Tide Marketing

  • Home
  • Tide Marketing

Tide Marketing ကြော်ငြာ အေဂျင်စီ

Ads For Hello Myanmar ❤
08/03/2026

Ads For Hello Myanmar ❤

BTS
28/02/2026

BTS

လုပ်ငန်းရှင်မှန်ရင် ကိုယ့်ထက် နောက်ကျမှ ပေါ်လာပေမဲ့ ကိုယ့်ထက် လူပိုမှတ်မိနေတဲ့ Brand တွေ၊ တာထွက်ချိန်တူပေမဲ့ ကိုယ့်ထက် ဈ...
19/02/2026

လုပ်ငန်းရှင်မှန်ရင် ကိုယ့်ထက် နောက်ကျမှ ပေါ်လာပေမဲ့ ကိုယ့်ထက် လူပိုမှတ်မိနေတဲ့ Brand တွေ၊ တာထွက်ချိန်တူပေမဲ့ ကိုယ့်ထက် ဈေးကွက်ထိုးဖောက်နိုင်စွမ်း ပိုကောင်းနေတဲ့ Brand တွေကို ကြုံတွေ့ဖူးကြမှာပါ။ ကြိုးပမ်းအားထုတ်မှုချင်း တူရင်တောင် သူတို့က ဘာလို့ လူတွေ ပိုမှတ်မိနေရတာပါလဲ။ ❓

အဖြေတွေ အများကြီးရှိတဲ့ထဲက တစ်ခုကတော့ "Brand Consistency" (Brand Color တည်ငြိမ်မှု) ကြောင့်ပါ။

Psychological ရှုထောင့်က ပြောရမယ်ဆိုရင် - လူတစ်ယောက်ဟာ ကြော်ငြာတစ်ခုကို အနည်းဆုံး (၅) ကြိမ်ခန့် မြင်တွေ့ပြီးမှသာ စတင်မှတ်မိလေ့ရှိပါတယ်။ ဒီနေရာမှာ "မြင်တိုင်းမှတ်မိဖို့" ဆိုတာ Visual (အမြင်အာရုံ) တည်ငြိမ်မှုအပေါ်မှာ အများကြီး မူတည်ပါတယ်။ လူတွေရဲ့ ဦးနှောက်က အသစ်အသစ်တွေကို လေ့လာရတာထက် အကျွမ်းတဝင်ရှိပြီးသား Pattern (ပုံစံ) တွေကို မှတ်သားရတာ ပိုမြန်လို့ပါပဲ။

မြင်သာတဲ့ ဥပမာလေးတစ်ခုနဲ့ ကြည့်ကြည့်ပါမယ်။ ဥပမာ - လူနှစ်ယောက် ကိုယ့်ရှေ့က မကြာခဏ ဖြတ်သွားတယ်ဆိုပါစို့။

၁။ ပထမတစ်ယောက်က: ဖြတ်သွားတိုင်း ဒီဇိုင်းတစ်မျိုးစီ ပြောင်းဝတ်တယ်။
၂။ ဒုတိယတစ်ယောက်ကတော့: သူ့ရဲ့ Signature Style (သို့မဟုတ်) Uniform တစ်စုံတည်းကိုပဲ အမြဲဝတ်တယ်။

ရလဒ်ကတော့... နေ့တိုင်းဖြတ်သွားတာချင်း တူရင်တောင် ပုံစံတစ်မျိုးတည်း စွဲစွဲမြဲမြဲ ဝတ်တဲ့သူကို ပိုမှတ်မိသွားမှာပါ။ ဘာလို့လဲဆိုတော့ သူ့ရဲ့ "ပုံရိပ်" က ကိုယ့်စိတ်ထဲမှာ Identity တစ်ခုအနေနဲ့ အမြန်ဆုံး စွဲကျန်ရစ်ခဲ့လို့ပါပဲ။

ဒါကြောင့်လည်း ကမ္ဘာကျော် Brand ကြီးတွေဖြစ်တဲ့ Coca-Cola ဆိုရင် အနီ၊ Pepsi ဆိုရင် အပြာ ဆိုပြီး အရောင်နဲ့ လေသံကို ဆယ်စုနှစ်ပေါင်းများစွာ တစိုက်မတ်မတ် သုံးစွဲကြတာ ဖြစ်ပါတယ်။

Marketing လုပ်တဲ့အခါ ကိုယ့်ရဲ့ ကြော်ငြာတွေကို ကြိမ်ဖန်များစွာ မြင်တွေ့ရဖို့ လိုသလို၊ မြင်တွေ့ရတဲ့ ပုံစံ (Visual) ကလည်း တစ်သမတ်တည်း ဖြစ်နေဖို့ လိုပါတယ်။ ဒါမှသာ (၁၀) ခါပြောမှ မှတ်မိမယ့်အရာကို (၅) ခါလောက် ပြောရုံနဲ့ ထိရောက်မှု ရှိစေမှာ ဖြစ်ပါတယ်။

မှတ်မိလွယ်ခြင်းဟာ Top of Mind ဖြစ်မှုရဲ့ အစဖြစ်ပြီး၊ Top of Mind ဖြစ်မှသာ ရောင်းအားတက်ခြင်းဆိုတဲ့ ရလဒ်ကို ရရှိမှာဖြစ်လို့ လူကြီးမင်းတို့ Brand ရဲ့ Consistency ကို အခုပဲ ပြန်လည်စစ်ဆေးကြည့်ဖို့ အကြံပြုလိုက်ပါရစေ။ ✨

Marketers အချင်းချင်း ဆုံတဲ့အခါ ဒါမှမဟုတ် Client တွေနဲ့ စကားပြောတဲ့အခါ ကျွန်တော်တို့ အမြဲဆွေးနွေးဖြစ်တဲ့ မေးခွန်းတစ်ခု ရ...
24/01/2026

Marketers အချင်းချင်း ဆုံတဲ့အခါ ဒါမှမဟုတ် Client တွေနဲ့ စကားပြောတဲ့အခါ ကျွန်တော်တို့ အမြဲဆွေးနွေးဖြစ်တဲ့ မေးခွန်းတစ်ခု ရှိပါတယ်။ "ငါတို့ပစ္စည်းက ပိုကောင်းတယ်၊ ဒါပေမဲ့ ဘာလို့ ဟိုဘက်က Brand လောက် ရောင်းမထွက်တာလဲ?" ဆိုတာပါပဲ။

နယ်ပယ်ထဲမှာ နှစ်တွေကြာလာတော့မှ ဒီအဖြေကို ပိုပြီး ရှင်းရှင်းလင်းလင်း သိလာကြရပါတယ်။ အဲဒါက လူတွေဟာ "အကောင်းဆုံး" ကို အမြဲမရွေးချယ်ဘဲ သူတို့စိတ်ထဲမှာ "ပထမဆုံး ပေါ်လာတာ" ကိုပဲ ရွေးချယ်တတ်ကြတယ်ဆိုတာပါပဲ။

အထူးသဖြင့် Marketing Psychology မှာ ဒါကို "Cognitive Ease" (စဉ်းစားရ လွယ်ကူမှု) လို့ ခေါ်ပါတယ်။ နေ့စဉ်ဘဝမှာ သတင်းအချက်အလက်တွေ အလွန်အကျွံ စားသုံးနေရတဲ့အတွက် လူတွေဟာ ဝယ်ယူမှုတစ်ခု လုပ်တော့မယ်ဆိုရင် အများကြီး မစဉ်းစားချင်တော့ပါဘူး။

ဒီနေရာမှာ Cognitive Ease က အလုပ်လုပ်လာပါတယ်။ ဦးနှောက်က စွမ်းအင်အကုန်မခံတော့ဘဲ "ရင်းနှီးပြီးသား" ဒါမှမဟုတ် "ချက်ချင်းသတိရတာ" ကိုပဲ ရွေးချယ်ဖို့ ခိုင်းစေလိုက်တာပါ။

ဒါကို ပိုနားလည်သွားအောင် ကျွန်တော့်ရဲ့ Co Co ဈေးဝယ်အတွေ့အကြုံနဲ့ နှိုင်းယှဉ်ပြပါမယ်။

တစ်နေ့က ကျွန်တော် Co Co ကို သွားခဲ့ပါတယ်။ Snack စင်ပေါ်မှာ အာလူးကြော်ထုတ်တွေ အများကြီး ရှိနေပေမဲ့ ကျွန်တော်လက်ကတော့ "မေရီချို" ကိုပဲ အလိုအလျောက် လက်လှမ်းမိသွားပါတယ်။ တခြားအာလူးကြော်တွေက မေရီချိုထက် ပိုကောင်းချင် ကောင်းနေပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ မသိစိတ်က စဉ်းစားရခက်တဲ့ Choice တွေကြားမှာ ရင်းနှီးပြီးသား Brand ဆီကိုပဲ Shortcut အနေနဲ့ ခေါ်သွားတာပါ။

"ငါမသိတဲ့ အာလူးကြော်က စားလို့ အဆင်ပြေပါ့မလား?" ဆိုတဲ့ သံသယကို ရှင်းထုတ်ဖို့ ဦးနှောက်က အလုပ်မလုပ်ချင်တော့တဲ့အခါ စိတ်ထဲမှာ အမြဲတမ်း ပထမဆုံးရှိနေတဲ့ (Top of Mind ဖြစ်နေတဲ့) Brand ဆီကိုပဲ ဦးတည်သွားတာ ဖြစ်ပါတယ်။ အရသာထက် "စိတ်ချရမှု (Certainty)" ကို ဦးနှောက်က ရွေးချယ်လိုက်တာပါ။

ကော်ဖီဆိုင်တွေ အများကြီးရှိပေမဲ့ ထိုင်နေကျဆိုင်ကိုပဲ သွားဖြစ်တာမျိုး၊ ဟိုတယ်သစ်တွေ အများကြီးရှိပေမဲ့ တည်းနေကျဟိုတယ်မှာပဲ ဆက်တည်းဖြစ်တာမျိုး၊ စားနေကျ ထမင်းဆိုင်မှာပဲ စားမိတာမျိုးတွေကလည်း ဒီသဘောတွေပါပဲ။

သတိထားကြည့်မိတော့မှ ဒါဟာ တစ်ကမ္ဘာလုံးက သုံးစွဲသူတွေရဲ့ ဈေးဝယ်နည်း အခြေခံစိတ်ပညာဆိုတာ သိလာရပါတယ်။

လူတွေက "အကောင်းဆုံး" ကို အမြဲမရွေးပါဘူး။ သူတို့ စိတ်ထဲမှာ "ယုံကြည်မှု အရှိဆုံးနဲ့ ပထမဆုံး ပေါ်လာတာ" ကိုပဲ အလွယ်တကူ ရွေးချယ်တတ်ကြတယ်။ ဒါကြောင့်လည်း Marketing ရဲ့ အန္တိမ ပန်းတိုင်ဟာ စင်ပေါ်မှာ ပစ္စည်းတင်ရောင်းဖို့တင် မဟုတ်ပါဘူး၊ Customer ရဲ့ ဦးနှောက်ထဲမှာ နေရာဦးထားဖို့လို့ ပြောနေကြတာပါ။

ဒီလောက်ဆိုရင် ကိုယ့်ပစ္စည်းက ပိုကောင်းပါလျက်နဲ့ ဘာကြောင့် သူတို့လောက် ရောင်းမကောင်းဖြစ်နေရလဲ ဆိုတာကို နားလည်သွားလောက်ပြီလို့ ထင်ပါတယ်။

အဖြေက ရိုးရှင်းပါတယ်။ ပြိုင်ဘက်တွေထက် Top of Mind ဖြစ်အောင်လုပ်ပြီး၊ ကိုယ့်ကိုရွေးချယ်ခံရအောင်လုပ်ဖို့ပါပဲ။

#ရွေးချယ်ခံရတဲ့_Brand_ဖြစ်ဖို့

Branding X Event Marketing 🔥 ၀င့်၀ါ (5) Years Anni ပွဲကို ညီကိုတွေနဲ့အတူ တက်ရောက်ခဲ့ပါတယ်။
16/01/2026

Branding X Event Marketing 🔥 ၀င့်၀ါ (5) Years Anni ပွဲကို ညီကိုတွေနဲ့အတူ တက်ရောက်ခဲ့ပါတယ်။

Social media မှာ ရောင်းအားတက်ဖို့ နေ့စဉ်နဲ့အမျှ ရင်းနှီးမြှုပ်နှံနေကြတဲ့ Content တွေရဲ့ သက်တမ်းက (၅) နာရီလောက်ပဲ ရှိတယ်ဆ...
14/01/2026

Social media မှာ ရောင်းအားတက်ဖို့ နေ့စဉ်နဲ့အမျှ ရင်းနှီးမြှုပ်နှံနေကြတဲ့ Content တွေရဲ့ သက်တမ်းက (၅) နာရီလောက်ပဲ ရှိတယ်ဆိုရင် ဘယ်ရင်းနှီးမြှုပ်နှံသူကမှ ကျေနပ်နိုင်မှာ မဟုတ်ပါဘူး။ 🔥

ဒါပေမဲ့ ဒါဟာ Facebook Algorithm ရဲ့ ခါးသီးတဲ့ ပုံမှန်သတ်မှတ်ချက် ဖြစ်နေပါတယ်။ Content တစ်ပုဒ်ဟာ ပျမ်းမျှ (၅) နာရီလောက်ပဲ News Feed ပေါ်မှာ ရှင်သန်တာကြောင့် Audience နဲ့ နေ့တိုင်းထိတွေ့ချင်ရင် နေ့တိုင်း Invest လုပ်နေရတဲ့ သဘောပါပဲ။

အားတက်စရာတစ်ခုကတော့... Content တွေရဲ့ သက်တမ်းကို (၅) နာရီထက်ကြာအောင် ဆွဲဆန့်ပြီး Invest ထားသမျှတွေကို ပိုထိရောက်အကျိုးရှိအောင်လည်း လုပ်လို့ရနေပါသေးတယ် ။

▪️ ၈၁ မိနစ်ရဲ့ လျှို့ဝှက်ချက် (The Half-Life)

Post တစ်ခုရဲ့ Engagement ၅၀% ဟာ ပထမ ၈၁ မိနစ် အတွင်းမှာပဲ ရရှိပါတယ်။ တကယ်လို့ ဒီအချိန်အတွင်းမှာ Algorithm က သတ်မှတ်ထားတဲ့ တုံ့ပြန်မှု (Reaction/Comment) မရရှိဘူးဆိုရင် ၅ နာရီအတွင်းမှာ သင့် Post ဟာ News Feed အောက်ခြေကို ရောက်ရှိသွားမှာဖြစ်ပါတယ်။

- အလွယ်ကူဆုံးဖြေရှင်းနည်း: ပထမဆုံးတက်လာတဲ့ Comment တွေကို အမြန်ဆုံးပြန်ဖြေပါ။ ဒါဟာ Post ရဲ့ Activity Score ကို မြှင့်တင်ပေးပြီး သက်တမ်းကို ဆွဲဆန့်ပေးမယ့် နည်းလမ်းပါ။

▪️ 2026 Algorithm ကို အနိုင်ပိုင်းခြင်း

2026 မှာ Facebook Algorithm ဟာ Consistency (ပုံမှန်ဖြစ်မှု) နဲ့ Recency (သစ်လွင်မှု) ကို အင်မတန်ဦးစားပေးပါတယ်။

Consistency: တစ်ပတ်ကို ၃ ကြိမ်မှ ၅ ကြိမ် တင်တဲ့ Page တွေကို Algorithm က Active ဖြစ်တယ်လို့ သတ်မှတ်ပြီး Reach ပိုပြပေးပါတယ်။ ပိုစ့်တင်ကျဲတဲ့ Page တွေကိုတော့ Reach ချပစ်တတ်ပါတယ်။
SEO (Keywords): ဒါကတော့ အရေးကြီးဆုံး အလှည့်အပြောင်းပါ။ Caption ထဲမှာ Keywords သုံးထားရင် News Feed က ဖြုတ်ချခံလိုက်ရတဲ့ Post တွေဟာ ရှာဖွေမှု (Search) ကနေတစ်ဆင့် ပြန်လည်ပေါ်ထွက်လာပါတယ်။ အကယ်လို့ အဲဒီသူက Like/Comment/Share တစ်ခုခု လုပ်လိုက်မယ်ဆိုရင်တော့ သင့် Content ဟာ အသစ်တစ်ဖန် ပြန်လည်အသက်ဝင်လာမှာ ဖြစ်ပါတယ်။

💡 ရင်းနှီးမြှုပ်နှံမှုတိုင်း ထိရောက်ဖို့အတွက်...

Consistency နဲ့ Quality ဟာ ထပ်တူကျနေဖို့ လိုအပ်ပါတယ်။ အရေအတွက်တင်မကဘဲ လူတွေကို ဆွဲဆောင်နိုင်တဲ့ အရည်အသွေးရှိမှသာ Algorithm က သင့်ကို ရေရှည်မျက်နှာသာပေးမှာပါ။
လူကြီးမင်းတို့ Page တွေမှာရော တစ်ပတ်ကို ပိုစ့် ဘယ်နှစ်ကြိမ်လောက် တင်ဖြစ်နေကြလဲ? တင်နေတဲ့ Content တွေရဲ့ ကွာလတီကိုရော စိတ်တိုင်းကျရဲ့လား? Algorithm ရဲ့ Reach ချတာမျိုး ခံနေရသလား?

လူကြီးမင်းတို့လုပ်ငန်းအတွက် တစ်ပတ်ကို အနည်းဆုံး ပိုစ့်သုံးကြိမ်ကနေ နေ့စဉ်ပိုစ့်တင်နိုင်တဲ့အထိ ထိရောက်တဲ့ Content Strategy & Management ဝန်ဆောင်မှုမျိုး လိုအပ်နေရင်တော့ ကျနော်တို့ဆီမှာ အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

Happy New Year 2026! 🎆"Wishing our partners and clients a joyful and healthy year ahead. Thank you for an incredible 202...
01/01/2026

Happy New Year 2026! 🎆"

Wishing our partners and clients a joyful and healthy year ahead. Thank you for an incredible 2025.We sowed the seeds of success last year; now, in 2026, let’s enjoy the harvest together.

⭐ ကုန်ပစ္စည်းကိုပဲ ရောင်းမနေပါနဲ့ ။ နှလုံးသားတွေကို လည်း သိမ်းပိုက်ပါလို့ဆိုကြပါတယ်။ ✉(၁) Red Santa 🎅🏻၁၉၃၁ ခုနှစ်မတိုင်ခ...
25/12/2025

⭐ ကုန်ပစ္စည်းကိုပဲ ရောင်းမနေပါနဲ့ ။ နှလုံးသားတွေကို လည်း သိမ်းပိုက်ပါလို့ဆိုကြပါတယ်။ ✉

(၁) Red Santa 🎅🏻

၁၉၃၁ ခုနှစ်မတိုင်ခင်က စန်တာကလော့စ်ရဲ့ ပုံရိပ်ဟာ အခုလို ဝဝကုတ်ကုတ်နဲ့ ပျော်ပျော်နေတတ်တဲ့ အဘိုးကြီးပုံစံ မဟုတ်ပါဘူး။ တစ်ခါတလေ အရပ်ရှည်ရှည်ပိန်ပိန်၊ တစ်ခါတလေ လူပုလေး၊ ဝတ်စုံဆိုရင်လည်း အစိမ်းရောင် ဒါမှမဟုတ် အညိုရောင်တွေနဲ့ ကြောက်စရာကောင်းတဲ့ ပုံစံမျိုးတောင် ရှိခဲ့ဖူးပါတယ်။

ဒါပေမဲ့ ၁၉၃၁ ခုနှစ်မှာ Coca-Cola က အနုပညာရှင် Haddon Sundblom ကို စန်တာပုံစံအသစ် ဆွဲခိုင်းခဲ့ပါတယ်။ Coke ရဲ့ အနီရောင်နဲ့ အဖြူရောင်ကို အခြေခံပြီး နွေးထွေးတဲ့အပြုံး၊ နီမြန်းတဲ့ပါးပြင်နဲ့ ဝဝကုတ်ကုတ် အဘိုးကြီးပုံစံကို ဖန်တီးခဲ့ပါတယ်။
ရည်ရွယ်ချက်က အချိုရည်ဆိုတာ နွေမှာပဲ သောက်ကြပြီး ဆောင်းတွင်းမှာ ရောင်းအားကျသွားတတ်တဲ့ ပြဿနာကို Emotional Solution တစ်ခုဖြစ်တဲ့ ခရစ္စမတ်ရဲ့ အေးချမ်းပြီး မိသားစုတွေပြန်ဆုံတဲ့အချိန်မှာ Coke သောက်တာဟာ "ပျော်ရွှင်မှု" ကို ရစေတယ်ဆိုတဲ့ Emotion နဲ့ ရောင်းအားမြှင့်တင်ဖို့ပါ။
ရလာဒ်ကတော့ ပျော်ပျော်ရွှင်ရွှင်နေတဲ့ စန်တာ ၊ ပျော်ပွဲရွှင်ပွဲဖြစ်တဲ့ ခရစ္စမတ်နဲ့ ၊ ကိုလာသောက်ခြင်းရဲ့ ပျော်ရွှင်မှုတွေကို သူမတူအောင် ထပ်တူပြုနိုင်ခဲ့ပြီး ၊ အနီရောင် Santa နဲ့ ခရစ္စမတ်လို့ပြောလိုက်တာနဲ့ Cola လို့ တွဲမြင်စေတဲ့အထိ ရောင်းအားနဲ့ Brand ပုံရိပ်ကို မြှင့်တင်ပေးနိုင်ခဲ့ပါတယ်။

(၂) The Pepsi Paradox 🍷

2004 ခုနှစ်က Baylor College မှာ Cola Pepsi တို့နဲ့ပတ်သတ်ပြီး သိပ္ပံနည်းကျ စမ်းသပ်မှုတစ်ခုလုပ်ခဲ့ပါတယ်။ ဘူးခွံမပါပဲ တိုက်တဲ့အခါ အများစုက Pepsi ကို ပိုကောင်းတယ်လို့ ရွေးခဲ့ကြပါတယ်။ ဒါဟာ "အရသာ" - Functional Value အရ Pepsi က အနိုင်ရခဲ့တာပါ။

ဒါပေမဲ့ ဘူးခွံကို ပြပြီး တိုက်လိုက်တဲ့အခါမှာတော့ မှတ်ဉာဏ်နဲ့ ခံစားချက်တွေက ပြင်းပြင်းထန်ထန် အလုပ်လုပ်လာပြီး Coke က ပိုကောင်းတယ်လို့ ဆုံးဖြတ်လိုက်ကြပါတယ်။

ဒါက Emotion ဟာ Brand အချင်းချင်းယှဉ်ပြိုင်တဲ့ War တွေမှာ ဘယ်လောက်အထိ အားသာချက်ဖြစ်စေ လဲဆိုတာရဲ့ အကောင်းဆုံးဉပမာတစ်ခုပါပဲ။ Coca-Cola ရဲ့ နှစ်ပေါင်းများစွာ တည်ဆောက်ထားတဲ့ "ပျော်ရွှင်မှု၊ မိသားစု၊ အမှတ်တရ" ဆိုတဲ့ Emotion တွေက အရသာကို လွှမ်းမိုးသွားတာဖြစ်ပါတယ်။

—--------------------

သကြား 0% ပဲပါတဲ့ အချိုရည်ဆိုပြီး Functional Value ကို ပြောရောင်းတာနဲ့
ချစ်ခင်ရသူတွေနဲ့ ဆုံချိန်တိုင်း ပိုပျော်ရွှင်စေရမယ် ဆိုပြီး - Emotion ကို နှိုးဆွတာက ဘယ်အရာက လူတွေကို ပို၀ယ်ဖြစ်စေလဲ ။

ရေအောက်မှု အနက် ငါးမီတာမှာ နှစ်နာရီကြာ ငုံ့လျှိုးထားနိုင်တဲ့ နာရီ ဆိုပြီး - Functional Value ကို ပြောရောင်းတာနဲ့
အောင်မြင်မှုတွေရဲ့ သင်္ကေတ၊ ခမ်းနားထည်၀ါမှုတွေရဲ့ ပြယုဒ် ဆိုပြီး - Emotion ကို နှိုးဆွတာက ဘယ်အရာက လူတွေကို ပို၀ယ်ဖြစ်စေလဲ ။

A19 Pro Chip သုံးထားတဲ့ iPhone 17 Pro Max ဆိုတာနဲ့
Valentine Day မှာ ချစ်သူကို ပျော်ရွှင်အောင် လုပ်ဖို့ အကောင်းဆုံး ရွေးချယ်မှု ဆိုပြီး - Emotion ကို နှိုးဆွတာက ဘယ်အရာက လူတွေကို ပို၀ယ်ဖြစ်စေလဲ ။

ဒီမေးခွန်းတွေရဲ့ အဖြေကို စဉ်းစားလိုက်ရင် Marketing မှာ Emotion ကို နှိုးဆွဖို့က ဘယ်လောက်အရေးကြီးလဲဆိုတာကို ပိုမြင်သာလာမှာဖြစ်ပါတယ်။

--------------

ဒီလိုတွေပြောနေလို့ Functional Value ကို လုံး၀ပစ်ပယ်လိုက်ဖို့မဟုတ်ပါဘူး။ ၀ယ့်သင်မ၀ယ်သင့်ကျိုးကြောင်းဆင်ခြင်တဲ့နေရာမှာ ရလာဒ်အကောင်းဆုံးဖြစ်စေတဲ့ Functional Value ကိုလည်းရောင်း၊ ပိုပြီး၀ယ်ချင်လာစေတဲ့ Emotional Value ကိုလည်း ရောင်းဖို့ ပြောလိုရင်းသာဖြစ်ပါတယ်။

ပျော်ရွှင်စရာ ခရစ္စမတ်ဖြစ်ပါစေဆိုတဲ့ Wish လေးထက် ပိုလေးနက်ထူးခြားတာမျိုး ပေးလိုတဲ့အတွက် Functional Value အပြင် Emotional Value တွေကိုလည်း ‌ရောင်းကြဖို့ Message လေးကို ခရစ္စမတ်လက်ဆောင်အဖြစ် အားလုံးဆီ အရောက်ပို့လိုက်ခြင်းဖြစ်ပါတယ်။

အားလုံးပဲ ပျော်ရွှင်စရာ ခရစ္စမတ်နေ့လေး ဖြစ်ပါစေခင်ဗျာ။ 🌲🌲🌲

📣Client Meeting with Wint Wah! 👋(English Below) စဉ်ဆက်မပြတ် တည်ဆောက်နေခြင်းက ရေရှည်အောင်မြင်ခြင်းရဲ့ သော့ချက်တစ်ခုပါပဲ။ ...
21/12/2025

📣Client Meeting with Wint Wah!
👋(English Below)

စဉ်ဆက်မပြတ် တည်ဆောက်နေခြင်းက ရေရှည်အောင်မြင်ခြင်းရဲ့ သော့ချက်တစ်ခုပါပဲ။ လက်မလည်အောင်ရောင်းရနေပြီးသား ၀င့်၀ါ Product တွေကို New Year မှာ ထုတ်ပိုးမှုပုံစံအသစ်နဲ့ ဈေးကွက်မြှင့်တင်ဆွဲဆောင်နိုင်ဖို့ Client Meeting လေးလုပ်ဖြစ်ခဲ့ပါတယ်။

လုပ်ငန်းတစ်ခုရေရှည်အောင်မြင်နိုင်ဖို့ Branding က အ‌ရေးပါတာမို့ လူကြီးမင်းတို့လုပ်ငန်းတွေအတွက်လည်း Branding ၊ Marketing ဘာပဲလိုလို ကျနော်တို့နဲ့ဆက်သွယ်လိုက်ပါ။

ပျော်စရာကောင်းတဲ့ လူတွေ့ Meeting တွေနဲ့ အကောင်းဆုံး တိုင်ပင်ဆွေးနွေးဖို့ ကျနော်တို့ အသင့်ရှိနေပါတယ်။

Continuous growth is one of the keys to long-term success. We recently held a client meeting with Wint Wah to discuss boosting market appeal for the New Year by introducing fresh, new packaging for their already best-selling products.

Since branding is vital for a business to thrive in the long run, feel free to contact us for any of your Branding or Marketing needs.

We are ready to provide the best consultations through productive and enjoyable face-to-face meetings.

မန္တလေးမြို့၊ သာယာဝတီလမ်းနဲ့မင်းကြီးလမ်းထောင့်က Hey Bro Bar & BBQ ရဲ့ ဆိုရှယ်မီဒီယာမားကစ်တင်းအတွက် စျေးကွက်ထိုးဖောက်လိုမ...
23/11/2025

မန္တလေးမြို့၊ သာယာဝတီလမ်းနဲ့မင်းကြီးလမ်းထောင့်က Hey Bro Bar & BBQ ရဲ့ ဆိုရှယ်မီဒီယာမားကစ်တင်းအတွက် စျေးကွက်ထိုးဖောက်လိုမှုပုံစံတွေကို Hey Bro ရဲ့ Co Founder များနဲ့ အကောင်းဆုံး ဆွေးနွေးခဲ့ကြပါတယ်။

လူငယ်လုပ်ငန်းရှင်တွေရဲ့ လုပ်ငန်းလည်ပတ်မှု ပုံစံတွေ၊ ရည်မှန်းချက်တွေကို ပြန်လည်လေ့လာခွင့်ရခဲ့သလို ...

တစ်လစာ Social Media Plan နဲ့ ဆက်စပ် Construction Logo အပ်နှံပေးပြီး အရသာရှိတဲ့ Tuborg Beer + BBQ တို့နဲ့ မြည်းစမ်းဧည့်ခံပေးတဲ့အတွက် အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

Hey Bro တီးဝိုင်းဆီက လွင့်ပျံလာတဲ့ ဂီတသံ ပိုကျယ်လာဖို့ ၊ ဘီယာဝိုင်းတွေဆီ လူတွေအပြည့်ဖြစ်လာဖို့ ရည်မှန်းချက်တွေနဲ့ စတင်လိုက်တဲ့
Hey Bro Project က ရင်ခုန်စရာအပြည့်နဲ့ပါပဲ။

Happy Tazaungdaing! ဒီနေ့ကျ​ရောက်တဲ့ တန်ဆောင်မုန်းလပြည့် သာမညဖလ အခါတော်နေ့မှာ၊ Tide Marketing ၏ Client ဟောင်း ၊ Client သ...
04/11/2025

Happy Tazaungdaing!

ဒီနေ့ကျ​ရောက်တဲ့ တန်ဆောင်မုန်းလပြည့် သာမညဖလ အခါတော်နေ့မှာ၊ Tide Marketing ၏ Client ဟောင်း ၊ Client သစ်များ အားလုံး စီးပွားဥစ္စာများတိုး၍ ပျော်ရွှင်စရာကောင်းတဲ့ အားလပ်ရက်ကို ပိုင်ဆိုင်နိုင်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

Social Media Marketing ၀န်ဆောင်မှုတွေကို ပေးတဲ့အခါ ကျနော်တို့တွေ အမြဲ ပြောင်းပြန်တွေးတောလေ့ရှိပါတယ်။ အထူးသဖြင့် ၀န်ဆောင်...
24/10/2025

Social Media Marketing ၀န်ဆောင်မှုတွေကို ပေးတဲ့အခါ ကျနော်တို့တွေ အမြဲ ပြောင်းပြန်တွေးတောလေ့ရှိပါတယ်။

အထူးသဖြင့် ၀န်ဆောင်မှုပေးသူနေရာကနေ ၀န်ဆောင်မှုအပ်သူအဖြစ် ပြောင်းလဲ တွေးတောလိုက်ခြင်းပါပဲ။
လုပ်ငန်းရှင်တွေကို ၀န်ဆောင်မှုကောင်းကောင်းပေးပြီး နေရာတိုင်းကနေ ဘယ်လို အကျိုးအမြတ်ရှာဖွေမလဲ ဆိုတာကနေ ၊ ကုန်ကျစားရိတ်သက်သာဖို့ ဘာတွေလုပ်ပေးလို့ရမလဲလို့ တွေးတောလိုက်တဲ့အခါ ဘာ Packgage ပဲ အပ်အပ် Meida Buying ( Boosting Service ) Free ဆိုတဲ့ FOC Service လေးတစ်ခု ထွက်ပေါ်လာပါတယ်။

Marketing မှာ Meida Buying ဟာ အလွန်အရေးပါတဲ့ Role ကနေ ပါ၀င်နေတာမို့လို့
လုပ်ငန်းရှင်တိုင်း ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

အသက်သာဆုံး Package ကနေ အထိရောက်ဆုံး Package တွေအထိ Media Buying FOC ရမှာဖြစ်လို့ စိတ်၀င်စားတယ်ဆိုရင်တော့ လူကြီးမင်းတို့လုပ်ငန်းတွေအတွက် ဘာတွေလုပ်ပေးနိုင်မလဲဆိုတာကို အသေးစိတ်ကျကျတိုင်ပင်လိုက်ပါ။ Page Chat Box ကဖြစ်စေ ၊ ဖုန်းဆက်ပြီးဖြစ်စေ အကောင်းဆုံးဆက်သွယ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်။

Address


Website

Alerts

Be the first to know and let us send you an email when Tide Marketing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Advertising & Marketing Company?

Share