Myanmar News Light

Myanmar News Light လွတ်လပ်၍ အမှီခိုကင်းသော အွန်လိုင်း?

ပြည်သူတော်လှန်ရေးစစ်သည်စစ်မြေပြင် စည်းမျဥ်းစည်းကမ်းများ.......!!!
12/10/2021

ပြည်သူတော်လှန်ရေးစစ်သည်
စစ်မြေပြင် စည်းမျဥ်းစည်းကမ်းများ.......!!!

11/10/2021

မုံရွာမြို့ မှာ ဒီမနက်ပိုင်းမှာ သပိတ်စစ်ကြောင်း မစတင်မှီ ပစ်ဖောက်ဖြိုခွင်းခံလိုက်ရပါတယ် အဆိုပါ ပစ်ဖောက်ဖြိုခွင်းခံရတာနဲ့ ပက်သက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မယ့် ပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိတာ ဖမ်းဆီးခံရတာ မရှိဘူးလို့လဲ သိရပါတယ်။

စစ်ကောင်စီတပ်မှ ဒုတပ်ကြပ်အဆင့်ရှိသူကို ကရင်နီဂျန်ဇီအထူးတပ်ဖွဲ့ဖမ်းဆီးမဇ္စျိမထွန်းထွန်းဝင်းဒီးမော့ဆိုမြို့နယ်အတွင်း စုံစမ...
02/10/2021

စစ်ကောင်စီတပ်မှ ဒုတပ်ကြပ်အဆင့်ရှိသူကို ကရင်နီဂျန်ဇီအထူးတပ်ဖွဲ့ဖမ်းဆီး

မဇ္စျိမ
ထွန်းထွန်းဝင်း

ဒီးမော့ဆိုမြို့နယ်အတွင်း စုံစမ်းထောက်လှမ်းမှုများလုပ်သည်ဟု သင်္ကာမကင်းဖြစ်စရာရှိသော စစ်ကောင်စီတပ်မှ ဒုတပ်ကြပ်အဆင့်ရှိသူတစ်ဦးကို Karenni Generation Z. (KGZ) အထူးတပ်ဖွဲ့က ယနေ့ညနေပိုင်းတွင် ဖမ်းဆီးလိုက်ကြောင်း မဇ္ဈိမကိုပြောသည်။

ရှမ်းပြည်နယ် တောင်ကြီးမြို့ ၊ဘုရားဖြူရပ်ကွက်ရှိ အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း အဆရ(၁၀) မှာ အသက် ၃၇ အရွယ်ရှိ ဒုတပ်ကြပ် သိန်းဇော်ကို ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာအနီး စုံစမ်းစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ ဂိတ်မှာ မင်္သကာလို့ သူကိုဖမ်းပြီး စစ်တာ အဲမှာ သူကိုမိတာ။ ဒလန်လာလုပ်တာနေမယ်။ အိတ်ထဲမှာသူ ယူနီဖောင်း နဲ့ ဖုန်းတွေ့တယ်။ အဆရ (၁၀) တပ်ရင်းကလို့ပြောတယ်။ ထပ်မေးတော့ လွိုင်ကော်အခြေစိုက် ဒကစ တပ်ကနေ့ ထွက်ပြေးလာတာလို့ပြောတယ်။ သူက ဖမ်းမိပြီး စစ်တော့မှာ ဖြေတာ ။ သူအလိုလိုဖြေတာမဟုတ်ဘူး “ ဟု သိန်းဇော်ကို Karenni Generation Z. (KGZ) အထူးတပ်ဖွဲ့ က မဇ္ဈိမကိုပြောသည်။

လက်ရှိအချိန်တွင် ဖမ်းဆီးရမိသည့် ဒုတပ်ကြပ်သိန်းဇော်ကို စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေသည်။ယနေ့မနက်ပိုင်းအချိန်ကလည်း ကုန်းသာကျေးရွာ နဲ့ သေးဆူလဲကကျေးရွာ ကြားတွင် စစ်ကောင်စီတပ်ထောင်ထားသည့် မိုင်း နင်းမိကြောင့် အသက် ၄၀အရွယ် မဌေးဌေးဆိုသည့်အမျိုးသမီးတဦး ညာဘက်ခြေထောက်ပြတ် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

02/10/2021

Breaking News
အောက်တိုဘာ ၂ ရက် ယနေ့ ညနေ ၃ နာရီကျော်အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ပြည်တော်သာရပ်ကွက်၌ စစ်ကောင်စီတပ်များ ဝင်ရောက်စီးနင်းမှုကြောင့် ပစ်ခတ်မှုများ ဖြစ်ပွားကာ လူသေဆုံးတာတွေရှိနေတယ်လို့ ကနဦး သတင်းရရှိသည်။
အဆိုပါဖြစ်စဥ်နှင့် ပက်သက်၍ သတင်းအပြည့်အစုံကို ဆက်လက်ဖော်ပြမည်ဖြစ်ပြီး ယခုလက်ရှိ ပေ ၈၀ လမ်းရှိ မေတ္တာဦးဆေးရုံကို ဝိုင်းထားကြောင်း သတင်းရရှိသည်။

Send a message to learn more

တိုက်ပွဲသတင်း ထုတ်ပြန်ချက်______________________________စက်တင်ဘာလ (၂၉) ရက်၊ ၂၀၂၁ ခုနှစ်ယနေ့ စက်တင်ဘာလ (၂၉) ရက်နေ့တွင် ချ...
29/09/2021

တိုက်ပွဲသတင်း ထုတ်ပြန်ချက်
______________________________
စက်တင်ဘာလ (၂၉) ရက်၊ ၂၀၂၁ ခုနှစ်

ယနေ့ စက်တင်ဘာလ (၂၉) ရက်နေ့တွင် ချင်းတွင်းမြစ်ရိုးတလျှောက် ဆန်တက်လာသော အကြမ်းဖက်စစ်ကောင်စီ၏ ရေယာဉ်အား ကျွန်ုပ်တို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF) နှင့် ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်း၍ ခုခံစစ် ဆင်နွှဲခဲ့ရာ အကြမ်းဖက် စစ်ကောင်စီဘက်မှ နှစ်ယောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ပြီး မိမိတို့ဘက်မှ ထိခိုက်မှု တစ်စုံတရာ မရှိခဲ့ကြောင်း ပြည်သူများအား အသိပေးအပ်ပါသည်။

ကျွန်ုပ်တို့ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF) သည် မုံရွာမြို့အတွင်း ပြောက်ကျား တိုက်ပွဲများအပြင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဒေသခံမဟာမိတ် ကာကွယ်ရေး တပ်ဖွဲ့များနှင့် ပူးပေါင်း၍ ခုခံစစ်ဆင်နွှဲလျက်ရှိပြီး၊ မိမိတို့၏ရည်မှန်းချက် ပန်းတိုင်ဖြစ်သည့် အကြမ်းဖက် စစ်ကောင်စီ အလုံးစုံပျက်သုဉ်းရေး၊ စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ် ပေါ်ပေါက်ရေးတို့အတွက် ဆက်လက် တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်းအသိပေးအပ်ပါသည်။

“စစ်ကိုင်းတိုင်းဒေသကြီးအား အကြမ်းဖက်စစ်ကောင်စီမှ မြူတမှုန်စာမျှပင် အုပ်ချုပ်ခွင့်မရစေရ’’

မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF)
ဆက်သွယ်ရန် - [email protected]

Breaking Newsမုံရွာမြို့၊ အရှေ့လယ်တီ၊ သပြေလမ်းအနီး ယနေ့ ညနေ ၄ နာရီခွဲအချိန်ခန့်က လူတစ်ဦး သေနတ်နှင့်  ပစ်သတ်ခံရကြောင်း မ...
29/09/2021

Breaking News

မုံရွာမြို့၊ အရှေ့လယ်တီ၊ သပြေလမ်းအနီး ယနေ့ ညနေ ၄ နာရီခွဲအချိန်ခန့်က လူတစ်ဦး သေနတ်နှင့် ပစ်သတ်ခံရကြောင်း မြေပြင်သတင်းစဥ်တွင် ရေးသားဖော်ပြထားသည်။

သေဆုံးသူမှာ ဘယ်သူဖြစ်ကြောင်း မသိရသေးပဲ စစ်ကောင်စီသတင်းပေး ဒလန်တစ်ဦးဖြစ်ကြောင်း ကနဦးသိရသည်။ အဆိုပါ နေရာအနီးတွင် လွန်ခဲ့သော ၆ လခန့်က မုံရွာလူထု သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်အား ကားနှင့်တိုက်၍ ဖမ်းဆီးခဲ့သည်။

29/09/2021

အိန္ဒိယနိုင်ငံက လယ်သမားတွေဟာ အစိုးရချမှတ်တဲ့ ပြုပြင်ပြောင်းလဲရေးကို ဆန့်ကျင်ပြီး စက်တင်ဘာ ၂၇ ရက်က ပြည်လုံးကျွတ် ဆန္ဒပြခဲ့ပါတယ်။

စိုက်ပျိုးရေးကဏ္ဍကို လွတ်လပ်ခွင့်ပေးတဲ့ ဥပဒေတွေကို စတင်ကျင့်သုံးပြီး တနှစ်အကြာမှာ ပြုပြင်ပြောင်းလဲရေးဟာ သူတို့ရဲ့ လူနေမှုဘဝကို ခြိမ်းခြောက်နေတယ်လို့လည်း ဆန္ဒပြသူတွေက ပြောပါတယ်။

လယ်သမားသမဂ္ဂ ခေါင်းဆောင်တွေကတော့ သူတို့ရဲ့ ဆန္ဒပြပွဲတွေဟာ အရေးပေါ်ဌာနတွေကို အနှောင့်အယှက်မပေးဘူးလို့ ပြောကြပါတယ်။

မနှစ်က စက်တင်ဘာမှာ စတင်ကျင့်သုံးတဲ့ ဥပဒေတွေဟာ စိုက်ပျိုးရေးကဏ္ဍ စည်းမျဉ်းတွေကို ဖြေလျှော့ပေးထားတာပါ။

လယ်သမားတွေဟာ အစိုးရက ကြပ်မတ်ထားတဲ့ လက်ကားဈေးကွက်တွေကို ကျော်လွန်ပြီး ဝယ်သူတွေကို သူတို့ရဲ့ထုတ်ကုန်တွေ တိုက်ရိုက်ရောင်းချဖို့ ခွင့်ပြုထားပေမဲ့ အသေးစား လယ်သမားတွေကတော့ ဒီအပြောင်းအလဲကြောင့် သူတို့ဟာ စီးပွားရေးလုပ်ငန်းကြီးတွေနဲ့ မယှဉ်ပြိုင်နိုင်ဘူးလို့ ပြောပါတယ်။

ဒါကြောင့် ဂျုံနဲ့ ဆန်လို ထုတ်ကုန်တွေအတွက် နောက်ဆုံးမှာ ဈေးမပြိုင်နိုင်တော့ဘူးလို့ အသေးစား လယ်သမားတွေက ပြောပါတယ်။

အစိုးရကတော့ သူတို့ရဲ့ ပြုပြင်ပြောင်းလဲရေးဟာ လယ်သမားတွေအတွက် အခွင့်အရေးသစ်နဲ့ ပိုကောင်းတဲ့ ဈေးနှုန်းတွေ ရစေဖို့ ရည်မှန်းထားတာလို့ ပြောပါတယ်။

လူဦးရေ ၁ ဒသမ ၃ ဘီလီယံကျော်ရှိတဲ့ အိန္ဒိယမှာ လယ်ယာကဏ္ဍမှာ လူတဝက်လောက် လုပ်ကိုင်နေတာပါ။ တိုင်းပြည်စီးပွားရေး အမေရိကန် ဒေါ်လာ ၂ ဒသမ ၇ ထရီလီယံရဲ့ ၁၅ ရာခိုင်နှုန်းကို လယ်ယာကဏ္ဍကနေ ရပါတယ်။

ထိုင်းနိုင်ငံ အယုဒ္ဓယတွင် စက်လှေမှောက်ပြီး လူ ၂ ဦးပျောက်ဆုံးနေထိုင်းနိုင်ငံမှာ ရေကြီးရေလျှံမှုနောက်ဆက်တွဲအဖြစ် စက်တင်ဘာ ...
29/09/2021

ထိုင်းနိုင်ငံ အယုဒ္ဓယတွင် စက်လှေမှောက်ပြီး လူ ၂ ဦးပျောက်ဆုံးနေ

ထိုင်းနိုင်ငံမှာ ရေကြီးရေလျှံမှုနောက်ဆက်တွဲအဖြစ် စက်တင်ဘာ ၂၉ က ထိုင်းအလယ်ပိုင်း အယုဒ္ဓယမြို့နယ်ထဲမှာ ကုန်တင်လှေကိုဆွဲတဲ့ စက်လှေတစ်စီး တိမ်းမှောက်သွားပြီး လူ ၂ ဦးပျောက်ဆုံးနေပါတယ်။

ဒီမနက် ၁၀ နာရီခွဲလောက်က အယုဒ္ဓယမြို့နယ် ကမန်းအုပ်စုအပိုင်းရှိ ပါဆပ်မြစ်ထဲမှာ ကုန်တင်လှေ ၁ စီးကို စက်လှေ ၅ စီးက ဆွဲလာခဲ့ကြောင်း ၊ မဲနန်ချောင်ဖရာမြစ်ဆုံနားရောက်တော့ ရှေ့ဆုံးကနေ ဆွဲနေတဲ့ စက်လှေတစ်စီးက စက်ချို့ယွင်းသလိုဖြစ်ပြီး မူမမှန်လို့ ဖုံးနဲ့ဗွီဒီယို ရိုက်လိုက်စဉ် သူ့ရှေ့မှာဘဲ စက်လှေမှောက်ပြီး နစ်မြှုပ်သွားတာလို့ ကမ်းခြေရှိမျက်မြင်တစ်ဦးက သတင်းထောက်ကို ပြောပါတယ်။

ဒါကြောင့် ကယ်ဆယ်ရေးအဖွဲ့ကို ဆက်သွယ်အကူအညီတောင်းခဲ့ကြောင်း ၊ ခဏအကြာ ကယ်ဆယ်ရေးအဖွဲ့တွေရောက်လာပြီး စက်လှေပေါ်ပါသွားသူတွေကို လိုက်လံရှာဖွေနေကြတယ်လို့ မျက်မြင်က ပြောပါတယ်။

နစ်မြုပ်သွားတဲ့ စက်လှေထဲမှာ လှေခုတ်မောင်းသူ နိုင်းဆုမ်ချိုင်းထာရကွန်း ( ၆၂ ) နှစ်နဲ့ ဇနီးဖြစ်သူ နန်းနရစ်မွန်းတို့ နှစ်ဦးပါသွားပြီး ရေစီးလည်းအလွန်သန်တာကြောင့် ခဲယဉ်းစွာ ရှာဖွေကယ်ဆယ်နေရတယ်လို့ ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။

ဒီကနေ့ ထိုင်းစံတော်ချိန် ညနေ ၃ နာရီထိ ပျောက်ဆုံးနေသူတွေကို ရှာလို့မတွေ့သေးပါဘူး ။

နမခတပ်အတွင်းမှ ထွက်ခွာလာသော စစ်ကောင်စီယာဥ်တန်းကို စိုင်ပြင်မြို့နယ်အနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဒီပဲယင်းအခြေစိုက် ဂဠ...
29/09/2021

နမခတပ်အတွင်းမှ ထွက်ခွာလာသော စစ်ကောင်စီယာဥ်တန်းကို စိုင်ပြင်မြို့နယ်အနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဒီပဲယင်းအခြေစိုက် ဂဠုန်တပ်တော်နှင့်မဟာမိတ်စုပေါင်းအဖွဲ့မှ လက်ချက်ဟုဆို

စက်တင်ဘာ၂၉၊RNA

စစ်ကိုင်းတိုင်းဒေသကြီး၊စိုင်ပြင်မြို့နယ် လက်ပံကျကျေးရွာအနီးမှာ နမခစစ်တပ်မှထွက်ခွာလာသော စစ်ကောင်စီယာဥ်တန်းကို ဒီပဲယင်းအခြေစိုက် ဂဠန်တပ်တော်နှင့်မစာမိတ်စု​​ပေါင်းအဖွဲ့များမှ မနေ့ကစက်တင်ဘာ၂၈ရက်နေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဒီပဲယင်းသို့ထွက်ခွာလာသည့် စစ်ကောင်စီယာဥ်တန်းကို သုံးနေရာခွဲ၍ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

ပထမအကြိမ် ဘုတလင်မြို့နှင့် စိုင်ပြင်ကျေးရွာကြားတွင် တစ်ကြိမ်၊ဆည်ရေလွဲမြောင်းဘောင်တွင်တစ်ကြိမ်၊စစ်ကောင်စီတပ်ဖွဲ့များအပြန် မြို့မြောက်ဘက်တွင်တစ်ကြိမ် စုစုပေါင်းသုံးကြိမ်တိတိ စောင့်ဆိုင်း၍ တိုက်ခိုက်ခဲ့တယ်လို့ သိရသည်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် လမ်းပေါ်တွေ့ရှိသူများကိုဖမ်းဆီး၍ စစ်ကောင်စီဘက်မှာ အထိအခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။

ဒီလိုတိုက်ခိုက်ခံရမှုကို ဂဠုန်တပ်တော်ရဲ့ လူမှု့ကွန်ယက်စာမျက်နှာမှာ တိုက်ခိုက်မှုများကို အောက်ပါအတိုင်းဖော်ပြရေးသားထားပါတယ်။

"စက်တင်ဘာလ ၂၈ရက် နံနက် ၁၀ နာရီ ၅၀ မိနစ်တွင် ဘုတလင်မြို့မှ ရေဦးမြို့သို့ ထွက်ခွာလာသော ဖက်ဆစ်စစ်တပ်၏ ယာဥ်တန်းအား လက်ပံကျေးရွာမြောက်ဘက်တွက် တကြိမ်၊ ဆည်ရေလွှဲမြောင်းဘောင်တွင်တကြိမ် မိုင်းခွဲတိုက်ခိုက်ခဲ့သည်။ ကားတစီး လုံးဝပျက်စီး၍ စုစုပေါင်း လေးစီးထိခိုက်မှုရှိသည်။

ထို့နောက်တဖန် စိုင်ပြင်ကြီးမြို့မြောက်ဘက်သို့ ထွက်လာသောရှေ့ပြေးယာဥ်တစီးကို မြို့ပြင်မူးဘောင်ထိပ်တွင် ဒေသခံတော်လှန်ရေးတပ်ဖွဲ့မှ မိုင်းခွဲတိုက်ခိုက်မှုကြောင့် စိုင်ပြင်မြို့မှ မထွက်နိုင်ဘဲ မြို့တွင်းပြည်သူများအား ဖမ်းဆီးထားပြီးနေပူပြင်၌ဒူးထောက်လက်မြှောက်ခိုင်းခြင်း၊ ကားကြီးတစ်စီးပေါ်သို့တင်ဆောင်၍ လူသားဒိုင်းအဖြစ် အကာအကွယ်ပြုနိုင်ရန် လုပ်ဆောင်နေကြောင်း သတင်းရရှိသည်။

ထို့အတူ မြို့မြောက်ဘက်သို့ ခြေလျင်တပ်သားများစေလွှတ်၍ ​လယ်ကွင်းများ၊ ခြုံနွယ်များကြား ဖွေရှာမှုများပြုလုပ်နေကြောင်း သတင်းရရှိခဲ့သည်။ ထို့ကြောင့် မည်သည့်တိုက်ခိုက်မှုမျှမပြုလုပ်ဘဲ ဂဠုန်တပ်များအား လျှို့ဝှက်ဆုတ်ခွာစေပြီး ၎င်းတို့ထွက်ခွာသည်အထိ စောင့်ဆိုင်းစေခဲ့သည်။

ညနေ ၃နာရီ ၃၅မိနစ်တွင် ပြည်သူတချို့တင်ဆောင်လာသော ကားတစီးကို ရှေ့ဆုံးထား၍ နောက်မှအမျိုးအစားမတူသော အိမ်စီးကားများ၊ စစ်သုံးယာဥ်ငယ်များညှပ်၍ ပထမအသုတ်ကားတန်းကို ခါးလည်ပိုင်းမှ မိုင်းခွဲခြောက်လှန့်ခဲ့ပြီး ထိခိုက်မှု အနည်းငယ်သာ ဖြစ်ပေါ်စေခဲ့သည်။

နောက်ဆုံးယာဥ်တန်းဖြစ်သော နောက်ချန်အင်အား ကားသုံးစီးကို ၆နာရီ ၃၀မိနစ်တွင် ထပ်မံဖောက်ခွဲခဲ့ရာ ၎င်းတို့၏ 4×4 အဖြူရောင်တစီးနှင့်အတူ ကားနောက်ပိုင်းထိုင် တပ်သားများ ပြင်းထန်ဒဏ်ရာရှိရှိခဲ့သည်။

ထို့နောက် အင်အားတချို့နှင့်အတူ အတန်ကြာမထွက်ခွာနိုင်ဘဲ ည ၇ နာရီ ၁၀ မိနစ်မှသာ ဒီပဲယင်းစခန်း၊ ထို့နောက် စခန်းတွင်းတပ်သားများနှင့်လဲလှယ်၍ ရေဦးမြို့သို့ ၈ နာရီ ၂၀မိနစ်တွင် ထွက်ခွာသွားကြသည်။ လမ်းခရီးတွင် နယ်မြေခံစခန်းအသီးသီးမှ ကားများနှင့်လဲလှယ်အသုံးပြုခြင်း၊ ပြည်သူပိုင်ကားများအသုံးပြုခြင်းတို့အား အချိန်နှင့်တပြေးညီ သတင်းရရှိခဲ့သည်"လို့ ထုတ်ပြန်ကြေညာလိုက်ပါသည်။

Address

Indian
Imphal
795153

Alerts

Be the first to know and let us send you an email when Myanmar News Light posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar News Light:

Share