Myanmar Farming Feed - မွေးမြူရေးဆေးဝါးအမျိုးမျိုးနှင့်မွေးမြူရေးအစာ

  • Home
  • Myanmar
  • Bago
  • Myanmar Farming Feed - မွေးမြူရေးဆေးဝါးအမျိုးမျိုးနှင့်မွေးမြူရေးအစာ

Myanmar Farming Feed - မွေးမြူရေးဆေးဝါးအမျိုးမျိုးနှင့်မွေးမြူရေးအစာ ငါးမွေးမြူရေးဆေးဝါးအမျိုးမျိုးနှင့်အစာ

14/08/2025

"ငါးများ မည်သို့ အသက်ရှူကြသနည်း"

ငါးများသည် ကမ္ဘာပေါ်တွင် ရေနေသတ္တဝါများထဲမှ အများဆုံးတွေ့ရသောသက်ရှိများ ဖြစ်ပြီး ၎င်းတို့၏ ရေအောက်ရှင်သန်မှုအတွက် အဓိကကျသော လုပ်ငန်းစဉ်မှာ အသက်ရှူခြင်းပင်ဖြစ်သည်။ လူသားများနှင့် ကုန်းနေသတ္တဝါအများစုမှာ အဆုတ်ဖြင့် အသက်ရှူကြသော်လည်း ငါးများသည် ရေထဲတွင် ပျော်ဝင်နေသော အောက်ဆီဂျင်ကို ထုတ်ယူရန်အတွက် ပါးဟက် (gills) ကို အသုံးပြုကြသည်။

'ပါးဟက်၏ တည်ဆောက်ပုံနှင့် လုပ်ငန်းစဉ်'
ပါးဟက်များသည် ငါး၏ ဦးခေါင်းဘေးဘက်တွင် ရှိပြီး ပါးဟက်အဖုံး (operculum) ဖြင့် ဖုံးအုပ်ထားလေ့ရှိသည်။ ပါးဟက်တစ်ခုစီသည် ပါးဟက်မျှင်များ (gill filaments) အများအပြားဖြင့် ဖွဲ့စည်းထားပြီး ထိုမျှင်များပေါ်တွင် သွေးကြောမျှင်လေးများ (capillaries) ထူထပ်စွာ တည်ရှိသည်။ ဤသွေးကြောမျှင်လေးများသည် အောက်ဆီဂျင်နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ် လဲလှယ်မှုအတွက် အရေးကြီးသော မျက်နှာပြင်ဧရိယာကို ပံ့ပိုးပေးသည်။
ငါးများ အသက်ရှူသည့် လုပ်ငန်းစဉ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
၁။ ရေစုပ်ယူခြင်း- ငါးသည် ပါးစပ်ကို ဖွင့်၍ ရေကို စုပ်ယူသည်။ ထိုရေသည် ပါးစပ်မှတစ်ဆင့် ပါးဟက်များဆီသို့ စီးဆင်းသွားသည်။
၂။ အောက်ဆီဂျင် ထုတ်ယူခြင်း- ပါးဟက်မျှင်များပေါ်သို့ ရေစီးဆင်းသွားသောအခါ ရေထဲတွင် ပျော်ဝင်နေသော အောက်ဆီဂျင်သည် ပါးဟက်မျှင်များရှိ သွေးကြောမျှင်လေးများဆီသို့ စိမ့်ဝင်သွားသည်။ တစ်ချိန်တည်းမှာပင် ငါး၏သွေးထဲမှ ကာဗွန်ဒိုင်အောက်ဆိုဒ်သည် ပါးဟက်မျှင်များမှတစ်ဆင့် ရေထဲသို့ ပြန်လည်စွန့်ထုတ်သည်။ ဤဖြစ်စဉ်ကို ဓာတ်ငွေ့ဖလှယ်ခြင်း (gas exchange) ဟု ခေါ်သည်။
၃။ ရေထုတ်လွှတ်ခြင်း- အောက်ဆီဂျင် ထုတ်ယူပြီးသော ရေနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ရောနှောထားသော ရေတို့ကို ပါးဟက်အဖုံးများမှတစ်ဆင့် ပြင်ပသို့ ပြန်လည် ထုတ်လွှတ်သည်။

'Countercurrent Exchange စနစ်'
ငါးများ၏ ပါးဟက်များတွင် Countercurrent Exchange ဟုခေါ်သော အလွန်ထိရောက်သည့် စနစ်တစ်ခု တည်ရှိသည်။ ဤစနစ်တွင် ရေစီးဆင်းသည့် ဦးတည်ချက်နှင့် သွေးစီးဆင်းသည့် ဦးတည်ချက်တို့သည် ဆန့်ကျင်ဘက်ဖြစ်နေသည်။ ဥပမာအားဖြင့် ရေသည် ဘယ်မှညာသို့ စီးဆင်းနေပါက သွေးသည် ညာမှဘယ်သို့ စီးဆင်းနေသည်။ ဤသို့ ဆန့်ကျင်ဘက် ဦးတည်ချက်ဖြင့် စီးဆင်းခြင်းကြောင့် ငါးများသည် ရေထဲမှ အောက်ဆီဂျင်ကို အများဆုံး ထုတ်ယူနိုင်စွမ်း ရှိကြသည်။ အကယ်၍ ရေနှင့်သွေး နှစ်ခုလုံးက တစ်ညီတည်းစီးဆင်းနေပါက အောက်ဆီဂျင် ထုတ်ယူမှုမှာ ထိရောက်မှု နည်းပါးသွားမည်ဖြစ်သည်။

ထူးခြားသော ငါးအချို့
ငါးအများစုသည် ပါးဟက်ဖြင့်သာ အသက်ရှူကြသော်လည်း ငါးမျိုးစိတ်အချို့တွင် ထူးခြားသော အသက်ရှူပုံစံများလည်း ရှိကြသည်-
* (Lungfish)- ၎င်းတို့သည် ပါးဟက်များအပြင် အဆုတ်နှင့်ဆင်တူသော အင်္ဂါအစိတ်အပိုင်းတစ်ခုလည်း ရှိသောကြောင့် ရေမရှိသည့်အခါ သို့မဟုတ် အောက်ဆီဂျင် နည်းပါးသောအခါ လေထဲမှ အောက်ဆီဂျင်ကို ရှူရှိုက်နိုင်သည်။
* (Mudskippers)- ၎င်းတို့သည်လည်း ရေထဲတွင်ရော ကုန်းပေါ်တွင်ပါ ရှင်သန်နိုင်ကြပြီး ပါးဟက်များအပြင် အရေပြားနှင့် ပါးစပ်အတွင်းပိုင်းရှိ အင်္ဂါအစိတ်အပိုင်းများမှတစ်ဆင့်လည်း အောက်ဆီဂျင်ကို ထုတ်ယူနိုင်သည်။
နိဂုံးချုပ်အနေဖြင့် ငါးများသည် ၎င်းတို့၏ ပါးဟက်များ၏ ထူးခြားသော တည်ဆောက်ပုံနှင့် Countercurrent Exchange ကဲ့သို့သော ထိရောက်သည့် စနစ်များကြောင့် ရေထဲတွင် ပျော်ဝင်နေသော အောက်ဆီဂျင်ကို ထုတ်ယူကာ အသက်ဆက်ရှင်သန်နိုင်ခြင်း ဖြစ်ပါသည်။

 #ငါးအနာရောဂါကုသဆေး (ငါးမျိုးစုံ)✅ဒီတခါမွေးမြူးရေးမိတ်ဆွေများကိုမိတ်ဆက်ပေးချင်တာကတော့    ငါးပုဇွန်ကပ်ပါးရောဂါကုသဆေးရည်ပဲ...
03/08/2025

#ငါးအနာရောဂါကုသဆေး (ငါးမျိုးစုံ)

✅ဒီတခါမွေးမြူးရေးမိတ်ဆွေများကိုမိတ်ဆက်ပေးချင်တာကတော့ ငါးပုဇွန်ကပ်ပါးရောဂါကုသဆေးရည်ပဲဖြစ်ပါတယ်။✅

ရေချို/ရေငန် 🐟🦐ငါးပုစွန်ကန်များတွင် အဖြစ်များသည့် (ကူးစက်ရောဂါ- Parasitic)အရေပြား၊ဆူးတောင်နှင့်ပါးဟက်တို့တွင် အနာဖြစ်အောင်ကိုက်စားတတ်သော ပြင်ပကပ်ပါးပိုးများဖြစ်သည့် ချိတ်သံကောင် နှင့် ပါးဟက်သံကောင်များကို ကာကွယ်နှိမ်နှင်း ပျောက်ကင်း ကုသနိုင်သောဆေးရည်ဖြစ်ပါသည်။💯

🔆မွေးမြူရေးငါးပုဇွန်များအား အနာကျသေကြေစေနိုင်သော အခြေခံအကြောင်းရင်း၏ ၇၀% ရာခိုင်နှုန်းမှာ ပြင်ပသွင်းရေများမှတဆင့်ဝင်ရောက်လာသောကပ်ပါးပိုးများ၊ကန်ရေညစ်ညမ်းမှု့ကြောင့်ဖြစ်ပေါ်လာသောကပ်ပါးပိုးများနှင့်ရာသီဥတုကြောင့်ဖြစ်ပေါ်လာသောကပ်ပါးပိုးများကြောင့်ဖြစ်သည်။🔆

⛔️ရောဂါလက္ခဏာနှင့်သေဆုံးမှု့ပုံစံများ⛔️

အထက်ပါ ချိတ်သံကောင်နှင့် ပါးဟက်သံကောင်များ စွဲကပ်မှုကြောင့် ငါးများသည် စိတ်ဖိစီးမှု့-Stress များကာ #ပုံမှန်ထက်အစာစားနှုန်းကျဆင်းပီး ဂဏာမငြိမ်ဖြစ်ကာ ကန်ဘောင်ဘေးအပင်များနှင့်ပွတ်တိုက်ခြင်း၊ဂဏာမငြိမ်ကူးခတ်ခြင်းများ၊ ရေမျက်နှာပြင်ပေါ်တက်နေခြင်းများဖြစ်နေတတ်သည်။
ပါးဟက်ကပ်ပါးနှင့်သံကောင် စွဲကပ်နေသောငါးများသည့် နေရခက်ယားယံကာ ပါးဟက်မှတဆင့်အသက်ရှုရခက်ပီး နှုန်းထဲတိုးဝင်ကာအောက်ဆီဂျင်မရ၍ရုတ်တရက်သေဆုံးပီး #ငါးခန္ဓာကိုယ်သည်အတော်အသင့်ရိရွဲပုတ်ပြတ်ပီးကာမှဦခေါင်းအတွင်းနှုန်းအပြည့်ဖြင့်ရေပေါ်ပေါ်လာတတ်သည်။
အချို့သောလက္ခဏာများမှာမူ #ရေပေါ်တွင်ပုံမှန်နေအထားသော်လည်းကောင်းပက်လက်အနေအထားသော်လည်းကောင်းအလျင်အမြန်ကူးခတ်ကာဂဏာမငြိမ်ဖြစ်ပီး ရုတ်တရက်သေဆုံးတတ်သည်။

ဆေးရည်သည်
#အရေပြားနှင့်ပါးဟက်ကပ်ပါးပိုးများကိုသာမက အူလမ်းကြောင်းရှိ သံလုံးကောင်၊သံပြားကောင်၊တုတ်ကောင်များ နှင့် အခြား ခန္ဓာကိုယ်တွင်တွယ်ကပ်တတ်သည့်ချိတ်ပိုးများကိုလည်း သေ​​ေကျစေနိုင်ပါသည်။

✅ #ဘေးထွက်ဆိုးကျိုးမရှိခြင်း
အချို့သောငါးကန်ဆေးဝါးများသည် ငါးအနာကျသေဆုံးချိန်တွင်အသုံးပြုသော် ငါးအနာကျမှု့ပျောက်ဆုံးသက်သာသော်လည်း ကန်အတွင်းရှိ ပုဇွန်များအားသေစေတတ်ပါသည်။ ယခု Avermectin Solution ဆေးတွင်တော့ထိုကဲ့သို့မည်သည့်ဘေးထွက်ဆိုးကျိုးမျှမရှိပါ။✅

✅ဆေးရည်၁ဗူးလျှင် 100mlပါဝင်ပီး ရောဂါ စပီးသေနှုန်းနည်းချိန်တွင် ကန်၁ဧကလျှင်ဆေးရည်၁ဗူးနှုန်းထားသော်လည်းကောင်း၊ရောဂါပြင်းပီး သေနှုန်းများချိန်တွင် ကန်၁ဧက ဆေးရည်၂ဗူးနှုန်းထားသော်လည်းကောင်း ရေဖြင့်ဖျော်စပ်ကာပက်ဖျန်းအသုံးပြုနိုင်ပါသည်။✅

💯%ဘေးထွက်ဆိုးကျိုးမရှိ ရာနှုန်းပြည့်ယုံကြည်စိတ်ချစွာမှာယူအသုံးပြုလိုက်ပါမိတ်ဆွေ။
သင့်ငါးကန်စိတ်ချနိုင်ဖို့ကတော့💯ရာနှုန်းပြည့်ပါ💯

✅ #အရည်အသွေးမပြည့်မှီသောဆေးများနှင့်စိတ်ညစ်နေသောမိတ်ဆွေကြီးများအနေဖြင့်လည်း ယုံကြည်စိတ်ချစွာမှာယူအသုံးပြုနိုင်ပါပြီ......✅

ဆေးဝါးများအားဆက်သွယ်မှာယူစုံစမ်းလိုပါက -
📞 Phone - 09963882229
📞 Phone - 09674777560 စသည့်ဖုန်းများအားရုံးချိန်အတွင်းခေါ်ဆို၍လည်းကောင်း၊
📥 Viber - 09963882229 / 09674777560 သို့စာပို့၍လည်းကောင်း၊
📩 Page Messenger တွင်စာပို့၍လည်းကောင်း၊
📧 [email protected] သို့လည်းကောင်းဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါပီ။

https://www.facebook.com/myanmarfarmingfeed

YouTube - https://youtube.com/?si=NmlHasSR-sz1k7bj

အနယ်နယ်အရပ်ရပ်မှမှာယူလိုသောမိတ်ဆွေများအတွက်ကားဂိတ်များမှတဆင့်စိတ်ချယုံကြည်စွာ သက်ဆိုင်ရာဂိတ်အရောက်ပို့ဆောင်ပေးနေပါသည်။

⭕️မှတ်ချက်။ ။ #ဆင်တူရိုးမှားသတိပြုပါ။⭕️

(ဆေးဗူးဈေးနှုန်းသည်အပြောင်းအလဲရှိနိုင်ပါသဖြင့်ဖော်ပြမထားပါ။Updateဈေးနှုန်းအား Page Messengerနှင့် 09963882229 / 09674777560 သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။)

ဘာမှ မတတ်နိုင်ကြတော့ပါ____________________________ကံစီမံရာအတိုင်းပေါ့။ကံတရားက"အလှည့်ကျရင် မနွဲ့စတမ်းပေါ့" လို့များကြိမ်း...
30/07/2025

ဘာမှ မတတ်နိုင်ကြတော့ပါ
____________________________

ကံစီမံရာအတိုင်းပေါ့။

ကံတရားက
"အလှည့်ကျရင် မနွဲ့စတမ်းပေါ့" လို့များ

ကြိမ်းဝါးနေမလား?

Epic center ဟာဝိုင်ရီနားမှာ
ဘေးကိုပြန်ကားသွားမဲ့ ဆူနာမီဟာ ဘယ်ကို ဘယ်အချိန်ရောက်မလဲဆိုတာ တွက်ချက်ပြထားတယ်၊ အရက်ရှစ်မျက်နှာကို အမြန်ဆုံး (၄-၅) နာရီကနေ အကြာဆုံး (၁၅) နာရီအတွင်း ဆူနာမီရောက်လာကြပါမယ်၊

ပိုဝေးတဲ့နေရာတွေက ရှောင်တိမ်းချိန်ပိုရသလို၊ လှိုင်းဒါဏ်လဲ နည်းပါးသွားပါလိမ့်မယ်၊

ဟာဝါရီအနီးတဝိုက် (အနီရောင်) ကျွန်းတွေကတော့ ဆူနာမီ ခပ်ပြင်းပြင်းခံရဖို့ရှိတယ်၊ အဝါရောင်ဖက်ကတော့ အတော်အားပျော့သွားပါပြီ၊

ဒိထက်စိုးရိမ်စရာကောင်းတာက Yellowstone ဧရာမမီးတောင်ကြီးပေါက်ကွဲမှုပဲဖြစ်ပါတယ်၊ အသက်ဝင်လှုပ်ရှားမှုရှိနေပြီလို့ဆိုတယ်၊ ပေါက်ကွဲခဲ့ရက် အနီးတဝိုက် (၈) ပြည်ပျက်စီးသွားမယ်၊ အမေရိကန်နိုင်ငံ 80% ကိုသက်ရောက်မယ်လို့ ပညာရှင်တွေက သတိပေးထားပါတယ်၊
ပုံမှာပြထားတာကတော့လှိုင်းထိနိုင့်ကမ်းခြေနေရာတွေဖြစ်ပါတယ်။

အားလုံး ဘေးဘယာကင်းဝေးကြပါစေ။

29/07/2025

✅✅`` #အမြတ်ကျန်အောင်ငါးမွေးမြူနည်း´´✅✅

ယနေ့ခေတ်မြန်မာနိုင်ငံ၏မွေးမြူရေးသမားများသည် အစာစျေးနှုန်းမြင့်တက်လာမှု့၊ရာသီဉတုဖောက်ပြန်မှု့၊မွေးမြူရေးနည်ပညာလိုအပ်မှု့များနှင့်အတူမွေးမြူရေးနယ်ပယ်တွင်လိုအပ်ချက်များစွာဖြင့်ရသင့်သလောက်အကျိုးသက်ရောက်မှု့မရရှိကြပေ။
မြင့်တက်လာသောကုန်စျေးနှုန်းနှင့်အတူ လုပ်သားရှားပါးမှု့နှင့်အစာစျေးနှုန်းမြင့်တက်လာမှု့သည်လည်းမွေးမြူရေးသမားများအတွက်ကြီးစွာသောစိန်ခေါ်မှု့တရပ်ဖြစ်ပေသည်။ထို့အပြင်မွေးမြူရေးနည်းပညာလိုအပ်ချက်နှင့်အတူငါးရောဂါကျရောက်ကာ မျှော်လင့်ထားသောကုန်ချိန်နှင့်ကန်ဖော်ချိန်တွင်ဝေးနေဆဲဖြစ်သည်။

❓``ကဲဒါတွေကိုဘယ်လိုဖြေရှင်းမလဲ´´❓

ဒါတွေကိုဖြေရှင်းဖို့ဆိုရင်နည်းပညာလိုအပ်မှု့သည်အဓိကကျပေမည်။မှန်ကန်သောငါးသားပေါက်မျိုးစိတ်ထည့်သွင်းခြင်း၊တတ်သိနားလည်သောရေနှင့်ငါးပညာရှင် သို့မဟုတ် ဆရာဝန်များနှင့်တိုင်ပင်ကာထိရောက်၍မှန်ကန်သော စောက်ရှောက်ကုသမွေးမြူမှု့သည်လည်း ကန်အတွက်အလွန်တရာလိုအပ်လှပေသည်။ကန်အားစတင်ရေသွင်းချိန်မှအစပြုကာ ရေနှင့်မြေပြုပြင်ပိုးသတ်ခြင်းမှစ၍ မိမိငါးကန်၏ရေအရည်အသွေးထိန်းသိမ်းခြင်း၊ငါးအသက်အရွယ် အကောင်အရွယ်အစားနှင့်အညီ FCR အလိုက် ပရိုတင်းပါဝင်မှု့အချိုးကျကျွေးရမည့်အစာပမာဏ၊ငါးရောဂါဖြစ်နေချိန်တွင်လည်း ဖြစ်နေသောရောဂါနှင့်အညီ ကုသရမည့်ဆေးဝါးနှင့်ပမာဏ စသကဲ့နည်းပညာများကိုတတ်သိနားလည်သော ပညာရှင်များနှင့်အမြဲတစေဆွေးနွေးကာလိုအပ်သောလုပ်ဆောင်မှု့များလုပ်ဆောင်မှသာအောင်မြင်သောမွေးမြူခြင်းနှင့်အတူအကျိုးအမြတ်ရရှိနိုင်ပေမည်။

``ငါးမွေးလျှင်ရေမွေးပါဆိုသည့်စကားနှင့်အညီ´´✅
ငါးကန်တကန်၏ငါးရောဂါကျရောက်မှု့၊ငါးကြီးထွားနှုန်းများသည် မိမိကန်၏ Feeding System နှင့်ရေအရည်အသွေးပေါ်တွင်များစွာမှီတည်နေသည်။အထက်တွင်ဖော်ပြထားသကဲ့သို့ တစ်လတစ်ကြိမ်ရေစစ်ဆေးပေးြခင်း၊ရေပြုပြင်ထိန်းညှိပေးခြင်းတို့သည်လည်း အလွန်တရာအရေးကြီးလှပေသည်။

❇️``ခေတ်သစ်ဆေးဝါးနှင့်မွေးမြူရေးသမား´´❇️

မွေးမြူရေးသမားအများစုသည်ယနေခေတ်ပေါ်ဆေးဝါးများသုံးစွဲရမည်ကိုမိမိငါးကန်ဘေးထွက်ဆိုးကျိုးရှိမှာဆိုးသဖြင့် သုံးစွဲရန်မဝံ့မရဲဖြစ်နေကြတတ်သည်။ဒါသည်လည်းငါးအနာကျရောက်ချိန်၊ကန်အရည်အသွေးကျနေချိန်တွင်တတ်သိနားလည်သောပညာရှင်များနှင့်ဆွေးနွေးတိုင်ပင်ကာဖြစ်နေသောရောဂါနှင့်အညီ သုံးစွဲရမည့်ဆေးဝါးနှင့်ဆေးပမာဏမှန်ကန်စွာရှိမည်ဆိုပါက ဘေးထွက်ဆိုးကျိုးလုံးဝရှိမည်မဟုတ်ပေ။
ယခုအချိန်တွင်မြန်မာနိုင်ငံ၌ ရေနှင့်ငါးကုသရေးပညာရှင်များ၊အဖွဲ့အစည်းများရှိနေကြပီဖြစ်သည်။ထို့ကြောင့်မိမိကန်ရေအရည်အသွေးနှင့်ငါးကျန်မာရေးအတွက်ပုံမှန်စစ်ဆေးနိုင်သဖြင့် မိမိကန်အတွက်စိုးရိမ်စရာမရှိတော့ပေ။
အချို့သောမွေးမြူရေးသမားများသည်ငါးရောဂါြဖစ်နေချိန် ရေအရည်အသွေးကျနေချိန်တွင် ဆာကြမ်းများ၊ထုံးမှုန့်များကိုယနေ့တိုင်ပက်ဖျန်းအသုံးပြုနေကြဆဲဖြစ်သည်။ယင်းသည်ငွေကုန်၍ထိရောက်မှု့အနည်းငယ်သာရှိသောမှားယွင်းသည့်ကုသမှု့ဖြစ်သည်။
အချို့ကမူငါးရောဂါကျရောက်နေစဥ္ နေ့စဥ္သေနေသောငါးကုန်ချိန်နှင့်စျေးနှုန်းအားမတွက်ဘဲ ဆေးဖိုးကုန်ကျစရိတ်အားအရင်စဥ္းစားပေသည်။ယင်း၏အကျိုးဆက်ကကန်ဖော်ချိန်တွင်မိမိမျှော်မှန်းထားသောကုန်ချိန်နှင့်များစွာကွာဟလျက် အကျိုးဆက်အဖြစ်အစာဖိုးသာအကြွေးတင်ကျန်ခဲ့ပေတတ်သည်။

ကဲဒါတွေကိုဖြေရှင်းဖို့ဆိုရင် ခေတ်မှီဆေးဝါးများစုံလင်စွာနှင့် ရေအရည်အသွေးစစ်ဆေးပေးြခင်း၊ငါးရောဂါခွဲစိတ်အဖြေရှာ​ပေးခြင်း စသည့်ဝန်ဆောင်မှု့များရှိသည့် ကျွန်ုပ်တို့ Myanmar Farming Feed - (မြန်မာဖားမ်းမီးဖိဒ့်) MFF နှင့်ယခုပဲဆက်သွယ်စုံစမ်းမေးမြန်းဆွေးနွေးလိုက်ပါ။

📞 Phone - 09963882229
📞 Phone - 09674777560 စသည့်ဖုန်းများအားရုံးချိန်အတွင်းခေါ်ဆို၍လည်းကောင်း၊
📥 Viber - 09963882229 သို့စာပို့၍လည်းကောင်း၊
📩 Page Messenger တွင်စာပို့၍လည်းကောင်းဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါပီ။

``မှန်ကန်သောစဥ်းစားဆုံးဖြတ်ခြင်းကသာအောင်မြင်မှု့၏အစဖြစ်သည်။´´
သင့်အားကူညီရန် ကျွန်ုပ်တို့ Myanmar Farming Feed - မြန်မာဖာမ်းမီးဖိဒ့် မှအသင့်ရှိနေလက်ပါ။

  #ဇူသဆိုက်✅(ငါးပုစွန်တို့တွင်ကပ်ပါးပိုးများ၊မှိုနှင့်ပရိုတိုဇိုးဝါးကြောင့်ဖြစ်သည့်ရောဂါများကိုကာကွယ်ကုသဆေးရည်)Indiaနိုင...
26/07/2025


#ဇူသဆိုက်✅
(ငါးပုစွန်တို့တွင်ကပ်ပါးပိုးများ၊မှိုနှင့်ပရိုတိုဇိုးဝါးကြောင့်ဖြစ်သည့်ရောဂါများကိုကာကွယ်ကုသဆေးရည်)

Indiaနိုင်ငံ International Health Care Limited မှထုတ်လုပ်သောဆေးစွမ်းကောင်းတလက်ဖြစ်ပါသည်။
ဤဆေးသည်သမရိုးကျကပ်ပါးရောဂါကုဆေးများထက်ပိုမိုအဆင့်မြင့်သောဆေးရည်ဖြစ်ပါသည်။

အော်ဂဲနစ်အက်ဆစ်အဆီအနှစ်များဖြင့်ဖော်စပ်ထားသဖြင့်အထက်ဖေါ်ပြခဲ့သည့်ရောဂါများကိုအထူးပျောက်ကင်းစေသည်။ငါးကြင်များတွင်ဖြစ်တတ်သော ပရိုတိုဇိုးဝါးရောဂါကြောင့်ပါးဟက်ယောင်ခြင်း ၊ကပ်ပါးပိုးကြောင့်ကိုယ်ပေါ်တွင်အနီစက်ဖြစ်ခြင်းများကိုကာကွယ်ကုသနိုင်သည်။
ရေညှိ၊ရေမှော်ပင်များလွန်ကဲစွာပေါက်ပွါးခြင်းကိုဟန့်တားပေးပါသည်။ပုစွန်အရေခွံလဲခြင်းကိုမြန်ဆန်ပြီးပြည့်စုံစေပါသည်။

#အသုံးပြုပုံ
ကန်အကျယ် ၁ ဧကတွင် ဆေး ၁၀၀ စီစီနှုန်းကန်အတွင်းဖျော်စပ်ပီးပက်ဖြန်းပေးရန်ဖြစ်သည်။ဆေး၁ ဘူးသည်ကန်အကျယ် ၅ ဧကအထိ ရောဂါဖြစ်တည်မှု့ပေါ်မူတည်၍သုံးစွဲနိုင်ပါသည်။

မှတ်ချက်။ ။ဆေးဗူး၏စျေးနှုန်းသည်ပြောင်းလဲမှု့ရှိနိုင်သဖြင့်ဖော်ပြမထားပါ။ Updateစျေးနှုန်းအားသက်ဆိုင်ရာ Contactများသို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

ဆေးဝါးများအားဆက်သွယ်မှာယူစုံစမ်းလိုပါက -
📞 Phone - 09963882229
📞 Phone - 09674777560 စသည့်ဖုန်းများအားရုံးချိန်အတွင်းခေါ်ဆို၍လည်းကောင်း၊
📥 Viber - 09963882229 သို့စာပို့၍လည်းကောင်း၊
📩 Page Messenger တွင်စာပို့၍လည်းကောင်း၊
📧 [email protected] သို့လည်းကောင်းဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါပီ။
Myanmar Farming Feed - မွေးမြူရေးဆေးဝါးအမျိုးမျိုးနှင့်မွေးမြူရေးအစာ


https://www.facebook.com/myanmarfarmingfeed

YouTube - https://youtube.com/?si=NmlHasSR-sz1k7bj

✅ ျိုးပြုအဏုဇီဝဆေး✅❇ #သင့်ကန်ရေယခုလိုတွေဖြစ်နေပီလား? #ကိုယ်တိုင်အီးအမ်ဖောက်ချင်သူများ💯💯💯💯✅ရေသြဇာတက်နေသောကန်များ၊ရေသြဇာလိ...
24/07/2025

✅ ျိုးပြုအဏုဇီဝဆေး✅
❇ #သင့်ကန်ရေယခုလိုတွေဖြစ်နေပီလား?
#ကိုယ်တိုင်အီးအမ်ဖောက်ချင်သူများ💯💯💯💯
✅ရေသြဇာတက်နေသောကန်များ၊ရေသြဇာလိုအပ်နေသောကန်များအတွက်ထိန်းညှိပြုပြင်ဆေး။✅
⭕️ #ကန်တွင်အမိုးနီးယားရှိပါကအစာမည်မျှပင်ကျွေးစေကာမူငါးကြီးထွားနှုန်းနှေးမည်ဖြစ်သည်⭕️

မွေးမြူရေးမိတ်ဆွေကြီးများကိုဒီတခါသတင်းကောင်းလေးပေးချင်တာကတော့ နောက်ဆုံးပေါ် Probiotic နည်းပညာဖြစ်သည့် EM ခေါ် Effective Micro Organism ဖြင့် မိမိတို့မွေးမြူထားသော ငါး/ပုဇွန်ကန်များတွင် ရောဂါကာကွယ်ကုသခြင်းနှင့်ရေအရည်အသွေးထိန်ညှိခြင်းပင်ဖြစ်သည်။ကမ္ဘာအရပ်ရပ်နိုင်ငံများတွင် EMနည်းပညာဖြင့်အားလုံးနီးပါးကုသအသုံးပြုနေပီဖြစ်သည်။
EMဆေးမှုန်း 1gm တွင်အနုဇီဝပိုးအကောင်ရေ 40 billion CFU/gmကျော်ပါဝင်ပါသည်။
EMကိုအသုံးပြုခြင်းဖြင့်ကန်ရေထဲရှိအဆိပ်အတောက်ဖြစ်စေသောအညစ်အကျေးများကိုဖယ်ရှားရှင်းပေးပီး နိုက်ထရိုပါဝင်နှုန်းကိုမြင့်တက်စေနိုင်ကာ ကန်အောက်ခြေရှိ ဟိုက်ထရိုဂျင်ဆာလဖိုက်ဒ်နှင် အမိုးနီးယားတို့ကိုလည်းပြိုကွဲပျက်စီးစေပါသည်။💯

EMထဲတွင်တော့ Lactic Acid Bacteria,Bacillus Subtilis Bacillun Nato,Nitrifying Bacteria,Nitrosomonas and Nictrobacter Photosynthetic Bacteria,Yeast,Actinomycetes,Bifibodacteria,Azotabacter Bacteria စသည့် အကျိုးပြု ဘက်တီးရီးယားများစွာပါဝင်ပါသည်။💯

ကန်၏ရေနောက်ကျိမှု့ကိုသန့်စင်ပေးပီး ရေထဲရှိအစိမ်းရောင် Algaeပွားများမှု့ကိုလည်းလုပ်ဆောင်ပေးသည်။ထို့အပြင်ကန်၏ Ph levelကိုထိန်းညှိခြင်းပေးပီး အောင်ဆီဂျင်ပျော်ဝင်နှုန်းကိုလည်းမြင့်မားစေသည်။
ငါးများ၏ကြီးထွားနှုန်းနှင့်အစာစားနှုန်းကိုလည်းမြှင့်တင်ပေးသည်။
ထို့အပြင်ငါး၏ကိုယ်တွင်းကိုယ်ပကပ်တွယ်နေတတ်သောမလိုလားအပ်သည် ကပ်ပါးနှင့်ဘက်တီးရီးယားပိုးအမျိုးမျိုးကိုလည်းနှိမ်နင်းကုသပေးသည်။

ထို့အပြင် EMကို မွေးမြူရေးသောက်ရေကန်များနှင့်၊မွေးမြူခြံအနံဆိုးဖျောက်ရန်အတွက်သာမက ကြီးထွားမှု့ကောင်းစေရန်အစာဖြင့်ရောစပ်ကာလည်းကျွေးမွေးနိုင်ပါသည်။💯

#ထိုကဲ့သို့အဖက်ဖက်မှအသုံးဝင်အကျိုးပြုတဲ့
ဆေးဝါးများအားဆက်သွယ်မှာယူစုံစမ်းလိုပါက -
📞 Phone - 09963882229
📞 Phone - 09674777560 စသည့်ဖုန်းများအားရုံးချိန်အတွင်းခေါ်ဆို၍လည်းကောင်း၊
📥 Viber - 09674777560 / 09963882229 သို့စာပို့၍လည်းကောင်း၊
📩 Page Messenger တွင်စာပို့၍လည်းကောင်း၊
📧 [email protected] သို့လည်းကောင်းဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါပီ။
Myanmar Farming Feed - မွေးမြူရေးဆေးဝါးအမျိုးမျိုးနှင့်မွေးမြူရေးအစာ

https://www.facebook.com/myanmarfarmingfeed

YouTube - https://youtube.com/?si=NmlHasSR-sz1k7bj

(မှတ်ချက်။ဆေး၏ဈေးနှုန်းသည်အတက်အကျရှိနိုင်ပါသဖြင့်ဖော်ပြမထားပါ၊Updateဈေးနှုန်းအားအထက်ပါContactများသို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။)

ပင်လယ်ပြင်တခုမှာ ထူးခြားတဲ့အခြေအနေရှိလာတိုင်း အနီးက ပင်လယ်ပြင်တခုမှာလဲ ထူးခြားတဲ့အခြေအနေဖြစ်လာတတ်ကြောင်း၊ A-B-C connecti...
23/07/2025

ပင်လယ်ပြင်တခုမှာ ထူးခြားတဲ့အခြေအနေရှိလာတိုင်း အနီးက ပင်လယ်ပြင်တခုမှာလဲ ထူးခြားတဲ့အခြေအနေဖြစ်လာတတ်ကြောင်း၊ A-B-C connection effect အရဖြစ်လာတတ်ကြောင်း ရှင်းပြခဲ့ပြီးဖြစ်ပါတယ်။
တောင်တရုတ်ပင်လယ်က မုန်တိုင်း WIPHA ဖြစ်ပေါ်မှုနှင့် ဆက်စပ်ပြီး ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း/လေပွေလှိုင်းဖြစ်ပေါ်မှုကလည်း A-B-C connection ကြောင့်ပါဘဲ။

🔸 WIPHA ကြောင့် ဘင်္ဂလားပင်လယ်အော်မှာ LPA တခုဖြစ်လာပြီး အနောက်တောင်မုတ်သုံလေအား ပိုကောင်းလာတာကြောင့် - မြန်မာနိုင်ငံမှာ မုတ်သုံမိုး+မုန်တိုင်းအကြွင်းအကျန်မိုးတွေက ဇူလိုင် ၂၂ ရက် ည ပိုင်းမှ ဇူလိုင် လကုန်အထိတောင် ဆက်ရွာနေဦးမှာဖြစ်တာကြောင့်၊ နေရာဒေသအလိုက် မိုးသည်းထန်တာ၊ မိုးရေချိန်များနိုင်တာတွေ ရှိနေပါမယ်။

🔸 ၂၀၂၄ ခုနှစ်တုန်းက "SEVERE TYPHOON YAGI"လောက် ပြင်းထန်တဲ့ တိုင်ဖွန်းမုန်တိုင်းကြီးမဟုတ်တာကြောင့် အရှေ့ဘက်မှ ရွေ့လျားဝင်ရောက်လာတဲ့ မုန်တိုင်းအကြွင်းအကျန်တွေကလည်း များနိုင်မှာမဟုတ်လို့ ၂၀၂၄ ခုနှစ်တုန်းကလို ရေကြီးရေလျှံဖြစ်တာလဲ ပြင်းထန်နိုင်မှာမဟုတ်ပါ။

🔸 မိုးလယ်ကာလအတွင်းမှာဖြစ်နေတာ၊ ဒီရေတက်ရက်နဲ့ ကြုံကြိုက်နေတာတွေကြောင့် အောက်ရေတောင့်ပြီး မြစ်ချောင်းကမ်းဘေးက အနိမ့်ပိုင်းရပ်ကွက်တွေမှာမြင့်တက်လာတဲ့ရေ level က မြန်မြန်ပြန်မကျနိုင်တာတခု သတိထားကြရပါမယ်။

🔸 အနောက်ဘက်နဲ့ တောင်ဘက်အရပ်တွေက လေပြင်းတိုက်ခတ်တာတွေရှိပြီး မိုးသည်းထန်နိုင်တာကြောင့် ရုတ်တရက်ကျဆင်းလာတတ်တဲ့ တောင်ကျရေကိုလည်း သတိရှိရှိနဲ့ရင်ဆိုင်ကြရမှာဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်တုန်းကလို ရက်ရှည်ရေကြီးနေတဲ့ အခြေအနေမျိုးဖြစ်နိုင်မှာမဟုတ်တာကြောင့် စိုးရိမ်ပူပန်စိတ်တွေတော့ လျော့နည်းနိုင်ပါမယ်။

Sourced from U Win Naing - မိုးဇလ။

🚫🚫🚫 #စိုက်ပျိုးမွေးမြူရေးသမားများနှင့်ခရုအန္တရာယ်🚫🚫🚫လက်ရှိမသိမသာနှင့်(သိသိသာသာပါ)စိုက်ပျိုးမွေးမြူရေးသမားအများစုကိုထိန်း...
20/07/2025

🚫🚫🚫 #စိုက်ပျိုးမွေးမြူရေးသမားများနှင့်ခရုအန္တရာယ်🚫🚫🚫

လက်ရှိမသိမသာနှင့်(သိသိသာသာပါ)စိုက်ပျိုးမွေးမြူရေးသမားအများစုကိုထိန်းမနိုင်သိမ်းမရအနီးကပ်ဒုက္ခပေးနေတာကတော့ အလိုလိုသော်လည်းကောင်း ပြင်ပသွင်းရေများမှသော်လည်းကောင်းပါလာသော ခရုများပါ။

ခရုများ၏ခန္ဓာကိုယ်တွင်းပြင်ပတွင် စိုက်ပျိုး
မွေးမြူရေးသမားများအတွက်အလွန်အန္တရာယ်ရှိသည် Parasite (ကပ်ပါး)မျိုးစုံရှိပါသည်။ထိုကပ်ပါးများသည် အပင်နှင့်ငါးရောဂါဖြစ်ပီးအနာကျသေဆုံးနိုင်ရန် အဆိုးဆုံးဒုက္ခပေးတတ်ကြသည်။

ခရုကိုယ်မှထွက်လာသောထို ကပ်ပါးများသည်ငါးများကို ကပ်ပါးရောဂါမှစတင်ဖြစ်ပေါ်စေပီးအခြားဘက်တီးရီးယားနှင်စပ်ဆက်ရောဂါများပါဖြစ်ပေါ်စေပါသည်။
အချို့သောမွေးမြူရေးသမားများသည် မိမိမွေးမြူရေးကန်တွင် ရေစစ်ဆေးကြည်သောအခါရေလည်းကောင်းသည်။အခြား စပ်ဆက်သောရောဂါဖြစ်စေနိုင်သည့်အရာများလည်းမတွေ့ပဲ မိမိကန်တွင်ငါးအနာကျသေဆုံးမှု့ဖြစ်နေသည်ကိုအဖြေထုတ်မရဖြစ်နေတတ်ကြသည်။အကျိုးဆက်က မသက်ဆိုင်သော Chemical နှင့်ဆေးဝါးများသုံး၍ငွေကုန်ကျေးများပီးအကျိုးမထူဖြစ်နေတတ်သည်။
ခရုကိုယ်မှထွက်ရှိကူးစပ်ဖြစ်ပေါ်တတ်သောရောဂါများမှာ angiostrongyliasis, clonorchiasis, fascioliasis, fasciolopsiasis, opisthorchiasis, and paragonimiasis စသည့်ရောဂါများဖြစ်ကြသည်။
ထို့အပြင် ပုံပါခရုများသည် မွေးမြူရေးကန်တွင်သာမက စိုက်ပျိုးရေးသမားများကိုလည်း တတ်တတ်ပြောင်အောင်ဒုက္ခပေးတတ်ကြသည်။အပင်ငယ်သော် ခရုကိုက်ဖြတ်မှု့ကြောင့် အပင်များသေဆုံးပီး ကွက်လပ်ကြီးဖြစ်၍ စိုက်ပျိုးရေးသမားများအတွက် ဖာထေးပြန်စိုက်ရသည်မှာ ဒုက္ခတခုပင်ဖြစ်ပါသည်။

ဒါတွေဖြစ်လာပီဆိုရင်တော့ CuSo4 Purified ကိုသုံးပေးခြင်းဖြင် ခရုများကိုတဖြည်းဖြည်ချင်းနိမ်နင်းနိုင်ယုံသာမက မျိုးပွားနှုန်း ဥချနှုန်းများကိုလည်းထိရောက်စွာဟန့်တားပေးသည်။

Myanmar Farming Feed - မွေးမြူရေးဆေးဝါးအမျိုးမျိုးနှင့်မွေးမြူရေးအစာ တွင်လိုအပ်သောဆေးဝါးများအားအနယ်နယ်အရပ်ရပ်မှဆက်သွယ်မှာယူနိုင်ပါသည်။
ဆေးအားဆက်သွယ်မှာယူစုံစမ်းလိုပါက -
📞 Phone - 09674777560 စသည့်ဖုန်းများအားရုံးချိန်အတွင်းခေါ်ဆို၍လည်းကောင်း၊
📥 Viber - 09674777560 / 09963882229 သို့စာပို့၍လည်းကောင်း၊
📩 Page Messenger တွင်စာပို့၍လည်းကောင်း၊
📧 [email protected] သို့လည်းကောင်းဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါပီ။

#မြန်မာဖားမ်းမီးဖိဒ့်
#ချိတ်ပိုး_ပါးဟက်သန်_ကျောက်ဆူးပိုးနှင့်ကပ်ပါးရောဂါအမျိုးမျိုးအမြစ်ဖြတ်နှိမ်နင်းဆေး

https://www.facebook.com/myanmarfarmingfeed

YouTube - https://youtube.com/?si=NmlHasSR-sz1k7bj

19/07/2025

19 July မမေ့နိုင် 🙏

💯 #ကန်သမားတိုင်းဆောင်ထားသင့်သည့်ဆေး💯 #အများအပြားထိုးသေနေသောကန်များအတွက်***တခါဆေးဖျန်းယုံမျှဖြင့်ကပ်ပါးပိုးများအားသေစေပီး...
19/07/2025

💯 #ကန်သမားတိုင်းဆောင်ထားသင့်သည့်ဆေး💯
#အများအပြားထိုးသေနေသောကန်များအတွက်
***တခါဆေးဖျန်းယုံမျှဖြင့်ကပ်ပါးပိုးများအားသေစေပီး ငါးအသေရပ်တယ်ဆိုသင်ယုံပါ့မလား❓***

✅ဒီတခါမွေးမြူးရေးမိတ်ဆွေများကိုမိတ်ဆက်ပေးချင်တာကတော့ ဗီယက်နမ်နိုင်ငံထုတ် (Aver) ငါးပုဇွန်ကပ်ပါးရောဂါကုသဆေးရည်ပဲဖြစ်ပါတယ်။ဆေးရည်ပမာဏ 1cc တွင် Ivermectin-20mg ပါဝင်တဲ့ဆေးစွမ်းကောင်းတလက်ပဲဖြစ်ပါတယ်။✅

ယခုရာသီ ရေချို/ရေငန် 🐟🦐ငါးပုစွန်ကန်များတွင် အဖြစ်များသည့် (ကူးစက်ရောဂါ- Parasitic)အရေပြား၊ဆူးတောင်နှင့်ပါးဟက်တို့တွင် အနာဖြစ်အောင်ကိုက်စားတတ်သော ပြင်ပကပ်ပါးပိုးများဖြစ်သည့် ချိတ်သံကောင် နှင့် ပါးဟက်သံကောင်များကို ကာကွယ်နှိမ်နှင်း ပျောက်ကင်း ကုသနိုင်သောဆေးရည်ဖြစ်ပါသည်။💯

🔆မွေးမြူရေးငါးပုဇွန်များအား အနာကျသေကြေစေနိုင်သော အခြေခံအကြောင်းရင်း၏ ၇၀% ရာခိုင်နှုန်းမှာ ပြင်ပသွင်းရေများမှတဆင့်ဝင်ရောက်လာသောကပ်ပါးပိုးများ၊ကန်ရေညစ်ညမ်းမှု့ကြောင့်ဖြစ်ပေါ်လာသောကပ်ပါးပိုးများနှင့်ရာသီဥတုကြောင့်ဖြစ်ပေါ်လာသောကပ်ပါးပိုးများကြောင့်ဖြစ်သည်။🔆

⛔️ရောဂါလက္ခဏာနှင့်သေဆုံးမှု့ပုံစံများ⛔️

အထက်ပါ ချိတ်သံကောင်နှင့် ပါးဟက်သံကောင်များ စွဲကပ်မှုကြောင့် ငါးများသည် စိတ်ဖိစီးမှု့-Stress များကာ #ပုံမှန်ထက်အစာစားနှုန်းကျဆင်းပီး ဂဏာမငြိမ်ဖြစ်ကာ ကန်ဘောင်ဘေးအပင်များနှင့်ပွတ်တိုက်ခြင်း၊ဂဏာမငြိမ်ကူးခတ်ခြင်းများဖြစ်နေတတ်သည်။
ပါးဟက်ကပ်ပါးနှင့်သံကောင် စွဲကပ်နေသောငါးများသည့် နေရခက်ယားယံကာ ပါးဟက်မှတဆင့်အသက်ရှုရခက်ပီး နှုန်းထဲတိုးဝင်ကာအောက်ဆီဂျင်မရ၍ရုတ်တရက်သေဆုံးပီး #ငါးခန္ဓာကိုယ်သည်အတော်အသင့်ရိရွဲပုတ်ပြတ်ပီးကာမှဦခေါင်းအတွင်းနှုန်းအပြည့်ဖြင့်ရေပေါ်ပေါ်လာတတ်သည်။
အချို့သောလက္ခဏာများမှာမူ #ရေပေါ်တွင်ပုံမှန်နေအထားသော်လည်းကောင်းပက်လက်အနေအထားသော်လည်းကောင်းအလျင်အမြန်ကူးခတ်ကာဂဏာမငြိမ်ဖြစ်ပီး ရုတ်တရက်သေဆုံးတတ်သည်။

Ivermectin ဆေးရည်သည်
#အရေပြားနှင့်ပါးဟက်ကပ်ပါးပိုးများကိုသာမက အူလမ်းကြောင်းရှိ သံလုံးကောင်၊သံပြားကောင်၊တုတ်ကောင်များ နှင့် အခြား ခန္ဓာကိုယ်တွင်တွယ်ကပ်တတ်သည့်ချိတ်ပိုးများကိုလည်း သေ​ေကျစေသည်။

✅ #ဘေးထွက်ဆိုးကျိုးမရှိခြင်း
အချို့သောငါးကန်ဆေးဝါးများသည် ငါးအနာကျသေဆုံးချိန်တွင်အသုံးပြုသော် ငါးအနာကျမှု့ပျောက်ဆုံးသက်သာသော်လည်း ကန်အတွင်းရှိ ပုဇွန်များအားသေစေတတ်ပါသည်။ ယခု Ivermectin ဆေးတွင်တော့ထိုကဲ့သို့မည်သည့်ဘေးထွက်ဆိုးကျိုးမျှမရှိပါ။✅

✅ဆေးရည်၁ဗူးလျှင် 100mlပါဝင်ပီး ရောဂါ စပီးသေနှုန်းနည်းချိန်တွင် ကန်၁ဧကလျှင်ဆေးရည်၁ဗူးနှုန်းထားသော်လည်းကောင်း၊ရောဂါပြင်းပီး သေနှုန်းများချိန်တွင် ကန်၁ဧက ဆေးရည်၂ဗူးနှုန်းထားသော်လည်းကောင်း ရေဖြင့်ဖျော်စပ်ကာပက်ဖျန်းအသုံးပြုနိုင်ပါသည်။✅

⛔️ #ငါးအကောင်၅၀ထက်မကသေနေပါက အခြား Antibiotic ပဋိဇီဝကုသဆေးတစ်မျိုးမျိုးနှင့် ရက်ခြားကာ တွဲဖက်၍တပြိုက်နက်ကုသသွားနိုင်ပါသည်။⛔️

(ရေငန်နှင့်ရေပေါ်လှောင်အိမ်မွေးမြူသူများအ​နေဖြင့် ဆေးအသုံးပြုပုံအား Aqua Techanician များနှင့်သော်လည်းကောင်း Page Messenger တွင်စာပို့၍သော်လည်းကောင်း မေးမြန်းဆွေးနွေးကုသနိုင်ပါသည်။)

💯ဘေးထွက်ဆိုးကျိုးမရှိ ရာနှုန်းပြည့်ယုံကြည်စိတ်ချစွာမှာယူအသုံးပြုလိုက်ပါမိတ်ဆွေ။
သင့်ငါးကန်စိတ်ချနိုင်ဖို့ကတော့💯ရာနှုန်းပြည့်ပါ💯

✅အရည်အသွေးမပြည့်မှီသောဆေးများနှင့်ဂျင်းမိပီးစိတ်ညစ်နေသောမိတ်ဆွေကြီးများအနေဖြင့်လည်း ယုံကြည်စိတ်ချစွာမှာယူအသုံးပြုနိုင်ပါပြီ....✅

ဆေးဝါးများအားဆက်သွယ်မှာယူစုံစမ်းလိုပါက -
📞 Phone - 09963882229
📞 Phone - 09674777560 စသည့်ဖုန်းများအားရုံးချိန်အတွင်းခေါ်ဆို၍လည်းကောင်း၊
📥 Viber - 09963882229 သို့စာပို့၍လည်းကောင်း၊
📩 Page Messenger တွင်စာပို့၍လည်းကောင်း၊
📧 [email protected] သို့လည်းကောင်းဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါပီ။

Myanmar Farming Feed - မွေးမြူရေးဆေးဝါးအမျိုးမျိုးနှင့်မွေးမြူရေးအစာ
https://www.facebook.com/myanmarfarmingfeed

YouTube - https://youtube.com/?si=NmlHasSR-sz1k7bj

⭕️မှတ်ချက်။ ။ #ဆင်တူရိုးမှားသတိပြုပါ။⭕️

(ဆေးဗူးဈေးနှုန်းသည်အပြောင်းအလဲရှိနိုင်ပါသဖြင့်ဖော်ပြမထားပါ။Updateဈေးနှုန်းအား Page Messengerနှင့် 09963882229 သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။)

တိမ်ထုကြီးက တော်တော်ကြီးပုံပဲ တရုတ် သီရိလင်္ကာ ပြေးဆွဲနေတဲ့ Airbus A320-251N လေယာဥ်ကြီးတောင် မန္တလေးအထက်တဝိုက်ကို ရှောင်...
16/07/2025

တိမ်ထုကြီးက တော်တော်ကြီးပုံပဲ တရုတ် သီရိလင်္ကာ ပြေးဆွဲနေတဲ့ Airbus A320-251N လေယာဥ်ကြီးတောင် မန္တလေးအထက်တဝိုက်ကို ရှောင်မောင်းရသတဲ့....

Flash Floods ဆိုတာကြီးကလည်း ဒီနှစ်ထဲမှာပေါ်ပြူလာဖြစ်နေတာ ရုတ်တရက် အိုးသွန်မိုးလို ရေတွေပါလာပြီး အိမ်တွေကားတွေထဲ ပြေးချိန်မရ ရေကြီးရေမြုပ်နေကြတာ တရုတ်မှာရော US မှာပါ ဖြစ်ခဲ့တာမို့ မိုးဇလသတင်းတွေမျက်ခြေမပြတ်စောင့်ကြည့်သင့်ပါတယ်...

Original from Waizaw Khaing

⭕️ကန်အတွင်း တီလားပီးယားငါးများသေဆုံးခြင်း⭕️ ကန်အတွင်း ကျန်ငါးများမသေဘဲ တီလားပီးယားငါးများသေဆုံးရခြင်း၏ အဓိကအကြောင်းအရင်း...
15/07/2025

⭕️ကန်အတွင်း တီလားပီးယားငါးများသေဆုံးခြင်း⭕️


ကန်အတွင်း ကျန်ငါးများမသေဘဲ တီလားပီးယားငါးများသေဆုံးရခြင်း၏ အဓိကအကြောင်းအရင်းမှာ Tilapia Lake Virus ရောဂါကျရောက်သောကြောင့်ဖြစ်သည်။ထိုရောဂါသည်ရေအရည်အသွေးကျဆင်းရာမှတဆင့်သော်လည်းကောင်း ခရုများမှတဆင့်သော်လည်းကောင်း ကူးစက်ပြန်ပွားရာမှဖြစ်ပေါ်လာခြင်းဖြစ်သည်။
အချိန်မှီကုသလျှင်ပျောက်ဆင်းနိုင်သော်လည်း အချိန်မှီမကုသပါက ကျန်အခြားငါးများပါ ကူးစက်ပြန့်ပွားတတ်ပါသည်။
အဓိကအားဖြင့်တီလားပီးယားငါးများသည်အောက်ပါရောဂါ ၄ မျိုးအခြေခံဖြစ်ပွားတတ်ကြပါသည်။

၁။Aeromanas Hydrophila
၂။Streptococcus Iniae
၃။Streptococcus Apalactcae
၄။Flavobacterium Columnaris
တို့ဖြစ်ကြသည်။
ရောဂါလက္ခဏာများသည် ပုံတွင်ပြထားသည့်အတိုင်းဖြစ်ကြသည်။
ထိုသို့ဖြစ်ပေါ်လာပါက Avermectin ဆေးအုပ်စုဝင်များဖြင့်ကုသနိုင်ပါသည်။

ဆေးဝါးများအားဆက်သွယ်မှာယူစုံစမ်းလိုပါက -
📞 Phone - 09963882229
📞 Phone - 09674777560 စသည့်ဖုန်းများအားရုံးချိန်အတွင်းခေါ်ဆို၍လည်းကောင်း၊
📥 Viber - 09674777560 / 09963882229 သို့စာပို့၍လည်းကောင်း၊
📩 Page Messenger တွင်စာပို့၍လည်းကောင်း၊
📧 [email protected] သို့လည်းကောင်းဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါပီ။


Myanmar Farming Feed - မွေးမြူရေးဆေးဝါးအမျိုးမျိုးနှင့်မွေးမြူရေးအစာ

https://www.facebook.com/myanmarfarmingfeed

YouTube - https://youtube.com/?si=NmlHasSR-sz1k7bj

Address

Bago
08011

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959963882229

Alerts

Be the first to know and let us send you an email when Myanmar Farming Feed - မွေးမြူရေးဆေးဝါးအမျိုးမျိုးနှင့်မွေးမြူရေးအစာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar Farming Feed - မွေးမြူရေးဆေးဝါးအမျိုးမျိုးနှင့်မွေးမြူရေးအစာ:

Share