EYU Myanmar Scouts

EYU Myanmar Scouts We are Domain Registrar and Hosting Provider With 24/7 Support. VoIP / PBX / VPS / Software / ERP.

🛑အရိုးကျိုးခြင်း ( Musculoskeletal Injuries) ▪️ အရိုးကျိုးခြင်းဆိုသည်မှာ အရိုးသည်အရှိန်တစ်ခုကြောင့် မူလမျက်နှာပြင်အနေအထာ...
08/05/2021

🛑အရိုးကျိုးခြင်း ( Musculoskeletal Injuries)

▪️ အရိုးကျိုးခြင်းဆိုသည်မှာ အရိုးသည်အရှိန်တစ်ခုကြောင့် မူလမျက်နှာပြင်အနေအထားမှ ဆက်စပ်မှု ပြတ်တောက်သွားခြင်းဖြစ်သည်။

♦️အရိုးကျိုးခြင်းအကြောင်းအရင်းများ

အရိုးကျိုးရခြင်းအကြောင်းအရင်းများမှာ-

▪️၁။တိုက္ရိုက်အရှိန်ကြောင့်ကျိုးခြင်း။ ဥပမာ -အရိုးနှင့်အရာ၀တ္ထုတို က္ရိုက်ထိခိုက္မိခြင်း။

▪️၂။သွယ်ဝိုက်သောအရှိန်ကြောင့်ကျိုးခြင်း။ ဥပမာ- လက္္ထောက်လဲသောအခါညှပ်ရိုးကျိုးခြင်း။

▪️၃။ကြွက်သားများရှုံ့တွခြင်းကြောင့်ကျိုးခြင်း။ ဥပမာ-ခြေဖဝါး ကြွက်သားများလျင်မြန်စွာ ရှုံ့တွလိုက်ခြင်းကြောင့် ခြေဖမိုးအရိုးကျိုးခြင်း။

♦️အရိုးကျိုးခြင်းအမျိုးအစားများ။

▪️၁။အပွင့်ကျိုးခြင်း။

▪️၂။အပိတ်ကျိုးခြင်း။

♦️အပွင့်ကျိုးခြင်း

▪️ အရိုးကျိုးပြီးအရေပြားများ ပေါက်ပြဲကာအရိုးများ ငေါထွက်နေမည်။

♦️အပွင့်ကျိုးခြင်းလက္ခဏာများ

▪️၁။ အရေပြားပေါက်ပြဲ၍ သွေးများထွက်ခြင်း။

▪️၂။အရေပြားကိုဖောက်၍ အရိုးများငေါထွက်နေခြင်း။

▪️၃။အရိုးကျိုးသောအစိတ်အပိုင်း အထိမခံနိုင်ခြင်း။

▪️၄။လှုပ်ရှားလျင်ပိုမိုနာကျင်ခြင်း။

▪️၅။ရောင်ရမ်းခြင်း။

▪️၆။သွေးဆုတ်သွေးလန့် (shock)လက္ခဏာများတွေ့ရခြင်း။

♦️အပွင့်ကျိုးခြင်းဒဏ်ရာအားပြုစုခြင်း။

▪️၁။လှုပ်ရှားမှုနည်းနိုင်သမျှနည်းအောက်ပြုလုပ်ပါ။ မိမိလုပ်ဆောင်ချက်္များကို ရှင်းလင်း၍အားပေးစကားပြောပါ။

▪️၂။အပွင့်ဒဏ်ရာအားပြုစုရာတွင် လက္အိတ်(သို့) သန့်ရှင်းသောကြွပ်ကြွပ်အိတ်အသုံးပြု၍ ကိုင်တွယ်ပါ။

▪️၃။ပိုးသတ်ထားသော ဆေးထည့်ပိတ်ပါးစနှင့်ပိုးမ၀င်စေရန် သန့်ရှင်းစွာပြုစုပါ။

▪️၄။သွေးများထွက်နေပါကသွေးတိတ်စေရန်ပြုစုပါ။

▪️၅။အရိုးများငေါထွက္နေပါက ကရွတ်ခွေခံ၍ပတ်တီးစည်းရမည်။

▪️၆။သွေးဆုတ်သွေးလန့်ခြင်းကိုပြုစုပါ။သွေးစုတ်သွေးလန့်ခြင်းအားပြုစုရာတွင် ခြေထောက်အစိတ်အပိုင်းကျိုးနေသောလူနာအား ကြပ်စည်းပြီးမှ ခြေပိုင်းကိုမြှင့်၍ပြစုပါ။

▪️၇။ဆေးရုံဆေးခန်းသို့အမြန်ဆုံးပို့ပေးပါ။

♦️အပိတ်ကျိုးခြင်း (Closed fracture)

▪️အရေပြားပေါက်ပြဲခြင်းမရှိပဲကျိုးခြင်းဖြစ်သည်။

♦️အပိတ်ကျိုးခြင်းအမျိုးအစားများ-

▪️ရိုးရိုးကျိုးခြင်း။

▪️ကြေမွ၍ကျိုးခြင်း။

▪️သစ်စိမ်းရိုးကျိုးခြင်း။

♦️အပိတ်ကျိုးခြင်း လက္ခဏာများ

▪️၁။အရိုးကျိုးသောအရေပြားတစ်ဝိုက် နာကျင်ခြင်း၊ ရောင်ရမ်းခြင်း၊ နီမြန်းခြင်း။

▪️၂။အရိုးကျိုးသောအစိတ်အပိုင်း အထိမခံနိုင်ခြင်း၊လှုပ်ရှားလျင်နာကျင်ခြင်း။

▪️၃။လံုး၀မလှုပ်ရှားနိုင်ခြင်း။

▪️၄။ပုံသဏ္ဍာန်ပြောင်းခြင်း။

▪️၅။သဘာ၀အတိုင်းမလှုပ်ရှားနိုင်ခြင်း။

♦️အပိတ်ကျိုးခြင်းပြုစုခြင်း

▪️၁။လှုပ်ရှားမှုနည်းနိုင်သမျှနည်းအောင် ပြုစုပါ။

▪️၂။နာကျင်မှုသက်သာစေရန်နှင့် လှုပ်ရှားမှုမရှိစေရန်ကျိုးသေားအရိုး၏ အထက်ဘက်အဆစ်တွင်တစ်ချက် ကြပ်ခံ၍ပတ်တီးစည်းပါ။

▪️၃။ကျိုးသောအရိုးပေါ်တည့်တည့်တွင် ပတ်တီးမစည်းရပါ။(ပတ်တီးအစသတ်သောအထုံးကို ဒဏ်ရာနှင့်ဝေးသောဘက်တွင်ချည်နှောင်ပါ။)

▪️၄။သွေးဆုတ်သွေးလန့်ခြင်းရှိပါကပြုစုပါ။သွေးဆုတ်သွေးလန့်ခြင်းကိုပြုစုရာတွင် ခြေထောက်ကျိုးနေသောလူနာအား ကြပ်စည်းပြီးမှ မြှင့်ပါ။

▪️၅။ဆေးရုံဆေးခန်းသို့ပို့ပေးပါ။

♦️ပေါင်ရိုးကျိုးခြင်းကိုပြုစုခြင်း

ပေါင်ရိုးကျိုးသောလူနာအား ..

▪️၁။လူနာအားပက်လက္အနေအထားတွင်ထားပါ။ ချိုင်းအောက္မှအပြင်ခြေမျက်စိထိရှည်သောကြပ်တစ်ချောင်းနှင့်ပေါင်ခွမှ အတွင်းခြေမျက်စိထိရှည်သောကြပ်တစ်ချောင်းကို ကျိုးသောခြေထောက်၏ တစ်ဘက်တစ်ချက်တွင်ထားပါ။

▪️၂။ ချိုင်းကြား၊ပေါင်ကြား၊ဒူးဆစ်နှင့်ခြေမျက်စိတို့တွင်အ၀တ်စ၊ ဂွမ်းများထည့်ပါ။

▪️၃။ ‌(က)ခြေကျင်း၀တ် (ခ) ချိုင်း (ဂ) တင်ပဆုံ (ဃ)ဒူးဆစ် (င) ကျိုးသောနေရာအထက် (စ)ကျိုးသောနေရာအောက် (ဆ) ခြေသလုံးတွင်တစ်ချက်ပတ်တီးစည်းပါ။

♦️ခြေသလုံးကျိုးပါက

▪️(က)ခြေကျင်း၀တ်(ခ) ပေါင်ရင်း (ဂ) ကျိုးသောနေရာအထက် (ဃ)ကျိုးသောနေရာအောက် (င)ဒူးတွင်တစ်ချက်ပတ်တီးစည်းပါ။

‼️ရှောင်ကြဉ်ရမည့်အချက်္များ

▪️၁။မလိုအပ်ပဲလူနာကိုရွှေ့ပြောင်းခြင်းမပြုရပါ။

▪️၂။ပတ်တီးကိုတင်းကျပ်အောင်မစည်းရပါ။(သွေးလျှောက်္မှုနှောင့်နှေး ပိတ်ဆို့နိုင်သည်။)

▪️၃။လက်ဖျား၊ ခြေဖျားများဖုံးအောင်မစည်းရပါ။(သွေးလည်ပတ်မှုကိုစစ်ဆေးနိုင်ရန်။)

▪️၄။အပွင့်ကျိုးသောဒဏ်ရာကိုပြုစုလျှင် တိုက်ရိုက္ ကိုင်တွယ်ခြင်းမပြုရ။

▪️၅။ငေါထွက်နေသောအရိုးအားပြန်သွင်းရန်မကြိုးစားပါနှင့်။

▪️၆။လည်ပင်းရိုးနှင့်ကျောရိုးတန်းမကြီးကျိုးသောလူနားအား ပွေ့ချီ၍မသယ်ရပါ။

▪️၇။ လူနာအားမည်သည့်အစားအစာမျှမကျွေးရ၊ ရေမတိုက်ရ။

အဆစ်၊ရိုးဆက်​ေကြာ နှင့် ကြွက်သားများ ထိခိုက်ဒဏ်ရာရရှိခြင်းကို ပြုစုခြင်း (Joints and Muscles Injuries)ခန္ဓာကိုယ်ရှိ ကြွက...
03/05/2021

အဆစ်၊ရိုးဆက်​ေကြာ နှင့် ကြွက်သားများ
ထိခိုက်ဒဏ်ရာရရှိခြင်းကို ပြုစုခြင်း

(Joints and Muscles Injuries)

ခန္ဓာကိုယ်ရှိ ကြွက်သားများကိုထိခိုက်ဒဏ်ရာရရှိ
သည့်အခါတွင်

(၁)ကြွက်သားများ မျက်သွားခြင်း

(၂)ကြွက်သားများ စုတ်ပြဲသွား တို့ကိုြဖစ်စေနိုင်ပါသည်။

🔷 (၁)ကြွက်သားများ မျက်သွားခြင်း

ကြွက်သားများအလွန်အကျွံဆွဲဆန့်ခြင်းအားဖြင့် ဖြစ်ေစနိုင်ပါသည်။(ဥပမာ-အလွန်ေလးလံေသာအရာ၀တ္ထုများကိုမခြင်း)

လက္ခဏာ

- ထိခိုက်သည့်ေနရာတွင် နာကျင်ခြင်း၊ေရာင်ရမ်းခြင်း။
- လှုပ်ရှားသည့်အခါတွင် ပိုမိုနာကျင်ခြင်း။

(၂)ကြွက်သားများ စုတ်ပြဲသွားခြင်း

ကြွက်သားများကို ရုတ်တရတ်နှင့်အပြင်းဆွဲဆန့်လိုက်ခြင်းေကြာင့် ဖြစ်ေစနိုင်သည်။

လက္ခဏာ

- ရုတ်တရတ် စူးရှစွာနာကျင်ခြင်း။
- ကြွက်တတ်ခြင်း။
- ဒဏ်ရာရသည့်အစိတ်အပိုင်း ညိုမည်းခြင်း။

❗️❗️ပြုစုခြင်း

(၁) လူနာကို သက်ေသာင့်သက်သာအ​ေနအထားတွင်ထားပါ။

(၂) RICE နည်းစနစ်ဖြင့်ပြုစုပြီး ေဆးရံုသို့ပို့ေဆာင်ပါ။

🔷ရိုးဆက်ေကြာ ထိခိုက်ဒဏ်ရာရခြင်း

ရိုးဆက်ေကြာထိခိုက်ဒဏ်ရာရရှိခြင်းဆိုသည်မှာ အဆစ်လိမ်သွားခြင်းေကြာင့် အဆစ်ပတ်လည်တွင်ရှိေသာ ရိုးဆက်ေကြာများ(အရွတ်ေကြာများ) စုတ်ပြဲသွားခြင်းေကြာင့်ဖြစ်ပြီး အရိုး၏ပံုသဏ္ဍမပျက်ပါ။

လက္ခဏာ

- ေရာင်ရမ်းခြင်းနှင့်အဆစ်တစ်ဝိုက်တွင် ေသွးေခြဥခြင်း။
- ထိခိုက်မိေသာေနရာတွင် နာကျင်ခြင်း။
- အဆစ်ကိုလှုပ်ရှားေသာအခါတွင် ပိုမိုနာကျင်ခြင်း။
- ပံုမှန်အတိုင်းမလှုပ်ရှားနိုင်ခြင်း။

❗️❗️ပြုစုခြင်း

(၁) လူနာကို သက်ေသာင့်သက်သာအ​ေနအထားတွင်ထားပါ။

(၂) RICE နည်းစနစ်ဖြင့်ပြုစုပြီး ေဆးရံုသို့ပို့ေဆာင်ပါ။

🔷 အဆစ်လွဲခြင်း

အဆစ်လွဲခြင်းဆိုသည်မှာ ပြင်းထန်ေသာအရှိန် သို့မဟုတ် အဆစ်လိမ်သွားခြင်းအားဖြင့် အဆစ်ပတ်လည်တွင်ရှိေသာအရိုးဆက်ေကြာများ (အရွတ်ေကြာများ) စုတ်ပြဲပြီး အရိုးတစ်ခု သို့မဟုတ် တစ်ခုထက်ပိုေသာအရိုးများလွဲသွားခြင်းကိုဆိုလိုသည်။

မကြာခဏပြုတ်တတ်ေသာအဆစ်များမှာ-

(၁) ပခုံးဆစျ
(၂) လက်မဆစ်
(၃) လက်ေချာင်းဆစ်ကေလးများ
(၄) ေမးရိုးဆစ်(သန်းခြင်း၊အထိုးခံရခြင်းတို့ေကြာင့်ဖြစ်တတ်သည်။)
(၅) တံေတာင်ဆစ် နှင့် လက်ေကာက်ဝတ်ဆစ်
(၆) ေပါင်ဆစ်

လက္ခဏာ

- အဆစ်၏ေနရာတွင် ပံုသဏ္ဍန်ေပြာင်းလဲခြင်း။
- ေရာင်ယမ်းခြင်းနှင့် ပတ်ဝန်းကျင်တွင် ေသွးေခြဥခြင်း။
- ပံုမှန်အတိုင်းမလှုပ်ရှားနိုင်ခြင်း။
- နာကျင်ခြင်းနှင့် အာရံုေကြာများဆွဲဆန့်မှု့ေကြာင့် ထံကျင်ခြင်း။
- ကြွက်သားများ မျက်ခြင်း၊စုတ်ပြဲခြင်း။

❗️❗️ပြုစုခြင်း

(၁)အဆင်လွဲြြခင်းကို မကျွမ်းကျင်ဘဲဆွဲဆန့်ခြင်း၊ပြန်လည်၍ေနသားတကျြဖစ်ေအာင်ထည့်သွင်းခြင်း မပြုလုပ်ပါနှင့်။

(၂)ထပ်မံ၍ဒဏ်ရာမရရှိေအာင် ပြုစုပါ။

(၃)လူနာကိုအားပေးစကားပြောပါ။

(၄)RICE နည်းစနစ်ဖြင့်ပြုစုပါ။

(၅)ဆေးရုံသို့ပို့ဆောင်ပါ။

ကိုးကား။ အခြေခံရှေးဦးပြုစုခြင်းလက်စွဲ။

RICE စည်းနည်းကို အောက်ဖော်ပြပါ Link တွင် လေ့့လာနိုင်ပါသည်။

https://www.facebook.com/540327992825664/posts/1640187512839701/

ဒဏ်ရာအမျိုးမျိုးနှင့် ပြုစုနည်းများ ( Wounds )     ကိုယ်ခန္ဓာကို ဖုံးလွှမ်းထားသော အရေပြား ၊ ကလပ်စည်း ၊ တစ်ရှူးများ ပေါက်...
02/05/2021

ဒဏ်ရာအမျိုးမျိုးနှင့် ပြုစုနည်းများ ( Wounds )

ကိုယ်ခန္ဓာကို ဖုံးလွှမ်းထားသော အရေပြား ၊ ကလပ်စည်း ၊ တစ်ရှူးများ ပေါက်ပြဲသွားခြင်း
ကြောင့် အနာတရ ဖြစ်ခြင်းကို ဆိုလိုပါတယ်။

ဒဏ်ရာအမျိုးအစားများဖြင့် (၁) အပွင့်ဒဏ်ရာ နှင့် (၂ ) အပိတ်ဒဏ်ရာများဟူ၍ မြင်တွေ့နိုင်ပါတယ်။

(၁) အပွင့်ဒဏ်ရာများကတော့

✔️ ခုတ်ထစ်ဒဏ်ရာ
✔️ စုတ်ပြဲ ဒဏ်ရာ
✔️ ပွန်းပဲ့ ဒဏ်ရာ
✔️ အပေါက်ကျဥ်း ဒဏ်ရာ
✔️ စိုက်ဝင်ဒဏ်ရာ
✔️ စုတ်လန်ဒဏ်ရာ
✔️ သေနတ်ဒဏ်ရာ
✔️ တုံးတိပြတ် ဒဏ်ရာ ( လုံးဝပြတ်ထွက်သွားခြင်း ) များသောအားဖြင့် အပွင့်ဒဏ်ရာများသည် မျက်စိဖြင့် မြင်တွေ့ရနိုင်သည်။

(၂ ) အပိတ်ဒဏ်ရာကတော့

✔️ ထောင်းကြေဒဏ်ရာ

တို့ ဖြစ်ကြပါတယ်။

❗️❗️ ဒဏ်ရာအမျိုးအစားများနှင့် ပြုစုပုံများကို
အောက်တွင် တစ်ခုခြင်းစီ ဆက်လက် လေ့လာနိုင်ပါတယ်။

ကိုးကား ။ အခြေခံရှေးဦးပြုစုခြင်းလက်စွဲ

♦️စိတ်ချရသောဘေးစောင်းအနေအထား (Recovery Position)ထားနည်း ...…...............................................................
01/05/2021

♦️စိတ်ချရသောဘေးစောင်းအနေအထား (Recovery Position)ထားနည်း ...…...................................................................................

လူနာကို ဆန်းစစ်ပါ။ လူနာက အသက်ရှုနေသော်လည်း ကောင်းမွန်စွာ သတိမရသော လူနာများကို အသက်ရှုလမ်းကြောင်း ပုံမှန်ဖြစ်စေရန်အတွက် စိတ်ချရသော ဘေးစောင် အနေအထား ထားရှိရပါမယ်။

▪️၁။စိတ်ချရသော ဘေးစောင်းအနေအထားကို မထားခင်နှင့်ထားပြီးတိုင်း လေပြွန်လမ်းကြောင်းကိုဖွင့်ထားပါ။

▪️၂။ လူနာကိုတစ်ဖြောင့်တည်းထားပါ ။

▪️၃။လူနာ၏ခန္ဓာကိုယ်ပေါ်မှ အန္တရာယ်ဖြစ်စေနိုင်သော ၊ ဒဏ်ရာ‌ေစနိုင်သောအရာ (မျက္မှန်၊ ဘောပင်၊ လက္်ကိုင်ဖုန်း)စသည်များကို ဖယ်ရှားပေးပါ။

▪️၄။မိမိနှင့်နီးသောလက်ကို ၉၀ ဒီဂရီ ထောင့်မှန်ထားပါ။

▪️၅။မိမိခန္ဓာကိုယ်နဲ့ ဝေးသောဘက္မှ လက်ဖမိုးကိုဆွဲယူကာ လူနာ၏ပါးနှင့်ကပ်ထားပါ။ လူနာ၏လက်ဖဝါးကို မိမိလက်ဖဝါးဖြင့် ထိန်းထားပါ။

▪️၆။မိမိခန္ဓာကိုယ်နှင့် ဝေးသောဘက္မှ ဒူးကို ဒူး‌ေခါက်ကွေးမှဆွဲယူ၍ ခြေဖဝါးကိုကြမ်းပြင်နှင့် တစ်သားတည်းရှိသည်အထိ ထားပါ။

▪️၇။မိမိဘက်သို့ လူနာ၏ခန္ဓာကိုယ်တစ်ခုလုံးကို ဒူးနှင့်ပခုံးမှကိုင်ပြီး လှိမ့်ဆွဲယူပါ။

▪️၈။ပါးအောက္ တွင်လျှိုထားသောလက္္ကို ၉၀ဒီဂရီ ပြင်ထားသောလက်၏ တံတောင်ဆစ်တွင် ထားပြီးလက္များကို လွတ်လပ်စွာရှိနေပါစေ။

▪️၉။ခြေထောက္များကို ၉၀ ဒီဂရီနေသားတကျဖြစ်အောင်ပြုလုပ်ပေးပါ။

▪️၁၀။လူနာ၏ခေါင်းလှန်မေးမ လေလမ်းကြောင်းဖွင့်လျက် အနေအထားကို ပါးတွင်ကပ်ထားသောလက္ဖြင့် ထိန်းထားပေးပါ။

‼️အသက္ရှုခြင်းလက္ခဏာများကို ပြန်လည်စစ်ဆေးပါ။

ဆေးအကူအညီများ မရောက်လာခင်အထိ လူနာသည် အသက်ရှုမှု လွယ်ကူစေရန် သက်သောင့်သက်သာရှိစေရန် လူနာကို စိတ်ချရသော ဘေးစောင်းအနေအထားကို ထားရှိခြင်းက အကောင်းမွန်ဆုံး ဖြစ်ပါတယ်။

ကိုးကား ။ ။ အခြေခံရှေးဦးပြုစုခြင်းလက်စွဲ။

အဆစ်လွဲခြင်းဖြစ်သောလူနာကို ပြုစုခြင်း။အဆစ်လွှဲခြင်းဖြစ်သောလူနာကိုတွေ့ရှိပါက လူနာကို သက်တောင့်သက်သာ အနေအထားတွင်ထားပါ။R = ...
01/05/2021

အဆစ်လွဲခြင်းဖြစ်သောလူနာကို ပြုစုခြင်း။

အဆစ်လွှဲခြင်းဖြစ်သောလူနာကိုတွေ့ရှိပါက

လူနာကို သက်တောင့်သက်သာ အနေအထားတွင်ထားပါ။

R = Rest
ဒဏ်ရာရသော အစိတ်အပိုင်းကို အနားပေးပါ။

I = Ice
ရေခဲအိတ်အား ရေစိုဝတ်ခံပြီး ဒဏ်ရာပေါ်သို့ မိနစ် ( ၂၀ ) သို့ ( ၃၀ ) တင်ပေးပါ။

C = Compress
ဆွဲဆန့်နိုင်သော ပတ်တီးဖြင့် အင်္ဂလိပ်အက္ခရာ (8 ) ပုံသဏ္ဍာန် စည်းနည်းဖြင့် ဖိ၍ စည်းပါ။

E = Elevate
ဒဏ်ရာရသော အစိတ်အပိုင်းကို နှလုံးထက်မြှင့်အောင် ထားပါ။ ခန္ဓာကိုယ်အတွင်းသွေးလည်ပတ်မှုကောင်းစေရန် ဖြစ်သည်။

ခန္ဓာကိုယ်အတွင်း သွေးလည်ပတ်မှု ကောင်းစွာ မရရှိပါက သွေးဆုတ်သွေးလန့်ခြင်း Shock ဖြစ်နိုင်ပါသည်။

သွေးဆုတ်သွေးလန့်ဖြစ်ခြင်း Shock ဖြစ်ခြင်း
ကို အောက်ပါ link တွင် လေ့လာနိုင်ပါတယ်။

https://m.facebook.com/story.php?story_fbid=1638442713014181&id=540327992825664

အဆစ် ၊ ရိုးဆက်ကြောနှင့် ကြွက်သားများ ထိခိုက်ဒဏ်ရာရရှိခြင်းများ ( Joints & Muscles Injuries) ကို RICE စည်းနည်းဖြင့် ပြုစုနိုင်သည်။

ကိုးကား ။ အခြေခံရှေးဦးပြုစုခြင်းလက်စွဲ

♦️သွေးယိုစီးခြင်း (bleeding )📝ခန္ဓာကိုယ်ရဲ့ဘယ်နေရာမှမဆို ဒဏ်ရာကြောင့်ဖြစ်စေ ရော‌ဂါကြောင့်ဖြစ်စေ သွေးယိုစီးခြင်းကို ဖြစ်ပ...
29/04/2021

♦️သွေးယိုစီးခြင်း (bleeding )

📝ခန္ဓာကိုယ်ရဲ့ဘယ်နေရာမှမဆို ဒဏ်ရာကြောင့်ဖြစ်စေ ရော‌ဂါကြောင့်ဖြစ်စေ သွေးယိုစီးခြင်းကို ဖြစ်ပေါ်စေပါတယ်။ လူတစ်ဦးရဲ့ ခန္ဓာကိုယ်မှာ ၅လီတာကနေ ၆လီတာအထိရှိပြီး ၎င်းတို့အနက် သွေး(၂)လိီတာဆုံးရှုံးပါက အသက်အန္တရာယ် စိုးရိမ်နိုင်ပါတယ်။ထို့ကြောင့်ရှေးဦးပြုစုသူတစ်ဦးအနေဖြင့် သွေးယိုစီးသောလူနာကို သွေးတိတ်စေရန် ချက်ချင်းပြုစုပေးရမည်ဖြစ်ပါတယ်။

📌သွေးယိုစီးခြင်းအမျိုးအစား

▪️သွေးယိုစီးခြင်းအမျိုးအစား (၂)မျိုးရှိပါတယ်။

(က) အပြင်သွေးယိုစီးခြင်း

‌(ခ) အတွင်းသွေးယိုစီးခြင်းတို့ဖြစ်ပါတယ်။

📌 အပြင်သွေးယိုစီးခြင်း

(က) သွေးလွတ်ကြောထိခိုက်ခြင်းမှယိုစီးခြင်း

▪️သွေးလွှတ်ကြောများမှ ထွက်သောသွေးသည် နီးမြန်း၍ နှလုံးခုန်ချက်နှင့်အညီ သွေးများပန်းထွက်လာတတ်ပါတယ်။

(ခ) သွေးပြန်ကြောထိခိုက်ခြင်းမှ ယိုစီးခြင်း

▪️သွေးပြန်ကြောထိခိုက်ခြင်းမှ ယိုထွက်သောသွေးသည် ဖြည်းညှင်းစွာ ထွက်ပြီး နီညိုသောအရောင်ရှိပါတယ်။

(ဂ) ဆံချည်မျှင်သွေးကြောထိခိုက်ခြင်းမှယိုစီးခြင်း

▪️ဆံချည်မျှင်သွေးကြောထိခိုက်ခြင်းမှ ယိုထွက်သောသွေးသည် တဖြည်းဖြည်းစိမ့်ထွက်ပါတယ် ။

📌 အတွင်းသွေးယိုစီးခြင်း

▪️ခန္ဓာကိုယ်အတွင်း သွေးယိုစီးခြင်းဖြစ်ပါက အောက်ပါအခြေအနေနှစ်ရပ်ကို တွေ့မြင်နိုင်ပါတယ် ။

(က) မြင်နိုင်သော အတွင်းသွေးယိုစီးခြင်း

▪️အဆုတ်မှသွေးများ ဟပ်ထုတ်လိုက်ခြင်းသည် နီရဲပြီးအမြှုပ်များ ပါပါတယ်။

▪️အစာအိမ်မှသွေးများ အန်ထုတ်ခြင်းသည် ကော်ဖီရောင်(သို့မဟုတ်) ညိုပုပ်သောအရောင်ရှိပါတယ်။ အူသိမ်များမှ ထွက်သောသွေးသည် အစာဟောင်းများဖြင့်ရောနှော၍ ကတ္တရာစေးကဲ့သို့မဲနက်သောအရောင်ရှိသည့် ကျင်ကြီးများပါတတ်ပါတယ်။

▪️အူမကြီးမှထွက်သောသွေးသည် နဂိုအညိုအရောင် ရှိတတ်ပါတယ်။

▪️ကျောက်ကပ်မှ ဆီးနှင့်ရောထွက်သောသွေးသည် အနီရောင်ရှိပြီး ဆီးသွားတိုင်း ကျောက်ကပ်ရှိသော နေရာတွင်နာတတ်တယ်။

▪️ဆီးအိမ်မှထွက်သောသွေးသည် ဆီးနှင့်သွေးရောလျက် ဆီးသွားရာတွက်အခက်အခဲ တွေ့နိုင်ပါတယ်။

(ခ)မမြင်နိုင်သော အတွင်းသွေးယိုစီးခြင်း

▪️ဦးခေါင်း ၊သရွက်ရွက် ၊အသည်းတို့မှ သွေးယိုစီးခြင်းဖြစ်ပါက အပြင်ဘက်သို့မထွက်သာကြောင့် အန္တရာယ်ရှိနိုင်ပါတယ်။

📌သွေးယိုစီးခြင်းဖြစ်သော လူနာ၏လက္ခဏာများ

📝သွေးယိုစီးခြင်းဖြစ်သောလူနာများတွင် တွေ့ရမည့်လက္ခဏာများမှာ မူးဝေခြင်း ၊ အော့အန်ခြင်း၊ နှုတ်ခမ်းနှင့် အသားအရေများ ဖြူဖတ်ဖြူရော်ဖြစ်ခြင်း ၊ပြာနှမ်းခြင်း ၊ဂဏာာမငြိမ်ဖြစ်ခြင်း ၊အသားအရေအေးစက်ခြင်း ၊အသက်ရှူနှုန်းမြန်ခြင်း ၊ သွေးတိုးအားပျော့ခြင်း၊ ရေငတ်ခြင်း၊ သတိလစ်ခြင်း၊ သွေးယိုသည့်နေရာများတွင် သွေးခြေဥခြင်း၊ ပုံသဏ္ဍာန်ပြောင်းခြင်းတို့ကို တွေ့ရမည်ဖြစ်ပါတယ်။

📌 အပြင်သွေးယိုစီးခြင်းဖြစ်သော လူနာကိုပြုစုခြင်း

▪️၁။ ရှေးဦးပြစုသူအနေဖြင့် အပြန်အလှန်ရောဂါကူးစက္မှု မရှိစေရန်အတွက် လက်အိတ်၀တ်ဆင်ပြီး ပြုစုပါ။

▪️၂။ သွေးယိုစီးခြင်းကို ထိန်းချုပ်နိုင်ရန်အတွက် တိုက်ရိုက်ဖိနှိပ်နည်း (Pressure Method ) ကိုသုံးပါ။

(က) ဒဏ်ရာအတွင်း စိုက်၀င်နေသောအရာရှိ/မရှိ ကိုကြည့်ပါ။

(ခ) ဒဏ်ရာပေါ်သို့ ဆေးထည့်ပိတ်ပါးစ (သို့) သန့်ရှင်းသောအ၀တ်စတင်ပြီး (၁၀) မိနစ်ခန့် တိုက်ရိုက်ဖိနှိပ်ထားပါ။

(ဂ) ဒဏ်ရာအစိတ်အပိုင်းကို မြှင့်တင်ထားပါ။

(ဃ)ဆေးထည့်ပိတ်ပါးစပေါ်တွင် တိုက်ရိုက်ဖိနှိပ်ခြင်းဖြင့် ပတ်တီးစည်းပါ။

▪️၃။ သွေးစီးစင်းမှုလျော့နည်းစေရန်နှင့် သွေးဆုတ်သွေးလန့်ခြင်းမှ ကာကွယ်နိုင်ရန်အတွက် လူနာကိုလဲလျောင်းထားပါ။

▪️၄။ ဒဏ်ရာမှ သွေးဆက်လက်ထွက်နေပါက ပထမစည်းထားသေားပိတ်စ လုံး၀ဖယ်ရှားခြင်းမရှိပဲ ၎င်းအပေါ်တွင်ပိတ်ပါးစထပ်တင်ပြီး ပတ်တီးစည်းပါ။

▪️၅။ ဒဏ်ရာအတွင်းတွင် စိုက်၀င်နေသော အရာများရှိပါက ကရွတ်ခွေခံ၍လည်းကောင်း ၊ စိုက္၀င်နေသောအရာ၀တ္တု၏ ဘေးတစ်ဖက်တစ်ချက်တွက် အ၀တ်ခေါက်ထူထူခံ၍ ပတ်တီးစည်းပါ။

📌အတွင်းသွေးယိုစီးခြင်းဖြစ်သော လူနာကိုပြုစုခြင်း

▪️၁။ အဆုတ်နှင့်နှလုံးသို့ သွေးလည်ပတ်မှုရှိစေရန်အတွက် အလွန်အရေးကြီးပါတယ်။

▪️၂။လူနာကို လုံး၀ငြိမ်သက်စွာ ပက်လက်လဲထားပါ။

▪️၃။တင်းကြပ်သောအ၀တ်အစားများကို လျှော့ပြီးအားပေးစကားပြောပါ။

▪️၄။အတွင်းသွေးယိုစီးသောလူနာများသည် သွေးဆုတ်သွေးလန့်ခြင်းဖြစ်ပြီး အရေပြားဖြူဖျော့ကာ ကယောင်ကတမ်းဖြစ်လာမည်။ ရေငတ်ပါတယ်။ ရေလုံး၀မတိုက်ပါနှင့်။ အစားအစာပေးခြင်းမှရှောင်ကျဉ်ပါ။

▪️၅။ရင်ခေါင်းပိုင်းနှင့် ၀မ်းဗိုက်ပိုင်းတို့တွင် ရေနွေးအိတ်၊ ရေနွေးပုလင်းများမတင်ရ။

▪️၆။လူနာချမ်းတုန်လာပါက နွေးထွေးစွာထားပါ။

▪️၇။အတွင်းသွေးယိုစီးခြင်းဖြစ်သည့်နေရာ၊ သွေးပမာဏ၊ သွေးနမူနာများကို မှတ်သားပါ။

▪️၈။လူနာကိုလှုပ်ရှားမှု နည်းနိုင်သမျှနည်းအောင် ပြုစုရမည်ဖြစ်သလိုအညင်သာဆုံးကိုင်တွယ်၍ ဆေးရုံသို့အမြန်ဆုံးပို့ဆောင်ပါ။

‼️ရှောင်ရန်အချက်္များ

▪️သွေးထိန်းစည်းနှောင်ကြိုး(Tourniquet)မသုံးရ။

▪️ရေနွေးအိတ်မသုံးရ။

ကိုးကား- အခြေခံရှေးဦးပြုစုခြင်းလက်စွဲ ။

ခန္ဓာကိုယ်အတွင်းရှိ သွေးအကြောင်းကို အောက်ပါ links တွင် ဝင်ရောက်ဖတ်ရှုနိုင်သည်။

https://www.facebook.com/540327992825664/posts/1637826769742442/

သွေးဆုတ် သွေးလန့်ခြင်း ( Shock ) ရှောခ့် ...........................................................................သွေး...
28/04/2021

သွေးဆုတ် သွေးလန့်ခြင်း ( Shock ) ရှောခ့် ...........................................................................
သွေးဆုတ်သွေးလန့်ခြင်းဆိုသည်မှာ အသက်ရှင်ရန်လိုအပ်သည့် အဓိက အင်္ဂါအစိတ်အပိုင်းများဖြစ်သည့် ဦးနှောက်နှင့် နှလုံးသို့အောက်ဆီဂျင်အပြည့်ပါသော သွေးအလုံအလောက်မရရှိခြင်းကြောင့်ဖြစ်ပေါ်လာသည့် လက္ခဏာစု ဖြစ်ပါတယ်။ သွေးဆုတ်သွေးလန့်ခြင်းသည် ရောဂါမဟုတ်ပါ။

🔹 ကောင်းမွန်သောသွေးလှည့်ပတ်မှုစနစ်

ခန္ဓာကိုယ်တွင် ကောင်းမွန်သောသွေးလှည့်ပတ်မှုစနစ်ဆိုသည်မှာ-

(၁)နှလုံးကောင်းစွာ အလုပ်လုပ်ရမည်။

(၂)အောက်ဆီဂျင်အပြည့်ပါသော သွေးများ ခန္ဓာကိုယ်အတွင်းစီးဆင်းရမည်။

(၃)သွေးကြောများကောင်းမွန်ပြီး သွေးလှည့်ပတ်မှုကို ထိန်းသိမ်းပေးနိုင်ရမည်။

🔹 သွေးဆုတ်သွေးလန့်ခြင်း ဖြစ်စေသောအကြောင်းအရင်းများမှာ

(၁)သွေးပမာဏလျော့နည်းဆုံးရှုံးခြင်း

-သွေး/ သွေးရည်ကြည်ဆုံးရှုံးခြင်း။
-အရည်ဓာတ်ဆုံးရှုံးခြင်း။
-ဝမ်းပျက်/ ဝမ်းလျောခြင်း။
-အချိန်ကြာမြင့်စွာ အော့အန်ခြင်း။
-အလွန်အမင်းချွေးထွက်ခြင်း။

(၂)အာရုံကြောလုပ်ငန်းများနှင့်ပေါင်းစပ်ပြီး သွေးကြောများနှင့်သွေးပမာဏဆုံးရှုံးခြင်း

-အနာပိုးဝင်ခြင်း။
-မူးယစ်ဆေးသုံးစွဲခြင်း။
-အစာအဆိပ်သင့်ခြင်း။
-ကျောရိုးတန်းမကြီး ဒဏ်ရာရခြင်း။
-ဓာတ်လိုက်ခြင်း။
-ပြင်းထန်သော ဓာတ်မတည့်ခြင်း။

(၃)နှလုံးညှစ်အားမမှန်ခြင်း

-နှလုံးညှစ်အားအခြေအနေပြောင်းလဲခြင်း
-နှလုံးရောဂါ
-ပြင်းထန်သော ရင်ခေါင်းဒဏ်ရာ
-အသက်ရှူလမ်းကြောင်းပိတ်ဆို့ခြင်းကြောင့်အောက်ဆီဂျင််မရခြင်း

(၄) သွေးလှည့်ပတ်မှုစနစ်မဟုတ်သောသွေးဆုတ်သွေးလန့်ခြင်း။

- ထူးထူးခြားခြား စိုးရိမ်ထိတ်လန့်ခြင်း
- စိတ်ဒုက္ခရောက်ခြင်း။

စသည့် အကြောင်းတရားများကြောင့် သွေးဆုတ်သွေးလန့်ခြင်း ( Shock ) ကို ဖြစ်ပေါ်စေပါတယ်။

🔹သွေးဆုတ်သွေးလန့်ခြင်း၏ လက္ခဏာများ

၁။ ဂဏာမငြိမ်ဖြစ်လာခြင်း။

၂။ စိုးရိမ်ပူပန်မှုများလာခြင်း။

၃။ အသားအရေ ဖြူဖက်ဖြူဖျော်ဖြစ်လာခြင်း။

၄။ ချွေးစေးများထွက်ပြီး အရေးပြားအေးစက်လာခြင်း၊ စိုစွတ်လာခြင်း။

၅။ အသက်ရှူမြန်လာခြင်း။

၆။ သွေးခုန်နှုန်းမြန်လာခြင်း။

၇။ သွေးဖိအားကျဆင်းခြင်း။

၈။ အလွန်အမင်း ရေငတ်ခြင်း။

၉။ ခေါင်းမူး ခေါင်းအုံခံစားပြီး မျက်စိပြာဝေလာခြင်း။

၁၀။ အရေပြား ( နှုတ်ခမ်း၊ လက်သည်း၊ ခြေသည်း၊ မျက်လုံးတစ်ဝိုက်) တွင် ပြာနှမ်းလာခြင်း စသည့်လက္ခဏာများတွေ့ရှိရမည်ဖြစ်ပြီး အချိနိမှီ မပြုစုပေးနိုင်ပါက သလိလစ်ခြင်း၊ အသက်ရှူရပ်ခြင်း၊ နှလုံးခုန်ရပ်ခြင်း၊ သေဆုံးခြင်းတို့ကို တွေ့ရမည်ဖြစ်ပါသည်။

🔹သွေးဆုတ်သွေးလန့်ခြင်း (Shock ) ဖြစ်သည့်
လူနာအားပြုစုနည်း

၁။ သွေးဆုတ်သွေးလန့်ခြင်းဖြစ်ရသည့် အကြောင်းရင်းများကို ရှာဖွေပါ။

၂။ လူနာကို အသက်ရှူလမ်းကြောင်းဖွင့်ပြီး အသက်ရှူ မရှူစစ်ဆေးပါ။

၃။ သွေးလှည့်ပတ်သွားလာမှုကို စစ်ဆေးပြီး လိုအပ်ပါက အသက်ရှူအားကူနည်းနှင့် နှလုံးနှိုးဆွနည်းဖြင့် ပြုစုပါ။

၄။ သွေးယိုထွက်ခြင်းများရှိပါက သွေးထွက်မလွန်အောင် ပြုစုပါ။

၅။ လူနာကို သက်တောင့်သက်သာအနေအထားဖြစ်အောင် ကူညီပါ။

၆။ လူနာ၏ ခန္ဓာကိုယ် အေးစက်နေပါက ပုံမှန်အပူချိန် ပြန်လည်ရရှိအောင်စောင်ပါးပါးခြုံပေးပါ(ရေနွေးအိတ်မသုံးပါနှင့်။ သွေးအားပိုမိုကျဆင်းတတ်သည်။)

၇။ လူနာကို အားပေးစကားပြောပါ။

၈။ လူနာကို မပြတ်ဆန်းစစ်ပြီး လိုအပ်သည့်
ပြုစုစောင့်ရှောက်မှုကို ထပ်မံပြုလုပ်ပါ။

၉။ ဦးနှောက်နှင့် နှလုံး သွေးစီးဆင်းစေရန်အတွက် ခြေထောက်များကိုအနည်းငယ်မြှင့်ထားပါ။

၁၀။ ဦးခေါင်းပိုင်းနှင့် ရင်ခေါင်းပိုင်းဒဏ်ရာရပါက ဦးခေါင်းပိုင်းနှင့်ခုံးပိုင်းကိုအနည်းငယ် မြှင့်ထားရမည်။ ခြေထောက်ပိုင်းကို လုံးဝမမြှင့်ရ။

၁၁။ လည်ပင်း၊ ကျောရိုးတန်းမနှင့် ခြေထောက်ရိုးကျိုးသည့် လူနာများကို ငြိမ်သက်စွာ ဆန့်တန်းထားရမည်။

၁၂။ လူနာကို မည့်သည့်အစားအစာမျှ မကျွေးရ။ ရေမတိုက်ရ။

၁၃။ အရက်၊ ဆေးလိပ်မသောက်ရ။

၁၄။ သွေးဆုတ်သွေးလန့်ခြင်းဖြစ်သောလူနာသည် အခြေအနေပိုမိုဆိုးရွားပြီး သတိလစ်ခြင်းဖြစ်ပေါ်လာပါက စိတ်ချရသောဘေးစောင်းအနေအထားတွင်ထားပါ။

၁၅။ဆေးအကူအညီ(ဆေးအဖွဲ့)အမြန်ဆုံးရရှိအောင်ဆောင်ရွက်ပါ။

ကိုးကား ။ ။ အခြေခံရှေးဦးပြုစုခြင်းလက်စွဲ

သွေးအကြောင်း သိကောင်းစရာခန္ဓာကိုယ် သွေးလှည့်ပတ်ခြင်း စနစ်တွင်(၁) သွေး (၂) နှလုံး နှင့်(၃) သွေးကြောများ ပါဝင်ကြပါတယ်။ 🩸သွ...
27/04/2021

သွေးအကြောင်း သိကောင်းစရာ

ခန္ဓာကိုယ် သွေးလှည့်ပတ်ခြင်း စနစ်တွင်
(၁) သွေး
(၂) နှလုံး နှင့်
(၃) သွေးကြောများ ပါဝင်ကြပါတယ်။

🩸သွေးထုထည်ပမာဏ

လူ့ခန္ဓာကိုယ်အတွင်းရှိ သွေးစုစုပေါင်းထုထည်သည် ဆယ်ပိုင့် (သို့) ၅ လီတာခန့် ရှိပါတယ်။ ဂလူးကိုစ် ပုလင်း ( ၁၀ ) ပုလင်း (သု့ိမဟုတ်) ဌက်ပျောဖူးပုလင်း ( ၆ ) ပုလင်းခွဲ သာသာ ရှိပါတယ်။

သွေး ၂ လီတာ ( သို့) ဂလူးကိုစ် ပုလင်း ( ၄ ) ပုလင်းခန့် သွေးယိုထွက်လျှင် (သို့) သွေးဆုံးရံှုးပါက သွေးဆုတ်သွေးလန့် ခြင်းဖြစ်ပြီး အသက်အန္တရယ် စိုးရိမ်အမှတ်သို့ ရောက်ရှိပါတယ်။

🩸 သွေးပေါင်ချိန် (Blood Pressure)

သွေးလွှတ်ကြောအတွင်းရှိ သွေး၏ဖိအားကို သွေးပေါင်ချိန်ဟု ခေါ်သည်။ လူတစ်ယောက်တွင် ပုံမှန်အားဖြင့် သွေးပေါင်ချိန် ၁၂၀ / ၈၀( မီလီမိီတာ မာကြူရီ) မပိုလွန်း မလျော့လွန်းသော အားရှိပါတယ်။

🩸 သွေးချိန်နှုန်း

ကျန်းမာသော လူရွယ်တစ်ဦးတွင် တစ်မိနစ်လျှင် သွေးခုန်နှုန်း ပျှမ်းမျှ (၆၀ မှ ၈၀ ) ခန့် ရှိသည်။
မွေးကင်းစ ကလေးများတွင် ပျှမ်းမျှ ( ၁၄၀ ) ခန့်ရှိပါတယ်။ သွေးခုန်နှုန်းသည် လူ၏ လှုပ်ရှားမှု၊ ကျန်းမာမှု အခြေအနေပေါ်တွင် မူတည်၍ ပြောင်းလဲမှု ရှိပါတယ်။

လက်ကောက်၀တ် သွေးခုန်နှုန်းအား တိုင်းတာခြင်း ။

လက်မ၏ အောက်တည့်တည့် လက်ကောက်၀တ် အောက်ပိုင်းတွင် လက်ချောင်း ၂ ချောင်း သို့ ၃ချောင်းအား အရိုးကိုစမ်းမိသည်ထိ တင်၍ အဆိုပါနေရာအတွင်း ဖြတ်သန်းသွားသည့် သွေးလွှတ်ကြောတွင် သွေးများတိုးဝင်ခြင်း ဖိအားတစ်ခုကို ထိတွေ့ခံစားကြည့်နိုင်ပါတယ်။

လူနာတစ်ဦး၏ အခြေအနေကို သုံးသပ်ဆုံးဖြတ်ရာတွင် သွေးခုန်နှုန်းသည် အလွန်ပင် အရေးကြီး
သည့် အချက်တစ်ချက် ဖြစ်ပါတယ်။

✔️ လူ့ ခန္ဓာကိုယ် ပေါ်တွင် သွေးခုန်နှုန်း အလွယ်တကူ စမ်းသပ်နိုင်သော နေရာများမှာ-

၁။လက်ကောက်ဝတ်တွင် စမ်းသပ်နိုင်သော သွေးခုန်နှုန်း။

၂။လည်ပင်းတွင် စမ်းသပ်နိုင်သော သွေးခုန်နှုန်း။

၃။ပေါင်အတွင်းပိုင်းတွင် စမ်းသပ်နိုင်သော သွေးခုန်နှုန်း တို့ဖြစ်ပါသည်။

✔️ စမ်းသပ်ရာတွင် အောက်ပါအချက်များကို ဂရုပြုရမည် ........

(၁) သွေးခုန်နှုန်း မြန်ခြင်း ၊ နှေးခြင်း။ ( Pulse Rate)

(၂) သွေးပေါင်ချိန်များခြင်း ၊ နည်းခြင်း။ ( Blood Pressure)

(၃) သွေးခုန်ချက် မှန်ခြင်း ၊ မမှန်ခြင်း။ ( Rhythm )

ကိုကား ။ ။ အခြေခံရှေးဦးပြုစုခြင်းလက်စွဲ

" Happy Birthday ပါ တီချယ်ကြီး "ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကင်းထောက် ဥက္ကဠတီချယ်ကြီး ဒေါက်တာသက်သက်မြိုင်၏ ယနေ့ယခုကျရောက်...
26/01/2021

" Happy Birthday ပါ တီချယ်ကြီး "

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကင်းထောက် ဥက္ကဠ
တီချယ်ကြီး ဒေါက်တာသက်သက်မြိုင်၏ ယနေ့ယခုကျရောက်သော မွေးနေ့မှာ တီချယ်ကြီး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်း တို့နဲ့ ပြည့်စုံကာ ဘဝကို ချစ်ရသောသူများ နှင့်အတူတူ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ပါစေကြောင်း ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကင်းထောက်အဖွဲ့ မှ ကင်းထောက် ကျောင်းသားကျောင်းသူများအပေါင်းမှ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်
တီချယ်ကြီး ........ 🎂🎂🎂

08/01/2021

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကင်းထောက်၏ ၂၀၂၀ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့ကြသော ကင်းထောက် လှုပ်ရှားမှုများ ရုပ်သံ မှတ်တမ်းဗီဒီယို(Video)အား ပြန်လည်မျှဝေ တင်ဆက်လိုက်ပါသည်။ ⚜️⚜️⚜️

🇲🇲လွတ်လပ်ရေးနေ့🇲🇲73rd Independence Day of Myanmar 2021ယနေ့ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်သော (၇၃) နှစ်မြောက် "လွတ်လပ်ရ...
04/01/2021

🇲🇲လွတ်လပ်ရေးနေ့
🇲🇲73rd Independence Day of Myanmar 2021

ယနေ့ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်သော (၇၃) နှစ်မြောက် "လွတ်လပ်ရေးနေ့" ကို မြန်မာနိုင်ငံသူ၊နိုင်ငံသားအားလုံးနှင့်အတူ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကင်းထောက်မှ ဝမ်းမြောက်စွာ ဂုဏ်ပြုကြိုဆိုအပ်ပါတယ်။ ⚜️⚜️⚜️

မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော နှစ်သစ်မင်္ဂလာ အခါသမတွင် စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေကြောင...
31/12/2020

မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော နှစ်သစ်မင်္ဂလာ အခါသမတွင် စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေကြောင်း နှစ်သစ် ဆုမွန်ကောင်း တောင်းအပ်ပါသည်။

Happy New Year 2021

Address

22 Riversands Boulevard Fourways Midrand
Midrand
1684

Alerts

Be the first to know and let us send you an email when EYU Myanmar Scouts posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to EYU Myanmar Scouts:

Share

Category