09/09/2019
အောင်မဲညို ရေနွေးကြမ်းရဲ့ ကောင်းကျိုးများ
--------------
အောင်မဲညိုလက်ဖက်ရည်ကြမ်း (သို့) ရေနွေးကြမ်း ကို နိုင်ငံတကာမှာတော့ အိပ်ရာမဝင်ခင် Bed Time Tea အဖြစ် သောက်သုံးလေ့ ရှိကြပြီး ဒီလိုသောက်သုံးပေးရခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးတွေကလည်း အများအပြားပဲ ဖြစ်ပါတယ်။
အောင်မဲညို လက်ဖက်ရည်ကြမ်းဟာ Green Tea လက်ဖက်ရည်ကြမ်းမှာလိုပဲ Antioxidant ကြွယ်ဝစွာ ပါဝင်တာကြောင့် ခန္ဓာကိုယ် ခုခံအားစနစ်ကို ကောင်းမွန်စေပြီး နှလုံးရောဂါဖြစ်ပွားခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ရာသီဥတုကြောင့် ခေါင်းကိုက်ခြင်းနဲ့ ခေါင်းတခြမ်းကိုက်ခြင်းတွေကို ထိထိရောက်ရောက် သက်သာစေနိုင်ပါတယ်။
အောင်မဲညို လက်ဖက်ရည်ကြမ်းကို ပုံမှန်သောက်သုံးပေးမယ်ဆိုရင် မျက်လုံးကျန်းမာရေးပြဿနာတွေဖြစ်တဲ့ မျက်လုံးညောင်းညာ ကိုက်ခဲခြင်းတွေနဲ့ အမြင်အာရုံမှုန်ဝါးခြင်းတွေကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။ ခန္ဓာကိုယ်တွင်း ရောင်ရမ်းခြင်းတွေနဲ့ ဓာတ်မတည့်မှုကြောင့် ဖြစ်ပေါ်တဲ့ အရေပြားပြဿနာတွေကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။
လေ့လာချက်တွေအရ အောင်မဲညိုပန်းဟာ စိတ်ဖိစီးမှုကို လျှော့ချစေနိုင်ပြီး စိတ်ကျရောဂါအပါအဝင် စိုးရိမ်ပူပန်မှုလွန်ကဲတာနဲ့ မှတ်ဉာဏ်ချို့ယွင်းခြင်းတို့ကို ပျောက်ကင်းသက်သာစေနိုင်တယ်လို့ သိရပါတယ်။
အောင်မဲညိုပန်းပွင့် လေးငါးခြောက်ပွင့်လောက်ကိုနေ့စဉ် သောက်သုံးရုံနဲ့ မျက်စိအမြင်ကိုကြည်လင်စေခြင်း ၊ တိမ်ဖြစ်ခြင်းမှကာကွယ်ပေးခြင်း ၊ ဆံပင်ကျွက်ခြင်း/ဖြူခြင်းများကို သက်သာစေခြင်း ၊ သွေးလည်ပတ်မှု့အားကောင်းစေခြင်း ၊ ဆီးချို/သွေးချို သက်သာစေခြင်း ၊ သံပုရာရည်+ပျားရည် နှင့်တွဲပြီးသောက်သုံးပါက ကိုယ်လက်လန်းဆန်းပေါ့ပါးစေပါတယ်။
အသုံးပြုပုံကတော့ ရေနွေးဖြူထဲကို ၅/၆ ပွင့်လောက်ထည့်ပြီး ၃ မိနစ်လောက်နေရင်သောက်သုံးလို့ရပါပြီ ဖျော်ရည်အဖြစ်လဲသောက်သုံးလို့ရပါတယ် ။ အောင်မဲညိုအရည်ထဲကို သံပုရာသီးနဲ့ ပျားရည်ထည့်ပြီးသောက်ရင် ပိုကောင်းပါတယ်။
ကူးယူဖော်ပြပါသည်
#အထူးသတိပေးချက်
ကျန်းမာရေးအတွက် ကောင်းကျိုးတွေများစွာ ရှိတဲ့ အောင်မဲညိုပန်းကို ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေအဖို့တော့ သောက်သုံးဖို့ မသင့်ပါဘူး။ ဒါ့အပြင် မိမိကျန်းမာရေးကြောင့် ဆေးဝါးတွေ သောက်သုံးနေရသူတွေမှာလည်း အောင်မဲညိုပန်းကို ဆေးဝါးတွေနဲ့ တွဲဖက်မသောက်သုံးသင့်ပါဘူး။
50g ၁ဘူး 4000ကျပ်