YK တံဆိပ်ရိုက်လုပ်ငန်း

  • Home
  • Myanmar
  • Bago
  • YK တံဆိပ်ရိုက်လုပ်ငန်း

YK တံဆိပ်ရိုက်လုပ်ငန်း တံဆိပ်ရိုက် မျိုးစုံ အတွက် ဆက်သွယ်န?

07/10/2019
👍👍👍
05/10/2019

👍👍👍

😍😍😍
29/09/2019

😍😍😍

B.K.G Coffee & Snack ​😍😍😍 ☕🍮🍩🍰🎂🍞
03/06/2019

B.K.G Coffee & Snack
😍😍😍
☕🍮🍩🍰🎂🍞

အမြဲ အားပေးတဲ့ ဟန်စိုးဦး မိသားစု ကျေးဇူးပါ 🙏🙏YK တံဆိပ်ရိုက်လုပ်ငန်းမှလဲ စိတ်ကျေနပ်အောင် ဝန်ဆောင်မှူ့  ပေးဖို့ အမြဲကြိုးစာ...
29/04/2019

အမြဲ အားပေးတဲ့ ဟန်စိုးဦး မိသားစု ကျေးဇူးပါ 🙏🙏
YK တံဆိပ်ရိုက်လုပ်ငန်းမှလဲ စိတ်ကျေနပ်အောင်
ဝန်ဆောင်မှူ့  ပေးဖို့ အမြဲကြိုးစားနေပါတယ် ......
မိတ်ဆွေတို့ လုပ်ငန်းအတွက်
YK ကိုသတိရလိုက်ပါ ..........

Mawlamyine Ink Tattoo Studio & Supply 😍😍😍Thank ...... K.H.M Thank ...... Mawlamyine Ink 💦💦💦
27/04/2019

Mawlamyine Ink Tattoo Studio & Supply 😍😍😍
Thank ...... K.H.M
Thank ...... Mawlamyine Ink 💦💦💦

13/04/2019

စီးပွားရေးလောကထဲကို ဝင်လာရင် ဒါတွေ မလုပ်နဲ့

၁. Copy မကူးပါနဲ့

ပြိုင်ဘက်တွေရဲ့ Idea တွေကူးတော့ ဘာဖြစ်လဲ ဆိုတဲ့ အတွေးတွေ မတွေးပါနဲ့

၂. စျေးကွက်မဖျက်ပါနဲ့

မတန်တဆ လျှော့ရောင်းတာမျိူးမလုပ်ဘဲ Brand Brand ချင်းတိုက်ပါ

၃. ပြိုင်ပါ မတိုက်ခိုက်ပါနဲ့

ပြိုင်ဘက်တွေ ကို ယှဉ်ပြိုင်ပါ မတိုက်ခိုက်ပါနဲ့ တစ်ခါတရံ ပြိုင်ဘက်ဆိုတာ အကောင်းဆုံး Partner ပါ

၄. စည်းမဖောက်ပါနဲ့

လုပ်ငန်းအမျိူးစားတူသူခြင်း လုပ်ငန်းတန်ဖိုး တတ်လာအောင်မြှင့်ပါ Quality ကြောင့် စည်းမဖောက်ပါနဲ့ Service ကြောင့် စည်းမဖောက်ပါနဲ့ လုပ်ငန်းရှင်တွေစည်းစောင့်မှ လုပ်ငန်းတန်ဖိုးတတ်မှာပါ

၅. အရှက်တရားလေး သတိထားပါ

သူများ စျေးချတိုင်း လိုက်ချ . သူများ New Product ထုတ် လိုက်ထုတ် မလုပ်ပါနဲ့ သူများရတဲ့ Idea သူများ လုပ်နေရင် ကိုယ်က အရှက်ကလေးနဲ့ ခပ်ခွာခွာကနေ မတူ ကွဲထွက်အောင်လုပ်ပါ

သင်က စီးပွားရေး လုပ်ငန်းရှင်ပါ




post အားကူးယူဖော်ပြခွင့်ပြုပြီး စာသားများအား သီးသန့် copyယူပါက # signနှင့် ဖော်ပြထားသော အမည်များအား ဖျက်၍တင်ခြင်းမပြုပါရန်

😍😍😍
06/04/2019

😍😍😍

Bago Badminton Tournament 2019 Design by KoPyaeTattooartistPhoto crd ...Myat Myo Khaing   😍😍😍
23/03/2019

Bago Badminton Tournament 2019

Design by KoPyaeTattooartist

Photo crd ...Myat Myo Khaing





😍😍😍

05/03/2019

အချိန်မလွန်ခင် အမြန်ကုသသင့်တဲ့ ရောဂါ (၅) ခု
(1) ပထမရောဂါရဲ့နာမည် ---- “ခဏ”
ရောဂါလက္ခဏာ >>>
ခဏ မနက်ဖြန်မှလုပ်မယ်
ခဏ မနက်ဖြန်မှစကြိုးစားမယ်
ခဏလေးထားလိုက်အုံးနောက်မှလုပ်မယ်
နောက်ဆုံးကျတော့ ဘယ်တော့မှ ပြောသလိုမျိုးမလုပ်တဲ့ရောဂါ
ကုနည်း>>> ခဏ ဆိုတဲ့ စကားကို အခု ဆိုပြီးပြောင်းလိုက်ပါ
သူများလိုအောင်မြင်ချင်တယ်ဟုတ်၊ ရတယ် ခုချက်ချင်းပြောင်းပါ
(2) ဒုတိယရောဂါနာမည် ---- “------လို့”
ရောဂါလက္ခဏာ >>>
ငါကိုကူညီပေးမယ့်သူမရှိလို့
မွေးလာတာကံမကောင်းလို့၊ သူများကငါ့ထက်တော်ပြီးသားမို့လို့
သူတို့ကငါ့ထက်ပိုက်ဆံရှိလို့၊ ကျောင်းကောင်းကောင်းတက်နိုင်လို့
ဒီနေ့ဈေးရောင်းမကောင်းတာ မိုးရွာလို့
စသဖြင့်
ကုနည်း >>> Bill Gates ပြောခဲ့တဲ့စကားကိုမှတ်ထားပါ
“ခင်ဗျားမွေးလာကတည်းက ဆင်းရဲရင် အဲ့ဒါခင်ဗျားအပြစ်မဟုတ်ဘူး
ဒါပေမဲ့ ခင်ဗျား ဆင်းဆင်းရဲရဲ နဲ့သေရရင်တော့ အဲ့ဒါခင်ဗျာအပြစ်ပဲပြောရလိမ့်မယ်တဲ့”
ကိုယ့်ရဲ့ဘဝကို ကိုယ်တိုင်တာဝန်ယူပါ
ကိုယ်မအောင်မြင်အောင် အကြောင်းပြချက်တွေပဲ လိုက်ရှာမနေနဲ့
ကိုယ်နည်းလမ်းမှန်မှန်ကြိုးစားရင်အောင်မြင်ကြတာပဲ
“လို့” မနေနဲ့ လက်တွေ့ “လုပ်”ပါ ။
(3) တတိရရောဂါကတော့ “စောင့်ချင်တဲ့ရောဂါ”

အဆင်သင့်ဖြစ်တဲ့ထိစောင့်ပြီးမှ
ပိုက်ဆံရှိတဲ့အထိ စောင့်ပြီးမှ
ဟိုအရာရှိမှ ဒီဟာရှိတဲ့အထိစောင့်ပြီးမှ
သေချာကြိုးစားမယ်ဗျတဲ့
နောက်ဆုံးကျတော့ ဘယ်တော့မှအဆင်သင့်မဖြစ်ခဲ့ဘူး
အဲ့တော့ စောင့်ရင်းစောင့်ရင်းနဲ့ ဘဝကအရင်နေရာပဲ ကွက်ကွက်တောင်မရွေ့ဘူး
ကုနည်း >>> လွယ်လွယ်လေး အချိန်မရပ်မချင်း ဘယ်တော့မှမစောင့်နဲ့
ရောဂါနာမည် (၄)နာမည် ---- တွန့်ဆုတ် တွန့်ဆုတ်
လူအများကပြောတယ်
အောင်မြင်တဲ့လူအများစုက ဆုံးဖြတ်ချက်ချတာမြန်တယ် ၊ စိတ်ပြောင်းလဲဖို့ခက်တယ်
(သူတို့သေချာတဲ့ Information မရမချင်းပေါ့ )
အောင်မြင်တဲ့လူအနဲစုက ဆုံးဖြတ်ချက်ချဖို့ နှေးတယ် ၊ စိတ်ပြောင်းလဲလွယ်တယ်
ဒီနေ့ဒီအရာကိုရွေးလိုက်တယ် ၊ မနက်ဖြန် နောက်အရာတစ်ခုကိုပြောင်းတယ်
ဒီနေ့ဒီအရာလုပ်ဖို့ဆုံးဖြတ်လိုက်တယ် ၊ မနက်ဖြန်ကျတော့ နောက်တစ်ခုလုပ်ဖို့ စိတ်ပြောင်းတယ်
ဒီနေ့အားကစားသမားဖြစ်ချင်တယ် မနက်ဖြန်ကျတော့ စီးပွားရေးသမားဖြစ်ချင်ပြန်ရော ၊နောက်ရက်ကျတော့
ဘာမှမလုပ်တော့ဘူး သာသနာ့ပေါင်ထဲဝင်မယ်ပေါ့
အဲ့လိုမျိုးပဲ ဘာမှသေသေချာချာမရှိဘူး ဒါကြောင့် ဒီလိုမျိုးသူတွေက ဘယ်အရာအပေါ်ကိုမှ Focus လုပ်လို့မရဘူးပေါ့
နန်းတို့ ရည်မှန်းချက် ပြောင်းလို့မရဘူးလို့ဆိုလိုတာမဟုတ်ဘူးနော်
ရည်မှန်းချက်ပန်းတိုင်ကပြောင်းလို့ရပါတယ် ။ နန်းတို့ပန်းတိုင်ကိုကြိုးစားနေတဲ့ချိန်မှာ နောက်ပန်းတိုင်တစ်ခုပိုကောင်းတယ်။ ပိုပြီးတော့လိုချင်တယ်ဆိုရင်ပေါ့
ဒီနေ့တစ်မျိုးနောက်နေ့တစ်မျိုး တွန့်ဆုတ်တွန့်ဆုတ် တော့မလုပ်ပါနဲ့

ကုနည်း ---- ဘာလိုချင်လဲဆိုတာ ကောင်းကောင်းစဉ်းစားပါ ။ပြီးတော့ ပြတ်ပြတ်သားသားဆုံးဖြတ်ပါ။
(5) ရောဂါနံပါတ် (၅) ---- လွယ်လွယ်နဲ့ အရှုံးပေးတတ်
နဲနဲအခက်အခဲတွေ့တာနဲ့ အရှုံးပေးမယ်
နဲနဲပြဿနာတွေ့တာနဲ့ နောက်ဆုတ်မယ်ဆိုတာပဲ
စာရေးသမား ဖြစ်ချင်တယ်
တစ်ပတ်လောက်ရေးပြီးစာတင်လိုက်တယ်
ဖတ်တဲ့လူမရှိတော့ စာမရေးတော့ဘူးဆိုပြီး အရှုံးပေးမယ်
စီးပွားရေးလုပ်ငန်းရှင်ဖြစ်ချင်တယ်တဲ့
စာအုပ်တစ်အုပ်ဖတ်ပြီး စလုပ်တော့ ပြဿနာနဲနဲတွေ့တော့ မလုပ်တော့ဘူးတဲ့
ချမ်းသာချင်တယ်တဲ့ ကိုယ်ပိုင်စီးပွားရေးရှိချင်တယ်တဲ့
လက်တွေ့ချလုပ် တော့ ကိုယ်ထင်သလောက်မလွယ်တဲ့ချိန်ကျတော့ အရှုံးပေးချင်လာရော
ပန်းတိုင်ကိုကြည့်လိုက်အကြီးကြီးပဲ ဒါပေမဲ့ သူတို့ရဲ့စိတ်ကသူ့ပန်းတိုင်လောက် မကြီးနိုင်ဘူး

ကုနည်း >>> ကိုယ့်ရဲ့ Persistence (မဆုတ်မနစ်ကြိုးစားမှု) ကိုလက်စွဲထားပါ
အကယ်လို့ ခင်ဗျားဆုံးဖြတ်ထားတဲ့အရာက မှန်တယ်လို့ ယုံကြည်တယ်ဆိုရင်
နောက်မဆုတ်ပါနဲ့၊ အကယ်လို့ အလုပ်မဖြစ်ပြန်ရင် နည်းလမ်းပြောင်းပါ
မအောင်မြင်မချင်းကြိုးစားပါ နောက်မဆုတ်ပါနဲ့
ဒါက လူအများဖြစ်တတ်တဲ့ရောဂါ (၅) ခုပါ
ကုနည်းကောထည့်ပေးထားတယ်
ကိုယ်နဲ့တိုက်ဆိုင်တဲ့အချက်ကို ကြိုက်သလိုရွေးပြီးတော့ သုံးလို့ရပါတယ်
အကျိုးရှိရင် ကျေးဇူးပြုပြီး Share ပေးပါ… နန်းနောက်ထပ်ကြိုးစားပြီးစာတွေတင်ပေးပါ့မယ်
ဒီရောဂါဖြစ်ပြီး ကိုယ်တိုင်မသိတဲ့ သူတွေအတွက်ပါ
ကောင်းသောနေ့လေးဖြစ်ပါစေ
နန်းယုယုထွေး

Credit - အောင်မြင်သူ ဘယ်လိုတွေးလဲ ? : Black Bin Myanmar

Address

ရွှေမော်ဓော ဘုရားလမ်း
Bago

Telephone

+959780780378

Website

Alerts

Be the first to know and let us send you an email when YK တံဆိပ်ရိုက်လုပ်ငန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share