Kyaw Zin Lat

Kyaw Zin Lat Let me show you the Fastest, Easiest and Most Reliable Way To Achieve your Dream Business Success us "

Hi, I'm Kyaw Zin Lat, I help business as a Digital Marker and Coach. Since childhood, I have had an interest in marketing and teaching, now focused and consistent in digital marketing. I always look at the latest trends to add insight, creation, motivation, and innovation. I also have ambitions to become a result base digital marketing trainner, consultant & coach.

25/02/2025

Key Performance Indicator : KPI ဆိုတာ
လုပ်ငန်းတစ်ခုအဘက်ဘက်မှာ
ရလဒ်ကောင်းတွေရဖို့
ချမှတ်ထားရမယ့်
အတိုင်းအတာ တစ်ခု

KPI ထက်
OKR လို့ခေါ်တဲ့
Objective & Key Result က
ပိုပြီး ထိရောက်တယ် …

ဘာလို့ဆို KPI က အတိုင်းအတာ
တစ်ခု သာဖြစ်ပြီး
OKR က
Goal တစ်ခုကို
ဘယ်အတိုင်းအတာရလဒ်တွေ
ရချင်လို ဆိုတာကို တိုင်းတာပြီး
အကောင်အထည် ဖေါ်ရတာ

လုပ်ငန်းတစ်ခု
တိုးတက်ချင်တယ်ဆိုရင်
Business Effectiveness ဖြစ်ဖို့

Marketing
Sale
Operation
Finance
Customer Service
HR
Product Development
စတဲ့ အပိုင်းတွေ အကုန် တိုးတက်နေဖို့လိုတယ်

မမေ့ရမှာက
ဒီ Department တွေမှာ ပါဝင်ကြတဲ့
Entry Level
Middle
Management
Director
CEO
Founder စတဲ့သူအားလုံးရဲ့
Personal Development ဖြစ်ဖို့ကလည်း
နံပတ် 1 အရေးကြီးတယ်

KPI နဲ့ OKR ပြန်စရရင်
လုပ်ငန်းတစ်ခုက
ဘယ်အပိုင်းတွေ တိုးတက်ချင်လဲဆိုတာကို
စသ်မှတ် ဖို့

လက်ရှိ ရလဒ်
လိုချင်တဲ့ ရလဒ်ကြား
ကွာဟချက် တွေကို
အရင်စပြီး တိုင်းတာရမယ်

Measure မလုပ်ရင်
Manage လုပ်မရဘူး
ဒါကြောင့်
ကိုယ်လုပ်ငန်းရောက်အောင်သွားရမယ့်
Goal တွေကို
KPI တွေ ချတဲ့အခါ

ရှိတဲ့အချိန်
ရှိတဲ့ Resource
တွေကို စီမံခန့်ခွဲပြီး
လိုချင်တဲ့

အရည်အသွေး
အရည် အတွက်တွေကို သက်မှတ်ကြရတယ်
အကောင်အထည်ဖေါ်ကြရတယ်

Standard
အရည်အတွေးအရည် အတွက် တွေ
ပြည့်မှီဖို့ဆိုရင်

လုပ်ငန်းတွင်း
ပါဝင်သူ အားလုံးရဲ့

Collaboration & Communication ပူးပေါင်းဆက်သွယ် ဆောင်ရွက်
Capability ကျွမ်းကျင်မှု
Commitment တာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့
သက်မှတ်ချက် ပြည့်မှီအောင်
ဆောင်ရွက်နိုင်ဖို့လိုတယ်

ဒီနေရာမှာ
သက်မှတ်ချက်တွေ
မပြည့်မှီတဲ့
သူတွေကို
သက်မှတိချက်တွေပြည့်ဖို့

သက်မှတ်ချက် ပြည့်မှီသူတွေကို
လုပ်ငန်းခွင်မှာ
ထိုက်တန်တဲ့ခံစားခွင့်ရဖို့
ဆုပေးဒဏ်ပေး စနစ်တွေကို
KPI တွေပေါ်မူတည်ပြီး ချမှတ်ထားဖို့လိုတယ်

Hire Slowly, Fire Quickly
နှေးနှေးခန့်
မြန်မြန် ဖြုတ်
ဆိုတဲ့
Logic က လုပ်ငန်းတိုင်းအတွက်
အမှန် ဖြစ်မနေတက်ဘူး

အခုခေတ် ပိုဆိုးတာပေါ့
ဝန်ထမ်းတစ်ယောက်ထွက်သွားရင်ကို
အူယားဖားယား
တွေ့ရာလူရှာထည့်နေရတဲ့
အခြေအနေမှာ
Hire Slowly, Fire Quickly ကို
သုံးလို့မဖြစ်ဘူး

ဒီနေရာမှာ
ဦးဆောင်သူတွေရဲ့
Management Psychology နဲ့
Management Style က လုပ်ငန်းအပေါ်
သက်ရောက်မှု တွေ
အရမ်းကြီးမားတယ်

လူတွေကို Manage လုပ်လို့မရဘူး

System နဲ့ ရလဒ်တွေကိုပဲ
Manage လုပ်ရတယ်

လူတွေကိုကျတော့
Lead ဦးဆောင်လုပ်ရတယ်

Leadership Skill တွေလိုတယ်

Lead လုပ်ရင်း ကြုံတွေ့ရတဲ့
KPI မပြည့်မှီမှုတွေအတွက်

Skill ကိုဖြည့်ပေးရမလား
Mindset ကို ပြောင်းပေးရမလား
စဉ်းစားရတယ်

ခက်တာက
လူတွေရဲ့ Mindset ကို ပြောင်းမရဘူး

ဒါကြောင့် ဦးဆောင်သူတွေက
ဝန်ထမ်းတွေ
အလုပ်လုပ်ချင်စိတ်ရှိလာအောင်
စည်းရုံးနိုင်မှု Skill က
ဒီနေ့ခေတ် ပို အဓိက ကျလာတယ်

ဒီ Skill တစ်ခုကနေတင်
ပြိုင်ဘက်တွေထက်သာတဲ့
Winning Strategy ဖြစ်နေတက်တယ်

ဖြုတ်လိုက်ခန့်လိုက်
ထွက်လိုက်ခန့်လိုက်
သံသရာ မလည်အောင်
ဂရုစိုက်ရမယ်

ဒါကြောင့်
လုပ်ငန်းတိုးတက်ဖို့
ဆိုရင်
လုပ်ငန်းမှာ
ပါဝင်နေသူအားလုံးကို
အချိန်ပေးအချိန်ယူ
လူတွေရဲ့
အတွေး
စဉ်းစားပုံ
ခံစားချက်
ဆုံးဖြတ်ချက်ချပုံ နဲ့
ရင်ဘတ်တွေကို
ဦးဆောင်ပြီး

လုပ်ငန်းတွေအဘက်ဘက်ကတိုးတက်ဖို့
ဝန်ထမ်းတွေကို
Internal Customer တွေလို
သဘောထားပြီး
စနစ်တကျ
ဦးဆောင်ရင်း
သင်စရာရှိတာသင်
ပြင်စရာရှိတာပြင်ရင်း
လက်ရုံးရည်ကော
နှလုံးရည်ကောပြည့်ဝတဲ့
ဦးဆောင်သူတစ်ဦးဖြစ်ဖို့ကလည်း လိုမယ်


27/01/2025

Marketing Budget ကို ကိုယ်လိုချင်တဲ့ အရောင်း Target ပေါ်မူတည်ပြီး လစဥ◌်ဘယ်လောက် သုံးသင့်လဲ ?
အလွယ်ဆုံးနည်းလမ်းလေး ရှိပါတယ်
ပထမဆုံးစတွက်ရမှာက CAC လို့ခေါ် တဲ့ Customer Acquisiton Cost
သူက Customer တစ်ယောက်ရဖို့ ဘယ်လောက် အကုန်အကျ ခံသင့်လဲ ဆိုတာပါ
လေ့လာမိရသလောက် Customer Acquisiton Cost က
Customer Lifetime Value ( Customer တစ်ယောက် ပထမဝယ်ချိန်ကစပြီး သူ ဘယ်နှစ်ကြိမ်လောက်ထိ သူ့ ရဲ့ Lifetime မှာ ဝယ်ယူနိုင်ချေရှိလဲ) ရဲ့ 20% ကို သုံးလို့ရတယ်လို့ လေ့လာမှတ်သားဖူးတယ် ...
ဥပမာ Customer တစ်ယောက် ဆီက
3 သိန်း လောက် Lifetime မှာ မြတ်နိုင်တယ်ဆိုရင်
သူ့အတွက်
CAC 6 သောင်း သုံးလို့ရတယ် ...
ဒါဆိုရင် တစ်လကို
Customer 30 ယောက် ရချင်တယ်ဆိုရင်
CAC နဲ့ Target Sale ကို မြောက်လိုက်ရင်
တစ်လ ဘယ်လောက် သုံးသင့်လဲဆိုတဲ့အဖြေထွက်တယ် ...
Marketing Budget = 60000 ( CAC ) * 30 ( Sale Target ) =1,800,000 ရတာပေါ့
တစ်ရက်မှာ တော့
သုံးရမယ့် Budget က 1,800,000/30= 60000/4700 ( USD ) = 12.7 ( 13 Dollar )
ပြီးတော့ 1 ရက်ကို 1 ယောက် အရောင်းရှိရမယ် ...
တကယ်လို့ တရက် သုံးရမယ့် 13 Dollar နီးပါးကို သုံးလိုက်ပေမယ့်
1 ယောက် မရောင်းရဘူးဆိုရင်
ကြောင်ငြာတွေ ကို လူဝယ်ချင်လာအောင်ပြင် ဖို့နဲ့
အရောင်းသမားရဲ့ Skill ကို တင်ပေးလိုက်ရုံပဲ ...
ဒါကြောင့် တစ်လကို 18 သိန်း Ads Budget တွက်ထားရမယ်ဆိုပေမယ့်
18 သိန်းလုံး တန်းကုန်တာမဟုတ်ပဲ
Daily Sale က နေ
ကိုယ့် ကြော်ငြာ စရိတ်ကို
သူ့ဘာသာပြန်ရှာပေးသွားတယ် ...

22/01/2025

Digital Marketing Team တစ်ခုမှာ
ပါဝင်ကြတဲ့ သူတွေ ထဲ မပါမဖြစ်ကတော့

Company သီးသန့်ဆိုရင်
ဒီ နှစ်မျိုး ဖြစ်တဲ့
Content Writer နဲ့
Graphic Designer ပဲ

Size ကြီးမှသာ
Page Admin
Digital Marker သီးသန့် ထပ်ထားနိုင်ကြတယ်

ဘာလို့ဆို့
ပထမ နှစ်ယောက်
အောက်ထစ်တင်
6 သိန်း ရှိတယ်

နောက် နှစ်ယောက် ပါရင်
6 သိန်း ထပ်ပေါင်း
Total ကို
12 သိန်းတော့
Founder က
အောက်ထစ် လစာရင်းရတယ်

( ပုံမှန် လစာ ပေါ့ Company Capacity ပေါ်မူတည်ပြီး
လစာ အနဲအများတော့ ကွာနိုင်တယ် )

Agency ဆိုရင်တော့
AE ပါ ပါလာမယ်

ပြီးရင်

Creative ပိုင်း Strategic ပိုင်း
Website, App တွေ
Team Leader
Manager ပေါ့

မရှိရင်တော့ Founder နဲ့ တိုက်ရိုက်ဆက်ဆံရမယ်

ကျွန်တော်
သင်တဲ့အပိုင်းကတော့
Designer တွေအတွက် မပါတော့
ကိုယ်နဲ့ ဆိုင်တဲ့

Writer
AE နဲ့
Digital Marketer
Page Admin

သင်တန်းသင်တဲ့အခါ အမြဲမှာလေ့ရှိတာကတော့
Communication ပိုင်းအရေးကြီးတယ်

လူတစ်ယောက်တိုးတက်ဖို့

E3C Frame လေးတစ်ခု
ကျွန်တော်
စုတုပြုထားတယ်

Experience
ကောင်းကောင်းရဖို့
အမြဲ အားထုတ်နေသူဖြစ်ရမယ်

ဘာပဲ လုပ်လုပ်
တစ်ခုထက်
တစ်ကြိမ်ထက်
ပိုအောင် လုပ်ကြည့်ရမယ်
အမြင်မျာရမယ်

Capability
စွမ်းဆောင်ရည်ကောင်းဖို့
ပညာပြည့်ဝရမယ်
ကိုယ့်လုပ်ရမယ့်အပိုင်းအားလုံး
လိုအပ်တာအကုန်
ကျွမ်းနေအောင် လေ့လာလေ့ကျင့်ထားရမယ်

ဒီ Capability ကောင်းဖို့
3P System ကို
သုံးဖို့ မှာဖြစ်တယ်

Plan ဘာလုပ်လုပ်
ကြိုတင် ပြင်ဆင်
ပါ
Practice လေ့ကျင့်ပါ
ကိုယ်လုပ်မယ့်အရာ
Present လက်တွေ့လုပ်တဲ့အခါတိုင်း
ဒါအကောင်းဆုံး Standard လား ကိုယ့်ဘာသာ မေးပါ

Commitment
အလုပ်တစ်ခုကို
Mindset မှန်မှန်နဲ့
ပြီးဆုံးအောင် စိတ်အားထက်သန်မှုနဲ့
တာဝန်ယူမှု တာဝန်ခံမှု အပြည့်နဲ့
လုပ်နိုင်ရမယ်

ကိုယ့်ရဲ့
သမိုင်းဟာ
အရေးကြီးတယ်
လုပ်ငန်းခွင်မှာ
လူမှုရေး
ကျင့်ဝတ် ကို
ခဏထားဦး

အလုပ်ကျင့် ဝတ် နဲ့ အညီလေးတော့ အတက်နိုင်ဆုံးနေပါ

Communication
ပြောဆို ဆက်ဆံရလွယ်သူ
ညှိနှုင်းရလွယ်သူ ဖြစ်ရမယ်

ဒါကတော့ ဝန်ထမ်း ဘဝမှာ
အုတ်မြစ်ခိုင်ဖို့ ကျင့် သုံးသင့်တဲ့ E3C

အသက်အရွယ်
အတွေ့အကြုံနဲ့
ကျွမ်းကျင်မှု
အဆက်အသွယ် ကောင်းတွေ
အရင်းအနှီး တွေ ရှိလာတော့
လုပ်ငန်းရှင် အဖြစ်
အဆင့်မြှင့်ရတော့မယ်

ဒီအခါကျမှ
ကိုယ်က
အမြင် က
ဝန်ထမ်းဘဝနဲ့
မတူတော့ဘူး

Operation ပိုင်းနဲ့
Business Development ပိုင်းတွေပါ
ထပ်ပြီး
စီမံရတော့မယ်
လုပ်ငန်းရပ်တည်
နိုင်ဖို့
အခြား
နိုင်ငံရေး
စီးပွါးရေး အခြေအနေတွေ ပါ
ကိုင်တွယ်ရတော့မယ်

အဓိက
ဝန်ထမ်းဘဝ မှာ
အဆင်ပြေ ဖို့ကော
အလုပ်ရှင် ဘဝမှာ
အဆင် ပြေစေဖို့က

အစားထိုး ခံရလွယ်သူ မဖြစ်ဖို့နဲ့
ကိုယ်ချင်းစာ
တရားပဲ

ဝန်ထမ်းဘဝ မှာလည်း
ကိုယ်မရှိလည်း ဘာမှ
ထူးမနေ တဲ့
သူ မဖြစ်ဖို့နဲ့

လုပ်ငန်းရှင် တစ်ယောက်အနေနဲ့
ကိုယ့်အလုပ်က
ဝန်းထမ်းတစ်ယောက်
ထွက် သွားလည်း

ဝန်ထမ်းအနေနဲ့
ရပိုင်ခွင့်
ခံစားခွင့်တွေ ထူးခြားမနေလို့
ထွက်သွားသူအတွက်
ဘာမှ
နစ်နာ မသွား တာမျိုး မဖြစ် အောင်
အလွယ်ပြောရရင်တော့
ကိုယ်ပေးထားတဲ့
Facility နဲ့ခံစားခွင့်က
သူများ
Company ထက် မသာရင်တောင်
Standard ရှိရမယ်

အစားထိုးရမလွယ်သူ ဖြစ်နေဖို့လိုတယ်

ပြီးရင် နှစ်ဘက်မျှတွေး
ကိုယ်
ဒီလိုလုပ်တာ
မှန်မှန်ကန်ကန်နဲ့
နှစ်ဘက်လုံး
အဆင်ပြေပါ့မလား ပေါ့
ကိုယ်ချင်းစာ
တရားအရေးကြီးတယ်

ဒီလို တော့ တွေးမိတယ်

22/01/2025

Online Business Owner တွေအတွက်
Success Dashboard တစ်ခုရှိမယ် ဆိုရင်
အဲ့ Dashboard မှာ ရှိရမယ့်
အကြောင်းအရာ 3 ခုဆိုရင်

1. Reach to message rate

လစဉ် Reach ဘယ်လောက်ရှိပြီး
ဘယ်နှစ်ယောက်က Message ပို့လဲ

2. Message To Sale Rate

Message ဝင်တဲ့ထဲက
ဘယ် နှစ်ယောက်က ဝယ်သူဖြစ်သွားလဲ

3. AOV ( Average Order Value )

ဝယ်တဲ့ သူတွေရဲ့ တစ်ကြိမ် မှာ ပျမ်းမျှ
ဝယ်ယူတဲ့ Amount

22/01/2025

လမ်းပျောက်နေတယ် ခံစားရရင် ဒါ တွေ လုပ်ကြည့်ပါ

1. အရှိကို လက်ခံ ပြီး ကိုယ့်ကိုယ် ကို ချစ်ရပါမယ်

အဆင်မပြေမှုတွေ
များစွာ ရှိနေတာ ငြင်းလို့မရဘူး
ကိုယ့်ရဲ့ ထိန်းချုပ်မှု အောက်မှာ ရှိမနေတဲ့
အခြေအနေကို စိတ်ပျက် အားလျော့နေတာ
သဘာဝပါ …
ဒီသဘာအတိုင်း လွတ်ထားရင်ကော
အရာရာပိုကောင်းလာနိုင်မလား စဉ်းစားကြည့်ရမှာပါ

ဒါကြောင့်
ဘယ်လိုအခြေအနေမှာ ရောက်ရောက်
ကိုယ်ဘာလုပ်နိုင် သေးလဲ
ရအောင်ရှာ ရအောင်လုပ်ကြည့်လို့ရပါသေးတယ်

ဒါဟာ ခက်ခဲမယ်ဆိုတာ
နားလည်ပါတယ်

သို့ပေမယ်
စိတ်ပျက်နေလို့
စိတ်ဓါတ်ကျနေရုံနဲ့
ပြီးမှမသွားတာ

ကိုယ့်ကိုကိုယ်
ချစ်ရပါမယ်
ကိုယ့်ရဲ့ ဘဝရှေ့ရေး
ကိုယ့်မှာသာ
တာဝန်အပြည့်ရှိနေတာပါ

ကိုယ့်ကိုဘယ်သူမှ
လမ်းဖေါက်ပေးမှာမဟုတ်ပါဘူး
ကိုယ်တိုင်ပဲ လမ်းဖေါက်ရမှာပါ

2.ပညာသည်သာ အဓိက

ကိုယ်ကြုံနေရတဲ့ အခက်အခဲက
ကိုယ် လုပ်ထားတာ မဟုတ်တဲ့ အတွက်
စိတ်ညစ်မနေနဲ့
ဒါကတော့ အရမ်း
ပြောရခက်လို့ကော
ကိုယ်လုပ်မရတာကော ကြောင့်
ထည့်စိတ်မညစ်စေချင်တော့တာပါ

ကိုယ်မကျော်လွှားနိုင်တဲ့
အခက်အခဲ နဲ့
ကိုယ်မရလိုက်တဲ့
အခွင့်အလမ်းတွေကြည့်လိုက်ရင်
ကိုယ့်မှာ
လိုအပ်တဲ့
ကျွမ်းကျင်မှုတွေ မရှိလို့သာ
လွတ်သွားတာ များတယ်

ဒါကြောင့်
ကိုယ်ဖြစ်ချင်တဲ့
ရည်မှန်းချက် တွေ ပြည့်ဖို့နဲ့
အခက်အခဲတွေ ကျော်လွှားနိုင်ဖို့
အသက်မွေး ဝမ်းကျောင်းမှုပြုလုပ်နိုင်တဲ့
ပညာရပ်တွေ အချိန်ပေးသေချာ လေ့လာကြည့်ပါ

Google
YouTube
ChatGPT တို့လို့ AI တွေမှာ
Free Resource တွေ များစွာရှိပါတယ်

အသုံးအစွဲချွေတာပြီး
သင်တန်းတွေလည်း တက်သာတက်ထား
မမှားဘူး
ပညာရွှေအိုးလူမခိုး ပါဘူး

3.ကိုယ့်လို လမ်းပျောက်နေသူ တွေအတွက် ကိုယ်က လမ်းပြကြယ် ဖြစ်ပါစေ

ပတ်ဝန်းကျင်နဲ့
မိသားစုထဲမှာကို
လမ်းပျောက်နေသူတွေအများကြီးရှိတယ်

ကိုယ်ပါ သူတို့နဲ့ ရောလမ်းပျောက်လိုက်မလား
လမ်းဖေါက် ပေးသူ ဖြစ်လိုက်မလား
ရွေးချယ်လို့ရတယ်

4.လုပ်စရာရှိတာ အကောင်းဆုံး လုပ်သာလုပ်နေကြည့်လိုက်ပါ

အဆိုးဆုံးအခြေအနေ ကို အမြဲ ကြိုတွေးထားကြည့်ပါ
အတက်နိုင်ဆုံး ပြင်ဆင်ထားကြည့်ပါ
လုပ်လို့ ပင်ပန်းပြီး စိတ်ညစ်နေတာ မရှိပါဘူး
မလုပ်လို့
မပြီးလို့သာ စိတ်ညစ်ရတာ ပိုများပါတယ် …
ကိုယ့်အတွက်
မိသားစုအတွက်
ပတ်ဝန်းကျင်အတွက်
လုပ်နိုင်တာ လုပ်နေရင်း
အောင်မြင်မှုလေးတွေကြောင့်
စိတ်ခွန်အားဖြစ်စေပါတယ်
ယုံကြည်မှုတွေ ပိုတိုးလာစေပါတယ်

5.မျှော်လင့်ချက်နဲ့ အသက်ရှင်ပါ

ကိုယ့်ရဲ့ကြိုးစားမှုကြောင့်
တစ်ချိန်မှာ
ကိုယ့်အတွက် အခွင့်အလမ်းများစွာ ပေါ်လာမှာပါ

လူအများစု
လမ်းပျောက်နေချိန်
ကိုယ်လည်း လမ်းမပျောက်ဖို့
ကိုယ့်ကိုယ်
စည်းကမ်းတွေ ချမှတ်ထားပြီး
မျှော်လင့်ချက်အပြည့်
ယုံကြည်မှုအပြည့်နဲ့
လုပ်စရာရှိတာ လုပ်ရင်း
အနာဂတ်ကို ရင်ခုန်နေလိုက်ပါ

အရာရာအားလုံး
တစ်ဦးတစ်ယောက်ချင်း
ကြိုးစားသွားရင်း
အဆင်မပြေမှု
တစ်ခုချင်းစီကို
အချိန်ယူ တည်ဆောက်သွားရင်း
အဓိပ္ပါယ်ရှိတဲ့
ဘဝတစ်ခု ပိုင်ဆိုင်လာမှာပါ

ဒီ 5 ချက်နဲ့
လမ်းမှန်ရောက်မယ်လို့
လုံလောက်ပါတယ်
မဆိုလိုပေမယ့်
တစ်စုံတစ်ခုတော့ အဆင်ပြေနိုင်ကောင်းရဲ့

ပိုမိုတိုးတက်ကြပါစေ


Just Learn and Develop

21/01/2025

ကိုယ့်ရဲ့ page လုံခြုံချင်တယ်ဆိုရင် လုပ်ရမယ့်အပိုင်းနဲ့ စစ်ဆေး ဆက်သွယ်ရမယ့် အပိုင်းလေးတွေရှိပါတယ် ...

လုပ်ထားရမယ့်အပိုင်းတွေကတော့
1. Page ထဲမှာ အကောင့်တုတွေ မထားပဲ ID တင်ထားတဲ့ အကောင့်တွေကိုပဲ ထားတာ ကောင်းပါတယ် ... Password ကိုလည်းရံဖန်ရန်ခါ ချိန်းတာကောင်းပါတယ် ..Hacking Link တွေမနှိပ်မိဖို့ ဂရုစိုက်ရပါမယ် ...
အကောင့်တစ်ခုတည်းကို စုသုံးတာမျိုးလည်း မကောင်းပါဘူး ...
စုသုံးတဲ့သူတွေထဲက တစ်ဦးဦးကြောင့် အကောင့် Hack ခံရပြီး Page ပါသွားတာမျိုးတွေ ကြုံရနိုင်ပါတယ် ..

2. Page ထဲမှာ တော်ယုံသူတွေကို Admin မခန့်ပဲ Editor ပဲခန့်ထားသင့်ပါတယ်... Admin တွေကတော့ Security Knowledge ရှိသူတွေကိုသာထားသင့်ပါတယ် ...

3. Page ကို Business Manager ထဲမှာ ထည့်သုံးထားတာကောင်းပါတယ် ... Agency အပ်မယ်ဆိုရင်လည်း Agency က Team ကို Business Manager ထဲကတစ်ဆင့် Team တစ်ခုလုံးကို Partial Access ပေးထားတာကောင်းပါတယ် ...

စစ်ဆေးစောင့်ကြည့်ရမယ့် အပိုင်းကတော့

1. Page Setting ထဲမှာဆိုရင် Page Management History ( Adimin တွေ Hack ခံရပြီး မသိတဲ့သူတွေကို ထည့်ထားသလား စစ်ရန် ) နဲ့ Ads Manager ထဲမှာဆိုရင် Delivery Column ( သူက ဘယ် Ads က ဘာပြဿနာဖြစ်နေလဲ ဆိုတာ ကြည့်ရန် ) ပါ ...

2. Support Inbox ကတော့ မိမိရဲ့ Page မှာတင်ထားတဲ့ Postတွေဘာ Copy Right နေငြိနေလည်းစစ်ရန်ပါ ... Ads Manager ထဲမှာဆိုရင် Business Support Home ပါ ( Policy ငြိလို့ Ads Acc ဘာဖြစ်နေလဲ စစ်ရန် )

3. Page Status ကတော့ Page ဝါတာနီတာတွေဖြစ်နေလား စစ်ရမှာပါ ...

4. Page ဝါတာ နီတာ ... Support Inbox မှာ Policy ငြိတာတွေများလာရင် ဖြစ်စေ Ads Acc ကျရင် အခြားသော အဆင်မပြေမှုတွေကို Live Chat မှာ ဆက်သွယ် ချိတ်ဆက် ပြီး ပြဿနာတွေကို ဖြေရှင်းရမှာဖြစ်ပါတယ် ...

21/01/2025

Online Business တိုင်းအတွက် အဓိက အချက်လေးတွေဖြစ်တဲ့
Sale Goal ချပြီး
Budget Plan တွေ
Daily Goal တွေ
KPI နဲ့ Metric တွေဖြစ်တဲ့
Reach to Engagement
Reach to Message
Message to Sale
CPR
CAC
AOV တွေနဲ့တိုင်းတာပြီး
Goal ရအောင်
Drive လုပ်နိုင်တဲ့ စနစ်တွေ နဲ့

Digital Marketing Team ရဲ့ Productivity ကို
တိုင်းတာ နိုင် တဲ့
ဆုပေးဒဏ်ပေး
စနစ် တွေကိုသာ
သေချာ
အသုံးချနိုင်မယ်ဆိုရင်တော့
မတိုးတက်ချင်ပါဘူးဆိုရင်တောင်
တိုးတက်နေရလိမ့်မယ်

06/12/2024

Boost Service ပေးတဲ့အခါ
အကောင့်ကျ တာတွေ ဖြစ်တာ
သက်သာစေဖို့နဲ့ Boost ပေးထားတဲ့ သူတွေရဲ့ Post တွေကို မှတ်မိနေစေဖို့
Campaign Name တွေ စနစ်တကျ မှတ်ထားလို့ ရတယ်

အကောင့် တွေ တစ်ပြိုင်နက် ကျတာ
သက်သာစေဖို့ Business Manager ကို လိုအပ်သလို
ပိုဖွင့်ထားဖို့နဲ့
BM ထဲမှာ Ads Acc တွေ လိုသလောက် ပွားပြီး သုံးဖို့လိုတယ်

ပြီးတော့ Boost လက်ခံကတည်းက
Policy ငြိနိုင်တာတွေ သေချာ
စိစစ်ပြီး
ပြင်စရာရှိတာပြင်ဖို့နဲ့
Policy ငြိနိုင်တဲ့
Post တွေ Boost လုပ်ဖို့
သီးသန့် BM နဲ့ Ads Acc တွေ ခွဲထားပြီး
သီးသန့် Boost လုပ်တာကောင်းတယ်

မတော်လို့ ကျခဲ့ရင်တောင်
အကောင့်ခွဲထားတာ ဖြစ်လို့
အခြားအကောင့်တွေကို မထိတော့ဘူးပေါ့

နောက်တစ်ခုက Campaign တွေကို
Boost ခိုင်းတဲ့သူရဲ့ နာမည်
ဖုန်းနံပတ်ပါအောင် ပေးထားတော့
ADs Result တွေ
ကောင်းမကောင်း
Campaign တွေ ကြည့်ပြီး သိနိုင်တော့
ကောင်းရင်တိုးမလား
မေးတာတို့
မကောင်းရင်ရပ်ပြီး
အစားထိုး Run တာတို့
လုပ်ပေးလို့ရတယ်

ပြီးတော့ အပ်နေကျသူတွေကို
လစဉ်
Report ထုတ်ပေးတဲ့အခါမှာလည်း
Campaign Name ကို လနာမည်နဲ့ တွဲ ပေးထားရင်
Report ထုတ်ရလွယ်တာပေါ့

အခုနောက်ပိုင်း
Advantage + Audience သုံးတာ ပို ထိရောက်လေ့ရှိတယ်

Reel လေးသေချာ ရိုက် Boost ရင် ရလဒ် ပိုကောင်းတယ်

Client တွေကို လည်း Educate လုပ်ဖို့
လိုတဲ့အထဲ
အရောင်းတွေ အမြဲ တိုက်ရိုက် Boost နေတာမျိုးအပြင်
ရှေ့ထွက် ရှေ့ပြေး
Value + Lead Magnet တွေ နဲ့ post တွေ Run
ပြီးမှ Main Ads Run
နောက်ဆုံးမှ
Follow Up Sale Push Post တွေ Run

Post တွေကိုလည်း
တစ်ခုတည်းကို Dollar များများ Run တာထက်
အရေးအသား
Head Line
Target
Photo ပြောင်း ရိုက်ပြီး Post တွေကို ခွဲ Boost တာကောင်းတယ်

ဒီ အကြောင်းအရာ လေးတွေကတော့
ကျွန်တော်နဲ့
Consulting ယူတဲ့အခါ
Service လုပ်တဲ့
ညီညီမတွေကို
မှာလေ့ရှိတဲ့ အကြောင်းအရာလေးတွေပါ

05/12/2024

ဝန်ထမ်းအလုပ်ကထွက်ပြီးကိုယ်ပိုင်လုပ်ငန်းလေးလုပ်ဖို့ စဉ်းစားနေတယ်ဆိုရင် ဒီစာကို ဖတ်ပါ

1. ခံယူချက် ရည်မှန်းချက် ယုံကြည်ချက် ဝန်ထမ်း ဘဝထက် ပြင်းထန်ပြီး မြင့်မားနေရပါမယ်

ဝန်ထမ်း ဘဝတုန်းကလို
8 Hours ပဲ အလုပ်လုပ်လို့မရတော့သလို
ပေါ့လို့ မရတော့ပါဘူး

ကိုယ်အလုပ်ဖြစ်သွားပြီဆိုရင်
အလုပ်ချိန်ဆိုတာ
အရင်ထက် နဲသွားမယ်
သက်သာ သွားမယ်လို့ ထင်ရင်မှားသွားပါမယ်

ရည်မှန်းချက်မြင့်မားရပါမယ်
ယုံကြည်မှု ခိုင်မာရပါမယ်
ဇွဲရှိရပါမယ်

2. ဖြစ်နိုင်ရင် 6 လစာ အသုံးစရိတ် ကြိုစုပါ

အလုပ်ထွက်ပြီးလို့ ကိုယ် ပိုင် လုပ်ငန်း လုပ် တဲ့အခါ
အရင်းအနှီးသာမက
အမြတ်လုံးဝ မမြတ်ခဲ့ရင်တောင်
ရပ်တည်နိုင်တဲ့ ငွေ ရှိနေရပါမယ်
6 လဆိုတာကတော့ လိုလိုမယ်မယ် ပေါ့
ဒါမှသာ စိတ်ဒုံးဒုံးချ အလုပ်ကို လုပ်ဖို့ စိတ်
အေးရမှာပါ

3. ဘာမှ ရုပ်လုံးမကြွခင်ကတည်းက ဝယ်သူကြိုစုထားပါ
လက်ရှိလုပ်နေတဲ့
အလုပ်ချိန် ပြင်ပ
အားလပ်ချိန်တွေမှာ
ကိုယ့်ဆီက တစ်ချိန်ဝယ်သူ ဖြစ်မယ့်
သူတွေရဲ့
လိုအပ်ချက်
လိုအင်ဆန္ဒတွေ
အခက်အခဲ ပြဿနာတွေ ကို ကူညီပေးနိုင်တဲ့
အကြောင်းအရာတွေကို
Personal Account
Facebook Group
page
TikTok တို့မှာ
Post တွေ
Video တွေကို အမြဲတင်နေနှင့်ပါ
ဒီလိုတင်ထားချင်းဖြင့် ကိုယ်တစ်ကယ် စလုပ်တဲ့အချိန် ဖေါက်သည်တွေ အဆင်သင့်ရှိနေမှာပါ

4. Product/ Service Test ကြိုလုပ်ပါ ကြိုလေ့လာပါ

ကိုယ့်အိပ်ကပ်ထဲက ငွေတွေကို
ရင်းနှီး မြှုပ်နှံမှု မလုပ်ခင်ကတည်း
စျေးကွက်လိုအပ်ချက်
Customer တွေရဲ့ ဝယ်ယူမှု ပုံစံ
ဝယ်ယူဖို့
ဆုံးဖြတ်ချက်ချပုံ

လက်ရှိ Market ထဲကသူတွေမဖြည့်ဆည်းပေးနိုင်တဲ့
လိုအပ်ချက်တွေ လေ့လာပြီး
ရောင်းအားရှိနိုင်မယ့်
Product/ Service တွေကို
စမ်းသပ် ကြော်ငြာကြည့်ပါ

တကယ့် Demand ကို မြင်နိုင်တော့မှသာ
ရင်းနှီး မြှုပ်နှံမှု စလုပ်ပါ

5. ကိုယ့်လုပ်ငန်းကို တိုးတက်စေမယ့် နံပတ်တွေကို သိပါ တိုင်းတာပါ တိုးတက်အောင်လုပ်ပါ
ဒီ 5 မျိုးလောက် သိရင် အတော် အဆင်ပြေပါပြီ

#1 Reach
တစ်လကို ကိုယ့် Page က လုံလောက်တဲ့ Reach အရည်အတွက်ရှိနေရပါမယ်
လူတောင်မသိရင် ဝယ်ယူဖို့ဆိုတာ ဝေးနေမှာပါ
ဒါကြောင့်
Reach များစေတဲ့ Organic Strategy တွေ
Boost Strategy တွေ ကျွမ်းကျင်နေရပါမယ်
#2 Engagement Rate
Post တစ်ခုချင်း အတွက် ဖြစ်စေ
Page တစ်ခုလုံးရဲ့ Engagement Rate က
အနဲ ဆုံး 3% အထက်ရှိနေရပါမယ်
(Engagement/Reach)*100 ရင် Engagement Rate ရပါတယ်
#3 Cost Per Result ( CPR ) ရလဒ်တစ်ခုရဖို့ ရင်းရတဲ့ ကြော်ငြာခ
လုပ်ငန်း အမျိုးအစား
စျေးနှုန်း
စျေးကွက်လိုအပ်ချက်
ကြော်ငြာ ပုံစံ
အရေးအသား
ပုံ တွေပေါ်မူတည်ပြီး
လုပ်ငန်း တစ်ခုနဲ့ တစ်ခု မတူပါဘူး

Dollar နဲ့ ယေဘုယျ ရလဒ်ကောင်းတွေပါ
Video View = 0.001
Post Engagement = 0.001
1000 Reach = 0.10
Message = 0.10
ဒီလောက်ဆို အတော်လေးကောင်းတဲ့ရလဒ်တွေပါ

#4 Customer Acquisition Cost ( CAC )
Customer တစ်ယောက်ရဖို့
သုံးရတဲ့ ကြော်ငြာစရိတ်

ရောင်းရတဲ့ Customer အရည်အတွက်နဲ့
ကုန်သွားတဲ့ ကြော်ငြာစရိတ်ကို စားလိုက်ရမှာပါ

ကြော်ငြာစရိတ် စုစုပေါင်း/ရောင်းရတဲ့ သူအရည်အတွက် = Customer Acquisition Cost

#5 Average Order Value = AOV
လူတစ်ယောက် တစ်ကြိမ်မှာ ပျမ်းမျှဝယ်ယူသည့် ငွေအမောင့်

စုစုပေါင်းရောင်းရတဲ့ ငွေအမောင့်/ စုစုပေါင်းရောင်းရသူ အရည်အတွက် = AOV

Measure လုပ်မှ Manage လုပ်နိုင်မှာပါ
လစဉ် တိုင်းတာထားပြီး
နောက်လအတွက် ပိုကောင်းစေမယ့်
Campaign တွေဖန်တီးတက်အောင် လေ့လာထားပါ

ဘာကြောင့် လုပ်ငန်းတူ တွေ များစွာရှိနေပါလျက်
ကိုယ့်လုပ်ငန်းကို ရွေးချယ် ဝယ်ယူ သင့်တာလဲ
ဘာတွေထူးခြားအောင်လုပ်မလဲ
ဘာတွေ ပိုကောင်းအောင်လုပ်မလဲ
ဘာတွေမတူအောင်လုပ်မလဲ
စတာတွေကို ကြိုတင်လေ့လာ ပြင်ဆင်ထားဖို့လိုပါတယ်

သို့သော်
အရာရာသိမှစဖို့မလိုပါဘူး
လုပ်ရင်းသင်
သင်ရင်းလုပ်

မှားမှာ မကြောက်ပါနဲ့
ရှုံးမှာမကြောက်ပါနဲ့
အရှုံးဆိုတာ မရှိပါဘူး
ရလဒ်တွေပဲ ရှိပါတယ်
ရလဒ် မကြိုက်ရင်
လုပ်ရပ် ပြောင်းပါ

လုပ်ရပ်ပြောင်းရင် ရလဒ် ပြောင်း လာပါလိမ့်မယ်


Just Learn & Develop

20/07/2023

အဆိုးဆုံး အခြေအနေတွေမှာ အသုံးချနိုင်တဲ့ Reframe Thinking

အကြွေးတွေ များနေတယ် ဘယ်လို ဆပ်ရပါ့မလဲ ?

ဒီအတွေးထက်
ငါ့ကို အကြွေးပေးတဲ့ ယုံကြည်တဲ့သူတွေ အများ ကြီး ရှိနေသေးတာပဲ ...အလုပ်တွေ အကောင်းဆုံး ပြန်စလုပ်မယ်... လို့ ပြောင်းတွေးလို့ရတယ်

အရောင်းအမှား အ၀ယ်အမှား
Share ၀င် အမှား တွေ ခနခန ဖြစ်လို့ ငွေဆုံးရှုံးမှုတွေ ခနခနဖြစ်လို့
ကိုယ့်ကိုယ်အပစ်တင်မိတယ် ... စိတ်အနာတရ ဖြစ်ရတယ် ဒီ အတွေးနဲ့ ခံစားချက် တွေနဲ့ ထွက်ပေါက် ပိတ်နေတာထက်

ဒီလောက်အမှားတွေ ခနခန လုပ်မိတာတောင်
ခုထိ မမွဲ သေးဘူး ...
စားနိုင်သောက်နိုင် နေနိုင် ပြီး လူလုံး လှနေသေးတာ
တော်တော် ရှာ နိုင်ပေလို့ပေါ့ ....ဒီလို ပြောင်းတွေးကြည့်လို့ရတယ်

ဒီ အလို အတွေး ပြောင်း ပြီး
အလုပ်တွေ အကောင်းဆုံး ပြန်လုပ်ရမယ်
အမှားတွေ ထပ်မမှားဖို့ အရေးကြီးတယ်
သင်ခန်းစာယူပြီး
ဆုံးရှုံးဖူးတာတွေထက် ဆယ်ဆလောက် ပြန်ရှာဖို့လိုတယ်

Jim Kwik limitless ထဲက
Decision making 40/70 rule
ကို သဘောကျတယ်
ဆုံးဖြတ်ချက် တွေ မချခင်
အနဲဆုံး အချက်အလက် 40% ရှိမှ ဆုံးဖြတ်ဖို့နဲ့ 70% ထိ ကျော်ပြီး အစိုးရိမ် မလွန်ဖို့ ဆိုတဲ့ Rule နဲ့

နောက်ထပ်
ဆုံးဖြတ်အမှား တွေ မဖြစ်အောင် ဂရုစိုက်နိုင်ဖို့လိုတယ် ...

ပြီးတော့ Not To Do List တွေ အများကြီး ချထားဖို့နဲ့

ကိုယ်တိုင် ဆုံးဖြတ်ချက်ချတာပဲဖြစ်စေ
ဘယ်သူ့ကို ဆုံဖြတ်ခွင့် ပေးထားပေးထား 40/70 Rule ကို
ကိုယ်တာ၀န်ပေးထားတဲ့သူကို ကိုယ်တိုင် စစ်ဆေးဖို့ အချိန် ပေးဖို့ လိုတယ်

ဆယ်မိနစ် ဆယ့်ငါးမိနစ်လောက် အချိန်မပေးမိလိုက်တာနဲ့
သိန်း ဆယ် နဲ့ချီ ရာချီ ပြီး ဆုံးရှုံး သွားနိုင်တယ် ....

OAR
Ownership
Accountability
Responsibility ဆိုတဲ့
Success Formula တစ်ခု ထဲကလို
ဘယ်အမှား မဆို ကိုယ်က တာ၀န်ခံ ပြီး
ဖြေရှင်းနိုင်ဖို့လိုတယ် ....

အမှားနဲ့ ရှုံးနိမ့်မှုတွေဟာ ယာယီသာ ဖြစ်တယ်
Game ထဲ မှာ ရှိနေသေးသရွေ့
Game Changer ဖြစ်နိုင်သေးတယ် ....
Winner ဖြစ်နိုင်သေးတယ် ....

03/07/2023

ကျွန်တော်အခုရက်ပိုင်း Facebook Marketing နဲ့ပတ်သက်ပြီး Trainer တစ်ယောက်အနေနဲ့ အသုံးပြုရင်း အဆင်ပြေတဲ့ နည်းလမ်းလေးတွေ အချို့ မျှဝေဖို့ စိတ်အားထက်သန်နေတယ်...
Trainer, Coach, Motivator, Lecturer စတဲ့ စာသင်တဲ့အလုပ် ကျွမ်းကျင်မှု ကို Share ပြီး အသက်မွေးဝမ်းကျောင်းပြုသူများအတွက် Facebook ကို တွင်တွင်ကျယ်ကျယ်အသုံးပြုလေ ပိုအဆင်ပြေလေဆိုတာလေး အချို့ တွေ့ရတယ်...
ဒါကြောင့် ကျွန်တော် သုံးရင်းအဆင်ပြေတဲ့ နည်းလေးတွေ ကို သတိရရင် ရသလို Share ထားမလို့ အကြံ၇တာနဲ့ ဒီ Post လေး တင်ဖြစ်လိုက်တာပါ...
စိတ်ဝင်စားရင်တော့ ဖတ်ကြည့်လိုက်နော်....
ကျွန်တော်သုံးရင်းအဆင်ပြေတာလေးတွေကတော့
1. Audience တွေများစွာကို မိမိ Page က စကားပြောတဲ့အခါ FAQ တွေကို မြန်မြန်ဖြေဖို့ Save Reply လေး လုပ်ထားတာ
2. လာမေးသူတွေရဲ့ အခြေအနေလေးတွေကို Label နဲ့မှတ်ထားတာ.... ( ဥပမာ ကိုယ်စာသင်တာ Subject 3 မျိုးရှိတယ်ဆိုပါဆို့ သူတို့မေးတဲ့ပေါ်မူတည်ပြီး Label ခွဲမှတ်သားထားတဲ့အခါ အချိန်တန်လို့ မိမိရဲ့ သင်တန်း စခါနီး သူတို့ကို Follow Up လုပ်ပြီး အကြောင်းကြားတာမျိုး
3. Page မှာ Post တွေတင်တဲ့အခါ Daily, Weekly, Monthly စသဖြင့်ခေါင်းစဉ်တပ် ပြီး တင်လေ့ရှိတဲ့အခါ မိမိကိုအားပေးတဲ့သူတွေက မိမိရဲ့ Program ကို တဖြေးဖြေးစွဲလမ်းနှစ်သက်စောင့်ဆိုင်းတာမျိုးလေးတွေကြောင့် Audience ပိုခိုင်မာလာတယ်..
4. Video တင်တာ ပို Engagement ပိုင်ကောင်းတယ်.. Live လွှင့်နိုင်ရင်ပိုတောင် Engagement ပိုကောင်းသေးတယ်...
ဒါ့အပြင် Video တွေက တစ်ခါတင်ပြီးရင် Custom Audience ဆောက်ပြီး boost လုပ်တဲ့အခါ တအားထိရောက်တယ်...
ပြီးတော့မိမိ တင်စရာမရှိတဲ့အချိန်တွေမှာလည်း Video ကို ပြန်တင်စရာမလဲလိုပဲ create post with this video ဆိုတာကို နှိပ်ပြီ ထပ်ကြိမ်ထပ်ကြိမ်ပြန်သုံးနိုင်တယ်...
ပြီးတော့ မိမိက နယ်တွေလှည့်ပြီး ဟောပြောပွဲလုပ်မယ်ဆိုရင်လည်း .. မိမိတို့ Team က ဖွဲ့စည်းဖွင့်ထားတဲ့ Page အသစ်မှာ ဆရာများရဲ့ Video လေးတွေကို အဲ့ဒီ Page မှာ နောက်တစ်ကြိမ်ထပ်မံ တင်စရာမလိုပဲ Cross Post လုပ်ပြီး တင်ထားမယ်ဆိုရင် Audience Awareness Stage ကို နှိုးဆွနိုင်မှာဖြစ်တယ်....
5. Messenger Bot ရဲ့ ထိရောက်မှုကို ပါးနပ်စွာ သုံးတာ အရမ်းထိရောက်တာတွေ့ရတယ်...မိမိရဲ့ Seminar တွေမှာ လာတဲ့ Fan တွေကို မိမိရဲ့ PDF ရယူဖို့ Page Post မှာ Comment ပေးခိုင်းပြီး Bot နဲ့ချိတ်ဆက်ပြီး Audience တွေကိုစုဆည်းထားမယ်ဆိုရင် တစ်ခြားသောပွဲအသစ်တွေရှိရင်ဖြစ်စေ မိမိရဲ့ Online သင်တန်းတစ်ခုခုဖွင့်တဲ့အခါ မှာ Raving Fan တွေရှိနေပြီးသားဖြစ်တဲ့အတွက် messenger က နေ Fan တွေကို Boost ဖိုးမကုန်ပဲ message ပို့အကြောင်းကြားနိုင်မှာဖြစ်ပါတယ်...
6. Boost တဲ့အခါ Dark Post ကိုသုံးပြီး....ရိုးရိုးတင်တဲ့အခါ New Feed Targeting တွေကိုသုံးပြီး မိမိသွားရမည့်မြို့တွေကို မသွားခင် တစ်ပတ် နှစ်ပတ်အလိုကတည်းက မိမိအကြောင်းကို ပျံ့နှံ့အောင်လုပ်ထားနိုင်ရင် အရမ်းကို ထိရောက်မှာပါ...
အခုအချက်လေးတွေက တကယ်ပိုပဲအကျိုးများလို့ သုံးကြည့်ပါလို့ တိုက်တွန်းလိုက်ပါရစေ....

22/06/2023

လူတစ်ယောက်ကို တိုးတက်ပြောင်းလဲစေနိုင်တဲ့ အခွင့်အခါများ

1. လက်တစ်ကမ်းမှာ အစဉ်အမြဲ ပေါ်နေတက်တဲ့ အခွင့်အရေးတွေကို ဖမ်းဆုပ်နိုင်တဲ့ Skill တွေ ကျွမ်းကျင်လာတဲ့အခါ
2. အများကို ကူညီရင်း ပေါင်းတက်သင်းတက် အဆက်အသွယ်ကောင်းတွေ ပေါများလာတဲ့အခါ
3. Risk ယူရဲပြီး ဆုံးဖြတ် ချက်တွေ မှန်လာတဲ့အခါ
4. ရည်မှန်းချက်ကို အကောင်အထည် ဖေါ်ရာမှာ
အသုံးပြုရမယ့် Tool တွေ Investment တွေ Resource တွေကို စဉ်ဆက်မပြတ် ဆုဆောင်းမိလာတဲ့အခါ
5. အမှားတွေ ကို ပြင်ဆင်ပြီး ရှေ့ကို ပဲ ဆက်ဆက်တိုး ပြီး ရည်ရွယ်ချက်တွေကို ဇွဲရှိရှိ အကောင် အထည်ဖေါ်လာနိုင်တဲ့အခါ

ဒီလို အချိန်အခါ တွေရောက်ဖို့
Motivation က 1%
စည်းကမ်း ရှိဖို့ က 99% လိုအပ်တယ်

1% Motivation + 99% Discipline = Success

Address


Website

Alerts

Be the first to know and let us send you an email when Kyaw Zin Lat posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Advertising & Marketing Company?

Share