24 hours ကား အရောင်း / အဝယ်

  • Home
  • 24 hours ကား အရောင်း / အဝယ်

24 hours ကား အရောင်း / အဝယ် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 24 hours ကား အရောင်း / အဝယ်, Advertising/Marketing, .

20/11/2021

*** ကားမော်ဒယ်မှန် မမှန်ကို Online ပေါ်မှာကိုယ်တိုင်တိုက်စစ်ကြမယ် ***

• ကားတစ်စီးဝယ်ယူတော့မယ်ဆိုရင် Model Year(ထုတ်လုပ်သည့်ခုနှစ်)က အရေးပါပါတယ်၊ ကားထုတ်လုပ်သူတို့ဟာ
Generation(မျိုးဆက်) တစ်ခုထဲမှာပင် ထုတ်လုပ်သည့်
ခုနှစ်ကိုလိုက်ပြီ ကားအတွင်းအပြင်ပါဝင်ပစ္စည်းတွေ အနည်းအငယ်ကွဲပြားသွားပါတယ်၊ Generation တစ်ခုသို့ပြောင်းခါနီးဆိုရင်လဲ Limited Edition Model ဆိုပြီထုတ်ရောင်းကြပါသေးတယ်၊ Generation တစ်ခုကို ၃ နှစ်မှ ၆ နှစ်အထိထုတ်ကြပါတယ်၊

• မော်ဒယ်ခုနှစ်ကိုလိုက်ပြီ ပြည်တွင်းအခွန်ပေးဆောင်ရာမှာလဲမတူညီကြပါဘူး မော်ဒယ်မြင့်ရင်ပိုများပါမယ်၊ အနှိမ့်ကားတွေမှာမသိသာပင်မဲ့ စလစ်ကပ်အမြင့်ကားတွေမှာသိသာပါတယ်၊ ပြည်တွင်းစျေးကွက်မှာ Generationတစ်ခုတူပြီ ရုပ်(Body Chassis)မပြောင်းသေးပင်မဲ့ မော်ဒယ်မြှင့်ရင်စျေးကွာကြပါတယ်၊

• ဒါကြောင့် ကားဝယ်တဲ့အခါမော်ဒယ်ကိုမေးပါ၊ တစ်ချို့ကအလွယ်တကူ ခါးပတ်ကိုကြည့်ကြပါတယ်၊ မသေချာဘူးဆိုရင် မိမိကိုယ်တိုင် အွန်လိုင်းမှာတိုက်စစ်လို့ရပါတယ်၊ တစ်ချို့ဝက်ဆိုဒ်တွေက ပိုက်ဆံပေးမှအပြည့်အစုံပေါ်ပြီကြည့်လို့ရတာတွေရှိပါတယ်၊

အောက်မှာဖော်ပြပေးထားတဲ့ ဝက်ဆိုဒ်လိပ်စာတွေကတော့ အခမဲ့ဖြစ်ပြီးတစ်ချို့ဆိုရင် ဂရိတ်၊ အင်ဂျင်အမျိုးအစားတွေပါ ပြည့်စုံအောင်ပါပါတယ်၊ Name Plate, Chassis နေရာတွေကတော့ အင်င်္ဂျင်ခန်း၊ တံခါးဘောင်၊ ထိုင်ခုံအောက်၊ ရှေ့လေကာမှန်အောက်ခြေတို့မှာ ရှိတက်ကြပါတယ်။အားလုံးပဲ အဆင်ပြေကြပါစေ။

ဂျပန်ကားများအတွက် -

http://www.japan-partner.com/check-manufacture-year.php

http://www.toyodiy.com/parts/q?vin=

http://oliac.com/autos/i/

http://ice-jp.com/pages/mfr_date_check.html

http://beforward.aleado.com/cabinet

http://jpcenter.ru/month

http://www.alainauction.com/
-

နောက်ဆိုမြင်တွေ့ကြရမဲ့ အမေရိက၊ ယူရိုဘက်က ကားများအတွက်ပါ-

http://www.vindecoderz.com

https://www.vehiclehistory.com/vindecoder/vindecode-land.php

https://www.autodna.com

http://www.mycarhelpline.com/index.php?option=com_easyblog&view=entry&id=38&Itemid=91

http://www.autoblog.com/2016/04/15/determine-car-model-year-vin/

** မိမိအတွက်အသုံးဝင်မယ်ဆိုရင် ရှဲပြီသိမ်းထားနိုင်ပါတယ် **
စေတနာဖြင့်-

မူရင်းတင်သူKo Aung Pyae အား

creditပေးပါသည်။

30/09/2021

တရားဝင် ကြေညာချက် ထုတ်ပြန်ပါပြီ
=======

“ လူစီးမော်တော်ယာဉ်တင်သွင်းခွင့်အားယာယီရပ်ဆိုင်းခြင်းကိစ္စအသိပေးကြေညာခြင်း "

ရက်စွဲ၊ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက် COVID-19 ရောဂါကူးစက်မှုနောက်ဆက်တွဲအနေဖြင့် စီးပွားရေးလုပ်ငန်းများ တုံ့ဆိုင်းခြင်း၊ နိုင်ငံ၏ ပို့ကုန်တင်ပို့မှု လျော့ကျခြင်း အစရှိသည့်အကြောင်းရင်းများကြောင့် ပြည်ပမှ ကုန်စည်များတင်သွင်းမှုနှင့်စပ်လျဉ်း၍ နိုင်ငံခြားသုံးငွေကြေးအသုံးပြုမှုကို လျှော့ချနိုင်ရန် ရည်ရွယ်၍ အောက်ပါအစီအစဉ်များဖြင့် လူစီးမော်တော်ယာဉ်တင်သွင်းမှုများအတွက် တင်သွင်းခွင့်ပါမစ်/လိုင်စင်ခွင့်ပြုထုတ်ပေးခြင်းကို ၁.၁၀.၂၀၂၁ ရက်မှစတင်၍ ယာယီရပ်ဆိုင်းလိုက်ကြောင်း အသိပေးကြေညာအပ်ပါသည်

(က) လူတစ်ဦးချင်းမော်တော်ယာဉ်တင်သွင်းခြင်းနှင့် ယာဉ်အိုယာဉ်ဟောင်းအစားထိုးတင်သွင်းခြင်းအစီအစဉ်၊

(ခ) မော်တော်ယာဉ်အရောင်းစင်တာနှင့် အရောင်းပြခန်းများမှ တင်သွင်းခြင်းအစီအစဉ်၊

(ဂ) ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်၊ စစ်မှုထမ်းကောင်းတံဆိပ်၊ ရဲမှုထမ်းကောင်းတံဆိပ်ရရှိသူများအား သက်ဆိုင်ရာဌာနများ ခွင့်ပြုချက်ရရှိထားသည့် ဝန်ထမ်းတစ်ဦးချင်းတင်သွင်းခွင့်ပါမစ်ထုတ်ပေးခြင်းအစီအစဉ်၊

ထို့အပြင် မော်တော်ယာဉ်အရောင်းစင်တာအသစ်ဖွင့်လှစ်ခွင့်အား ၁.၁၀.၂၀၂၁ ရက်နေ့မှစတင်၍ ယာယီရပ်ဆိုင်းလိုက်ကြောင်း အသိပေးကြေညာအပ်ပါသည်။

ကုန်သွယ်ရေးဦးစီးဌာန

05/06/2020

အော်တို ဂီယာအသုံးပြုသူများ
မြင့်မားသော တောင်အတက်များတွင်
အဲယားကွန်း မဖွင့်ပါနှင့်၊
တောင်တက်ရန်အတွက် Second ဂီယာဖြစ်သော
S, 2 တို့ဖြင့်သာ တောင်တက်ပါ...
D သာပါသော အော်တိုကားများတွင်
Manual ပြောင်း၍ တက်သင့်ပါသည်...

ဒီဇယ် Pickup ကားများနှင့်
Manual ဂီယာသုံး အိမ်သုံးကားငယ်များတွင်
ဂီယာကို ကြိုဒေါင်းပါ...

မနိုင်သောဂီယာနှင့် အတင်းဆွဲတက်ပါက
Manual ဂီယာကားများတွင်
ကလပ်ပလိတ်ပြား မျက်နှာပြင်များ
ချော်တတ်ပါသည်။

မြင့်မားသော
တောင်အဆင်းတွင်လည်း အော်တိုဂီယာဖြစ်စေ
Manual ဂီယာဖြစ်စေ...
ဂီယာကြီးဖြစ်သော S, 2 စသော ဂီယာကြီးဖြင့်
အနည်းဆုံးဆင်းပါ...
အဆင်းရှည်သော တောင်ဆင်းများတွင်
ဂီယာအသေးဖြစ်သော
3, 4, D ဖြင့်ဆင်းပြီး ဘရိတ်အား
ကြာရှည်စွာ မှေးထားပါက
တောင်ဆင်းတွင် ဘရိတ်ပျောက်တတ်ပါသည်...
ဘရိတ်ပျောက်ပါက ဘရိတ်အောက်ကျကာ
မမိတော့ပါ...

ဘရိတ်ပျောက်ခဲ့ပါက မစိုးရိမ်ပဲ
ဂီယာဖြင့် ထိန်းရပ်ကာရပ်ပြီး နာရီဝက်ကျော်ခန့်
နားလိုက်ပါက ဘရိတ်နဂိုကဲ့သို့ အပေါ်ပြန်တက်ကာ
ကောင်းသွားပါလိမ့်မည်...

တောင်တက် တောင်ဆင်း မျက်ကွယ်ကွေ့များတွင်
ဟွန်းတီးရန် မမေ့ပါနှင့်...
ဟွန်းသံသည် ကျဉ်းမြောင်းသော
တောင်ကွေ့များတွင် နှစ်ဖက်လုံးအတွက်
အန္တရယ်ကာကွယ်နိုင်ပယသည်...

တောင်တက် တောင်ဆင်းချောက်ကမ်းပါးနား
ကားချင်းကပ်ရှောင်ရာ၌
ဘေးကာတန်းနှင့် တိုင်မရှိသောနေရာများတွင်
ဖို့မြေသားပေါ် မနင်းပါနှင့်...
မသေချာပါက ရပ်ထားကာ ရှောင်ပါ...
ဘယ်မောင်းကားများ မသေချာပါက
ရပ်ပြီးသာ ရှောင်သင့်ပါသည်...

တောင်တက် တောင်ဆင်းများတွင်
ကားကြီးများကို ဦးစားပေးပါ...
ကားကြီးများသည် ဝန်အလေးချိန်များသဖြင့်
အချို့နေရာများ ဖို့မြေသားများတွင်
ချောက်နုတ်ခမ်းအထိ ကပ်သွား၍ မရပါ...
ထို့ကြောင့် ကားကြီးများအား လမ်းဦးစားပေးပါ...

တောင်တက် တောင်ဆင်းများတွင်
တအိအိ တက်ဆင်းနေသော
ကားကြီးများ အနှောင့်အယှက်ဖြစ်စေရန်
ဟွန်း တတီတီ တီး၍ လမ်းမတောင်းပါနှင့်...
လမ်းလွတ်သောနေရာများတွင်
လမ်းမတောင်းသည့်တိုင်
နောက်ကားအား ကျော်ရန်နေရာပေးပါလိမ့်မည်...
ကျော်မရသော လမ်းကျဉ်းများ
လမ်းပေးမရသောနေရာများတွင်
ဝန်အလေးဖြင့် တက်ဆင်းနေသော
ကားကြီးများအား ဟွန်းသံဖြင့်
အနှောင့် အယှက်မပေးပါနှင့်...

ရှမ်းအရှေ့ ကိုးကွေ့တောင်ကဲ့သို့
အတက်များတွင် ကားကြီးများသည်
ညာကွေ့များတွင် ကွေ့၍ မလွတ်သောကြောင့်
ဘယ်ဘက်ယာဉ်ကြောမှ ပန်းကွေ့တတ်ပါသည်...
ထို့ကြောင့် ကျဉ်းမြောင်းသော အကွေ့များတွင်
ကားကြီး ဘယ်ကြောယူကွေ့ပါက
ကားငယ်များ ဘယ်ကြောမှ
ဖြေးညှင်းစွာဆင်း၍ လမ်းပေးပါ...

ဝန်အလေးတင်ထားသော ကားကြီးများသည်
ရပ်ပြီးမှ အကွေ့တင်ပြန်တက်ပါက
အခန့်မသင့်ပါက နောက်ကရောင်းကြွေခြင်း...
ကလပ်ပလိတ်ကုန်ခြင်း...
ရှပ်များကျိုးခြင်းဖြစ်တတ်ပါသည်...

တောင်တက်များတွင် ဖြေးဖြေးမှန်မှန်သာ
တက်ခြင်းသည် ကားအင်ဂျင်ကို ဝန်ရုန်းရ
သက်သာစေပြီး အန္တရာယ်ကင်းပါသည်...
အတက် အကွေ့များတွင်
ချောက်ကမ်းပါးဘက်မှ ပန်းကွေ့ရပါက
အရှိန်ကြိူလျော့ထားပါ...
အကွေ့မနိုင်ပါက တစ်ဘက်
ချောက်နုတ်ခမ်းအထိပါသွားတတ်ကာ
အန္တရာယ် ရှိပါသည်...

တောင်တက် တောင်ဆင်းများတွင်
မိတ်ဆွေတို့ကားများ ခေတ္တနားလိုပါက
မျက်ကွယ်ကွေ့နေရာများနှင့်
လမ်ကျဉ်းသောနေရာများကို
ရှောင်ပြီး လမ်းကျယ်သောနေရာတွင်သာနားပါ...

မည်မျှမြင့်မားသော တောင်ပင်ဖြစ်ပါစေ...
အိမ်စီးကားများသည် ရပ်ပြီး ပြန်တက်ရာတွင်
ယခုခေတ်ကားများသည် သာသာယာယာပင်
တက်နိုင်ကြပါသည်...
ဒါကြောင့် မသေချာသောနေရာများတွင်
ရပ်ပြီး ရှောင်ပေးပါ...

မိတ်ဆွေကားအန္တရာယ်ကင်းအောင်မောင်းပြီး
အခြားကားများလည်း အန္တရယ်မဖြစ်အောင်
ဂရုပြု မောင်းနှင်ပေးပါရန် လိုအပ်ပါသည်...

ခရီးမထွက်ခင်...
ပန်ကာကြိုး...
အင်ဂျင်ဝိုင်...
ဂီယာဝိုင်...
ဘရိတ်ဆီ...
ရေတိုင်ကီ Coolant...
ပါဝါဆီ...
ရေသုတ်တံနှင့် မှန်ဆေးရည်...
ကားဟွန်း...
တိုင်မင်ကြိုး...
ဘရိတ်ရှုးနှင့် အောက်ပိုင်းစစ်ဆေးရန်
မမေ့ပါနှင့်...

လေစစ်များ မကောင်းပါက
အသစ်လဲလှယ်ပြီးမှ ခရီးထွက်ပါ...

ကား တာယာရက်စွဲများကို ခရီးမထွက်ခင်
အသေအချာ စစ်ဆေးပါ...
တာယာ ပန်း ကောင်း မကောင်း စစ်ဆေးပါ...
တာယာရက်စွဲသည် ၄ နှစ်ခန့်အထိသာ
စိတ်ချရပါသည်။

ချစ်မိတ်ဆွေများအားလုံး
လိုရာခရီးသို့ ချောမောစွာ ရောက်ကြပါစေ...

27/04/2020

Address


Website

Alerts

Be the first to know and let us send you an email when 24 hours ကား အရောင်း / အဝယ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Advertising & Marketing Company?

Share