15/10/2020
ကျွန်တော်တို့ နားလည်တဲ့ Digital Marketing
==================================
Digital Marketing ဆိုတဲ့စကားလုံးက တဖြည်းဖြည်းနဲ့ကျယ်ပြန့်လာခဲ့ ပြီးယခုကာလတွေမှာတော်တော်
အသုံးများလာတာကိုလည်းတွေ့ရမှာဖြစ်ပါတယ်။ ဒီတော့ Digital ဆိုတာဘာလဲ မားကတ်တင်းဆိုတာဘာလဲ
ဆိုတာသိဖို့လိုအပ်လာပါတယ်။
Digital ဆိုတာ အချက်လက်တွေကိုလျှင်လျှင်မြန်မြန် ပြောင်းရွှေ့နိုင်တဲ့ Platform လို့အကြမ်းဖျင်းမှတ်ယူလို့
ရပါတယ်။Digital Device ဆိုတာကတော့ Network တစ်ခုခုကနေဆက်သွယ်လို့ရတဲ့ပစ္စည်းတွေ ဒါမှမဟုတ်
အီလက်ထရောနစ် Device တွေကိုအသုံးပြုပြီးဆက်သွယ်လို့ရတဲ့အရာတွေကို Digital Device တွေလို့ခေါပါတယ်။
ဒါကြောင့် Digital Marketing ဆိုတာ လက်တွေ့ဘ၀မှာရှိတဲ့ Marketing နည်းစနစ်တွေနဲ့ Techonology ကိုပေါင်းစပ်
ပြီးရရှိလာတဲ့ Marketing Platform တစ်ခုဖြစ်ပါတယ်။
Digital Marketing ထဲမှာ Online အသုံးပြုသူတိုင်းကို မားကတ် လုပ်လို့ရပြီးကြော်ငြာတွေလုပ်ကြပါတယ်။
Online နဲ့အသုံးပြုရတဲအရာအားလုံးကိုကြော်ငြာလို့ရတာဖြစ်တဲ့အတွက် Email, google, Social MediaPlatform
ဒီလို နေရာတွေမှာလည်း ကိုယ့်လုပ်ငန်းအတွက် စားသုံးသူအသစ်(CUSTOMER) တွေကိုကြော်ငြာတွေပြလို့ရပါတယ်။
Online အသုံပြုသူတွေတစ်နေ့ထက်တစ်နေ့ ပိုပိုတိုးတိုးလာတဲ့အတွက် လုပ်ငန်းရှင်တွေအနေနဲ့ကလည်း Digital
Platform တွေအပေါအပြေးအလွှားရောက်လာခဲ့ပါတယ်။လူတွေရဲ့ ၀ယ်ယူမှုပုံစံတွေကလည်း အရင်ကနဲ့မတူတော့ပဲ
အင်တာနက်ပေါကိုမှီခိုလာကြပါတယ်။ ဒါပေမဲ့ Digital Platform တွေဟာ သင့်လုပ်ငန်းအတွက်အရာအားလုံးမဟုတ်
တာကိုတော့သတိထားရပါမယ်။ Digital ပေါကနေပြီးတော့ လုပ်ငန်းတိုင်းအတွက် စားသုံးသူအသစ်တွေ မရနိုင်တာ
ကြောင့် Marketing Channel တစ်ခုအနေနဲ့တာသတ်မှတ်ထားတာ ပိုပြီးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။
အသုံးပြုတဲ့ လူအရေတွက်များလာတာဖြစ်လို့ ကျွန်တော်တို့ရဲ့ လုပ်ငန်းတွေ,ကုန်ပစ္စည်းတွေကို စားသုံးသူတွေနဲ့
အဆက်သွယ်မပြတ်ဖို့ ပိုမိုခိုင်မာတဲ့ ဆက်ဆံရေးတွေဖြစ်လာဖို့ စားသုံးသူအသစ်တွေရရှိဖို့ အတွက် Digital platformတွေကိုတော့ အသုံးပြုသင့်ပါတယ်။