16/07/2023
Learning Management System...
Learning Management System ဆိုတာဘာလဲဆိုတော့ software platform တစ်ခုပေါ်မှာ သင်ယူသူတွေက သင်ယူမယ်
သင်ပေးမယ့်သူတွေက သင်ပေးနိုင်ပီး ကိုယ့်ရဲ့ Learners, Faculties နဲ့ Employees တွေအတွက် Functions တွေပါမယ်
Learners တွေရဲ့ progress ကို တိုင်းတာမယ် quizz တွေပါပီး Exam တွေပါကောင်းပါမယ် Certificate ပေးတာတွေကော ပါကြတယ်
ကိုယ်သင်ပေးမယ့် Course တွေကိို Lessons တွေ Topics တွေ သေခြာပိုင်းခြားပီး သင်ပေးလို့ရတယ်။
ဒီနေရာမှာ တစ်ခု ကွဲကွဲပြားပြားသိစေချင်တာ က E-Learning နဲ့ LMS ကမတူဘူးဆိုတာပါ
E-Learning ကဘာလဲဆိုတော့ Online ပေါ်ကနေလေ့လာသင်ယူခြင်း လို့ အလွယ်မှတ်လို့ရတယ်
ဆိုတော့ LMS ကတော့ ကိုယ်က Online ကသင်လဲ သုံးလို့ရတယ်
Physically သင်လဲ သုံးလို့ရတယ်
ဘယ်လိုဘဲသင်သင် Modern ခေတ်ရေစီးကြောင်းမှာ LMS System နဲ့ Systematically သင်ကြားတယ်ဆိုရင် ကိုယ့် သင်ကြားရေးကတော့ ပိုထိရောက်ပါလိမ့်မယ်
ဘာကြောင့် LMS သုံးသင့်တာလဲ?
ဘာကြောင့်သုံးသင့်တာလဲဆိုတော့ LMS သုံးခြင်းအားဖြင့် ကိုယ့် Platform မှာ သင်ယူနေတဲ့ Students တွေရဲ့ Progress, Report တွေကို Automatic သိလို့ရမယ်။
Data Management အတွက်လဲ Batch တွေတစ်ခုပီးတစ်ခု ပြောင်းသွားတဲ့အခါတွေမှာ ကျောင်းသားစာရင်း Passed ဖြစ်တဲ့ စာရင်း Failed ဖြစ်တဲ့စာရင်း အစရှိတဲ့ Report တွေလဲသိနိုင်မယ်။
System အားကို အသုံးပြုတာဖြစ်တဲဲ့အတွက် Human Resource ( လူအား) ကို လျှော့သုံးလို့ရပီး ပိုကောင်းတဲ့ Solution ကိုရလိမ့်မယ်
Management system ဖြစ်တဲ့အတွက် တစ်ချို့ LMS တွေဆို ဝန်ထမ်းတွေကို Salary ပေးတဲ့ Function တွေပါ ထည့်ပီးပါကြတယ် ။ နဲနဲတော့ ERP ( Enterprise Resource Planning) ဘက်ကို ရောက်သွားမယ် ။
ဆိုတော့ ဒါကတော့ လက်ရှိ ခေါင်းထဲပေါ်လာတဲ့ LMS တွေရဲ့ အားသာချက်တွေဖြစ်ပီး
အားနည်းချက်ဆိုတာကလဲ ရှိစမြဲပါ
LMS အများစုက E-Learning ကိုသုံးကျတော့ students တွေက တကယ် စာလိုက်လုပ်မှ ရမယ့်သဘောတော့ရှိမယ် ( ဒါကကျတော့ LMS ရဲ့ လိုအပ်ချက်မဟုတ်ဘဲ E-Learning ရဲ့လိုအပ်ချက်လို့ပြောရင် ပိုမှန်လိမ့်မယ်)
ပီးတော့ ကိုယ်က System သုံးတာ ဖြစ်တဲ့အတွက် Attackers တွေ ရန်ကလဲ ကြောက်ရတယ် Scanning တွေ Injection တွေ ဂရုစိုုက်ဖို့လိုပီး Security Awareness ကောင်းတဲ့ System သမားတွေနဲ့ သေချာ Development လုပ်ဖို့တော့လိုမယ်
LMS သုံးဖို့အတွက် ဘာတွေနဲ့ Develop လုပ်ရမလဲ?
1. Moodle
Moodle ကတော့ LMS အတွက်ဘဲ Develop လုပ်ထားတဲ့ CMS system တစ်ခု ဖြစ်ပီး LMS သုံးဖို့ အတွက် ဘဲ ဆိုရင်သင့်တော်တယ်။ Course တွေကို Enroll လုပ်တဲ့ system , stripe နဲ့ ဘေလ်ပေးချေတဲ့ system တွေပါပီး Exam တွေ ဖြေမယ်။ Certificate တွေပါပေးလို့ရမယ်။
Source Code ကလဲ open soure ပေးထားပီး Moodle Developers တွေလဲ ရှိကြတယ်။ ကိုယ်ထပ်လိုချင်တဲ့ plugins တွေကိုလဲ ကိုယ့်ဘာသာ ကိုယ် Developers နဲ့ Develop လုပ်လို့ရတယ်။ ပီးတော့ Moodle app ဆိုပီး android နဲ့ IOS အတွက် ထွက်ထားပီး သင်ယူသူတွေက
website ကနေလဲသင်ယူလို့ရသလို mobile application ကနေလဲ သင်ယူလို့ရတယ်။ မြန်မာနိုင်ငံမှာလဲ moodle သုံးထားတဲ့ LMS System တွေ အများကြီးရှိတယ်။
2. Learndash
Learndash ကတော့ Wordpress ကနေ ပေးထားတဲ့ LMS အတွက် plugin ဖြစ်ပီး Wordpress ကျွမ်းကျင်တဲ့ သူတွေဆိုရင် သုံးလို့ရတယ်။ LMS Features တော်တော်များများသုံးလို့ရတယ်။ တစ်ခုတော့ရှိတယ် ။ တစ်ချို့ Plugins တွေကတော့ ဝယ်ရလိမ့်မယ်။ မဝယ်ဘဲနဲ Developed လုပ်သုံးမယ်ဆိုလဲ သုံးလို့တော့ရပါတယ်။ Personally အရတော့ moodle ကို ပိုကြိုက်တယ်။ Learndash ကိုတော့ Moodle ရဲ့ alternative လို့မြင်ပီး Performance အတွက် မကြိုက်ဘူး။ Wordpress က General Purpose အတွက် ထုတ်ထားတာဖြစ်ပီး Moodle ကတော့ LMS အတွက် ဘဲသီးသန့်ထုတ်ထားတာဖြစ်တယ်။ အဲ့တော့ Learndash သုံးမယ်ဆို ဆက်စပ် Plugins တွေ အများကြီး တင်သုံးရပီး Website က CPU နဲ့ Ram Usage အများကြီး အသုံးပြုရလိမ့်မယ်။ Mobile App တော့မရဘူး။
3. Google Classroom
နောက်တစ်ခုကတော့ Google Classroom သူကတော့ Google က ပေးထားတာဖြစ်ပီး။ အသုံးပြုရတာလွယ်တယ်။ ဘာ Developers မှ မလိုဘဲနဲ့ ကိုယ့်ဖာသာကိုယ် သာမန် Google Service အသုံးပြုသလို ပေါ့ပေါ့ပါးပါး သုံးသွားလို့ရတယ်။ အားနည်းချက်ကလဲ အဲ့ဒါဖြစ်ပီး သူပေးတဲ့ Features ထဲဘဲ ကိုယ့် LMS ကို အဆင်ပြေအောင်သုံးလို့ရမယ်။ ဘာ Customization မှ လုပ်လို့မရဘူး။ သူကတော့ Mobile App ရှိတယ်။ Android ကော IOS ကော နှစ်ခုလုံးနဲ့အဆင်ပြေတယ်။
4. Odoo LMS
ဒီ LMS ကလဲ ကျွန်တော်တော်တော် သဘောကျတဲ့ System ထဲပါတယ်။ Odoo ဆိုတော့ Open Source လဲဖြစ်တယ် ။ Develop လဲကောင်းကောင်းပြန်လုပ်လို့ရတယ်။ အပေါ်မှာ ပြောထားခဲ့သလိုဘဲ ကိုယ့် system မှာ Faculty တွေ ဝန်ထမ်းတွေကို လစာပေးတဲ့ system တွေပါ ပါချင်တယ် လိုချင်တယ်ဆို
Odoo သုံးသင့်တယ်။ သူက ERP System , ERP System ကို မှ LMS Support လုပ်တာပေါ့။ ကုန်ကျစရိတ်ကတော့ Community သုံးမယ်ဆို မရှိပေမယ့် Enterprise သုံးမယ်ဆို License Fees တော့ရှိမယ်။ Moodle ထက်တော့ Server ပေါ်မှာ တောင်းဆိုမှုပိုများလိမ့်မယ်။ ERP Background ဖြစ်တဲ့အတွက် Ram ပိုလိုမယ်။ CPU Core ပိုလိုမယ်။ ပိုကောင်းတဲ့ Server Configuration တွေ ချဖို့လိုမယ်။ Application လဲရဖို့ရှိပီး Enterprise သုံးမှ application ကိုတော့ ရလိမ့်မယ်
ဒါကတော့ ကျွန်တော် သုံးဖြစ်တဲ့ LMS System တွေဖြစ်ပီး အခြား LMS System တွေလဲ အများကြီးရှိပါသေးတယ်။
အနှစ်ချုပ်ပြောရမယ်ဆို ကျွန်တော်ကတော့ LMS System ချည်းဘဲ သုံးမယ်ဆို Moodle ကိုအားပေးတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ERP Features တွေပါပါလာနိုင်တယ်ဆိုရင်တော့ Odoo ကို သုံးစေချင်တယ်
ကြေညာကဏ္ဌအနေနဲ့ ပြောရမယ်ဆိုရင် ကျွန်တော်တို့ Digital Youth က ဒီ LMS Service ကို Domain, Development, Server Configuration, Maintenance နဲ့ Security တွေကို One Stop Service အနေနဲ့ တာဝန်ယူဆောင်ရွက်ပေးပါတယ်။