Chinland Express

Chinland Express Nan thazaang peknak a herh zungzaltu ka si. Thazaang peknak cabia tawi, Video tawi tete le hla tbk thlah khawh post khawh kai zuam lai.

နွေဦးတော်လှန်ရေးပြခန်း

ဒီ page မှာ နေ့စဉ်သတင်းဖတ်ချင်တယ်ဆိုရင် Follow နဲ့ Like လေးကို တစ်ချက်လောက်နှိုက်ပေးပါလာ 🙏🙏🙏

Thazaang a ka petu nan dihlak cungah kai lawm tuk.

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ မြန်မာ မီဒီယာထုတ်လွှင့်ခွင့်ကို စစ်တပ်လက်အောက်ခံ Mytel ထံသို့  ပေးအပ်သည့် ဖီဖာ (FIFA) ၏ ဆုံးဖ...
13/06/2026

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ မြန်မာ မီဒီယာထုတ်လွှင့်ခွင့်ကို စစ်တပ်လက်အောက်ခံ Mytel ထံသို့ ပေးအပ်သည့် ဖီဖာ (FIFA) ၏ ဆုံးဖြတ်ချက်အပေါ် Justice For Myanmar ပြင်းထန်စွာ ရှုတ်ချ

ရန်ကုန်၊ ဇွန် ၁၂

၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအတွက် မြန်မာနိုင်ငံတွင်း မီဒီယာထုတ်လွှင့်ခွင့်မူပိုင်ခွင့်ကို စစ်တပ်ပိုင် ဆက်သွယ်ရေးအော်ပရေတာဖြစ်သော Mytel ကုမ္ပဏီထံသို့ ပေးအပ်လိုက်ခြင်းအတွက် နိုင်ငံတကာဘောလုံးအဖွဲ့ချုပ် ဖီဖာ (FIFA) ၏ ဆုံးဖြတ်ချက်အပေါ် Justice For Myanmar (JFM) အဖွဲ့က ပြင်းထန်စွာ ရှုတ်ချလိုက်သည်။

JFM ၏ ထုတ်ပြန်ချက်အရ ဖီဖာသည် လူ့အခွင့်အရေးဆိုင်ရာ တင်ကြိုစိစစ်မှုများ ပြုလုပ်ရန် ပျက် ကွက်ခဲ့ပြီး လူ့အခွင့်အရေးကို လုံးဝလျစ်လျူရှုကာ အကျင့်ပျက်ခြစားမှုများနှင့် သွေးစွန်းနေသော မြန်မာစစ်အုပ်စုအား ပုံရိပ်ကောင်းရအောင် ဖြူစင်သယောင် ဖန်တီးပေးလိုက်ခြင်းဖြစ်ကြောင်း ပြစ်တင်ဝေဖန်ထားသည်။

မြန်မာပြည်တွင်း ဆက်သွယ်ရေး အော်ပရေတာဖြစ်သော Mytel သည် ရက်စက်ကြမ်းကြုတ်သည့် တရားမဝင် စစ်အုပ်စုအတွက် အကျိုးအမြတ်များစွာ ရရှိစေသော ဝင်ငွေရင်းမြစ်တစ်ခုဖြစ်ပြီး၊ ယခုအခါ နိုင်ငံတကာက ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသည့် စစ်တပ်စီးပွားရေးလုပ်ငန်းစုကြီးဖြစ်သော မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) က ပူးတွဲပိုင်ဆိုင်ကာ လွှမ်းမိုးချုပ်ကိုင်ထားသည့် လုပ်ငန်းတစ်ခု ဖြစ်သည်။

Justice For Myanmar ၏ လေ့လာဆန်းစစ်ချက်များအရ မြန်မာစစ်တပ်၏ ရှယ်ယာပိုင်ဆိုင်မှုများကြောင့် Mytel လုပ်ငန်းစတင်လည်ပတ်သည့် ပဉ္စမနှစ်မှ နဝမနှစ်ကာလအတွင်း အမေရိကန်ဒေါ်လာ သန်း ၂၇၀ ထိ ရရှိနိုင်ပြီး၊ ယင်းနောက်ပိုင်း ၅ နှစ်အတွင်းတွင် နောက်ထပ် အမေရိကန်ဒေါ်လာ သန်း ၄၅၀ အထိ ထပ်မံရရှိနိုင်ကြောင်း တွေ့ရှိရသဖြင့် ယင်းသည် စစ်တပ်နှင့် ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးများအတွက် အလွန်ကြီးမားသည့် ငွေကြေးအကျိုးအမြတ်တစ်ရပ် ဖြစ်နေသည်။

Mytel သည် စစ်တပ်ကို ငွေကြေးထောက်ပံ့ပေးခြင်းနှင့် စစ်ကောင်စီ၏ ဒစ်ဂျစ်တယ်စောင့်ကြည့်ထောက်လှမ်းရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးနေခြင်းကြောင့် မြန်မာစစ်တပ်က ပြည်သူများအပေါ် ဆက်လက်ကျူးလွန်လျက်ရှိသည့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို တိုက်ရိုက်ကူညီအားပေးရာ ရောက်နေသည်ဟု Justice for Myanmar က ထောက်ပြ ပြောဆိုသည်။

ယခုကဲ့သို့ စစ်အုပ်စုအတွက် စောင့်ကြည့်ထောက်လှမ်းရေးဆိုင်ရာ နည်းပညာနှင့် ငွေကြေးပံ့ပိုးမှုများ ပြုလုပ်နေခြင်းကြောင့် Mytel အား အမေရိကန် ကုန်သွယ်ရေးဝန်ကြီးဌာနက ပိတ်ဆို့အရေး ယူမှုများ ချမှတ်ထားသည်။

ထို့အပြင် Mytel မိခင်ကုမ္ပဏီဖြစ်သော စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း-MEC ကိုလည်း အမေရိကန်၊ ယူကေ၊ အီးယူ၊ ကနေဒါနှင့် သြစတြေးလျနိုင်ငံတို့က တိုက်ရိုက် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားပြီး ဖြစ်သည်။

ဖီဖာသည် ယခင်ကလည်း စစ်တပ်ခရိုနီဖြစ်သူ Max Myanmar ကုမ္ပဏီပိုင်ရှင် ဦးဇော်ဇော်အား ဖီဖာ၏ လူမှုအကျိုးပြုလုပ်ငန်းကော်မတီ ဥက္ကဌအဖြစ် ခန့်အပ်ခဲ့သည့် ဆုံးဖြတ်ချက်မျိုး ချမှတ်ခဲ့ဖူးပြီး၊ ယခုတစ်ကြိမ်တွင် Mytel နှင့် စီးပွားရေးပူးပေါင်းမှု ထပ်မံပေါ်ထွက်လာခြင်း ဖြစ်သည်။

ရိုဟင်ဂျာလူမျိုးများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်ပွားစဉ်က စစ်တပ်အား ငွေကြေးထောက်ပံ့မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးမစ်ရှင်က ၂၀၁၉ ခုနှစ်တွင် Max Myanmar မှ တာဝန်ရှိသူများကို လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်မှု ရှိမရှိ ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီး တရားစွဲဆိုမှုများ ပြုလုပ်သင့်ကြောင်း သုံးသပ်ခဲ့ဖူးသည်။

ထို့ကြောင့် ဖီဖာအနေဖြင့် မြန်မာစစ်အုပ်စု၊ ၎င်းတို့၏ ခရိုနီများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများကို ချက်ချင်းရပ်တန့်ရမည်ဖြစ်ပြီး၊ ၎င်းတို့ကိုယ်တိုင် ထုတ်ပြန်ကြေညာထားသည့် လူ့အခွင့်အရေးဆိုင်ရာ ကတိကဝတ်များနှင့် နိုင်ငံတကာတာဝန်ဝတ္တရားများကို လက်တွေ့ကျကျ လိုက်နာဆောင်ရွက်ရန် Justice For Myanmar က တောင်းဆိုထားသည်။

ဒေါက်တာ ဆာဆာဦး‌ဆောင်တဲ့,, ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ IPFD ဘုတ်အဖွဲ့ဝင်သစ်အဖြစ် ပါဝင်အားဖြည့်ပေးမယ် ကရင်ပညာရှ...
13/06/2026

ဒေါက်တာ ဆာဆာဦး‌ဆောင်တဲ့,, ငြိမ်းချမ်းရေးနှင့်
ဖက်ဒရယ်ဒီမိုကရေစီ IPFD ဘုတ်အဖွဲ့ဝင်သစ်အဖြစ်
ပါဝင်အားဖြည့်ပေးမယ် ကရင်ပညာရှင် နော်မူးမူးပေါ်တိုင်း...

မေမေ့ (၈၁)နှစ်ပြည့်မွေးနေ့အတွက်လှူဒါန်.းသွားမည်ဖြစ်ကြောင်းအသိပေးလာတဲ့ကိုနေမျိူးဇင်
13/06/2026

မေမေ့ (၈၁)နှစ်ပြည့်မွေးနေ့အတွက်လှူဒါန်.းသွားမည်ဖြစ်ကြောင်းအသိပေးလာတဲ့ကိုနေမျိူးဇင်

ဩစတြေးလျခရီးစဉ်အတွင်း နောက်ထပ် အမှတ်တရရှိစေမဲ့ အခိုက်အတန့်တစ်ခုကတော့ Sean Turnell နဲ့ သူ့ဇနီး Ha Vu တို့ကို တွေ့ဆုံခွင့်...
13/06/2026

ဩစတြေးလျခရီးစဉ်အတွင်း နောက်ထပ်
အမှတ်တရရှိစေမဲ့ အခိုက်အတန့်တစ်ခုကတော့
Sean Turnell နဲ့ သူ့ဇနီး Ha Vu တို့ကို တွေ့ဆုံခွင့်ရခဲ့တာပါ...။
Sean နဲ့ Ha တို့ဟာ မေမေ့ကို အမြဲ ချစ်ခင်လေးစားခဲ့ကြပြီး မြန်မာပြည်သူတွေအပေါ်မှာလည်း နက်ရှိုင်းတဲ့ မေတ္တာနဲ့ ခင်မင်မှုကို ပြသခဲ့ကြပါတယ်။ အခက်ခဲဆုံးအချိန်တွေမှာတောင် သူတို့ရဲ့ အားပေးထောက်ခံမှုက မလျော့ခဲ့ပါဘူး။
သူတို့ရဲ့အိမ်မှာ နွေးနွေးထွေးထွေး ကြိုဆိုဧည့်ခံပေးခဲ့ကြပြီး အမေအကြောင်း အမှတ်တရတွေ၊ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် မျှော်လင့်ချက်တွေကို ပြောဆိုခွင့်ရခဲ့ပါတယ်...။
Sean နဲ့ Ha ရေ၊ ခင်မင်မှု၊ ကြင်နာမှုနဲ့ မယိမ်းမယိုင် အားပေးထောက်ခံမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်...။
-Kim Aris - Htein Lin...

မေမေ့ မွေးနေ့ရောက်ဖို့,, (၇)ရက်သာလို တော့တာကြောင့်, ပြည်သူတွေအတူပါဝင်ပေးကြဖို့ တောင်းဆိုလာတဲ့ သရုပ်ဆောင်မေမြတ်နိုး...
13/06/2026

မေမေ့ မွေးနေ့ရောက်ဖို့,, (၇)ရက်သာလို
တော့တာကြောင့်, ပြည်သူတွေအတူပါဝင်ပေးကြဖို့
တောင်းဆိုလာတဲ့ သရုပ်ဆောင်မေမြတ်နိုး...

12/06/2026

အဘတို့-ရဲ အ- လှုုံ....

မိန်းမနဲ့အတူဒီခရီးမှာအတူပါဝင်ပေးကြဖို့., တောင်းဆိုလာတဲ့သရုပ်ဆောင်ကိုပေါက်...
12/06/2026

မိန်းမနဲ့အတူဒီခရီးမှာအတူပါဝင်ပေးကြဖို့., တောင်းဆိုလာတဲ့သရုပ်ဆောင်ကိုပေါက်...

လူငယ်တဲ့,, မမျှတဲ့ ဝန်ထမ်းရင်း ဒီခေတ်ပျက် ကမ္ဘာမှာ မပျော်နိူင်ရှာတဲ့ လူရယ်ပါ။ အတ္တဆန်ပြီး ပြောကြေးဆို အချိန်မတန်ပဲ လောကက...
12/06/2026

လူငယ်တဲ့,, မမျှတဲ့ ဝန်ထမ်းရင်း
ဒီခေတ်ပျက် ကမ္ဘာမှာ မပျော်နိူင်ရှာတဲ့ လူရယ်ပါ။
အတ္တဆန်ပြီး ပြောကြေးဆို အချိန်မတန်ပဲ လောကကြီးကို
စောလျှင်စွာ နှုတ်ဆက်သွားကြသူတွေပေါ့...။
-Khu Reedu...

Happy Birthday 🎂စစ်ရေးချုပ်အစစရာရာ အဆင်ပြေချောမွေ့ပါစေ🙏
12/06/2026

Happy Birthday 🎂စစ်ရေးချုပ်
အစစရာရာ အဆင်ပြေချောမွေ့ပါစေ🙏

အေအိုင် အိမ်စာ, မပိုင်သေးဘူးဆိုတာ ပြနေတဲ့ ပုံ...။ဒီလောက် လူ သ က် ရာမှာ လက်မရွံ့တဲ့ ဖက်ဆစ်တပ်ဒီလောက် ကျေးဇူးကန်းတဲ့ စစ်ရာ...
12/06/2026

အေအိုင် အိမ်စာ, မပိုင်သေးဘူးဆိုတာ ပြနေတဲ့ ပုံ...။
ဒီလောက် လူ သ က် ရာမှာ လက်မရွံ့တဲ့ ဖက်ဆစ်တပ်
ဒီလောက် ကျေးဇူးကန်းတဲ့ စစ်ရာဇဝတ်ကောင် အုပ်စု။
ဒီလောက် ပြည်သူကို ရက်စက်တဲ့ စစ်တပ်က
ဖက်ဆစ် ဒုစရိုက်ကောင် မင်းအောင်လှိုင်
အင်မတန် ကြောက်နေတဲ့ ဗိုလ်ချုပ်အောင်ဆန်း ကို
မနာလိုအားကြီးလွန်းလို့ ညအချိန် မြို့ကို မီးဖြတ်ပြီး
ရုပ်တုတွေကို လိုက်ဖြိုချနေကြတဲ့ အကြောင်း
အေအိုင်က သရုပ်ဖေါ်‌ပေးထားတဲ့ ပုံတခုဖြစ်တယ်။
အခုလို သူတို့ ရုပ်တုဖြိုနေချိန် လမ်းသွားလမ်းလာပြည်သူတွေကို
ဖုန်းကိုယ်စီနဲ့ ချိန် ရိုက်နေတာ ပါကတည်းက
ပုံ အတု အေအိုင်ဖန်တီးတဲ့ ပုံ။
ဒီ စစ်ခွေးတွေလား ပြည်သူ့ အရှေ့ နေ့ အလင်းရောင်မှာ
ဗြောင်ကျကျ ဗိုလ်ချုပ်ရုပ်တုကို ဖြိုရဲမယ်တဲ့လား။
သူခိုး ဒါးပြတွေ က ညအခါ လူခြေတိတ်မှ အလုပ်လုပ်ကြတာ။
အေအိုင် စာ မတတ်သေးဘူး။
-Nay Myo Zin...

Address

A-1/A-28, Chanakya Place, Part-2, Uttam Nagar, West Delhi
Delhi
110059

Telephone

+917428254973

Website

Alerts

Be the first to know and let us send you an email when Chinland Express posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Chinland Express:

Share