Dkyaukse

Dkyaukse A good liar. Art is something we do, but creative was something we live Myanmar Photography

17/02/2020
အင်းဆက်
20/09/2018

အင်းဆက်

01/06/2018

ကျုပ်က.. ကွန်ပျူတာနဲ့
လက်ထပ်ထားပြီး ဒီဇိုင်းတွေကို
ခေါင်းအုံးပြီးအိပ်တတ်တဲ့
ကောင်ပေါ့။

03/03/2018

... ဟု​ခေါ်သည်​။ (​နောက်​ဆက်​တွဲ ၉)
ဆိုပါ​တော့...။ အပင်​စိုက်​တယ်​ဆိုတာဘာလဲ။ ကျွန်​​တော်​ အပင်​စိုက်​တယ်​ဆိုတာ အလုပ်​နဲ့ပတ်​သက်​တာပါ။ ဆရာ​ကျောင်း(ဒီဇှို်း မျိုး​ဆွေသန်း) ​ပြောဖူးတယ်​။ ဒီဇိုင်းနာ​ပေါပါတယ်​။ လ္ဘက်​ရည်​တိုက်​ရင်​ လုပ်​ခိုင်းလို့ရပါတယ်​လို့။ ထားပါ။ တိုက်​တိုက်​ မတိုက်​တိုက်​ လုပ်​တယ်​ဗျာ။ အဲဒီလိုနဲ့ အပင်​စိုက်​တယ်​။ အဲဒီ့အပင်​က အသီးမသီးလဲဘာမှမဖြစ်​ဘူး။ အရိပ်​မရလဲ ဘာမှမဖြစ်​ဘူး။ ဒါ​ပေမယ့်​ ကိုယ်​စိုက်​ခဲ့တဲ့အပင်​ ရှင်​သန်​လာရင်​​တော့ ပီတိဖြစ်​ရတာ​ပေါ့​နော့်​။ ဒီလိုနဲ့ စိုက်​ခဲ့တဲ့အပင်​​ပေါင်းလည်း မနည်းဘူး။ မျက်​ပင်​စိုက်​မိလို့ တက်​နင်းသွားတာလည်း ခံခဲ့ဖူးတယ်​။ အရိပ်​ရအပင်​ရှင်​သန်​ကြီးထွားလာလို့လဲ အရိပ်​ခိုနားခွင့်​ရတယ်​။ အသီးပင်​ရှင်​သန်​လို့လည်း အသီးစားခွင့်​ ကြုံခဲ့ရဖူးတယ်​။ ဒီလိုနဲ့ ပတ်​ဝန်းကျင်​ အသိုင်းအဝိုင်းမှာ ဒီဇိုင်​နာတစ်​​​ယောက်​အဖြစ်​ ရပ်​တည်​ခွင့်​ရခဲ့တယ်​။ မှတ်​မှတ်​ရရ ၂၀၀၁ ခုနှစ်​​လောက်​မှာ အ​မေ ရန်​ကုန်​ဆင်းလာပြီး "သား... မင်းဒီအလုပ်​ဘဲလုပ်​​တော့မှာလား။ မင်းအလုပ်​​တော့အ​မေနားမလည်​ဘူး။ တစ်​ခြားဘာလုပ်​ဖို့စဉ်းစားထားတာရှိလဲ" လို့​မေးဖူးတယ်​။ ကျွန်​​တော်​လည်း အ​မေ့ကိုပြန်​​ပြောလိုက်​တယ်​။ "မာမီ... သားဒီအလုပ်​ကိုဘဲလုပ်​​တော့မယ်​။ တစ်​ခြားဘာမှမလုပ်​​တော့ဘူး" လို့ ပြန်​​ပြောဖူးတယ်​။ ​နောက်​​တော့ ကျွန်​​တော့်​မျိုးရိုးမှာမရှိတဲ့ အနုပညာဒီဇိုင်းအလုပ်​ကိုဘဲ လုပ်​ရင်း ရန်​ကုန်​မှာ ဘဝစခဲ့တယ်​။ အဲဒီ့​နောက်​ပိုင်း 3D သင်​တန်းတက်​တယ်​။ ပန်းချီည​ကျောင်းလိုက်​တက်​တယ်​။ ဒီဇိုင်းနဲ့ပတ်​သက်​ပြီး လိုအပ်​တာ​တွေ ​လေ့လာဖြစ်​တယ်​။ တစ်​စိုက်​မတ်​မတ်​​တော့မဟုတ်​ဘူး။ ရန်​ကုန်​မှာအသက်​ဆက်​ဖို့ ရပ်​တည်​ဖို့ရုန်းကန်​ရင်းနဲ့​ပေါ့။ ​တောင်​​ပေါ်ကဆင်းလာပြီး တစ်​ချိန်​တည်း ဒီအလုပ်​ကိုလုပ်​တဲ့သူ​​တွေထဲမှာ ခုထိလုပ်​​နေတာ ကျွန်​​တော်​ဘဲကျန်​​နေတယ်​။ ဘာ​ကောင်​မှ​တော့မဟုတ်​ဘူး။ တစ်​ခြားဘာမှမလုပ်​တတ်​လို့။ လုပ်​မယ်​လို့ ဆုံးဖြတ်​ပီးကထဲက တစ်​စိုက်​မတ်​မတ်​လုပ်​ခဲ့တယ်​။ ဖြစ်​တာရှိသလို ပျက်​တာ​တွေလည်းမနည်းဘူး။ စိတ်​ပျက်​ခဲ့လို့ တစ်​နှစ်​​လောက်​ ကွန်​ပျူတာမကိုင်​ခဲ့တာကလွဲလို့ ကျွန်​​တော်​ရဲ့ ၂၄ နာရီမှာ ၁၅ နာရီ​လောက်​က ကွန်​ပျူတာ​ရှေ့မှာရှိတာများတယ်​။ အဲဒီချိန်​က ခု​ခေတ်​လို အင်​တာနက်​​ခေတ်​မ​ကောင်း​သေးဘူး​နော်​။ ဒါ​ပေမယ့်​ ကျွန်​​တော်​လုပ်​နိုင်​တာ ဘာမှမဟုတ်​ခဲ့ဘူး။ ဘာမှမဖြစ်​ခဲ့ဘူး။ ​သောက်​​သောက်​စားစားနဲ့ ဒီဇိုင်​နာဘဝကို ​ရေလိုက်​ငါးလိုက်​ဖြတ်​သန်းခဲ့တယ်​။ ခုချိန်​အထိ ကျွန်​​တော်​ခံယူထားတာရှိတယ်​။ Forever Group က ဆရာ​ဌေး ​ပြောခဲ့တဲ့စကား။ " ဒီဇိုင်​နာဆိုတာဘာလဲ " ဒီဇိုင်​နာဆိုတာ အ​ကောင်းဆုံး လူလိမ်​​တွေဘဲတဲ့။ ဒါ​ကြောင့်​ ကျွန်​​တော့်​ Profile မှာ " A good lier" လို့ ကျွန်​​တော်​​ရေးထားတယ်​။ အ​ကောင်းဆုံး ဒီဇိုင်​နာဆိုတာ အ​တော်​ဆုံးလူလိမ်​ဘဲ။ ဒီဇိုင်​နာဆိုတာ ဖန်​တီးသူမဟုတ်​ဘူး။ ဒါကို လက်​ခံတတ်​ရမယ်​။ နားလည်​​နေရမယ်​။ ကိုယ်​ဘာလုပ်​​နေလဲဆိုတာ သိရမယ်​။ ဖန်​တီးသူလား ဒီဇိုင်​နာလား။ ဖန်​တီးသူက ဒီဇိုင်​နာထက်​မြင့်​တယ်​။ သူက ဒီဇိုင်​နာမဟုတ်​​တော့ဘူး။ Creatior ဖန်​တီးမှု တီထွင်​မှုကိုလုပ်​တဲ့သူ။ အဲဒီ့အဆင့်​ကိုသွားခြင်​ရင်​၊ ​ရောက်​ခြင်​ရင်​ ကိုယ်​ပိုင်​အစွမ်းအစရှိရမယ်​။ ကူးယူမှီငြမ်း ခိုးချလို့မရဘူး။ လိမ်​လို့မရဘူး။ တနည်းအားဖြင့်​ စုတုပြု မရ​တော့ဘူး။ ခု​ခေတ်​စား​နေတဲ့ Art Director နဲ့ ဒီဇိုင်​နာနဲ့က သိပ်​မကွာဘူး။ သူလည်း လူလိမ်​ သူခိုးသာသာဘဲ။ ဒီဇိုင်​နာထက်​ နည်းနည်းမြင့်​သွားတယ်​​ပေါ့။ အဲဒါ​တွေထပ်​​ပြောရင်​ ရှုပ်​ကုန်​မယ်​။ ကျွန်​​တော့်​ရဲ့ ဒီဇိုင်းဆိုတာ​တွေကိုဘဲ ဆက်​​ပြောကြည့်​တာ​ပေါ့။

21/02/2018

... ဟု​ခေါ်သည်​။ (​နောက်​ဆက်​တွဲ ၈)

ကျွန်​​တော်​တို့​တောင်​​ပေါ်မှာ ​ပြော​နေတဲ့စကားတစ်​ခွန်းရှိတယ်​။ "အသီးစားချင်​ အပင်​​စိုက်​" တဲ့။ ကျွန်​​တော်​စိုက်​ခဲ့တဲ့အပင်​​တွေက​နေ အသီးအပွင့်​​တွေစားခွင့်​ရခဲ့တယ်​။ Freelance အ​နေနဲ့ Network Service ​တွေ​တောင်​လိုက်​လုပ်​ဖြစ်​တယ်​။ ချစ်​ဇနီးရဲ့အကို​ကောင်းမှုနဲ့ Service ​တွေ​တော်​​တော်​များများလုပ်​ဖြစ်​တယ်​။ ​နောက်​ပိုင်း​တော့ ဒီဇိုင်းကိုဘဲ အဓိကထားပြီး အလုပ်​ပြန်​လုပ်​တယ်​။ 
နောက်​​တော့ လုပ်​ခဲ့ဖူးတဲ့ Inforithm-Maze မှာ freelance အလုပ်​သွား​တောင်းရင်းနဲ့ အချိန်​ပိုင်းဒီဇိုင်​နာအဖြစ်​ အလုပ်​ပြန်​ဝင်​လုပ်​ဖြစ်​တယ်​။ ကျွန်​​တော်​က အစပထမဆိုတာ​တွေနဲ့ ​တော်​​တော်​အကျိုး​ပေးပုံရတယ်​။ အလုပ်​အ​ဟောင်း​ပေမယ့်​ အလုပ်​အသစ်​​တွေနဲ့ စပြီးလုပ်​ခဲ့ရတယ်​။ အရင်​တုန်းက ရုံးမှာရှိတဲ့ဒီဇိုင်းနာ​တွေကို ကိုယ်​က ပြ​ပေးခဲ့ဖူးတယ်​။ အခုပြန်​ဝင်​​တော့ သူတို့လုပ်​တဲ့ဒီဇိုင်း​တွေက ကိုယ်​​တွေထက်​အရမ်း​ကောင်း​နေပြီး ဆရာကြ​နေတယ်​။ ကျွန်​​တော်​ ​တော်​​တော်​​လေးစိတ်​အားငယ်​မိတယ်​။ ဒါ​ပေမယ့်​ သူတို့​တွေက ကိုယ့်​ကိုလက်​တွဲ​ခေါ်ပါတယ်​။ ကိုယ်​​တွေလည်း သူတို့ကို ဆရာပြန်​တင်​ရတာ​တွေရှိတယ်​။ ကျွန်​​တော်​က​တော့ အလုပ်​နဲ့ ပညာနဲ့ပတ်​သက်​လာရင်​ တပည့်​လုပ်​ဖို့လည်းဝန်​မ​လေးတတ်​​တော့ အဆင်​​ပြေခဲ့ရတယ်​။ သူတို့​တွေက ​အရမ်းကို​တော်​လာလို့ ကျွန်​​တော်​လည်း ​တော်​​တော်​အားပြန်​စိုက်​ပြီး မသိ​သေးတာ၊ မတတ်​​သေးတာ​တွေကို ပြန်​​လေ့လာခဲ့ရတယ်​။ သူတို့ကိုလည်း​ ​ကျေးဇူးတင်​ရမယ်​။ ကုမ္ပဏီမှာ အချိန်​ပိုင်းဝန်​ထမ်းလုပ်​ရင်း အပြင်​အလုပ်​​တွေကိုလည်း Freelance လုပ်​တယ်​။ ဒီလိုနဲ့ တစ်​ရက်​မှာ Zealous မှာ အတူလုပ်​ဖြစ်​တဲ့ ​အောင်​စည်​သူ​ကျော်​က စင်​ကာပူမှာအလုပ်​လုပ်​ရင်း iOS ဂိမ်းတစ်​ခု​ရေး​နေတယ်​။ ဂိမ်းဒီဇိုင်းအတွက်​ ဒီဇိုင်းလုပ်​​ပေးမလားဆို​တော့ လုပ်​မယ်​ဆိုပြီး ဂိမ်းဒီဇိုင်းဆွဲဖြစ်​တယ်​။ လိုအပ်​တာ​တွေကို စင်​ကာပူ​ကနေလှမ်း​ပြောတယ်​။ ကျွန်​​တော်​က ဒီက​နေလုပ်​​ပေးရင်း Apple ရဲ့ App Store မှာ တင်​​ရောင်းခဲ့တယ်​။ မြန်​မာ​တွေရဲ့ ပထမဦးဆုံး ဂိမ်းဖြစ်​သလို Apple Store မှာ​လည်း ပထမဦးဆုံး​ရောင်းတဲ့ မြန်​မာ​တွေလုပ်​တဲ့ App တစ်​ခုဖြစ်​ခဲ့တယ်​။ BBC က​နေ အဲဒီ့ ဂိမ်း App ကို ဖုန်းနဲ့ အင်​တာဗျူးလုပ်​ပြီး​တောင်​ လွှင့်​ခဲ့တယ်​။ ပထမဦးဆုံး​တွေနဲ့ ကျွန်​​တော်​​ပေါ့။ အဲဒီ့ App နဲ့ပတ်​သက်​ပြီးရီစရာ​ပြောရဦးမယ်​။ မန္တ​လေး​နေ့စဉ်​သတင်းစာက ​ကျောက်​ဆည်​က Developer ​တွေလုပ်​တဲ့ App ဆိုပြီး သတင်း​ရေးတယ်​။ MRTV4 ကလည်း အင်​တာဗျူးဖို့လှမ်း​မေးတယ်​။ စကား​ပြော​နေရင်း သူတို့က အသက်​ဘယ်​​လောက်​ရှိပြီလဲ​မေး​တော့ ၃၀ ​လောက်​ရှိပြီ​ပြောလိုက်​တယ်​။ အဲဒီမှာ ၃၀ဆိုရင်​​တော့ မဗျူ​တော့ဘူးပြောတယ်​။ ဘာလို့လဲဆို​တော့ လူငယ်​အစီအစဉ်​မှာလွှင့်​မှာမို့လို့ ၂၅ ​အောက်​ဖြစ်​တယ်​ထင်​လို့ပါတဲ့။ ထားပါ​တော့။ ​နောက်​​တော့ ရုံးမှာ App နဲ့ပတ်​သက်​ပြီး လုပ်​ဖြစ်​ခဲ့တယ်​။ ​ခြောက်​လုံးပတ်​​လေ။ Android App ​လေးပါ။ Developer သိန်းလှ​မော်​နဲ့ အစမ်းလုပ်​ဖြစ်​ပြီး ​ဈေးကွက်​ထဲ ဘယ်​လိုက​နေဘယ်​လိုပြန့်​သွားလဲမသိခဲ့ဘူး။ အသိတစ်​​ယောက်​​ပြောလာမှသိခဲ့တယ်​။ ​နောက်​​တော့ သူနဲ့ဘဲ iOS အတွက်​ ရွက်​ဆုတ်​ပြက္ခဒိန်​ ဆိုတာ​ရေးခဲ့တယ်​။ အသိမှတ်​ပြုခံရတယ်​ဆိုပါ​တော့။ ​နောက်​​တော့ ရုံးအလုပ်​​တွေနဲ့ တစ်​ဝဲလည်​လည်​ဒီဇိုင်း​တွေလုပ်​ရင်း အချိန်​​တွေကုန်​ခဲ့တယ်​။

18/02/2018

...ဟု​ခေါ်သည်​။ (​နောက်​ဆက်​တွဲ ၇)

ဒီလိုနဲ့ အိပ်​ရာနိုး​တော့ ကျွန်​​တော်​ ကွန်​ပျူတာနဲ့ လက်​ထပ်​လိုက်​တယ်​။ ​နောက်​​တော့ ဆရာသူငယ်​ချင်း​တွေဖြစ်​တဲ့ ကိုညီ၊ ​စောထူးဝါး၊ သန့်​​ဇော်​ တို့ရဲ့​ကောင်းမှုနဲ့ Zelous ဆိုတဲ့ မြန်​မာပြည်​ရဲ့ ပထမဆုံးလို့​ပြောနိုင်​တဲ့ eGamer စာအုပ်​လည်းထုတ်​တဲ့ ဂိမ်းကုမ္ပဏီတစ်​ခုမှာ ဒီဇိုင်​နာ​ခေါင်းစဉ်​နဲ့ အလုပ်​ထပ်​ဝင်​တယ်​။ အဲဒီ့မှာ ဂိမ်းနဲ့ပတ်​သက်​တာ​တွေကို သူ​ဌေးဖြစ်​တဲ့ ကိုစိုင်း ( ကိုစိုင်းကြည်​ဇင်​စိုး)၊ ​အောင်​စည်​သူ တို့​ကောင်းမှုနဲ့ ထပ်​ပြီးသိခွင့်​ရခဲ့တယ်​။ ဂိမ်းနဲ့ပတ်​သက်​တာ​တွေ ထိ​တွေ့ခွင့်​ရခဲ့တယ်​။ ​နောက်​ပိုင်းအင်​တာနက်​​တွေလည်း အနည်းငယ်​​ခေတ်​​ကောင်းလာတယ်​။ အဲဒီ့မှာ ချစ်​သူဇနီးနဲ့ Online မှာ​တွေ့ပြီး ​နောက်​​တော့ ၁၀ နှစ်​သက်​တမ်းအထိ မညည်းမငြူ ဘဝကိုအတူလက်​တွဲခဲ့တဲ့ အိမ်​သူသက်​ထားကို ​တွေ့ခဲ့တယ်​။ Online ကို ဘယ်​လိုသုံးချရမလဲဆိုတဲ့အသိရပြီး​နောက်​ Online မှာ Lesson ​တွေ​ရေးဖြစ်​တယ်​။ ဒီဇိုင်းအဖွဲ့အစည်း​တွေမှာ ဝင်​ပြီးဆရာလိုလို ဘာလိုလို လုပ်​တယ်​။ ပြီး​တော့ ရုံးကသွားတဲ့ Network Service ​တွေမှာ ဝင်​ကူရှုပ်​တယ်​။ ကွန်​ပျူတာနဲ့ပတ်​သက်​ရင်​ အကုန်​လုပ်​ဖြစ်​လာတယ်​ဆိုပါ​တော့။ ​နောက်​​တော့...
အဲဒီ့အလုပ်​ကထွက်​​ပြီး နိုင်​ငံခြား Media ကုမ္ပဏီတစ်​ခုဖြစ်​တဲ့ Mango က ဒီဇိုင်​နာအလုပ်​​ခေါ်တာရှိတယ်​ဆိုလို့ သွား​လျောက်​တယ်​။ CV ကဟာကိုကြည့်​ပြီး တစ်​ခါတည်း​ပြောလိုက်​တယ်​။ ကုမ္ပဏီကလိုတာက အငယ်​တန်း ဒီဇိုင်​နာလိုတာ။ အကို့အ​နေနဲ့ဆိုရင်​ အလုပ်​ခန့်​ဖို့ခက်​တယ်​တဲ့။ ရပါတယ်​။ ဘယ်​လိုဖြစ်​ဖြစ်​လုပ်​ပါမယ်​ဆိုတာ​တောင်​ အလုပ်​မခန့်​နိုင်​ဘူးဘဲ​ပြောတယ်​။ ​နောက်​တစ်​ခု ထပ်​​တွေ့ပြန်​​တော့ အင်​တာဗျူးဆိုလို့သွားတယ်​။ ​ကြော်​ငြာဒီဇိုင်း​လေးလုပ်​ခိုင်းတယ်​။ ​သေခြာမသိ​တော့ ကျွန်​​တော်​လုပ်​တာ အချိန်​နည်းနည်းကြာသွားတယ်​။ အလုပ်​ခန့်​ဖို့ပြန်​​ပြောမယ်​ဆို​တော့ပြန်​ခဲ့ရတယ်​။ အဲဒါ မြန်​မာတိုင်းမှာ။ ဒီလိုနဲ့ ဟို​ရောင်​ ဒီ​ရောင်​နဲ့ အ​မေရိကန်​သံရုံးက Multimedia Designer ​ခေါ်​တာ​တွေ့လို့ သွား​လျောက်​တယ်​။ CV ​တွေ့ပြီး အင်​တာဗျူးချက်​ခြင်း​ခေါ်တယ်​။ အဲဒီမှာစ​တွေ့တာက english မ​ကောင်းတဲ့ကျွန်​​တော်​နဲ့ အင်​တာဗျူးတဲ့ နိုင်​ငံခြားသူ။ လွယ်​လွယ်​​ပြောရင်​ အီးမေ​ကာင်းလို့ အလုပ်​မရပြန်​ဘူး။ အဲဒီ့မှာ ကျွန်​​တော်​စိတ်​ဆုံးဖြတ်​လိုက်​တယ်​။ ဘာ​ကောင်​မှမဟုတ်​တဲ့ငါ့အတွက်​ အပြင်​မှာဘဲ ကျွန်​​တော့်​ freelance designer ဘဝကို စပြီးဖြတ်​သန်းခဲ့တယ်​။ ဖိုးဝဆိုတဲ့ Web Portal တစ်​ခုကိုလည်း ဒီဇိုင်းပိုင်းဆိုင်​ရာလုပ်​ခဲ့တယ်​။ ပြီး​တော့ Modein ဆိုတဲ့ Web Portal ကိုလည်း ဒီဇိုင်းလုပ်​​ပေးခဲ့ရပြန်​တယ်​။ ပြီး​တော့ Red Link ရဲ့ joy web portal ကိုလည်း လိုဂို​ရော web ဒီဇိုင်းကို​ရော လုပ်​ခဲ့တယ်​။ လိုဂိုဆိုတာ​တွေလည်း ​တော်​​တော်​များများဆွဲခဲ့ရတယ်​။ ပြီး​တော့ ​ငွေရဖို့အတွက်​ ရှဲဒိုး​တွေလည်း​တော်​​တော်​များများ ဆွဲခဲ့ဖူးတယ်​။ ​ဒီဇိုင်းနဲ့ပတ်​သက်​တဲ့အ​တွေ့အကြုံ​တွေ ​တော်​​တော်​များများရခဲ့တယ်​။ အပင်​​တွေလည်း ​တော်​​တော်​စိုက်​ခဲ့တယ်​။

15/02/2018

...ဟု​ခေါ်သည်​။ (​နောက်​ဆက်​တွဲ ၆)

အဲဒီလို Web design ​တွေနဲ့အများဆုံးထိ​တွေ့လာတဲ့​နောက်​မှာ ကိုယ်​တိုင်​မြင်​​တွေ့ပြီးသိလာတဲ့တစ်​ခုက "အထားအသို" ဆိုတဲ့ "Layout" က ဒီဇိုင်းလုပ်​တဲ့​နေရာမှာ အ​ရေးပါတယ်​ဆိုတာ ​တွေ့လာတယ်​။ပုံနှိပ်​ဒီဇိုင်း၊ Web ဒီဇိုင်း​နဲ့ ဘယ်​လိုဒီဇိုင်းမျိုးမှာဖြစ်​ဖြစ်​ စာ​တွေ၊ အ​ရောင်​​တွေနဲ့ ပုံ​တွေဟာ ယအဲဒီ့ အထားအသိုဆိုတဲ့ Layout က မပါမဖြစ်​လို့ မြင်​လာမိတယ်​။ ​Website ​တွေအကြည့်​များလာခဲ့တဲ့​နောက်​​တော့ ပုံနှိပ်​က Layout နဲ့ Website ​တွေရဲ့ Layout ​တွေက ပုံစံ​တွေတူလာခဲ့တယ်​။ Flash နဲ့ Website ​တွေစ​ရေးဖြစ်​တယ်​။ CD-Rom ​အတွက်​ Flash နဲ့စပြီးလုပ်​ဖြစ်​ခဲ့တယ်​။ ဒီလိုနဲ့ သူ​ဌေး​တွေက ဒီဇိုင်းလုပ်​တဲ့အ​ပေါ် ​ဘောင်​အကန့်​အသတ်​​တွေ ချမှတ်​ထားတာမရှိ​တော့ လွတ်​လွတ်​လပ်​လပ်​နဲ့ 72 dpi နဲ့ 300 (304.8) dpi ကြားမှာ ​ခေါက်​တုန့်​​ခေါက်​ပြန်​ လမ်းသလားခွင့်​ရခဲ့တယ်​။ ပညာ​တွေလည်း လုပ်​ရင်းနဲ့တတ်​လာခဲ့တယ်​ဆိုပါ​တော့။
အစပထမ​တွေနဲ့ အကျိုး​ပေးတဲ့ကျွန်​​တော်​က မြန်​မာပြည်​ရဲ့ ပထမဆုံး Web portal တစ်​ခုဖြစ်​တဲ့ PLANET web portal ကို ဒီဇိုင်းလုပ်​ခွင့်​ရခဲ့တယ်​။ ဘာကြီးမှန်းမသိတဲ့ Web portal ဆိုတာကို သူ​ဌေးဖြစ်​တဲ့ ကိုခရုက ရှင်းပြခဲ့တယ်​။ လမ်းညွှန်​ခဲ့တယ်​။ ​ပြောဆိုသင်​ကြားပြသခဲ့တယ်​။ YGN ချက်​တင်​​တွေမ​ပေါ်ခင်​တုန်းက Planet ချက်​တင်​ကို သုံးခဲ့ဖူးကြမှာ​ပေါ့။ ဒီလိုနဲ့ Inforithm-Maze ကုမ္ပဏီက တစ်​ဖြည်းဖြည်းကြီးလာ​တော့ ရုံး​တွေရဲ့လိုအပ်​ချက်​​တွေအတိုင်း HR ​တွေ၊ စည်းမျဉ်းစည်းကမ်း​တွေများလာခဲ့တယ်​။ ကျွန်​​တော်​ဆိုတဲ့​ကောင်​ကလည်း ​ဘောင်​ခပ်​ရင်​မကြိုက်​တဲ့​ကောင်​ဆို​တော့ အရာအားလုံနဲ့ ထိပ်​တိုက်​​တွေ့ကြတာ​ပေါ့။ အဲဒီ့အချိန်​တုန်းက မာနကြီးတစ်​ခွဲသားနဲ့ အလုပ်​ထွက်​ပစ်​လိုက်​တယ်​။
နောက်​​တော့ ZODIAC Media ဆိုပြီး အ​ပေါင်းအသင်းတစ်​စုနဲ့ ကိုယ်​ပိုင်​အလုပ်​လုပ်​ပြီး အိပ်​မက်​​တွေတစ်​ပုံကြီးနဲ့​ပေါ့။ ဒီဇိုင်းအတွက်​ လိုအပ်​တဲ့ပညာ​တွေသင်​ရင်း စိတ်​ကူးအိပ်​မက်​​တွေ အ​ကောင်​အထည်​ ​ဖော်​ကြည့်​ခဲ့တယ်​။ ပန်းချီည​ကျောင်းသွားတတ်​ဖြစ်​တယ်​။ ဒါ​ပေမယ့်​ ပန်းချီမဆွဲတတ်​ခဲ့ဘူး။ သြစ​တေးရီးယားက SAE Multimedia ​ကျောင်းနဲ့ ရန်​ကုန်​တက္ကသိုလ်​ပူး​ပေါင်​ပြီးဖွင့်​တဲ့ SAE Multimedia ​ကျောင်းလည်းတတ်​လိုက်​​သေးတယ်​။ ဒါ​ပေမယ့်​ ဘာမှမတတ်​ခဲ့ပြန်​ဘူး။ ဒီလိုကိုယ်​တိုင်​ကပညာ​တွေထပ်​သင်​​နေ​ပေမယ့်​ MICT Park ထဲက M3Wi က ဒီဇိုင်းသင်​တန်းမှာ ဒီဇိုင်းနဲ့ပတ်​သက်​တဲ့ဘာသာရပ်​ကို သင်​ကြား​ပေးတဲ့ ဆရာအဖြစ်​နဲ့ တစ်​နှစ်​​လောက်​ စာသင်​​ပေးခဲ့ဖူးတယ်​။ ကိုယ်​တိုင်​ဆရာဖြစ်​မှ ငယ်​ငယ်​တုန်းက ​ကျောင်းကဆရာ​တွေရဲ့အဖြစ်​ကို နားလည်​ခံစားတတ်​ပြီး ဆရာ​ဆိုတာ ဒါပါလားလို့သိလာခဲ့တယ်​။ ​နောက်​​တော့ ညအိပ်​ရင်​​ ဒီဇိုင်း​တွေ​ခေါင်းအုံးပြီးအိပ်​တတ်​တဲ့ကျွန်​​တော်​ အဲဒီ့အ​ပေါင်းအသင်း​တွေရဲ့ကုသိုလ်​နဲ့ တစ်​နှစ်​​ကျော်​​ကျော်​​လောက်​ ကွန်​ပျူတာနဲ့​ဝေးပြီး အိပ်​​ပျော်​သွားခဲ့တယ်​။ အဲဒီ့အချိန်​​တွေထားလိုက်​ပါ​တော့။ အိပ်​ရာနိုးလာ​တော့ ဘာ​တွေဆက်​ဖြစ်​လာမလဲဆိုတာ ထပ်​​ပြောပြမယ်​။

15/02/2018

... ဟု​ခေါ်သည်​။ (​နောက်​ဆက်​တွဲ ၅)

နောက်​​တော့ ကိုခရုက မဂ္ဂဇင်းနဲ့ သတင်းဂျာနယ်​ ထုတ်​မယ်​ဆိုပြီးဖြစ်​လာတယ်​။ ပုံမှန်​ထုတ်​​နေတဲ့ "အီလက်​ထ​ရောနစ်​ဂျာနယ်​" ကိုလည်း နာမည်​​ပြောင်းပြီး ဆက်​ထုတ်​မယ်​​ပေါ့။ အဲဒီ့အတွက်​ "လိုဂို" ​တွေကို ကျွန်​​တော်​ရဲ့မြင်​ဆရာလို့​ပြောလို့ရတဲ့ ဆရာစိုးဝင်းငြိမ်း စီမှာ လုပ်​တယ်​။ ရလာ​တော့ ရုံးမှာ လိုဂိုဒီဇိုင်း​တွေကို သူ​ဌေး​တွေနဲ့ မန်​​နေဂျာ​တွေရွေးကြတယ်​​။ အကြိုက်​မ​တွေ့ကြဘူးဆိုပြီး ​လော​လောဆယ်​သုံးဖို့ မဂ္ဂဇင်းအတွက်​ တစ်​ခု၊ သတင်းဂျာနယ်​အတွက်​ တစ်​ခု​ သုံးလိုက်​ကြတယ်​။ ​နောက်​​တော့ ကျွန်​​တော့်​ကို အဲဒီ့အတွက်​ လိုဂို​တွေဆွဲခိုင်းတယ်​။ စစခြင်း​ပြောလာ​တော့ ကျွန်​​တော်​မဆွဲရဲဘူး။ ဆွဲဖို့လည်း စိတ်​မရဲဘူး။ ဟိုနှစ်​ခုဆွဲထားတာက ကျွန်​​တော့်​ရဲ့ မြင်​ဆရာကြီးဆွဲထားတာ။ ဘယ်​လိုလုပ်​ပြိုင်​တုပြီးဆွဲရဲမလဲ။ အဲဒီ့မှာ ကိုချစ်​က​ပြောလာတယ်​။ "ဘာကို​ကြောက်​​နေတာလဲ။ မလုပ်​တတ်​ဘူးလား။ မသုံး​တော့လည်းဘာဖြစ်​လည်း။ လက်​တက်​တာ​ပေါ့။ ဆွဲနိုင်​သ​လောက်​ များများသာဆွကြည့်​" ဆိုပြီး အား​ပေးစကား​တွေ​ပြောလာတယ်​။ ဒီ​ကောင်​ကလည်း ​မြှောက်​​ပေးရင်​ ​ကွေး​အောင်​ကပြီးသားဘဲ​လေ။ ဒီလိုနဲ့​နောက်​ဆုံးမှာ ကျွန်​​တော်​ဆွဲ​ပေးတဲ့ "လိုဂို" နှစ်​ခုစလုံး သုံးမယ်​ဆိုပြီးဖြစ်​လာတယ်​။ အဲဒီ့တုန်းက စိတ်​ထဲမှာဘယ်​လိုကြီးမှန်းမသိတဲ့ ခံစားချက်​ဖြစ်​မိတယ်​။ ဒီလိုနဲ့ ဒီဇိုင်​နာဘဝမှာ တတိယနဲ့ စတုတ္ထ​မြောက်​ လိုဂို​တွေဖြစ်​လာပြီး ယ​နေ့အထိ အသုံးပြု​နေစဲဖြစ်​တယ်​။ အဲဒီ့လိုဂို​တွေက "7Day News" ဂျာနယ်​လိုဂိုနဲ့ "PEOPLE" မဂ္ဂဇင်းလိုဂို​တွေ​ပေါ့။ ​7Day News လိုဂိုမှာက 7 Days ဆိုတာ Day ​နောက်​မှာ "s" ပါရမှာ။ ထုံးစံအတိုင်း မှားပြီး "s" ကျန်​ခဲ့တာက ဒီဇိုင်းတစ်​ခုဖြစ်​သွားတယ်​။ အမှား​ကောင်း​ပေါ့။ နောက်​​တော့ရုံးမှာ အင်​တာနက်​ဆိုတာကြီးရလာတယ်​။ ဘာကြီးမှန်​မသိတဲ့ အင်​တာနက်​ကြီးအသုံးပြု​ပုံ​တွေကို ကို Stanley က သင်​​ပေးရင်း လိုဂိုနဲ့ပတ်​သက်​တာ​တွေကို ​လေ့လာဖြစ်​ခဲ့တယ်​။ ​နောက်​​တော့ စာ​စောင်​​တွေအတွက်​ Layout နဲ့ လုံးပန်းလိုက်​၊ Web design တို့ CD-Rom တို့အတွက်​ လုံးပန်းလိုက်​နဲ့ လုံးလည်​ခြာလည်​ဖြစ်​ပြီး နှစ်​ပင်​ သုံးပင်​လိမ်​ကုန်​ပါ​လေ​ရော။ ပြီး​တော့ Web Site ​တွေ​ခေတ်​ဦးဆို​တော့ လုပ်​လိုက်​ရတဲ့ Web design ​တွေ တစ်​လ တစ်​လ ၁၀ ခု ​လောက်​ရှိမယ်​။ အဲဒီမှာ ကိုခရုက မြန်​မာပြည်​အတွက်​ ချစ်​သူ​တွေချိန်း​တွေတဲ့ Dating Website တစ်​ခုလုပ်​တယ်​။ Web design လည်းလုပ်​ရတယ်​။ ပြီး​တော့ထုံးစံအတိုင်း လိုဂိုလည်းလုပ်​ရတယ်​။ မှတ်​မှတ်​ရရ ကိုခရုရဲ့ဖလင်​ကမရာ​လေးနဲ့ ​ဆေးရုံကြီး​ရှေ့က ဆွယ်​​တော်​ပင်​​တွေမှာ စိတ်​ကြိုက်​ဓာတ်​ပုံရိုက်​ပြီး ဓာတ်​ပုံထုတ်​၊ Scan ဖတ်​၊ ပြီး​တော့ Photoshop မှာလိုဂိုဆွဲခဲ့တယ်​။ ​နောက်​ပိုင်း Web design ​တွေဘဲ ပိုလုပ်​ဖြစ်​လာတယ်​။ စာ​စောင်​​တွေအတွက်​ မျက်​နှာဖုံးဒီဇိုင်း​လောက်​ဘဲလုပ်​လာခဲ့ရတယ်​။

15/02/2018

... ဟု​ခေါ်သည်​။ (​နောက်​ဆက်​တွဲ ၄)

နောက်​​တော့ စာအုပ်​အတွက်​ Adobe Page Maker နဲ့ Layout ​တွေလုပ်​​တော့ သူငယ်​ချင်းဆရာ​တွေ​မေးပြီး ဂျာနယ်​အတွက်​ Layout ဒီဇိုင်းဆိုတာ​ကို စပြီးလုပ်​ဖြစ်​တယ်​။ အဲဒီ့ MAZE Media ကုမ္ပဏီက ဒီဇိုင်​နာ​ကျောက်​ဆည်​တစ်​​ယောက်​ရဲ့ အစ​တွေဖြစ်​ခဲ့တယ်​။ ​နောက်​​တော့ မစုရဲ့အလုပ်​​က ကိုခရုနဲ့​ပေါင်းလိုက်​တယ်​။ ကျွန်​​တော်​လည်း အလိုလို MAZE ရဲ့ဝန်​ထမ်းဖြစ်​သွားတယ်​။ ​နောက်​​တော့ မြန်​မာနိုင်​ငံရဲ့ ပထမဆုံး Multimedia ကုမ္ပဏီဖြစ်​တဲ့ Inforithm နဲ့​ပေါင်းဖို့ဖြစ်​လာတယ်​။ အဲဒီ့ Inforithm ဆိုတာ မဟာဗုဒ္ဓဝင်​စီဒီတို့၊ မြန်​မာစာနဲ့သင်​ကြားတဲ့စီဒီတို့ စပြီးထုတ်​လုပ်​ခဲ့တဲ့ Multimedia ကုမ္ပဏီတစ်​ခု​ပေါ့။ ပိုင်​ရှင်​က ကိုချစ်​ထွန်း​ဖေ (ကိုချစ်​) တဲ့။ အဲဒီလိုနဲ့ ကုမ္ပဏီနှစ်​ခု​ပေါင်းဖြစ်​ပြီး "Inforithm-Maze" ဆိုတဲ့နာမည်​နဲ့ ကုမ္ပဏီကြီးဖြစ်​လာခဲ့တယ်​။ စစခြင်းမှာ Maze က ဒီဇိုင်​နာ​တွေကို Web design ​တွေသင်​ဖို့ Inforithm မှာ မနက်​ပိုင်း​တွေ သင်​တန်းတက်​ရတယ်​။ အဲဒီမှာစ​တွေ့တာက ကျွန်​​တော်​။ Forever က​နေ Web design လုပ်​ခိုင်းလို့ အလုပ်​ထွက်​လာတဲ့​ကောင်​။ အခု Web design သင်​တန်းတတ်​ခိုင်း​တော့ မတတ်​ဘူး​ပေါ့။ ပထမရက်​ မတတ်​ဖြစ်​ဘူး။ ​နောက်​ရက်​ကြ​တော့ မစုက​ခေါ်​ပြောတယ်​။ အဲဒီ့သင်​တန်းမတတ်​ရင်​ အလုပ်​ထုတ်​မယ်​​ပေါ့။ ဒါနဲ့ ​နောက်​ရက်​သွားတတ်​ဖြစ်​သွားတယ်​။ အဲဒီ့တုန်းက လစာ​ကောင်း​ကောင်းနဲ့ အလုပ်​ရဖို့က မလွယ်​ဘူး​လေ။ Web design ကိုသင်​​ပေးမယ့်​ဆရာနဲ့ အဲဒီ့မှာစ​တွေ့တယ်​။ ခုထိလည်း အကိုဆရာလိုပါဘဲ။ ကျွန်​​တော်​တို့က​ ကို Stanley လို့​ခေါ်တဲ့ ကိုမျိုးလှိုင်​​အောင်​ပါ။ ဒီလိုနဲ့ Web design အပြင်​ Multimedia နဲ့ပတ်​သက်​တဲ့ Software ​တွေဖြစ်​တဲ့ Micro Media Director နဲ့ Micro Media Flash ​တွေ သင်​ခဲ့ရတယ်​။ Director ကိုသင်​​ပေးတာက ကိုချစ်​နဲ့ ကို Stanley။ Flash ကိုသင်​​ပေးတာက ကိုခရု။ ဒီလိုနဲ့ Web design မလုပ်​ချင်​လို့ အလုပ်​​ထွက်​ခဲ့ကျွန်​​တော်​ Web design ​တွေကို စပြီးလုပ်​ဖြစ်​ခဲ့တယ်​။
ကုမ္ပဏီနှစ်​ခု​ပေါင်းပြီး "Inforithm-Maze" ဆိုတဲ့နာမည်​ဖြစ်​လာ​တော့ ထုံးစံအတိုင်း "လိုဂို" ဆိုတာလိုလာတယ်​။ ကျွန်​​တော့်​ရဲ့ ဒီဇိုင်​နာဘဝမှာ ဒုတိယ​မြောက်​ဖြစ်​လာမယ့်​ လိုဂို​ပေါ့။ ကုမ္ပဏီလိုဂိုဆို​တော့ ပထမလိုဂိုလိုမဟုတ်​​တော့ဘူး။ အဲဒီမှာ ကုမ္ပဏီလိုဂိုရဲ့ သ​ဘောတရား​တွေကို ​ပြောပြခဲ့ပြီး IM လိုဂိုကို အ​ကောင်းဆုံးပုံစံရ​အောင်​ သင်​ကြားပြသအကြံဥာဏ်​​ပေးခဲ့တာတာ ကိုချစ်​ရဲ့ ဇနီးပါ။ ​နောက်​​တော့ Web design ​တွေ၊ Director နဲ့ Flash သုံးပြီးလုပ်​ရတဲ့ CD-Rom ​တွေနဲ့ တစ်​ခါတစ်​​လေလုပ်​ရတဲ့ ရုံးအတွက်​ Printing ဒီဇိုင်း​​ကြော်​ငြာ​တွေနဲ့ ဖြတ်​သန်းလာခဲ့တယ်​။

15/02/2018

... ဟု​ခေါ်သည်​။ (​နောက်​ဆက်​တွဲ ၃)

စာလုံး​ပေါင်းအမှားမပါရင်​ အဲဒီ့ဒီဇိုင်း ​ကျောက်​ဆည်​လုပ်​တာမဟုတ်​ဘူးအထိ ဖြစ်​လာတယ်​။ ​သူငယ်​ချင်း ကော်​ဖီ​ကျေးဇူးနဲ့ ရခဲ့တဲ့အလုပ်​က အခုထိလုပ်​​နေတုန်းဘဲ။ ပထမရရခြင်းက​တော့ အခုသူ​ဌေးရဲ့အမလုပ်​ငန်းမှာပါ။ ​အောင်​စုကုမ္ပဏီ​ပေါ့။ အလုပ်​က​တော့ Printing ပါဘဲ။ ဟိုတယ်​​တွေ၊ ပွဲ​တွေအတွက်​ သတင်းစာ၊ လက်​ကမ်း​ကြော်​ငြာ​တွေ​ပေါ့။ ​နောက်​​တော့ ဓာတ်​ပုံ၊ ပန်းချီ ပို့စ်​စကတ်​​တွေလုပ်​တဲ့အလုပ်​ပါလုပ်​လာတယ်​။ အဲဒီမှာစ​တွေ့တာက ပုံနှိပ်​တိုက်​နဲ့တိုက်​ရိုက်​လုပ်​ရတဲ့အခါ ကျွန်​​တော့်​မှာ မသိနားမလည်​တဲ့လိုအပ်​ချက်​​တွေရှိလာတယ်​။ အဓိကရိုက်​ဖြစ်​တဲ့စက်​က ညွန့်​ပုံနှိပ်​တိုက်​။ အဲဒီ့ကသူ​ဌေးကလည်း သင်​ဆရာ မြင်​ဆရာပါဘဲ။ အဲဒီလိုလုပ်​လာရင်းနဲ့ Printing နဲ့လုပ်​တဲ့အလုပ်​​တွေဆိုရင်​ မစုအလုပ်​တင်​မဟုတ်​ဘဲ မစုရဲ့​မောင်​ အခုလက်​ရှိသူ​ဌေးဖြစ်​တဲ့ ကို​သောင်းစုငြိမ်း (ကိုခရု) ရဲ့ အလုပ်​​တွေပါ တွဲပြီးလုပ်​လာရတယ်​။ ကိုခရုက စာ​စောင်​တစ်​ခုစပြီးလုပ်​ဖို့ရှိတယ်​ဆိုပြီး ကုမ္ပဏီနှစ်​ခုရဲ့ Printing အလုပ်​​တွေလုပ်​ဖို့ဖြစ်​လာတယ်​။ အဲဒါက အခုလက်​ရှိပြည်​တွင်းရဲ့ နံပါတ်​တစ်​ဖြစ်​​နေတဲ့ နည်းပညာစာ​စောင်​ဖြစ်​တဲ့ အင်​တာနက်​ဂျာနယ်​ဆိုပြီးဖြစ်​လာမယ့်​ စာ​စောင်​ကိုစပြီးလုပ်​ခဲ့တယ်​။ စာ​စောင်​လုပ်​မယ်​ဆို​တော့ နာမည်​၊ လိုဂိုဆိုတာလိုလာပြီ။ "အီလက်​ထ​ရောနစ်​ဂျာနယ်​" ဆိုတာကို လိုဂိုလုပ်​ဖို့ဖြစ်​လာတယ်​။ အဲဒီတုန်းက "လိုဂို" ဆိုတာ ဘာမှန်းကိုမသိ​သေးဘူး။ ကိုခရုက နိုင်​ငံခြားက လိုဂို​တွေကိုပြတယ်​။ ပြီး​တော့ လိုဂိုဆိုတာ ဘယ်​လို ဘာညာဆိုပြီး ​ပြောပြတယ်​။ ကျွန်​​တော်​လည်း လုပ်​တတ်​သ​လောက်​ လုပ်​နိုင်​သ​လောက်​လုပ်​​တော့ အလုပ်​ဖြစ်​သွားတယ်​​ပေါ့။ အဲဒီ့လိုကိုစာလုံးက ​ကျောက်​ဆည်​ဆိုတဲ့ ဒီဇိုင်​နာတစ်​​ယောက်​ရဲ့ ပထမဆုံး လိုဂိုတစ်​ခု ဖြစ်​လာတယ်​။

Address

Thirimon 1st

11191

Website

Alerts

Be the first to know and let us send you an email when Dkyaukse posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Dkyaukse:

  • Want your business to be the top-listed Advertising & Marketing Company?

Share

Logo of letters!

စာလုံးတွေနဲ့ လိုဂိုဒီဇိုင်းရေးဆွဲရာမှာ ဘယ်လိုစာလုံးမျိုး Font မျိုးကိုရွေးချယ်ရမလဲ?