာ မြိုင်ဆိုင်တဲ့တန်ဆောင်တိုင်လေး ပိုင်ဆိုင်ရစေဖို့Miracle AdOps Creative Studio မှ လှိုက်လှိုက်လှဲလှ...
27/11/2023

🙏 မင်္ဂလာအချိန်သမယမှာ မြိုင်ဆိုင်တဲ့တန်ဆောင်တိုင်လေး ပိုင်ဆိုင်ရစေဖို့
Miracle AdOps Creative Studio မှ လှိုက်လှိုက်လှဲလှဲဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ် 🌕🌕


Creative Concept အပြည့်ပါတဲ့ Campaign တွေရဲ့ ထိရောက်မှု 🚀Offline Advertising က Traditional Marketing ပါပဲ ဆိုတဲ့အထင်နဲ့ ...
25/11/2023

Creative Concept အပြည့်ပါတဲ့ Campaign တွေရဲ့ ထိရောက်မှု 🚀

Offline Advertising က Traditional Marketing ပါပဲ ဆိုတဲ့အထင်နဲ့ လူတွေကို သတိမထားစေနိုင်ဘူးလို့ယူဆထားတယ်ဆိုရင် မှားသွားပါလိမ့်မယ်။ Internet သုံးဖို့ ခက်ခဲတဲ့ခေတ်မှသည် Digital Era ရောက်လာသည့််ထိ် လုပ်ငန်းများစွာရဲ့အောင်မြင်မှုကို နှစ်ရှည်ထိန်းသိမ်းထားနိုင်စေတာ Offline Ad တွေပါ။ Customer တိုင်းရင်ထဲအထိစွဲသွားစေမယ့် Ads Billboard တွေကို ဘယ်လိုကွဲပြားဆန်းသစ်စွာဖန်တီးလို့ရသလဲဆိုတာကို Example နဲ့တကွယှဉ်တွဲဖော်ပြပေးလိုက်ပါတယ်။

(Example Photo)

“Ketchup ပုံဆွဲဖို့ပြောရင် သင်ဘာကိုဆွဲမိမလဲ ?”

🍅 လူတိုင်းကိုရင်သပ်ရှုမောဖြစ်ရစေတဲ့ကြော်ငြာတစ်ခုအကြောင်း ပြောပါဆိုရင် Heinz က Draw Ketchup Campaign ရဲ့အောင်မြင်မှုကို ပြောပြရမှာပဲဗျ။ ပုံရေးဆွဲပြီး Heinz Ketchup နဲ့ Custom Bottle အနိုင်ယူရရှိနိုင်တဲ့ Experiment ဟာ Canada ကစလိုက်တာ ကမ္ဘာတစ်ဝှမ်းလုံးအထိ ပျံ့နှံ့သွားခဲ့တယ်။ Heinz က ထိုးဖောက်နိုင်စွမ်းကို ဒီမှာတင်မရပ်ခဲ့ပါဘူး။ အဲဒီပြိုင်ပွဲက လက်ရာတွေကို Billboard, Bottle တွေပေါ် ပစ်တင်လိုက်ပြီး လူတွေရဲ့ Emotion, Attention ကိုမျိုးစုံရယူကာ Sales နဲ့ Brand Awareness ကိုဆွဲတင်သွားခဲ့ပါသေးတယ် 🥫🥫

🎯 အခုလို ထင်ရှားပေါ်လွင်တဲ့ Campaign တွေကို ဘယ်လို အကောင်အထည်ဖော်နိုင်မလဲ ?

Offline Advertising ဆိုတာ Customer တွေနဲ့ချိတ်ဆက်ဖို့ကိစ္စအတွက်ထိရောက်ပါတယ်။ ဒီနည်းနဲ့ကျယ်ပြန့်လာနိုင်တဲ့ Ads အမျိုးစားတွေဟာ အများကြီးပါ။ Print Media, Community Activities, Event Marketing, Product Booths, Billboard စသဖြင့် ရိုးမသွားနိုင်ဘဲ စွဲနေစေမယ့် Campaign တွေနဲ့ ဖန်တီးနိုင်ပါတယ်။

(Example Photo)

Online ခေတ်မှာ Offline Media တွေက အရေးပါသေးလား ?

📱 Tech Age ပေမယ့် လူတိုင်းမှာ Online Presence မရှိပါဘူး။ ဥပမာပြောရရင် ကလေးသူငယ်၊ သက်ကြီးရွယ်အို၊ Internet Access မရတဲ့နေရာတွေ၊ Non-Digital ကိုဦးစားပေးသူတစ်စု စတဲ့ Customer များစွာရှိနေပါသေးတယ်။ ဒီလို Audience တွေဆီကိုပါ ကိုယ့် Brand ကို အရောက်ပို့ချင်တယ်ဆိုရင် Storefront Signage, Radio, Television, Newspaper, Sideboard Media တို့လို နည်းလမ်းတွေက ပိုလို့အသုံးတည့်မှာပါ 📻📺

Billboard တွေရဲ့ အားသာချက်က ပုံထဲကလို Infographic နဲ့ အပြည့်အစုံကြော်ငြာနိုင်ခြင်းပါ။ လက်တွေ့ Experience ကြောင့် Customer ကို Interactive ဖြစ်စေပြီး Connection, Loyalty, Result ပိုရစေတယ်။

🎯 သင့်လုပ်ငန်းပုံရိပ်ကို လူတိုင်းအမှတ်ရနေစေမယ့် Offline Advertising Strategy အမျိုးမျိုးကို Miracle AdOps Creative Studio နဲ့ လက်တွဲဖန်တီးနိုင်ပါပြီ...!



2004 မှာရုံတင်ခဲ့တဲ့ Mean Girls ရုပ်ရှင်က 2024 မှာ တတိယမြောက်ရုပ်ရှင် ဆက်လက်ထွက်ရှိလာနိုင်တဲ့အထိ အောင်မြင်လွှမ်းမိုးနိုင...
24/11/2023

2004 မှာရုံတင်ခဲ့တဲ့ Mean Girls ရုပ်ရှင်က 2024 မှာ တတိယမြောက်ရုပ်ရှင် ဆက်လက်ထွက်ရှိလာနိုင်တဲ့အထိ အောင်မြင်လွှမ်းမိုးနိုင်စွမ်းကောင်းခဲ့တာပါ။ ကမ္ဘာတစ်ဝှမ်းလုံးမှာ ဝက်ဝက်ကွဲပေါက်ခဲ့တဲ့ ဒီရုပ်ရှင်ရဲ့ Branding လုပ်ခဲ့ပုံကလည်း မှတ်သားလောက်ဖွယ် ပြောင်မြောက်လွန်းခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် Mean Girls ရုပ်ရှင်ဆီက ရလိုက်တဲ့ Marketing Lesson (3) ခု ကို ဒီနေ့ ပြန်မျှဝေပေးသွားချင်ပါတယ်...

❎ Stop trying to make ‘Fetch’ happen!

ဇာတ်ကားထဲတင်ပါနေခဲ့တဲ့ မှတ်သားစရာက Target Audience ကိုနားလည်ပြီး သူတို့ရဲ့ Language နဲ့ဆက်စပ်မှုရှိဖို့ ဆိုတာပါ။ Regina George က သူ့သူငယ်ချင်းကို ပြောသလိုပဲ၊ စကားလုံး အသုံးအနှုန်းသစ်တွေနဲ့ လူတွေ ဇဝေဇဝါဖြစ်စေမှာမျိုးကို ရှောင်သင့်ပါတယ်။ ကိုယ့်ရဲ့ Brand/ Product ကို နားလည်ရခက်တဲ့နာမည်အသစ်အဆန်းပေးခြင်းကလည်း Customer ကို Educate ပြန်ပြန်လုပ်နေရစေမှာ ဖြစ်တာကြောင့် Advertising, Marketing အတွက် အချိန်နဲ့ငွေကို ပိုကုန်ကျစေနိုင်ပါတယ်။

❇️ Repurpose Hit Content (Slogans, Phrases, Topics)

“On Wednesdays, we wear pink” ဆိုတာနဲ့ Mean Girls ဇာတ်ကားထဲကမှန်း တန်းမသိတဲ့သူ မရှိသလောက်ပါပဲ။ Platform တွေမှာကြော်ငြာတဲ့အခါလည်း Customer ပြောသံတွေကို သေချာနားဆင်ပြီး ဇာတ်ကားထဲက အပြောအဆိုတွေနဲ့ပဲ မရိုးရတဲ့ Authentic Promoting နည်းလမ်းမျိုးစုံသုံးခဲ့ပါတယ်။ ဒါကြောင့် ဒီဘက်ခေတ်မှာ ပိုထွန်းကားလာတဲ့ SEO Tool အမျိုးမျိုးရဲ့ တိုးတက်မှုကိုအသုံးချပြီး Market Research, Keywords, Top Results နဲ့ Culture, Experience, Collab သစ်တွေ ဖန်တီးကြည့်ပါ။

✅ “On October 3rd, he asked me what day it was.”

အဲဒီစာကြောင်းက နှစ်တိုင်း Social Media မှာ ထပ်တလဲလဲ Trend ပြန်ဖြစ်နေတာရော သတိထားမိကြလား? Musical Movie Release ကိုလည်း (လူသိအများဆုံးနေ့) အကောင်းဆုံး Timing မှာ Watch Party နဲ့အတူ ကြေညာခဲ့ပြီး ဆိုပြီး Celebration Day ဖြစ်တဲ့အထိ အောင်မြင်သွားခဲ့တယ်။ ‘Consistency is Key’ ဖြစ်ကြောင်း Mean Girls က သက်သေပြလိုက်တာပါပဲ။

လူတိုင်းအမှတ်ရနေစေမယ့် Branding Project တွေကို Miracle AdOps Creative Studio နဲ့အတူ ဖန်တီးတည်ဆောက်လိုက်ပါ။ Get in, we’re going Branding 💫💫





🔎 ကျွန်တော်တို့ Designer တွေဆီကို Client ထံက Revise တွေ ဘာလို့ပြန်လာလဲဆိုရင် တိကျသေချာတဲ့ Briefတွေ မရှိလို့ပါပဲ။ တစ်ခါတလ...
15/11/2023

🔎 ကျွန်တော်တို့ Designer တွေဆီကို Client ထံက Revise တွေ ဘာလို့ပြန်လာလဲဆိုရင် တိကျသေချာတဲ့ Briefတွေ မရှိလို့ပါပဲ။ တစ်ခါတလေကျရင် Client က သူဘာလိုချင်တာလဲဆိုတာကို သေချာမသိ၊ Designer တွေကလည်း ပေးတဲ့ Brief ကို နားမလည်တာမျိုး ကြုံဖူးကြမှာပါ။

Client ဆိုတာကတော့ Design နဲ့ပတ်သက်ရင် စိမ်းတယ်လေ။ဒီတော့ ကျွန်တော်တို့ကပဲ Client ဆီက တိကျတဲ့ Brief ကိုယူတတ်ဖို့ ကြိုးစားကြည့်ရအောင် 🤝🏻

🧩 Brand အကြောင်းစကားပြောကြည့်ပါ
Client မှာသူ့ Brand Image နဲ့ပတ်သက်ပြီး ဘယ်လို Limitation တွေရှိလဲ? Expectations ကဘာတွေလဲ? ဆိုတာမေးပါ။ အရင်က ဘယ်လို Theme နဲ့ သွားခဲ့တယ်၊ အခုဘယ်လိုဆက်သွားချင်လဲ? ဆိုတာကို ဆွေးနွေးပါ။ အဲ့ဒီအခါမှာ Design စဥ်းစားရတာ လွယ်ကူသွားပါလိမ့်မယ်။

🧩 Visual Reference တောင်းပါ
တစ်ခါတလေကျ စကားအများကြီးပြောနေတာထက် သူတို့လိုချင်တဲ့ Design နဲ့ပတ်သက်ပြီး အနီးစပ်ဆုံး ပုံတစ်ခုခု တောင်းလိုက်တာက ပိုကောင်းပါတယ်။ ဒါကို Client ဘက်က နားမလည်ရင် ကိုယ့်မှာရှိတဲ့ထဲက နမူနာဒီဇိုင်းတွေကို ပြပါ။ ပုံကြမ်းဆွဲပါ။ အဲ့ဒီအခါမှာ လိုချင်တဲ့ပုံ မဟုတ်သေးဘူးဆိုရင် သူတကယ်လိုချင်တာက ဘာလဲဆိုတာကို ရှင်းပြဖို့ ကြိုးစားလာပါလိမ့်မယ်။ သေချာမမေးဘဲနဲ့ အဆင်ပြေသလိုသာလုပ်ပေးပါဆိုတဲ့ Client ဆီက စကားကို နားယောင်မိရင်တော့ နှစ်ခါပင်ပန်းရပါမယ်။

🧩 ညှိနှိုင်းပါ
Client က အချိန်ဘယ်လောက်ပေးမှာလဲ?
ကိုယ့်ဘက်ကရော အချိန်ဘယ်လောက်ယူမှာလဲ? ဆိုတာကို တစ်ခါတည်းညှိနှိုင်းပါ။ Option ဘယ်လောက်ပေးမှာလဲ? ဆိုတာကိုလည်း တစ်ခါတည်းပြောပြပါ။ ကိုယ့် Design အပေါ် အပြည့်အဝယုံကြည်ပါ။ Option တွေကို လိုတာထက် ပိုမပေးမိပါစေနဲ့။

🧩 Creativity ကိုကောင်းကောင်း အသုံးချပါ
Design တွေကို စပြီးဖန်တီးတဲ့အခါ Creative အဖြစ်လွန်ပြီး Client ရဲ့ Brief ကို သွေဖယ်သွားမှာမျိုး သတိထားပါ။ Client ပေးတဲ့ Brief ထဲကနေ ကွဲမထွက်အောင် အတတ်နိုင်ဆုံးကြိုးစားပြီး တီထွင်ကြံဆပါ။
ဒီလောက်ဆိုရင်တော့ Client ဆီက Brief ကိုကောင်းကောင်းအသုံးချပြီး Revise ပြန်မလာတဲ့ Creative Design တွေကို ဖန်တီးနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။



မိန်းမတွေထက် 𝘿𝙚𝙖𝙙𝙡𝙞𝙣𝙚 က ပိုကြောက်ဖို့‌ကောင်းတယ် 🤌🏻
13/11/2023

မိန်းမတွေထက် 𝘿𝙚𝙖𝙙𝙡𝙞𝙣𝙚 က ပိုကြောက်ဖို့‌ကောင်းတယ် 🤌🏻

10/11/2023

ငြိမ်နေသမျှကတော့ ဘာတစ်ခုမှကိုဖြစ်ထွန်းအောင်မြင်လာမှာမဟုတ်ဘူးဗျ...
ဆိုတော့...အမြဲလှုပ်နေဖို့လိုတယ်...ကျွန်‌တော်တို့လို Brand Logo ကြီးကိုပါ လှုပ်ပစ်လိုက်ဗျာ
ကိုယ်တိုင်လှုပ်လို့အားမရဘူးဆိုရင်လည်း ကျွန်တော်တို့ Miracle AdOps Team နဲ့တွဲလှုပ်လို့ရတယ်..!

(English below)News Feed ပေါ်က အပေါ်အောက်ပြေးနေတဲ့ လက်မတွေကို ကျွန်တော်တို့ရဲ့ Social Media Design တွေက ဖမ်းပေးပါလိမ့်မယ...
06/11/2023

(English below)
News Feed ပေါ်က အပေါ်အောက်ပြေးနေတဲ့ လက်မတွေကို ကျွန်တော်တို့ရဲ့ Social Media Design တွေက ဖမ်းပေးပါလိမ့်မယ် 🕸️

Our mesmerizing social media designs will snag the attention of those thumb-scrolling news feed wanderers 🕸️

💢 Designer နဲ့ Idea Blocking 🔎 Idea Block ဖြစ်တဲ့ ပြဿနာကို ကျွန်တော်တို့ Designer တိုင်း ရင်ဆိုင်ဖူးကြမှာပါ။ဥပမာပေးရရင် ...
26/10/2023

💢 Designer နဲ့ Idea Blocking 🔎

Idea Block ဖြစ်တဲ့ ပြဿနာကို ကျွန်တော်တို့ Designer တိုင်း ရင်ဆိုင်ဖူးကြမှာပါ။

ဥပမာပေးရရင် "Creative Idea" တွေက Angel ဆို "Idea Blocking" က Demon ပါပဲ။ အဲ့ဒီအပေါ်မှာ အရမ်း Pressure မထားဘဲ သေချာဖြေရှင်းနိုင်မယ်ဆိုရင် Minor Case လေးဖြစ်သွားမှာပါ။

ဒါကြောင့်မလို့ Idea Block ဖြစ်တဲ့အခါမှာ ဘယ်လိုကိုင်တွယ်ဖြေရှင်းလဲ ဆိုတာကို အကုန်လုံးကို မျှဝေပေးသွားချင်ပါတယ် 🗝️

Idea Block ဖြစ်ကြတဲ့အခါမှာ......

1. အလုပ်တွေရပ်လိုက်ပါ ☑️

Computer ရှေ့မှာထိုင်ပြီး ထွက်မလာတဲ့ Idea တွေကို ဖြစ်ညှစ်ထုတ်နေမယ့်အစား အလုပ်စားပွဲကနေ မတ်တပ်ထရပ်လိုက်ပါ။ လုပ်လက်စတွေ ဘာဆိုဘာမှ ဆက်မတွေးပါနဲ့။

2. အနားယူပါ 💤

ကျွန်တော်တို့ Designer တွေဆိုတာ ဦးနှောက်ကို အမြဲအလုပ်ပေးရတာမလို့ ဦးနှောက်လေးက အမြဲလန်းဆန်းနေဖို့လိုတယ်လေ။ ဒါကြောင့်မလို့ Idea Block ကြောင့် အလုပ်ခဏနားထားတဲ့အချိန်မှာ စိတ်ကို Relax ဖြစ်စေမယ့် သီချင်းတွေ နားထောင်ပါ။ ပြီးတော့ စားချင်တဲ့ မုန့်တွေစားပါ။ တခါတလေမှာ မတူညီတဲ့နေရာအသစ်တွေ သွားရာကနေ Idea အသစ်တွေထွက်လာတတ်လို့ အဲ့လိုချိန်မှာ အပြင်ထွက် လမ်းလျှောက်ပါ။ သူငယ်ချင်းမိတ်ဆွေတွေနဲ့ စကားပြောပါ။ ဦးနှောက်လေး ကျန်းမာပြီး Creative တွေကောင်းဖို့က အရေးကြီးဆုံးမလို့ ဆန္ဒရှိရင် အိပ်ပါအိပ်ပစ်လိုက်ပါ။ မယုံမရှိနဲ့ ဒါက တကယ်ကို အလုပ်ဖြစ်ပါတယ်။

3. မှတ်စုရေးပါ ✍🏻

ဖြစ်ဖူးကြလားတော့မသိဘူး။ တစ်ခါတလေမှာ လမ်းလျှောက်နေရင်း ဒါမှမဟုတ် တစ်ခုခုလုပ်နေရင်းက Idea ခပ်ဆန်းဆန်းတွေ ခေါင်းထဲပေါ်လာတာမျိုးလေ။ အဲ့လိုအချိန်မှာဆို မှတ်စုစာအုပ်ထဲ အမိအရ ချရေးထားလိုက်ပါ။ Idea Block ဖြစ်နေတဲ့အချိန် ပြန်ဖတ်ကြည့်တဲ့အခါမှာ တော်တော်လေးအကျိုးရှိပါလိမ့်မယ်။

4. လေ့လာပါ 💻

အပေါ်က Step တွေနဲ့ အဆင်ပြေသွားတဲ့အခါကျရင်တော့ ကော်ဖီသောက်ရင်းပဲဖြစ်ဖြစ် Google, Pinterest, Facebook, Instagram, Youtube စတဲ့ Social Media တွေကနေတစ်ဆင့် Inspiration Design တွေကို ဆက်လေ့လာသင့်ပါတယ်။ ငါတော့ Idea ထွက်ကိုထွက်ရမယ်ဆိုတဲ့ Pressure မထားဘဲ ကိုယ်သဘောကျတဲ့ ပုံတွေ ရုပ်ရှင်တွေကိုကြည့်တဲ့ Feeling မျိုးနဲ့ပဲ ကြည့်ပါ။ ဒါက စိတ်ကိုလုံးဝ Relax ဖြစ်စေပြီး Idea ကောင်းတွေလည်း ထွက်လာနိုင်ပါတယ်။

နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ Idea Blocking ဆိုတာက Creative နဲ့အလုပ်လုပ်ရတဲ့ လူတိုင်းမှာ ဖြစ်တဲ့အရာမလို့ ကိုယ်တိုင်ကြုံတွေ့ရတဲ့အခါမှာ လက်ခံနိုင်ဖို့ကြိုးစားပါ။ ကိုယ့်ကိုကိုယ် Pressure မပေးဘဲ ကျွန်တော်ပြောပြသွားတဲ့ နည်းလမ်းလေးတွေကို Follow Up လုပ်ပြီး Idea Blocking Zone ထဲကနေ ရုန်းထွက်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။



" 𝐋𝐨𝐠𝐨 ဆိုတာက 𝐁𝐫𝐚𝐧𝐝 𝐅𝐚𝐜𝐞 ဖြစ်တယ် ""Brand ရဲ့ အောင်မြင်မှု၊ ကျရှုံးမှုက Logo Branding နဲ့အများကြီးသက်ဆိုင်တယ်" ဆိုတာတွေကိ...
07/10/2023

" 𝐋𝐨𝐠𝐨 ဆိုတာက 𝐁𝐫𝐚𝐧𝐝 𝐅𝐚𝐜𝐞 ဖြစ်တယ် "

"Brand ရဲ့ အောင်မြင်မှု၊ ကျရှုံးမှုက Logo Branding နဲ့အများကြီးသက်ဆိုင်တယ်" ဆိုတာတွေကိုလည်း ကြားဖူးကြမယ်ထင်ပါတယ်။ ဒါကြောင့်မလို့ စနစ်ကျတဲ့ Logo Branding တစ်ခုကို ဘယ်လို စတင်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြချင်ပါတယ် 👍

1. တိကျတဲ့ Strategy တစ်ခုရှိပါစေ

Logo တစ်ခုဖြစ်လာဖို့ ဆိုတာက Design တစ်ခုတည်းကိုပဲ စဉ်းစားနေလို့ မရပါဘူး။ မြင်လိုက်တာနဲ့ ကိုယ့်လုပ်ငန်းကဘာလဲ ဆိုတာကို တန်းသိလာစေမယ့် Concept တစ်ခုလိုပါတယ်။ ကိုယ့် Brand က ဘယ်နေရာမှာသုံးမှာလဲ? ကိုယ့်ရဲ့ Target Audience ကဘယ်လိုလူတွေလဲ?
ဆိုတာကိုလည်း အရင်ဆုံးသိအောင် ကြိုးစားထားသင့်ပါတယ်။

2. ရိုးရှင်းပါစေ

Logo ကောင်းတစ်ခုဆိုတာက ရိုးရှင်းရမယ်၊ နားလည်ဖို့ လွယ်ကူရပါမယ်။ ဒါမှလည်း ထိရောက်တဲ့ Brand Message ကို ပေးနိုင်မှာပါ။

3. မှတ်မိရလွယ်ကူပါစေ

အခု စာကိုဖတ်နေရင်းနဲ့ Coca Cola, Nike, Facebook နဲ့ Apple တို့ရဲ့ Logo ကို ပုံဖော်ကြည့်လိုက်ပါ။ စက္ကန့်ပိုင်းအတွင်း မှတ်မိတယ်မလား?
ကျွန်တော်ပြောတဲ့ မှတ်မိရလွယ်အောင်လုပ် ဆိုတာ ဒါကိုပြောတာပါ။ ကိုယ့်ရဲ့ Logo က Unique ဖြစ်ပြီး Client တွေလည်းမမေ့ဖို့ဆိုရင် Brand Image ကိုထင်ဟပ်စေနိုင်မယ့် Elements, Fonts, Colors တွေကို သေချာရွေးချယ်သင့်ပါတယ်။

4. (၂)ခါပြန်စဉ်းစားပါ

Logo တစ်ခုက သင့် Brand အတွက် အရာရာပါပဲ။ သင့်ရဲ့ Product/ Service ကနေစပြီး Social Media, Billboard, Business Card အဆုံး အရာအားလုံးမှာ Logo က ပါဝင်ပတ်သက်နေတာမို့ Logo Branding လုပ်တဲ့အဆင့်တွေ အားလုံးပြီးတဲ့အခါ Final Decision မချခင် (၂)ခါပြန်စဉ်းစားပါ။ ဖြစ်နိုင်ရင် ပတ်ဝန်းကျင်က လူတွေဆီကပါ အကြံဉာဏ်တောင်းခံပါ။

Logo Branding အတွက် ဒီအချက်တွေကို သိထားပြီး လက်တွေ့ ပြန်လည်အသုံးချဖို့ အကြံပြုလိုပါတယ်။ အမြဲစွဲထင်ကျန်နေမယ့် Logo Design တွေအတွက် ကျွန်တော်တို့ Miracle AdOps နဲ့လည်း လက်တွဲနိုင်ပါတယ်ခင်ဗျာ 🤝🏻



Rebranding မအောင်မြင်ရင် ရင်ဆိုင်ရနိုင်တဲ့ ပြဿနာတွေ 🥤 Pepsi လိုကမ္ဘာကျော် Brand မှာတောင် တစ်ချိန်က $1 Million တန် Logo က...
06/10/2023

Rebranding မအောင်မြင်ရင် ရင်ဆိုင်ရနိုင်တဲ့ ပြဿနာတွေ

🥤 Pepsi လိုကမ္ဘာကျော် Brand မှာတောင် တစ်ချိန်က $1 Million တန် Logo ကြောင့် $1 Billion အထိ ဆုံးရှုံးခဲ့ရတဲ့ အချိန်ရှိခဲ့တယ်ပြောရင် ယုံနိုင်ကြမလားဗျ။ Brand အောင်မြင်မှုရဲ့ နောက်ကွယ်မှာ ငွေကြေးအဆုံးအရှုံးသာမက ပြင်းထန်တဲ့လူထုဝေဖန်မှုတွေကိုပါ ဖြစ်ပေါ်စေခဲ့ပါတယ်။ သူ့အမှားတွေမလုပ်မိခင် Logo တစ်ခုပြင်ဆင်တဲ့အခါ ကိုယ့် Brand အတွက် မေးသင့်တဲ့မေးခွန်းအချို့ကို ဖော်ပြပေးလိုက်ရပါတယ်။

- Market Research
Pepsi ရဲ့ 2008 ခုနှစ် Logo က လူတွေကို ဆူပူပေါက်ကွဲစေတဲ့အထိ ဒေါသထွက်စေခဲ့တဲ့ အကြောင်းအရင်းတွေထဲမှာ Brand Identity ပေါ်လွင်မှု မရှိခြင်းကြောင့်လည်း ပါဝင်ပါတယ်။ အခြား Design တွေကနေ ကွဲပြားမှုမရှိဘဲ ဝယ်ယူသူတွေကို ထင်ယောင်ထင်မှားဖြစ်ခဲ့တာဟာ Pepsi အတွက်တော့ Target Audience Feedback ပါ ပြင်ဆင်ထားသင့်ကြောင်း သင်ခန်းစာရသွားစေခဲ့ပါတယ်။ ကိုယ့် Logo ကို Redesign ပြန်လုပ်တဲ့အခါမှာလည်း “Brand Value နဲ့ ဆက်စပ်မှုရှိလား? ကမ္ဘာတစ်ဝှမ်းလုံးက နားလည်လက်ခံနိုင်တဲ့ ခေတ်နဲ့အညီ Design ထွက်လား? စျေးကွက်ထဲက Brand တွေက ကွဲပြားမှုရှိရဲ့လား?” စသဖြင့်မေးခွန်းအမျိုးမျိုး ကြိုထုတ်ထားသင့်ပါတယ်။

- Legal Considerations
Logo တစ်ခုကို စလုပ်တော့မယ့်အခါ Trademark, Global Transition, Stakeholder တွေကြားမှာ ဥပဒေပိုင်းဆိုင်ရာ ပြဿနာတွေပါ ပိုထွက်လာနိုင်ပါတယ်။ Pepsi အနေနဲ့ဆို Copyright, Brand Value, Rebranding Issue မျိုးစုံကြောင့် ငွေကြေးအကျအရှုံးများစွာ ရင်ဆိုင်ခဲ့ရတဲ့ အထိပါပဲ။ Brand ပြန်လည် မထုတ်ပြခင်မှာ “Risk တွေ တွက်ချက်ပြီးပြီလား၊ Legal Concern တွေ ပေါ်ထွက်လာနိုင်လား၊ အဆိုးဆုံး အခြေအနေရောက်လာခဲ့ရင် ဘယ်လိုပြန်တည်ဆောက်ရမလဲ” စတဲ့တွက်ချက်မှုတွေလည်း ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။

Rebranding ပြန်လုပ်ရင်း ရှုထောင့်မျိုးစုံကနေ ဒီလိုမေးခွန်းတွေမေးကာ အချိန်ကုန်လူပင်ပန်းဖြစ်ရခြင်းမှ ကာကွယ်လိုက်ပါ။ မလိုအပ်တဲ့အကုန်အကျများ ပိုမလာရစေအောင် Professional Expertise ရယူရန်လည်း မမေ့လိုက်ပါနဲ့။ ခိုင်မာမှုရှိတဲ့ Strategic Planning Campaign တွေအတွက် Miracle AdOps Creative Studio နဲ့အတူ အကောင်အထည်ဖော်နိုင်ပါပြီ။ 🚀

☎️ သင့်လုပ်ငန်းရဲ့ Brand Image နဲ့ Marketing Goals တို့ တစ်ထပ်တည်းကျစေဖို့ အခုပဲဆက်သွယ်လိုက်ပါ 📊📊



Address


Website

Alerts

Be the first to know and let us send you an email when Miracle AdOps Creative Studio posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Advertising & Marketing Company?

Share