19/04/2026
“ရပ်နားဖို့အချိန်မရတဲ့ ခရီးတစ်ခုထဲမှာ”
✅ တစ်ခါတလေ လူတစ်ယောက်ရဲ့ဘဝမှာ “အနားယူချင်တယ်” ဆိုတဲ့စိတ်က အလုပ်ထဲက ပင်ပန်းမှုကြောင့်ပဲ မဟုတ်ပဲ အဲဒီထက်ပိုနက်ရှိုင်းတဲ့ အကြောင်းအရာတွေရှိနေတတ်တယ်...
ကိုယ့်ယူထားရတဲ့ မိသားစုတာဝန်တွေ..
ကိုယ့်ဘဝရဲ့ရွေးချယ်ထားတဲ့လမ်းတွေ.....
ကိုယ်ချစ်တဲ့လူတွေအတွက် လျှောက်လှမ်းနေရတဲ့ အခြေအနေတွေကနေ
တစ်ခဏလောက် အနားယူချင်တဲ့ သဘောမျိုးပေါ့ ..…
✅သဘော်သား ဘ၀..
ပင်လယ်ထဲမှာ နေရတဲ့ဘဝဆိုတာ အပြင်ကလူတွေ
ထင်သလို မလွယ်ကူပါဘူး...
ရေပြင်ကျယ်ကြီးထဲ သင်္ဘောတစ်စင်းပေါ်က နေ့ရက်တွေဟာ တိတ်ဆိတ်သလိုလိုရှိပေမယ့် တကယ်တမ်းတော့ စိတ်ထဲမှာ မအေးချမ်းနေဘူး..
အမြဲတမ်း တစ်ခုခုကို စဉ်းစားနေကြရတယ်..
မိသားစုကိစ္စ..
ဘဝရှေ့ရေး.. ကိုယ့်အနာဂါတ် ...
တစ်ခါတလေ အိပ်ရာထဲမှာ လဲနေတဲ့အချိန်တောင်
မနားရသလို ခံစားနေရတယ်..
မျက်လုံးပိတ်ထားပေမယ့် စိတ်က မပိတ်နိုင်ဘူး...
အလုပ်မလုပ်နေရင်တောင် အလုပ်ထဲမှာပဲရှိနေသလို ဖြစ်နေတယ်...
အနားယူနေတာလား၊ မနားရသေးတာလားဆိုတာတောင် မခွဲခြားနိုင်တဲ့နေ့တွေ ရှိလာတယ်..
✅ တစ်ခါတလေတော့ အေးအေးဆေးဆေး ထိုင်ပြီး ဘာမှမလုပ်ဘဲ နေချင်တဲ့ အချိန်တွေရှိတယ်..
ဖုန်းလည်းမကြည့်ချင်ဘူး..
ဘာအသံလည်းမကြားချင်ဘူး..
ဘာတာဝန်မှမရှိတဲ့ နေ့တစ်နေ့ကို အိပ်မက်မက်မိတယ်. ဒါပေမယ့် အဲ့ဒီအိပ်မက်က အမြဲတမ်း မပြည့်စုံနိုင်ဘူး.
ဘာလို့လဲဆိုတော့ ဘဝက
အမြဲတမ်း “ဆက်လုပ်ရမယ်” ဆိုတဲ့ direction တစ်ခုနဲ့ပဲ ရှေ့ကိုဆွဲနေပြီး..
တစ်နေ့ပြီးတစ်နေ့ duty တွေ..
responsibility တွေ...
မိသားစုအတွက် စိတ်ပူရတာတွေ...
အနာဂတ်ကို စဉ်းစားနေရတာတွေက
အမြဲတမ်း ကိုယ့်နောက်မှာ လိုက်လာနေကြလို့ပါပဲ ..
✅ သဘော်သား ဘဝကို
အပြင်လူတွေကတော့ “အလုပ်ကောင်းတယ်၊ ဝင်ငွေကောင်းတယ်” လို့ပဲ မြင်ကြတယ်...
ဒါပေမယ့် အဲဒီအလုပ်နောက်က ပင်ပန်းမှုကိုတော့ မမြင်ကြဘူး...
တစ်ခါတလေ ကိုယ့်ကိုယ်ကိုတောင် မေးမိတယ်—
“ငါ ဘယ်လောက်ထိ ဆက်ပြီး ဒီလိုပဲ လှုပ်ရှားနေရဦးမှာလဲ?” လို့...
ဒါပေမယ့် အဖြေကလည်း ရိုးရိုးလေးပဲ...
❌ ရပ်လို့မရဘူ...
ဘာလို့လဲဆိုတော့ ကိုယ်ရပ်လိုက်ရင် အရာအားလုံးက ရပ်သွားမှာမဟုတ်ဘူးလေ..
အချိန်က ဆက်သွားမယ်..
တာဝန်တွေက ဆက်လာမယ်...
ဘဝက ဆက်လှုပ်ရှားနေမယ်....
အဲ့ဒီအတွက် ကိုယ်ကိုယ်တိုင်ကလည်း ဆက်သွားနေမှ
ရမယ်....
✅ ကြာလာတော့ ပင်ပန်းမှုက ခန္ဓာကိုယ်မှာတင်မဟုတ်တော့ဘူး စိတ်ထဲမှာပါဖြစ်တည်နေလာတယ်..
အိပ်ပျော်နေရင်တောင် မပြည့်စုံသလို ခံစားရတယ်..
နားနေရင်တောင် မနားရသလို ဖြစ်လာနေတယ်..
အနားယူချိန်ဆိုတာ ရှိပေမယ့် အနားယူခြင်းရဲ့အရသာကို မခံစားနိုင်တဲ့နေ့တွေများလာတယ်..
✅ ဒါပေမယ့် တစ်ခုတော့ သိထားမှရမယ်..
ဒီခရီးက အမြဲတမ်းအတွက် မဟုတ်ဘူ ဆိုတာ..
အခုလိုနေ့တွေကို အဆုံးသတ်မှတော့ရမယ်ပေါ့..
ဒီပင်ပန်းမှုတွေကို တဖြည်းဖြည်းလျော့သွားအောင် လုပ်ရမယ်...
အဲဒီနေ့ရောက်တဲ့အခါမှာတော့ အေးအေးဆေးဆေး ထိနေနိုင်မယ်..
ဘာမှမတွေးဘဲ နေနိုင်မယ်...
ကိုယ့်ကိုယ်ကို “အခုတော့ နားလို့ရပြီ” လို့ပြောနိုင်မယ် ....
အခုတော့ ဒီခရီးကို ရပ်လို့မရသေးဘူး ..
ဒါပေမယ့် ရပ်မယ့်အချိန်တော့ ရောက်လာမယ်ဆိုတာကိုတော့ ယုံထားရမယ်...
ဘာလို့လဲဆိုတော့ ဒီခရီးကို လျှောက်နေတဲ့လူတိုင်းမှာ တစ်နေ့တော့ ရပ်နားခွင့်ရှိလာတတ်လို့ပါပဲ ..
✅ အခုတော့ ..
ကိုယ့် မိဘ..
ကိုယ့်ဇနီး.. ကိုယ့်သားသမီး ..
ကိုယ့် မိသားစု.. ကိုယ့်အနာဂါတ် ..
သူတို့ ..သူတို့ တွေအတွက် ..
" ရပ်နားဖို့အချိန်မရတဲ့ ခရီးတစ်ခုထဲမှာ " ဆက်ပြီး လျှောက်လှမ်းနေရအုံးမှာပဲ ....