By The Grace Of GOD

  • Home
  • By The Grace Of GOD

By The Grace Of GOD Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from By The Grace Of GOD, Advertising/Marketing, .

 #ခရစ်ယာန်များဖတ်ဖို့ - မြန်မာပြည်မှာ ကိုရိုနာရောဂါစဖြစ်တော့ ပြည် တော်ပြန်ကြောင့် ဆိုပြီးစဆဲကြ။ ချင်းတစ်ယောက် ပိုးတွေ့ပြ...
13/04/2020

#ခရစ်ယာန်များဖတ်ဖို့

- မြန်မာပြည်မှာ ကိုရိုနာရောဂါစဖြစ်တော့ ပြည် တော်ပြန်ကြောင့် ဆိုပြီးစဆဲကြ။ ချင်းတစ်ယောက် ပိုးတွေ့ပြန်တော့ ချင်းတွေဆိုပြီး ဝိုင်းဆဲခံရပြန်ရော။ ခုလည်း ရောဂါဖြစ်တဲ့ သူတွေကို ခရစ်ယာန် ၊မူဆလင် တွေခွဲခြားပြောပြီးဝိုင်းဆဲကြ။ တစ်ချို့တွေကပိုဆိုး လူတတ်ကြီးလုပ်ပြီး အီတလီနိုင်ငံမှာလည်း ဖြစ်နေတာက ခရစ် ယာန်တွေတဲ့။ အီတလီလို ခရစ်ယာန်နိုင်ငံမှာခရစ်ယာန်တွေ မဖြစ်လို့ ဘယ်သူ‌တွေ ဖြစ်မှာလည်းဗျာ။ ထားပါတော့ ကျွန်ုပ်က တစ်ခြားဘာသာဝင်တွေ ပြောတာတွေ၊ဆဲတာတွေကို ပြန်မပြောချင်ဘူး။ သူများကို ရွှံ့နဲ့ပေါက်ရင် လက်လည်းပေတယ်ဆိုတာ ကျွန်တော်က အရမ်းကို သဘောပေါက် နားလည်တယ်ဗျာ။
ဒီလိုပြောတဲ့ သူတွေအများစုကလည်း အဆင့်တန်းမရှိတဲ့ သူတွေများပါတယ်။ ဒါ့ကြောင့် ကိုယ့်လူ‌တွေကိုပဲ ပြောပါရစေ။

- ဒီရက်ပိုင်း ဆရာဒေးဗစ်လာနဲ့ ပတ်သက်ပြီး
သတင်းတွေပြန့်နေတော့ စဖြန့်တဲ့သူတွ လေ့ လာကြည့်တော့ ခရစ်ယာန်တွေ ဖြစ်နေတာ တွေ့ရတော့ စိတ်ပျက်ဖို့ကောင်းသလို စိတ်မကောင်းဖြစ်မိပါတယ်။ ပိုဆိုးတာက ဆရာရောဂါပိုးရတယ်ဆိုပြီး လက်ခုပ်တီးတဲ့ ခရစ်ယာန်တွေ မြင်ရတော့ တစ်ကယ် အံ့ဩမဆုံး ဖြစ်ရပါတယ်။

- ဒါကို အခွင့်ကောင်းယူပြီး သူတို့လိုချင်တဲ့ စကားပြော ဗီဒီယိုကို ဖြတ်၊ကပ်၊ညှပ်လုပ်ပြီး တင်ကြ ရှဲယ်ကြလိုက်တာ မြင်မကောင်းအောင်ဖြစ်ရပါတယ်။ တစ်ကယ်ပါ တစ်ချို့သူပြောတာတွေ များသွားပြီး မှားတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် တစ်ချို့ခရစ်ယာန်တွေရဲ့ စိတ်ထားဘယ်လောက် ညံ့ဖျင်းလည်းဆိုတာတွေသိရတော့ ဝမ်းနည်းမိတာ အမှန်ပါ။

- ကျွန်တော်ကိုယ်တိုင်က ဆရာဒေးဗစ်လာရဲ့သွန်သင်မှု မမှန်တာတွေ ထောက်ပြဆွေးနွေးတာတွေ လုပ်ခဲ့ပါတယ်၊ ရေးတာတွေလည်း ရှိပါတယ်။ တစ်ခြား နာမည်ကြီးတွေ အပါအဝင်ပေါ့။ဒါပေမယ့် သူတို့ကို လုံးဝမမုန်းသလို ဘယ်‌
တော့မှ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ လုံးဝမလုပ်ခဲ့ပါဘူး။ Theology နဲ့ Doctrine ပိုင်းဆိုင်ရာ သဘောမတူတာတွေ ရှိပါတယ်။ ဒါပေမယ့် သူတို့ကို လေးစားတယ်။ သူတို့ရဲ့ အားနည်းချက်များထဲက ဘုရားအလုပ်လုပ်တယ် ဆိုတာကို လည်း ယုံကြည်ပါတယ်။ ကိုယ်တိုင်လည်း အားနည်းချက်များစွာနဲ့ပါ။ ဆရာ ဟောတဲ့တရားတွေဆိုရင် အများကြီးနားထောင်ဖြစ်ပါတယ်။ Theological errors တွေရှိပါတယ် ဒါပေမယ့် ဆရာဒေးဗစ်လာ ဟောတဲ့တရားမှာ မှန်ကန်တဲ့ သမ္မာတရားတွေလည်း အများကြီးရှိပါတယ်။ ဒါကြောင့်လည်း သူ့ရဲ့ဟောပြော ဝေငှမှုကြောင့် အသက်တာပြောင်းလည်းတဲ့ သူ‌တွေလည်း အများကြီးပါ။ ကိုယ်တိုင်လည်း အများကြီး တွေဖူးပါတယ်။ ဆရာဟောပြောမှုကြောင့် အမှုတော်ဆောင်တဲ့သူတွေတောင် တွေ့ဖူးပါတယ်။ ဆရာ ရဲဝံ့စွာဟောပြောတဲ့ တစ်ချို့တရားတွေဆိုရင် မြန်မာပြည်က ဆရာ၊ဆရာမတွေမဟော ရဲတဲ့ သမ္မာတရားတွေတောင် ရှိပါတယ်။ ဆရာဟောတဲ့ တရားအားလုံးနားထောင်တဲ့သူဆိုရင် ကျွန်တော် ဘာကိုပြောချင်တာလည်း ဆိုတာကို နားလည်မှာပါ။

- ကျွန်တော်သိရသလောက် သူတို့အဖွဲ့က လူစုလူဝေး မလုပ်ရဘူးလို့ အစိုးကြေငြာချက်ထုတ်
တော့ လူနည်းစုလေးနဲ့ ရိုက်ကူးရေးတွေလုပ်ပြီး
Live လွှင့် နေကြတာပါ။ အဲမတိုင်ခင်က သူတို့ထိတွေခဲ့တဲ့ လူတစ်ချို့ကြောင့်ပါ။ သိစေချင်တာက တစ်ချို့က မိမိအမှားကြောင့် မဟုတ်ဘဲ မရည်ရွယ်ပဲ မတော်တဆကူးသွားကြတာ တွေလည်း အများကြီးရှိပါတယ်။ ရောဂါပိုးကူးလာသူတွေကို တရာခံလိုတော့ မမြင်မိဖို့တော့ သတိပြုစေချင်ပါတယ်။

- ဆရာဒေးဗစ်လာကို ကြည့်မရလို့ ပြဿနာကြုံမှ ဝိုင်းပြီး‌အော်နေကြတဲ့ တစ်ချို့ဆရာတွေလုပ်
ရပ်ကတော့ သူရဲကောင်းတွေ လုပ်ရပ်တော့ မ ဟုတ်ပါဘူး။ ဒီအချိန်မှာ ဆရာ့ကိုပိုပြီး မေတ္တာပြ ဆုတောင်းပေးရမယ့် အချိန်ပါ။ ခရစ်ယာန် ယုံကြည်ခြင်းက ချစ်ခြင်းမေတ္တာကို အခြေခံထားတဲ့ ယုံကြည်ခြင်းပါ။

- ချစ်သူတို့၊ ငါတို့သည်အချင်းချင်း ချစ်ကြကုန်အံ့၊ အကြောင်းမူကား၊ ချစ်ချင်းမေတ္တာသည် ဘုရားသခင်နှင့် စပ်ဆိုင်၏။ ချစ်တတ်သောသူမည်သည်ကား၊ ဘုရားသခင် ဖြစ်ဘွားတော်မူသောသူဖြစ်၏။ ဘုရားသခင်ကို သိသော သူလည်းဖြစ်၏။ ချစ်ခြင်း မရှိသောသူသည်ဘုရားသခင်ကို မသိ။ အကြောင်းမူကား၊ ဘုရားသခင်သည် ချစ်ခြင်း မေတ္တာ ဖြစ်တော်မူ၏။ (၁ ယော 4:7- 😎

- ကိုယ်နဲ့ ခံယူချက် မတူတဲ့သူကို မေတ္တာမထား
နိုင်ဘူးဆိုရင် သင့်ရဲ့ခရစ်ယာန်ဖြစ်ခြင်းကို စစ်ဆေးဖို့ လိုပါတယ်။ Theology တွေသိပြီး
မေတ္တာတရား မထားတတ်ရင် သင့်ရဲ့Theology ကိုမေးခွန်းထုတ်ဖို့ လိုနေပါပြီ။ ကျမ်းစာ မှ ကျမ်းစာဆိုပြီး သူများ ဒုက္ခရောက်နေတာကို ဟာသလုပ်နိုင်သေးတယ် ဆိုရင်တော့ သင့်သိ
ထားတဲ့ ကျမ်းစာကို မေးခွန်းထုတ်ဖို့ လိုအပ်ပါတယ်။ Doctrine မှာလုံးဝ ရပ်တည်ပါတယ် ဆိုပြီး မေတ္တာတရား ကွယ်ပျောက်နေမယ် ဆိုရင် ကျမ်းစာက လာတဲ့ Doctrine လုံးဝမဖြစ်နိုင်ပါဘူး။ နောက်ဆုံးပြောမယ် ကျမ်းစာက ရန်သူကိုတောင်ချစ်ပါတဲ့။

- ငါပညတ်သည်ကား၊ သင်တို့သည် ကောင်း ကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏သားဖြစ်လိုသောငှါ၊ သင်တို့၏ ရန်သူတို့ကိုချစ်ကြလော့။ သင်တို့ကို ကျိန်ဆဲသောသူတို့အား မေတ္တာပို့ကြလော့။ သင်တို့ကိုမုန်းသောသူတို့အား ကျေးဇူးပြုကြလော့။ သင်တို့ကိုနှောင့်ရှက်ညှဉ်းဆဲသောသူတို့အဘို့ ဘုရားသခင်ကိုဆုတောင်းကြလော့။ (မဿဲ 5:44)

- ဝိုင်းပြီး ‌ရေနစ်သူကို ဝါးကူထိုးနေကြတဲ့ ခရစ်ယာန်လို့ ခံယူတဲ့ တချို့ပုဂ္ဂိုလ်တွေ ကိုယ်ဟာကိုလည်း ဘယ်သူ့ သားသမီးလည်းဆိုတာ စဉ်းစားကြပါအုန်း။ နောက်တစ်ခု ဘုရားပေးတဲ့
ဒုတိယ အကြီးမြတ်ဆုံး ပညတ်တော်က တစ်ယောက်ကို တစ်ယောက်ချစ်ဖို့ပါ။

- ထိုမှတပါး ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟူသော ဒုတိယပညတ်သည် ပထမပညတ်နှင့် သဘောတူ၏ ဤပညတ်ထို့ထက်သာ၍ ကြီးမြတ်သော ပညတ်မရှိဟု ပြန်၍ မိန့်တော်မူ၏။ (မာကုပ် 12:31)

- နောက်ဆုံး မေတ္တာမထားနိုင်တဲ့ ခရစ်ယာန်တွေ အိမ်မှာ အေးအေးဆေးဆေး ဇတ်ကားတွေကြည့်ပြီး နေပါပျော်သလို အဖျက်သမားတော့ ဝင် မလုပ်ပါနဲ့။ ကိုယ်တင်လိုက်တဲ့ Post၊ ဒါမှမဟုတ် Commet လိုက်တဲ့ အရာတွေက ခရစ်ယာန်တစ်ခုလုံး အဖက် ဆယ်လို့မရအောင်တော့
ကျေးဇူးပြုပြီး မလုပ်ကြပါနဲ့။

- ဒီအချိန်မှာ ခရစ်ယာန်အားလုံး ဆရာ ဒေးဗစ်လာနဲ့ သူ့အဖွဲ့သားတွေ အမြန်ဆုံး ကျန်းမာပြီး
အရင်ကထက် ကျမ်းစာကို မှန်ကန်စွာ ပိုင်းခြားဟောပြောနိုင်ဖို့ ဆုတောင်းပေးကြပါစို့လို့ မေတ္တာရပ်ခံပါတယ်။

- နားရှိသောသူများ ကြားရပါစေ...။
- ရှိုင်းကိုကိုလင်း

He is a master artist!
10/12/2018

He is a master artist!

Jesus Reigns is a nationwide day of celebration in the Philippines across the 82 provinces of the island nation, to declare Jesus as Lord. It’s vision is: to see every nation, consumed by the love of the Heavenly Father, empowered by the Holy Spirit, seeking to honor God and worship Jesus Christ a...

14/10/2018

Address


Website

Alerts

Be the first to know and let us send you an email when By The Grace Of GOD posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Advertising & Marketing Company?

Share