POEM Myanmar

POEM Myanmar POEM ရဲ့ ဒုတိယမြောက် ပေ့ချ်ပါ..

18/12/2022

ကံထူးရှင်ရဲ့ မဲနံပါတ်

✨✨✨ ၆၁၃ ✨✨✨

နိုဝင်ဘာ ၂၂ ရက်က မဲဝယ်သွားတဲ့ အမေရိကားက အကို မဲပေါက်ပါတယ်ရှင်..

အရုပ်လေးတွေကလည်း US ကမို့ ကံထူးသူဆီ အမြန်ဆုံး ပို့ပေးနိုင်အောင် ကြိုးစားသွားပါ့မယ်..

ကိုတေဇာစန်းမအိသဥ္ဇာမောင်ကိုဝေမိုးနိုင်အရုပ်လေး သုံးရုပ်မဲကို ဒီနေ့ ဖန်တီးသူ ကိုလဂွန်းအိမ်ကိုယ်တိုင်က မဲဖောက်ပေးပါ့မယ်ရှင...
18/12/2022

ကိုတေဇာစန်း
မအိသဥ္ဇာမောင်
ကိုဝေမိုးနိုင်

အရုပ်လေး သုံးရုပ်မဲကို ဒီနေ့ ဖန်တီးသူ ကိုလဂွန်းအိမ်ကိုယ်တိုင်က မဲဖောက်ပေးပါ့မယ်ရှင်..

Live ကို People Of Evolving Myanmar မှာ ကြည့်ပါနော်

Spring Helpers အဖွဲ့မှ လှူဒါန်းပေးပါသော Durian Pillows လေးများ 😍Coffee က သီးသန့်အလှူရှင် ရှိပါတယ် 🥰Durian Pillow ကလည်း ရ...
03/12/2022

Spring Helpers အဖွဲ့မှ လှူဒါန်းပေးပါသော Durian Pillows လေးများ 😍
Coffee က သီးသန့်အလှူရှင် ရှိပါတယ် 🥰

Durian Pillow ကလည်း ရှယ်
Coffee ကလည်း superb
ရှယ်မိုက် အရမ်းမိုက်

Knowledge sharing sessions ၂ရက်စလုံးအတွက် အကျွေးအမွေးများ လှူဒါန်းပေးသော အလှူရှင်များကို ကဗျာမလေးတွေက ကျေးဇူးအထူးတင်ရှိပါတယ်ရှင် ❤️

Knowledge Sharing with Poe ❤️03/12/2022
03/12/2022

Knowledge Sharing with Poe ❤️
03/12/2022

အရင်ရက်က စင်္ကာပူက အမတစ်ယောက်က မြင်းခြံ zero ကို လှူချင်လို့ POEM ကို လာဆက်သွယ်ပါတယ်.. POEM က မြေပြင်ကို ချက်ချင်းပို့ရု...
23/11/2022

အရင်ရက်က စင်္ကာပူက အမတစ်ယောက်က မြင်းခြံ zero ကို လှူချင်လို့ POEM ကို လာဆက်သွယ်ပါတယ်..

POEM က မြေပြင်ကို ချက်ချင်းပို့ရုံမက အလှူရှင်ကိုလည်း အလှူမှတ်တမ်း Certificate ချက်ချင်းပို့ပေးပါတယ်..

အဲ့ဒီ (၁၅)သိန်းကြောင့် မြင်းခြံရဲ့ Sat Latt ဖိုး သိန်း ၄၀၀ ပြည့်ဖို့ ၅ သိန်းပဲ လိုတော့ပါတယ်…

POEM ကို လှူရင် မြေပြင်ဆီ မြန်မြန်နဲ့ တိုက်ရိုက် ရောက်တယ်ဆိုတာ ဒါမျိုးပါ.. 😎😎

စကားစပ်လို့ ပြောရရင် ခန္တီးအတွက် လိုတဲ့ ဆန်ဖိုး ဆယ်သိန်းလည်း မနေ့ကပဲ မြေပြင်ကို ချက်ချင်း ရောက်သွားပါပြီ.. Certificate ရရင် ထပ်တင်ပါ့မယ်နော်..

ခန္တီးက ရဲဘော်တွေက ဆန်ဖိုးလိုလို့တဲ့..ဆန်ကလည်း ၂အိတ်ပဲ ကျန်တော့ရုံမက ဝယ်လို့ ရတုန်းလေး ဝယ်ပါရစေဆိုလို့ ဆယ်သိန်း ပို့ပေးခ...
23/11/2022

ခန္တီးက ရဲဘော်တွေက ဆန်ဖိုးလိုလို့တဲ့..

ဆန်ကလည်း ၂အိတ်ပဲ ကျန်တော့ရုံမက ဝယ်လို့ ရတုန်းလေး ဝယ်ပါရစေဆိုလို့ ဆယ်သိန်း ပို့ပေးချင်တာ..

NUG Pay ကနေ ငွေပို့ပေးဖို့က ၂သိန်း ၆သောင်း လိုနေလို့ ကူပေးကြပါလားဟင်.. ငွေက မြေပြင် ဒီနေ့အရောက် ပို့ချင်လို့ပါ..

ဆန်ဖိုး ကူဖို့ POEM ကို စာပို့ပေးပါဦး.. 🙏

POEM မှာက ငွေရှိရင် ရှိသလို မြေပြင် ရောက်တာပါပဲ.. အခုလည်း မိုးဗြဲ - သိန်းငှက်တပ်ခွဲအတွက် ဆယ်သိန်း ထောက်ပို့ထားပါတယ်..ဒါက...
22/11/2022

POEM မှာက ငွေရှိရင် ရှိသလို မြေပြင် ရောက်တာပါပဲ..

အခုလည်း မိုးဗြဲ - သိန်းငှက်တပ်ခွဲအတွက် ဆယ်သိန်း ထောက်ပို့ထားပါတယ်..

ဒါကတော့ စောင်ဖိုးမဟုတ်တဲ့ နှုတ်ခမ်းနီဖိုးတွေပါ..

ဒီနေ့ည - မြန််မာစံတော်ချိန် ၇နာရီ ခန့်မှာ မိုးဗြဲပရောဂျက်အကြောင်း live ကိုလည်း Ko Pauk ရဲ့ အကောင့်ကနေ လွှင့်ဦးမှာမို့ မျှော်နေပေးပါနော်..

မြေပြင်ကို တိုက်ရိုက်ထောက်ပို့နေတဲ့ POEM ကတဆင့် လှူဒါန်းပါသော ဘယ်အလှူရှင်ကိုမဆို ကဗျာတို့က အမြဲလှိုက်လှိုက်လှဲလှဲ ကျေးဇူ...
19/11/2022

မြေပြင်ကို တိုက်ရိုက်ထောက်ပို့နေတဲ့ POEM ကတဆင့် လှူဒါန်းပါသော ဘယ်အလှူရှင်ကိုမဆို ကဗျာတို့က အမြဲလှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်တာပါ..

ဒီ Certificate လေးကတော့ တစ်ဦးတည်း မြန်မာငွေ သိန်း (၅၀) ထောက်ပို့ပေးပါသော “အေးနွေးရီ (NWYan)” ရဲ့ အလှူမှတ်တမ်းလေး ဖြစ်ပါတယ်..

အလှူရှင်တို့ရဲ့ ထောက်ပို့မှုကြောင့်သာလည်း လိုအပ်တဲ့ အတို၊ အရှည်၊ နှုတ်ခမ်းနီမှသည် ရိက္ခာ၊ ဆေးဝါး၊ စောင်နဲ့ ထောက်ပို့ကားတွေကို ဖြည့်ဆည်းနိုင်ရတာ မဟုတ်လား.. အခု သိန်း(၅၀) ထဲက ရာခိုင်နှုန်း အများစုက အညာ စ-က်-လ-က် ဝယ်ဖို့ ငွေစီးဆင်းသွားပါပြီ..

ပိုပိုပြီး ခက်ခဲကျပ်တည်းလာတဲ့ ကာလကြီးမှာ ကဗျာတို့ကို ယုံကြည်စွာနဲ့ အခုလို တလုံးတခဲတည်း လှူပေးတာ သိပ်ကျေးဇူးတင်ရတာပါပဲ.. POEM ကို လှူသမျှငွေဟာ မြေပြင်ကို မြန်မြန်နဲ့ တိုက်ရိုက်စီးဆင်းစေရပါမယ်.. ✨✨

ရဲဘော်တွေကို ရိက္ခာအသားဟင်းဖိုး ပို့ပေးထားတာမှာ ကြက်သံပုံးကင် ချက်စားကြပြီး ချက်နည်းပါ ပြောပြသွားကြတယ်.. ချက်ကြီးရဲဘော်ရ...
18/11/2022

ရဲဘော်တွေကို ရိက္ခာအသားဟင်းဖိုး ပို့ပေးထားတာမှာ ကြက်သံပုံးကင် ချက်စားကြပြီး ချက်နည်းပါ ပြောပြသွားကြတယ်..

ချက်ကြီးရဲဘော်ရဲ့ recipe ကတော့ နည်းနည်း ရှည်တာ်မို့ သည်းခံဖတ်ပါနော်.. 😄

✨ ကြက်ကို အမွှေးနှုတ်၊ ဗြုတ်
✨ တုတ်ချောင်းကို မြေမှာစိုက်
✨ ကြက်ကို တံစို့ထိုး
✨ သံပုံးအုပ်ပြီး ကောက်ရိုးမီး/ထန်းရွက်မီး မီးတောက်လေးနဲ့ ဆယ်မိနစ်လောက် မြိုက်လိုက်ရင် ကြက်သံပုံးကင်မွှေးမွှေးလေးရပါပြီဗျာ

“အသားလေး နူးနပ်နေတာပဲမို့ အသာအယာ ဖဲ့စားရုံပါပဲဗျ” တဲ့

ရဲဘော်တွေ အသားဟင်းလေး တစ်လ နှစ်ခါလောက် စားရပြီး အားပိုရှိနိုင်တာ မြင်ရ ကြားရတိုင်း သိပ်ဝမိးသာရတာပါပဲ..

မြေပြင်ကို အားရှိဖို့ အသားဟင်း ရိက္ခာဖိုးလေးများ လှူချင်သော် တစ်နပ်ကို တစ်သိန်းခွဲပါ.. လူများတဲ့ တပ်ရင်းတွေကတော့ နှစ်သိန်းပါရှင်..

တမူးမှာ မြေပြင်အခြေအနေ တော်တော်တင်းမာတာလည်း သိထားပြီးကြမှာပါ.. ဟိုရက်က ပြည်သူ့ရဲဘော်တွေ အပြေးအလွှား စခန်းစွန့်၊ ဆုတ်ခွါရ...
17/11/2022

တမူးမှာ မြေပြင်အခြေအနေ တော်တော်တင်းမာတာလည်း သိထားပြီးကြမှာပါ..

ဟိုရက်က ပြည်သူ့ရဲဘော်တွေ အပြေးအလွှား စခန်းစွန့်၊ ဆုတ်ခွါရပါတယ်.. မြေပြင်ကို အရေးပေါ်ထောက်ပို့ငွေ ပို့ထားပေမယ့် စိတ်ကတော့ ပူနေရတုတုန်းပါပဲ..

သတင်းကြားရသလောက်ဆို မအလရဲ့ စစ်တပ်က ၁၂ဘီးကား ၁၃စီးနဲ့ကို လ/နတွေ တမူးကနေ ဖြတ်ပြီး သယ်သွားတယ်လို့ သိရပါတယ်..

ဆိုတော့ မအလဟာ အာဏာမက်လို့ကို တကူးတက သိမ်းထားရတာမို့ သူ့အာဏာ တည်မြဲရေးကို အစွမ်းကုန် အားထုတ်လျှက်ပါပဲ..

ဒါတွေဟာ စိတ်ဓာတ်ကျဖို့ ပြောတာ မဟုတ်ဘဲ ရန်သူ့အခြေအနေမှန်ကို မြင်မှသာ ပြင်နိုင်စရာတွေ ပြင်ထားလို့ ရမယ် မဟုတ်လား..

မြေပြင် တမူး PDF တွေကတော့ ပြည်သူကို စကားပါးသွားပါတယ်..

“ကျတော်တို့ကတော့ တားဖို့ ကြိုးစားတုန်း.. စိတ်ဓာတ်တော့ လုံးဝမကျဘူးဗျ..” 💪 တဲ့..

မြေပြင်ရဲဘော်တွေမှ အသက်ကို ရင်း၊ တာဝန်ကျေကြသေးတာမို့ ထောက်ပို့တာဝန် ကျေပွန်ဖို့လည်း ကဗျာတို့ အားထုတ်နေပါတယ်.. တမူးကို ကူချင်သော် messenger မှာ စာပို့ပေးပါနော်..

Address

London

Alerts

Be the first to know and let us send you an email when POEM Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share