20/03/2026
⭐️Motivation ဆိုတာ တကယ်လိုလား
ဖတ် ချိန် ၁ မိနစ်
Motivation ရယ် Sponsor ရယ် ဆိုတဲ့စကားလုံး ၂ လုံးက တခြားနိုင်ငံတွေမှာ Positive ဆန်ပေမယ့် ဒီနိုင်ငံမှာတော့ အနှုတ်သဘောဆန်လေ့ရှိတယ်…
Motivation ကို မကောင်းမြင်ကြတာက အဓိက ၂ ချက်ဖြစ်နိုင်တယ်…
ပထမတစ်ချက်က တကယ်အလုပ်မလုပ်ဖူးသူတွေက Motivation တွေ ထပြောခြင်း…
အဲ့ဒီကိစ္စက တကယ်တမ်းသေချာအလုပ်လုပ်နေသူတွေကြတော့ ပေါက်ကရပြောနေရင် တန်းမြင်တယ်…အတွေ့အကြုံမရှိ ဗဟုသုတမရှိသူတွေအတွက်ကျတော့ အဲ့အရာတွေက နားထောင်ကောင်းနေကြပြန်ကော…ဒီလိုနဲ့ ဉာဏ်ရည်လူတန်းစား ကွဲပြားမှုဖြစ်လာတယ်…
ဒုတိယတစ်ချက်ကတော့ လူတစ်ယောက်က အေးဆေးနေချင်နေချိန်မှာ motivation စကားတွေ ကြားမိခြင်း…
တခါတလေ လူက အရှိန်လေးလျှေ့ာပြီး free ရိုက်ချင်နေတဲ့ ကာလရှိတတ်တယ်…အဲ့အခါမျိုးမှာ ဒါမျိုးတွေကြားရင်ကျ မကြိုက်ဘူးဆိုတာမျိုးလည်းရှိပြန်တယ်…
တကယ့်လက်တွေ့ဘဝမှာတော့ motivation ဟာ လိုအပ်တယ်…
လုပ်ချင်စိတ် သွားချင်စိတ် ဖြေရှင်းချင်စိတ် ဒါတွေဟာ လိုအပ်တာပဲ…
ဒါပေမယ့် စကားလုံးတွေကပဲ motivation ဖြစ်တတ်တာမဟုတ်ဘူး…လူတစ်ယောက်ချင်းစီအပေါ်မှာ moti တက်စေတဲ့အရာတွေရှိတယ်…
တချို့က စားချင်တာစားလိုက်ရရင် မိုတီတက်သွားကော…
တချို့ကျ ပင်ပင်ပန်းပန်း trekking လုပ်လိုက်တော့မှ မိုတီတက်လာတာရှိတယ်…
တချို့ကျ ပိုက်ဆံမရှိတာက မိုတီ…ငါ ရှာရတော့မယ်ဆိုပြီး ကုန်းရုန်းထရှာ…
တချို့ကျ ရည်းစားကိုချွဲရတာ မိုတီ…
Motivation ဆိုတာ လူပေါ်မူတည် အခြေအနေပေါ်မူတည်ပြီး ပြောင်းလဲတဲ့သဘောမျိုး…
တကယ်တမ်းပြောရရင် motivation ဟာ ခဏတာခံတဲ့အရာတစ်မျိုးပဲ…တက်လာတဲ့အချိန်မှာ ဖမ်းဆုပ်လိုက်ရတဲ့ ဆေးချသလို အခိုက်အတန့်တစ်ခုပဲ…
တကယ့်ဘဝထဲမှာ အလုပ်သေချာလုပ်ပြီး အောင်မြင်သူတွေကတော့ resilience ဆိုတဲ့ ခံနိုင်ရည်ရှိအောင် လေ့ကျင့်ထားကြတယ်…
မကြိုက်တာတွေ..
မဖြစ်ချင်တာတွေ..
မလုပ်ချင်တာတွေ..
မ နဲ့အစပြုတဲ့ ကိုယ်မကြိုက်သော ..ချင်တာတွေ
ဒါတွေကြုံလာတဲ့အခါ ခံနိုင်ရည်ရှိရှိ ဖြတ်သန်းဖို့ လေ့ကျင့်ယူရတယ်…
ခဏတာ စိတ်တက်ဖို့အတွက် motivation လိုပေမယ့်
တစ်သက်တာ စိတ်ခိုင်မာဖို့က resilience လိုတယ်…
#တန်ဖိုးရှိသောအရာကိုတည်ဆောက်ပါ