Sai Lu Sharr - Marketpreneur

  • Home
  • Sai Lu Sharr - Marketpreneur
Website Contact the business

Sai Lu Sharr - Marketpreneur ◯ 8+ Years in Marketing
◯ 100+ Brands Advised
◯ 1,000+ Professionals Trained

www.sailusharr.com

15/10/2026

နောက် ၁၀ နှစ်ကြာရင် လုပ်ငန်းတစ်ခုရဲ့မားကတ်တင်းက လူတွေအများကြီးခန့်ထားမှအောင်မြင်မယ်…Budget အရမ်းများများရှိမှ အောင်မြင်မယ်ဆိုတဲ့ အယူအဆရှိမှာမဟုတ်တော့ပါဘူး…

စနစ်တကျတည်ဆောက်ထားတဲ့ မားကတ်တင်းအင်ဂျင်တစ်လုံးရှိတဲ့ လုပ်ငန်းတွေက ပိုပြီးအောင်မြင်ပါလိမ့်မယ်…

15/10/2026

Marketing မှာ ငါ ဘာကြောင့် ဒါကိုလုပ်နေတာလဲဆိုတဲ့ မေးခွန်းက အရေးကြီးတယ်…

အဲ့ဒီမေးခွန်းရဲ့အဖြေကို မဖြေနိုင်ရင်…ဒါမှမဟုတ် ဝေဝါးနေရင် အဆင်မပြေနိုင်ဘူး…

ဒီအဖြေကိုဖြေနိုင်ဖို့ဆိုရင် ကိုယ့်မှာ Dashboard တစ်ခုရှိရတယ်…ဒီ dashboard မှာ လုပ်နေတဲ့အရာတွေကို ထည့်ပြီး တိုင်းတာနိုင်ရမယ်…အလုပ်ဖြစ်မဖြစ်ကို ကြည့်နိုင်ရမယ်…

ဒါတွေကိုကြည့်နေရင်းနဲ့မှ ငါဘာလို့ ဒါတွေကိုလုပ်နေတာလည်းဆိုတဲ့ သုံးသပ်ချက်ကိုပြန်ရနိုင်မယ်…

12/10/2026

အခြေခံစရိတ်တွေတက်လာတော့
Value Added လုပ်ပေးနိုင်တာတွေ
နည်းလာတာတွေ့ရတယ်…

အိမ်နားမှာ ကော်ဖီဆိုင်လာဖွင့်တယ်…
အဲကွန်းမပါတော့ဘူး…

ဒီလိုအချိန်မှာ မားကတ်တင်းဘတ်ဂျတ်တင်ရင်
အရင်လောက် မကျတော့ဘူး…
Boosting လုပ်ဖို့ဆိုရင်လည်း
ပြန်ရမယ့် အရောင်းနဲ့ ကုန်မယ့် cost နဲ့က
ထည့်တွက်နေရပြီ…

ဒါကြောင့် Size အရမ်းမကြီးတဲ့လုပ်ငန်းတွေအနေနဲ့
Content Marketing နဲ့
Emotional Marketing ဘက်ကို စတည်ထားဖို့လိုလာပြီ…

ချက်ချင်းတော့ ရလာဒ်မရနိုင်ပေမယ့်
နောက်လာမယ့် လှိုင်းတွေမှာ ငွေကုန်ကြေးကျနည်းပြီး
Customer နဲ့ Brand နဲ့ ကြားမှာ ထင်ကျန်မယ့်
Connection ဘက်ကို လှည့်ထားဖို့လိုလာမယ်…

12/10/2026

လူတွေရဲ့ default character ကလည်း အရေးကြီးတာ…

ကလပ်သွားမှ ပျော်တဲ့သူရှိသလို
စာအုပ်တစ်အုပ်နဲ့ မှ ပျော်တဲ့သူလည်းရှိပြန်တာ…

ဘယ်ဟာမှန်တယ်မှားတယ်ဆိုတာထက်
အစကတည်းက ကိုယ်ကြိုက်မိတဲ့အရာက
ကိုယ့်ကိုမထိခိုက်မိစေတာဖြစ်ရင် အဲ့လောက်မရှုပ်ဘူး…

ကိုယ်ကလည်းကြိုက်တယ်
ထိခိုက်မယ်မှန်းသိလို့ မနည်းထိန်းရတယ်ဆိုရင်တော့
ပင်ပန်းတော့တာပါပဲ…

ဒါမျိုးကျတော့ ကိုယ့် default ကို
ဖြည်းဖြည်းချင်းပြန်တည်ဆောက်ရတယ်…

နေ့စဉ်ဘဝထဲမှာ ပါနိုင်သမျှပါအောင်လုပ်ယူရတယ်…
ဒီလိုကနေ အကျင့်ဖြစ်လာမယ်…
အကျင့်ကနေ ကိုယ့်မသိစိတ်ကတောင် အလိုလိုလုပ်တဲ့အဆင့်ရောက်လာမယ်…

မကောင်းတဲ့ default တွေကို ပြင်နိုင်မှ
အလုပ်ကြီးကြီး လုပ်နိုင်တဲ့သူဖြစ်လာမယ်

11/10/2026

မားကတ်တင်းဘယ်ကစလုပ်ရမယ်မသိရင် ဘာစလုပ်မလဲ…

* Customer တွေနဲ့စကားပြောကြည့်ပါ…မေးမြန်းကြည့်ပါ

* အဲ့ထဲက ပြဿနာတစ်ခုကိုပဲ ဆွဲထုတ်ပါ

* အဲ့ဒီပြဿနာကို ကိုယ့် product က ဘယ်လိုဖြေရှင်းပေးနိုင်တယ်ဆိုတာကို သေချာပြင်ဆင်ပါ

* အဲ့ဒါကို လူတွေများများသိအောင်ကြိုးစားပါ

* ရလာတဲ့အတွေ့အကြုံတွေ၊ အောင်မြင်မှု၊ ကျရှုံးမှုတွေကို content ပြန်ထုတ်ပါ

* ကိုယ်ကကြာလာရင် ဒါအတွက် ကျွမ်းကျင်သူဖြစ်လာပြီး အရောင်းပိုရလာမယ်

09/10/2026

ရောဂါကင်းတာ ချမ်းသာခြင်းတစ်မျိုးပဲ…

ကိုယ်လုပ်ချင်တဲ့အလုပ်နဲ့ ပိုက်ဆံရတာ ချမ်းသာခြင်းတစ်မျိုးပဲ…

ကိုယ့်မိသားစုကို ကောင်းကောင်းထားနိုင်တာ ချမ်းသာခြင်းတစ်မျိုးပဲ…

09/10/2026

လူတိုင်းသဘောကျဖို့ကြိုးစားလေ
ကိုယ့် brand ရဲ့ ကိုယ်ပိုင်ထူးခြားမှု ပျောက်သွားလေပါပဲ…

လူတိုင်းအတွက် မလိုအပ်ဘူး…
ကိုယ်တကယ်ရောင်းရမယ့် လူတွေအတွက်
ထူးခြားနေဖို့ပဲလိုတယ်…

သင်တန်းမတက်နဲ့ အလုပ်ပဲအရင်သွားလုပ်ပါလို့ ပြောဖြစ်ရင်း Sharing လုပ်ချင်တာလေး ရေးဖြစ်တယ်…Consulting လုပ်ကြရင် စာပဲဖတ်ပြီးလ...
08/10/2026

သင်တန်းမတက်နဲ့ အလုပ်ပဲအရင်သွားလုပ်ပါလို့ ပြောဖြစ်ရင်း Sharing လုပ်ချင်တာလေး ရေးဖြစ်တယ်…

Consulting လုပ်ကြရင် စာပဲဖတ်ပြီးလုပ်ကြတဲ့ လက်တွေ့မသိတဲ့ Consultant တွေ ဖြစ်မလာစေချင်ဘူး…

အကြံပေးတယ်ဆိုတာမျိုးက လေနဲ့ပေးရရင်အရမ်းလွယ်တယ်…အဲ့ဒီတော့ အရာအားလုံးကို စင်းလုံးချောဖြစ်အောင် လျှောက်ပြောကြကော…

တကယ်တမ်း Operation လုပ်ရင် တကယ်အလုပ်ဖြစ်တာနဲ့ အပြကောင်းတဲ့ Presentation ကကွာတယ်…

မြို့လယ်ခေါင်မှာ စန္ဒယားကြီးချတီးပြီး
Surprise campaign တစ်ခုလုပ်ရင်
လူတွေစိတ်ဝင်စားမှာလို့ အကြံပေးလိုက်ဖို့ကလွယ်တယ်…

တကယ်လည်း လူတွေစိတ်ဝင်စားကြမှာပဲ…

ဒါပေမယ့် စန္ဒယားတစ်လုံးကို ဘယ်လိုငှါးမလဲ…
မထိခိုက်အောင် ဘယ်လိုသယ်မလဲ
ငှါးခကော ဘယ်လောက်ရှိမှာလဲ
ကားကလည်း အကြီးငှါးရမယ်

အဲ့ဒါတွေလုပ်ပြီး ပြန်ရတဲ့ impact ကကော
အကျိုးရှိမှာလား…

ဒါတွေကိုထည့်တွေးတတ်ဖို့ကအလုပ်သေချာလုပ်ဖူးမှဖြစ်တာ…

Brand အကြီးတစ်ခုမှာ ဝင်လုပ်ပြီး
အဲ့က ရတဲ့ frame နဲ့ တခြားလာသမျှ brand ကို
လုပ်ချင်လို့လည်း မရပြန်ဘူး…

ဘယ်ကွေ့မှာ ဘယ်တက်နဲ့ လှော်ရမယ်ဆိုတာ
စဉ်းစားတတ်ဖို့လိုတယ်…

08/10/2026

Marketing ဟာ product တစ်ခုကိုကိုင်ပြီဆိုရင်
အဲ့ product ရဲ့ deep down ကို လေ့လာပြီးမှ
ဘာလုပ်ရမယ်ဆိုတဲ့ Strategy ကို ထုတ်ပြီးသွားရတာပါ…

Product line တူရင်တောင်
လုပ်ရတဲ့ Strategy မတူပါဘူး…
တည်ဆောက်ရတဲ့ Brand ပုံစံချင်းမတူပါဘူး…

ပုံစံတစ်ခုထဲကို
ဘယ် brand လာလာ ဆွဲသွင်းလို့မရပါဘူး…

ဒါကြောင့် လူတွေကို product တစ်ခုချင်းစီအလိုက်
deep down စဉ်းစားဖြစ်အောင်
ဝေမျှဖြစ်တယ်
သင်ပေးဖြစ်တယ်…

ဒီလိုစဉ်းစားနည်းကိုတတ်မှ Marketing ကို တတ်ကျွမ်းလိမ့်မယ်…

Address


Opening Hours

Monday 10:00 - 17:00
Tuesday 10:00 - 17:00
Wednesday 10:00 - 17:00
Thursday 10:00 - 17:00
Friday 10:00 - 17:00

Alerts

Be the first to know and let us send you an email when Sai Lu Sharr - Marketpreneur posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Sai Lu Sharr - Marketpreneur:

Shortcuts

  • Want your business to be the top-listed advertising & marketing company?

Share