321 Production

  • Home
  • 321 Production

321 Production Tik Tok and Facebook Marketing Start_Up Agency

လူတွေ ပိုက်ဆံသုံးတဲ့ လကို ရောက်ပါတော့မယ်။ လူကြီးမင်းတို့ရော ဘာတွေ ပြင် ဆင်ထားပြီးပါပြီလဲ ❓Seasonal Marketing အတွက် Faceb...
14/09/2026

လူတွေ ပိုက်ဆံသုံးတဲ့ လကို ရောက်ပါတော့မယ်။ လူကြီးမင်းတို့ရော ဘာတွေ ပြင် ဆင်ထားပြီးပါပြီလဲ ❓

Seasonal Marketing အတွက် Facebook နဲ့ Tik Tok Marketing ကို အကောင်းဆုံးပြင်ဆင်ထားချင်တာမျိုးဆိုရင်တော့ 321 နဲ့ အခုပဲ ကြိုတင်ပြင်ဆင်ထားလိုက်တော့ဗျို့ ။

#321

321 နဲ့ ယုံကြည်မှုအပြည့်လက်တွဲနိုင်ပါ့မလား ❓ လုံး၀ လုံး၀ စိတ်မပူပါနဲ့ ။ 321 ရိုက်ကူးပေးမဲ့ ဇာတ်လမ်း Script တွေမှာ အများဆ...
13/09/2026

321 နဲ့ ယုံကြည်မှုအပြည့်လက်တွဲနိုင်ပါ့မလား ❓ လုံး၀ လုံး၀ စိတ်မပူပါနဲ့ ။ 321 ရိုက်ကူးပေးမဲ့ ဇာတ်လမ်း Script တွေမှာ အများဆုံး ပေါက်တဲ့ အထိ မှန်းနိုင်ပြီး အနည်းဆုံး View 3000 မှမပြည့်ရင် အသစ်တစ်ပုဒ်ပြန်ရိုက်ပေးမှာဖြစ်ပါတယ်။

Contact Us - 09440954494 ☎️

Tik Tok Marketing ဈေးကြီးနေတုန်းလား ?
13/09/2026

Tik Tok Marketing ဈေးကြီးနေတုန်းလား ?

ဖြတ်သန်းမှု - 2019 ခုနှစ်မှ စတင်ကာ Digital Marketing Industry သို့ စတင်၀င်ရောက်ခဲ့ပြီး ၊ Junior Content Writer ဘ၀မှသည် C...
10/09/2026

ဖြတ်သန်းမှု - 2019 ခုနှစ်မှ စတင်ကာ Digital Marketing Industry သို့ စတင်၀င်ရောက်ခဲ့ပြီး ၊ Junior Content Writer ဘ၀မှသည် Content Head အထိ Positions အမျိုးမျိုး ဖြတ်သန်းခဲ့ပြီး ၊ 2024 2025 မှ စတင်ကာ Tik Tok Marketing ၀န်ဆောင်မှုတွေကို ၊ Inhouse + Freelance နည်းလမ်းများဖြင့် ပေးအပ်ခဲ့ပါတယ်။

Facebook Marketing က Boost တိုင်းရှုံးလို့ လုပ်ငန်းတိုင်း နီးပါး Tik Tok ဘက်ရွှေ့နေချိန်မှာ ကိုယ်လုပ်ငန်းက Tik Tok ဘက်ကူ...
09/09/2026

Facebook Marketing က Boost တိုင်းရှုံးလို့ လုပ်ငန်းတိုင်း နီးပါး Tik Tok ဘက်ရွှေ့နေချိန်မှာ
ကိုယ်လုပ်ငန်းက Tik Tok ဘက်ကူး ဖို့ အခက်အခဲတွေ ရှိနေတာလား ❓

Tik Tok Marketing ကုန်ကျစားရိတ်တွေ က ကိုယ်သုံးချင်တဲ့ မားကစ်တင်းဘတ်ဂျက်ထက် အများကြီးကျော်လွန်နေလို့ လုပ်ချင်ပေမဲ့ မလုပ်နိုင်ဖြစ်နေရလား ❓

ဒီပြဿနာတွေကို ဖြေရှင်းဖို့အတွက် 321 ကနေ လုပ်ငန်းရှင်တိုင်းနီးပါး ပျော်ပျော်ကြီး လုပ်နိုင်မဲ့ Budget Tik Tok Plan တစ်ခုကို မိတ်ဆက်လိုက်ပါပြီ။

Tik Tok Video 10 ပုဒ်ပါ Basic Plan ကိုမှ 5 သိန်း ကျပ်ပဲ ကျသင့်မှာဖြစ်ပြီးတော့ အခုအချိန်က စလို့ ရက်ပေါင်း (၃၀) အတွင်းသာရနိုင်မဲ့ အခွင့်အရေးမို့ ၊ အခုပဲ 09440954494 ကို ဆက်သွယ်မေးမြန်းလိုက်ပါ။

321က တာ၀န်ယူဖန်တီးပေးဖူးတဲ့ ပရောဂျက်နမူနာတွေနဲ့အတူ ရှင်းပြဆွေးနွေးပေးဖို့ အသင့်ရှိနေပါမယ်။

Video Content အမျိုးအစား - Brand ကို လူပိုသိလာစေမည့် Awareness ဇာတ်လမ်းတိုများ နှင့် ရောင်းအားအတွက် Sale Video များ ပါ၀င်ပါမည်ခင်ဗျာ။

#321

Marketers အချင်းချင်း ဆုံတဲ့အခါ ဒါမှမဟုတ် Client တွေနဲ့ စကားပြောတဲ့အခါ ကျွန်တော်တို့ အမြဲဆွေးနွေးဖြစ်တဲ့ မေးခွန်းတစ်ခု ရ...
24/01/2026

Marketers အချင်းချင်း ဆုံတဲ့အခါ ဒါမှမဟုတ် Client တွေနဲ့ စကားပြောတဲ့အခါ ကျွန်တော်တို့ အမြဲဆွေးနွေးဖြစ်တဲ့ မေးခွန်းတစ်ခု ရှိပါတယ်။ "ငါတို့ပစ္စည်းက ပိုကောင်းတယ်၊ ဒါပေမဲ့ ဘာလို့ ဟိုဘက်က Brand လောက် ရောင်းမထွက်တာလဲ?" ဆိုတာပါပဲ။

နယ်ပယ်ထဲမှာ နှစ်တွေကြာလာတော့မှ ဒီအဖြေကို ပိုပြီး ရှင်းရှင်းလင်းလင်း သိလာကြရပါတယ်။ အဲဒါက လူတွေဟာ "အကောင်းဆုံး" ကို အမြဲမရွေးချယ်ဘဲ သူတို့စိတ်ထဲမှာ "ပထမဆုံး ပေါ်လာတာ" ကိုပဲ ရွေးချယ်တတ်ကြတယ်ဆိုတာပါပဲ။

အထူးသဖြင့် Marketing Psychology မှာ ဒါကို "Cognitive Ease" (စဉ်းစားရ လွယ်ကူမှု) လို့ ခေါ်ပါတယ်။ နေ့စဉ်ဘဝမှာ သတင်းအချက်အလက်တွေ အလွန်အကျွံ စားသုံးနေရတဲ့အတွက် လူတွေဟာ ဝယ်ယူမှုတစ်ခု လုပ်တော့မယ်ဆိုရင် အများကြီး မစဉ်းစားချင်တော့ပါဘူး။

ဒီနေရာမှာ Cognitive Ease က အလုပ်လုပ်လာပါတယ်။ ဦးနှောက်က စွမ်းအင်အကုန်မခံတော့ဘဲ "ရင်းနှီးပြီးသား" ဒါမှမဟုတ် "ချက်ချင်းသတိရတာ" ကိုပဲ ရွေးချယ်ဖို့ ခိုင်းစေလိုက်တာပါ။

ဒါကို ပိုနားလည်သွားအောင် ကျွန်တော့်ရဲ့ Co Co ဈေးဝယ်အတွေ့အကြုံနဲ့ နှိုင်းယှဉ်ပြပါမယ်။

တစ်နေ့က ကျွန်တော် Co Co ကို သွားခဲ့ပါတယ်။ Snack စင်ပေါ်မှာ အာလူးကြော်ထုတ်တွေ အများကြီး ရှိနေပေမဲ့ ကျွန်တော်လက်ကတော့ "မေရီချို" ကိုပဲ အလိုအလျောက် လက်လှမ်းမိသွားပါတယ်။ တခြားအာလူးကြော်တွေက မေရီချိုထက် ပိုကောင်းချင် ကောင်းနေပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ မသိစိတ်က စဉ်းစားရခက်တဲ့ Choice တွေကြားမှာ ရင်းနှီးပြီးသား Brand ဆီကိုပဲ Shortcut အနေနဲ့ ခေါ်သွားတာပါ။

"ငါမသိတဲ့ အာလူးကြော်က စားလို့ အဆင်ပြေပါ့မလား?" ဆိုတဲ့ သံသယကို ရှင်းထုတ်ဖို့ ဦးနှောက်က အလုပ်မလုပ်ချင်တော့တဲ့အခါ စိတ်ထဲမှာ အမြဲတမ်း ပထမဆုံးရှိနေတဲ့ (Top of Mind ဖြစ်နေတဲ့) Brand ဆီကိုပဲ ဦးတည်သွားတာ ဖြစ်ပါတယ်။ အရသာထက် "စိတ်ချရမှု (Certainty)" ကို ဦးနှောက်က ရွေးချယ်လိုက်တာပါ။

ကော်ဖီဆိုင်တွေ အများကြီးရှိပေမဲ့ ထိုင်နေကျဆိုင်ကိုပဲ သွားဖြစ်တာမျိုး၊ ဟိုတယ်သစ်တွေ အများကြီးရှိပေမဲ့ တည်းနေကျဟိုတယ်မှာပဲ ဆက်တည်းဖြစ်တာမျိုး၊ စားနေကျ ထမင်းဆိုင်မှာပဲ စားမိတာမျိုးတွေကလည်း ဒီသဘောတွေပါပဲ။

သတိထားကြည့်မိတော့မှ ဒါဟာ တစ်ကမ္ဘာလုံးက သုံးစွဲသူတွေရဲ့ ဈေးဝယ်နည်း အခြေခံစိတ်ပညာဆိုတာ သိလာရပါတယ်။

လူတွေက "အကောင်းဆုံး" ကို အမြဲမရွေးပါဘူး။ သူတို့ စိတ်ထဲမှာ "ယုံကြည်မှု အရှိဆုံးနဲ့ ပထမဆုံး ပေါ်လာတာ" ကိုပဲ အလွယ်တကူ ရွေးချယ်တတ်ကြတယ်။ ဒါကြောင့်လည်း Marketing ရဲ့ အန္တိမ ပန်းတိုင်ဟာ စင်ပေါ်မှာ ပစ္စည်းတင်ရောင်းဖို့တင် မဟုတ်ပါဘူး၊ Customer ရဲ့ ဦးနှောက်ထဲမှာ နေရာဦးထားဖို့လို့ ပြောနေကြတာပါ။

ဒီလောက်ဆိုရင် ကိုယ့်ပစ္စည်းက ပိုကောင်းပါလျက်နဲ့ ဘာကြောင့် သူတို့လောက် ရောင်းမကောင်းဖြစ်နေရလဲ ဆိုတာကို နားလည်သွားလောက်ပြီလို့ ထင်ပါတယ်။

အဖြေက ရိုးရှင်းပါတယ်။ ပြိုင်ဘက်တွေထက် Top of Mind ဖြစ်အောင်လုပ်ပြီး၊ ကိုယ့်ကိုရွေးချယ်ခံရအောင်လုပ်ဖို့ပါပဲ။

#ရွေးချယ်ခံရတဲ့_Brand_ဖြစ်ဖို့

Branding X Event Marketing 🔥 ၀င့်၀ါ (5) Years Anni ပွဲကို ညီကိုတွေနဲ့အတူ တက်ရောက်ခဲ့ပါတယ်။
16/01/2026

Branding X Event Marketing 🔥 ၀င့်၀ါ (5) Years Anni ပွဲကို ညီကိုတွေနဲ့အတူ တက်ရောက်ခဲ့ပါတယ်။

Social media မှာ ရောင်းအားတက်ဖို့ နေ့စဉ်နဲ့အမျှ ရင်းနှီးမြှုပ်နှံနေကြတဲ့ Content တွေရဲ့ သက်တမ်းက (၅) နာရီလောက်ပဲ ရှိတယ်ဆ...
14/01/2026

Social media မှာ ရောင်းအားတက်ဖို့ နေ့စဉ်နဲ့အမျှ ရင်းနှီးမြှုပ်နှံနေကြတဲ့ Content တွေရဲ့ သက်တမ်းက (၅) နာရီလောက်ပဲ ရှိတယ်ဆိုရင် ဘယ်ရင်းနှီးမြှုပ်နှံသူကမှ ကျေနပ်နိုင်မှာ မဟုတ်ပါဘူး။ 🔥

ဒါပေမဲ့ ဒါဟာ Facebook Algorithm ရဲ့ ခါးသီးတဲ့ ပုံမှန်သတ်မှတ်ချက် ဖြစ်နေပါတယ်။ Content တစ်ပုဒ်ဟာ ပျမ်းမျှ (၅) နာရီလောက်ပဲ News Feed ပေါ်မှာ ရှင်သန်တာကြောင့် Audience နဲ့ နေ့တိုင်းထိတွေ့ချင်ရင် နေ့တိုင်း Invest လုပ်နေရတဲ့ သဘောပါပဲ။

အားတက်စရာတစ်ခုကတော့... Content တွေရဲ့ သက်တမ်းကို (၅) နာရီထက်ကြာအောင် ဆွဲဆန့်ပြီး Invest ထားသမျှတွေကို ပိုထိရောက်အကျိုးရှိအောင်လည်း လုပ်လို့ရနေပါသေးတယ် ။

▪️ ၈၁ မိနစ်ရဲ့ လျှို့ဝှက်ချက် (The Half-Life)

Post တစ်ခုရဲ့ Engagement ၅၀% ဟာ ပထမ ၈၁ မိနစ် အတွင်းမှာပဲ ရရှိပါတယ်။ တကယ်လို့ ဒီအချိန်အတွင်းမှာ Algorithm က သတ်မှတ်ထားတဲ့ တုံ့ပြန်မှု (Reaction/Comment) မရရှိဘူးဆိုရင် ၅ နာရီအတွင်းမှာ သင့် Post ဟာ News Feed အောက်ခြေကို ရောက်ရှိသွားမှာဖြစ်ပါတယ်။

- အလွယ်ကူဆုံးဖြေရှင်းနည်း: ပထမဆုံးတက်လာတဲ့ Comment တွေကို အမြန်ဆုံးပြန်ဖြေပါ။ ဒါဟာ Post ရဲ့ Activity Score ကို မြှင့်တင်ပေးပြီး သက်တမ်းကို ဆွဲဆန့်ပေးမယ့် နည်းလမ်းပါ။

▪️ 2026 Algorithm ကို အနိုင်ပိုင်းခြင်း

2026 မှာ Facebook Algorithm ဟာ Consistency (ပုံမှန်ဖြစ်မှု) နဲ့ Recency (သစ်လွင်မှု) ကို အင်မတန်ဦးစားပေးပါတယ်။

Consistency: တစ်ပတ်ကို ၃ ကြိမ်မှ ၅ ကြိမ် တင်တဲ့ Page တွေကို Algorithm က Active ဖြစ်တယ်လို့ သတ်မှတ်ပြီး Reach ပိုပြပေးပါတယ်။ ပိုစ့်တင်ကျဲတဲ့ Page တွေကိုတော့ Reach ချပစ်တတ်ပါတယ်။
SEO (Keywords): ဒါကတော့ အရေးကြီးဆုံး အလှည့်အပြောင်းပါ။ Caption ထဲမှာ Keywords သုံးထားရင် News Feed က ဖြုတ်ချခံလိုက်ရတဲ့ Post တွေဟာ ရှာဖွေမှု (Search) ကနေတစ်ဆင့် ပြန်လည်ပေါ်ထွက်လာပါတယ်။ အကယ်လို့ အဲဒီသူက Like/Comment/Share တစ်ခုခု လုပ်လိုက်မယ်ဆိုရင်တော့ သင့် Content ဟာ အသစ်တစ်ဖန် ပြန်လည်အသက်ဝင်လာမှာ ဖြစ်ပါတယ်။

💡 ရင်းနှီးမြှုပ်နှံမှုတိုင်း ထိရောက်ဖို့အတွက်...

Consistency နဲ့ Quality ဟာ ထပ်တူကျနေဖို့ လိုအပ်ပါတယ်။ အရေအတွက်တင်မကဘဲ လူတွေကို ဆွဲဆောင်နိုင်တဲ့ အရည်အသွေးရှိမှသာ Algorithm က သင့်ကို ရေရှည်မျက်နှာသာပေးမှာပါ။
လူကြီးမင်းတို့ Page တွေမှာရော တစ်ပတ်ကို ပိုစ့် ဘယ်နှစ်ကြိမ်လောက် တင်ဖြစ်နေကြလဲ? တင်နေတဲ့ Content တွေရဲ့ ကွာလတီကိုရော စိတ်တိုင်းကျရဲ့လား? Algorithm ရဲ့ Reach ချတာမျိုး ခံနေရသလား?

လူကြီးမင်းတို့လုပ်ငန်းအတွက် တစ်ပတ်ကို အနည်းဆုံး ပိုစ့်သုံးကြိမ်ကနေ နေ့စဉ်ပိုစ့်တင်နိုင်တဲ့အထိ ထိရောက်တဲ့ Content Strategy & Management ဝန်ဆောင်မှုမျိုး လိုအပ်နေရင်တော့ ကျနော်တို့ဆီမှာ အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

Happy New Year 2026! 🎆"Wishing our partners and clients a joyful and healthy year ahead. Thank you for an incredible 202...
01/01/2026

Happy New Year 2026! 🎆"

Wishing our partners and clients a joyful and healthy year ahead. Thank you for an incredible 2025.We sowed the seeds of success last year; now, in 2026, let’s enjoy the harvest together.

⭐ ကုန်ပစ္စည်းကိုပဲ ရောင်းမနေပါနဲ့ ။ နှလုံးသားတွေကို လည်း သိမ်းပိုက်ပါလို့ဆိုကြပါတယ်။ ✉(၁) Red Santa 🎅🏻၁၉၃၁ ခုနှစ်မတိုင်ခ...
25/12/2025

⭐ ကုန်ပစ္စည်းကိုပဲ ရောင်းမနေပါနဲ့ ။ နှလုံးသားတွေကို လည်း သိမ်းပိုက်ပါလို့ဆိုကြပါတယ်။ ✉

(၁) Red Santa 🎅🏻

၁၉၃၁ ခုနှစ်မတိုင်ခင်က စန်တာကလော့စ်ရဲ့ ပုံရိပ်ဟာ အခုလို ဝဝကုတ်ကုတ်နဲ့ ပျော်ပျော်နေတတ်တဲ့ အဘိုးကြီးပုံစံ မဟုတ်ပါဘူး။ တစ်ခါတလေ အရပ်ရှည်ရှည်ပိန်ပိန်၊ တစ်ခါတလေ လူပုလေး၊ ဝတ်စုံဆိုရင်လည်း အစိမ်းရောင် ဒါမှမဟုတ် အညိုရောင်တွေနဲ့ ကြောက်စရာကောင်းတဲ့ ပုံစံမျိုးတောင် ရှိခဲ့ဖူးပါတယ်။

ဒါပေမဲ့ ၁၉၃၁ ခုနှစ်မှာ Coca-Cola က အနုပညာရှင် Haddon Sundblom ကို စန်တာပုံစံအသစ် ဆွဲခိုင်းခဲ့ပါတယ်။ Coke ရဲ့ အနီရောင်နဲ့ အဖြူရောင်ကို အခြေခံပြီး နွေးထွေးတဲ့အပြုံး၊ နီမြန်းတဲ့ပါးပြင်နဲ့ ဝဝကုတ်ကုတ် အဘိုးကြီးပုံစံကို ဖန်တီးခဲ့ပါတယ်။
ရည်ရွယ်ချက်က အချိုရည်ဆိုတာ နွေမှာပဲ သောက်ကြပြီး ဆောင်းတွင်းမှာ ရောင်းအားကျသွားတတ်တဲ့ ပြဿနာကို Emotional Solution တစ်ခုဖြစ်တဲ့ ခရစ္စမတ်ရဲ့ အေးချမ်းပြီး မိသားစုတွေပြန်ဆုံတဲ့အချိန်မှာ Coke သောက်တာဟာ "ပျော်ရွှင်မှု" ကို ရစေတယ်ဆိုတဲ့ Emotion နဲ့ ရောင်းအားမြှင့်တင်ဖို့ပါ။
ရလာဒ်ကတော့ ပျော်ပျော်ရွှင်ရွှင်နေတဲ့ စန်တာ ၊ ပျော်ပွဲရွှင်ပွဲဖြစ်တဲ့ ခရစ္စမတ်နဲ့ ၊ ကိုလာသောက်ခြင်းရဲ့ ပျော်ရွှင်မှုတွေကို သူမတူအောင် ထပ်တူပြုနိုင်ခဲ့ပြီး ၊ အနီရောင် Santa နဲ့ ခရစ္စမတ်လို့ပြောလိုက်တာနဲ့ Cola လို့ တွဲမြင်စေတဲ့အထိ ရောင်းအားနဲ့ Brand ပုံရိပ်ကို မြှင့်တင်ပေးနိုင်ခဲ့ပါတယ်။

(၂) The Pepsi Paradox 🍷

2004 ခုနှစ်က Baylor College မှာ Cola Pepsi တို့နဲ့ပတ်သတ်ပြီး သိပ္ပံနည်းကျ စမ်းသပ်မှုတစ်ခုလုပ်ခဲ့ပါတယ်။ ဘူးခွံမပါပဲ တိုက်တဲ့အခါ အများစုက Pepsi ကို ပိုကောင်းတယ်လို့ ရွေးခဲ့ကြပါတယ်။ ဒါဟာ "အရသာ" - Functional Value အရ Pepsi က အနိုင်ရခဲ့တာပါ။

ဒါပေမဲ့ ဘူးခွံကို ပြပြီး တိုက်လိုက်တဲ့အခါမှာတော့ မှတ်ဉာဏ်နဲ့ ခံစားချက်တွေက ပြင်းပြင်းထန်ထန် အလုပ်လုပ်လာပြီး Coke က ပိုကောင်းတယ်လို့ ဆုံးဖြတ်လိုက်ကြပါတယ်။

ဒါက Emotion ဟာ Brand အချင်းချင်းယှဉ်ပြိုင်တဲ့ War တွေမှာ ဘယ်လောက်အထိ အားသာချက်ဖြစ်စေ လဲဆိုတာရဲ့ အကောင်းဆုံးဉပမာတစ်ခုပါပဲ။ Coca-Cola ရဲ့ နှစ်ပေါင်းများစွာ တည်ဆောက်ထားတဲ့ "ပျော်ရွှင်မှု၊ မိသားစု၊ အမှတ်တရ" ဆိုတဲ့ Emotion တွေက အရသာကို လွှမ်းမိုးသွားတာဖြစ်ပါတယ်။

—--------------------

သကြား 0% ပဲပါတဲ့ အချိုရည်ဆိုပြီး Functional Value ကို ပြောရောင်းတာနဲ့
ချစ်ခင်ရသူတွေနဲ့ ဆုံချိန်တိုင်း ပိုပျော်ရွှင်စေရမယ် ဆိုပြီး - Emotion ကို နှိုးဆွတာက ဘယ်အရာက လူတွေကို ပို၀ယ်ဖြစ်စေလဲ ။

ရေအောက်မှု အနက် ငါးမီတာမှာ နှစ်နာရီကြာ ငုံ့လျှိုးထားနိုင်တဲ့ နာရီ ဆိုပြီး - Functional Value ကို ပြောရောင်းတာနဲ့
အောင်မြင်မှုတွေရဲ့ သင်္ကေတ၊ ခမ်းနားထည်၀ါမှုတွေရဲ့ ပြယုဒ် ဆိုပြီး - Emotion ကို နှိုးဆွတာက ဘယ်အရာက လူတွေကို ပို၀ယ်ဖြစ်စေလဲ ။

A19 Pro Chip သုံးထားတဲ့ iPhone 17 Pro Max ဆိုတာနဲ့
Valentine Day မှာ ချစ်သူကို ပျော်ရွှင်အောင် လုပ်ဖို့ အကောင်းဆုံး ရွေးချယ်မှု ဆိုပြီး - Emotion ကို နှိုးဆွတာက ဘယ်အရာက လူတွေကို ပို၀ယ်ဖြစ်စေလဲ ။

ဒီမေးခွန်းတွေရဲ့ အဖြေကို စဉ်းစားလိုက်ရင် Marketing မှာ Emotion ကို နှိုးဆွဖို့က ဘယ်လောက်အရေးကြီးလဲဆိုတာကို ပိုမြင်သာလာမှာဖြစ်ပါတယ်။

--------------

ဒီလိုတွေပြောနေလို့ Functional Value ကို လုံး၀ပစ်ပယ်လိုက်ဖို့မဟုတ်ပါဘူး။ ၀ယ့်သင်မ၀ယ်သင့်ကျိုးကြောင်းဆင်ခြင်တဲ့နေရာမှာ ရလာဒ်အကောင်းဆုံးဖြစ်စေတဲ့ Functional Value ကိုလည်းရောင်း၊ ပိုပြီး၀ယ်ချင်လာစေတဲ့ Emotional Value ကိုလည်း ရောင်းဖို့ ပြောလိုရင်းသာဖြစ်ပါတယ်။

ပျော်ရွှင်စရာ ခရစ္စမတ်ဖြစ်ပါစေဆိုတဲ့ Wish လေးထက် ပိုလေးနက်ထူးခြားတာမျိုး ပေးလိုတဲ့အတွက် Functional Value အပြင် Emotional Value တွေကိုလည်း ‌ရောင်းကြဖို့ Message လေးကို ခရစ္စမတ်လက်ဆောင်အဖြစ် အားလုံးဆီ အရောက်ပို့လိုက်ခြင်းဖြစ်ပါတယ်။

အားလုံးပဲ ပျော်ရွှင်စရာ ခရစ္စမတ်နေ့လေး ဖြစ်ပါစေခင်ဗျာ။ 🌲🌲🌲

Address


Website

Alerts

Be the first to know and let us send you an email when 321 Production posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Want your business to be the top-listed advertising & marketing company?

Share