MOT News

MOT News Media

05/01/2021
05/01/2021
05/01/2021
02/03/2020

တပ်မတော်နေ့စစ်ရေးပြအခမ်းအနားအား ခေတ္တဆိုင်းငံ့ထားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ခြင်း
***********************
နေပြည်တော် မတ်လ ၁ ရက်
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အနေဖြင့် ၂၀၁၉ ခုနှစ်ဒီဇင်ဘာလမှ စတင်၍ ဖြစ်ပွားခဲ့သည့် COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဇန်နဝါရီလ ၃၀ရက်နေ့တွင် " အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ (Publiv Health Emergency of International Concern) အဖြစ်ကြေညာခဲ့သည်။ပြည်ထောင်စုသမ္မတ မြန်မာနိုငိငံတော်အစိုးရ ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့်လည်း လတ်တလော ကမ္ဘာနိုင်ငံများ၌ဖြစ်ပွားလျက်ရှိသည့်COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူလူထုသို့ အသိပေးနှိုးဆော်လွှာနှင့် ရှောင်ကြဉ်ရမည့်အချက်များအား နေ့စဉ်အသိပေးပြောကြားလျက်ရှိကြောင်းတွေ့ရသည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရှိ သေးသော်လည်း ကိုရီးယားသမ္မတနိုင်ငံ၊ အီရန်နိုင်ငံ၊ အီတလီနိုင်ငံ စသည့် နိုင်ငံများတွင်ရောဂါဖြစ်ပွားသူများ ရုတ်တရက်တစ်ပြိုင်နက်တွေ့ရှိရသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း အလားတူအခြေအနေမျိုးအချိန်နေရာမရွေး လူအများ၌ ကူးစက်ဖြစ်ပွားနိုင်ကြောင်းနှင့် လူစုလူဝေးများပြားရာနေရာများကို အတတ်နိုင်ဆုံးရှောင်ကြဉ်ရန်၊ မဖြစ်မနေကျင်းပရမည့် လူစုလူဝေးနှင့်ပွဲလမ်းသဘင်များကိုသာ ကျင်းပပြုလုပ်ရန်နှင့် အကယ်၍ ပွဲလမ်းသဘင်များမလွဲမရှောင်သာ ကျင်းပရပါက. ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေး၊ကျန်းမာရေးအသိပညာပေး နှိုးဆော်ချက်များအား တိကျစွာလိုက်နာရန် အသိပေးနှိုးဆော်လျက်ရှိပြီး ၂၀၂၀ပြည့်နှစ် ဖေဖော်ဝါရီလ၂၈ရက်နေ့၌ COVID-19 ရောဂါအားကူးစက်မြန်ရောဂါ(သို့မဟုတ်) တိုင်ကြားရမည့် ကူးစက်ရောဂါအဖြစ် သတ်မှတ်သည့်အမိန့်အမှတ်စဉ် ၁၉/၂၀၂၀ ကိုထုတ်ပြန်ခဲ့ကြောင်းတွေ့ရပါသည်။
သို့ဖြစ်၍တပ်မတော်အနေဖြင့် မတ်လ၂၇ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် စိန်ရတုတပ်မတော်နေ့ စစ်ရေးပြအခမ်းအနားနှင့် ပတ်သက်၍ ခေတ္တဆိုင်းငံထားမည်ဖြစ်ကြောင်းနှင့် WHOနှင့် နိုင်ငံတကာမှ COVID-19 ကူးစက်မြန်ရောဂါ ထိန်းချုပ်နိုင်မှုနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ပြန်မှသာ စိန်ရတုတပ်မတော်နေ့ စစ်ရေးပြအခမ်းအနား ကျင်းပနိုင်ရေး ဆက်လက်စီမံဆောင်ရွက်သွားရန်
လျာထားကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။
(တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့)

Coronavirus ကိုရိုနာဗိုင်းရပ်စ် အချုပ်သတင်းစထွက်တဲ့ ၄-၁-၂၀၂၀ နေ့ကတည်းက ရေးပါတယ်။ တချို့လည်း ဖတ်မိကြတယ်။ တချို့က တပိုင်းတ...
28/02/2020

Coronavirus ကိုရိုနာဗိုင်းရပ်စ် အချုပ်

သတင်းစထွက်တဲ့ ၄-၁-၂၀၂၀ နေ့ကတည်းက ရေးပါတယ်။ တချို့လည်း ဖတ်မိကြတယ်။ တချို့က တပိုင်းတစ။ တချို့က အခုမှသာ ဖတ်တယ်။ ရေးထားပြီးသား အချက်အလက်တွေ မေးကြတယ်။ မေးသင့်တာရော မေးစရာကို မလိုတာကိုပါ မေးကြတယ်။ အေးတဲ့ဆီမှာသာ ဖြစ်သလား စသည်။ နော်ဝေ၊ ဆွီဒင်၊ ဂရင်းလင်းနဲ့ အိုက်စလင်းတို့မှာ ခုထိကူးစက်လူနာ မတွေ့သေးပါ။ တယောက်ချင်းစီကို ပြန်မဖြေအားပါ။

Coronavirus Symptoms ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာများ
ဆေးရုံရောက်လာ လူနာ
၉၉% တို့မှာ နူမိုးနီးယား ခေါ် အဆုတ်ရောင်ကြတယ်။
၈၂% က ဖျားတယ်။
၈၁% ချောင်းဆိုးတယ်။
၃၁% အသက်ရှူမဝ။
၁၁% ကြွက်သားတွေနာ။
၉% စိတ်မကြည်မလင်ဖြစ်။
၈% ခေါင်းကိုက်။
၅% လည်ချောင်းနာ။

ကိုရိုနာဗိုင်းရပ်စ် ဘယ်လိုကာကွယ်မလဲ
၁။ လက်ကို ဆပ်ပြာနဲ့ရေသုံးပြီး လိုအပ်တိုင်းမှာ ဆေးပါ။ အယ်လ်ကိုဟော ၆၀%ပါ လက်ဆေးရည် ရှိလျှင် သုံးပါ။
၂။ ချောင်းဆိုးတိုင်း နှာချေတိုင်း ပါးစပ်ကို ဖုံးအုပ်ထားပါ။ တံတောင်ဆစ်ထဲ ချောင်းဆိုးပါ။
၃။ ဖျားနေသူ အအေးမိနေသူ တုပ်ကွေးမိနေသူတွေနဲ့ အနီးကပ်ထိစပ်မှုကနေ ရှောင်နေပါ။
၎။ အသားနဲ့ ကြက်ဥတွေကို ကျက်နေအောင် ပြုတ် ကြော် ချက်ပါ။
၅။ အိမ်မွေးမဟုတ်တဲ့ အကောင်တွေကို အကာအကွယ်မပါပဲ ထိကိုင်ခြင်း မပြုပါနဲ့။
၆။ ကူးစက်မှုရှိတဲ့ ဒေသတွေမှာ အိမ်ပြင်ထွက်ရတိုင်း နှာခေါင်းစည်းသုံးပါ။ လက်အိတ်သုံးပါ။

၂၆-၂-၂၀၂၀ နေ့အကုန်အထိ ၄၇ နိုင်ငံကို ပြန့်နေတယ်။ တချို့တိုင်းပြည်တွေမှာ အေးပြီး၊ တချို့ မအေးပါ။

Confirmed COVID-19 Cases တွေ့ရှိတဲ့နိုင်ငံများစာရင်း
1. China
2. Hong Kong မအေးပါ။
3. Macau မအေးပါ။
4. Taiwan မအေးပါ။
5. Afghanistan မအေးပါ။
6. Algeria မအေးပါ။
7. Australia မအေးပါ။
8. Austria
9. Bahrain မအေးပါ။
10. Belgium
11. Brazil မအေးပါ။
12. Cambodia မအေးပါ။
13. Canada
14. Croatia
15. Egypt မအေးပါ။
16. Finland
17. France
18. Germany
19. India မအေးပါ။
20. Iran မအေးပါ။
21. Iraq မအေးပါ။
22. Israel မအေးပါ။
23. Italy
24. Japan
25. Kuwait မအေးပါ။
26. Lebanon မအေးပါ။
27. Malaysia မအေးပါ။
28. Nepal မအေးပါ။
29. Oman မအေးပါ။
30. Philippines မအေးပါ။
31. Russia
32. Sri Lanka မအေးပါ။
33. Singapore မအေးပါ။
34. Spain
35. Sweden
36. Switzerland
37. Thailand မအေးပါ။
38. The Republic of Korea
39. United Arab Emirates မအေးပါ။
40. United Kingdom
41. United States
42. Vietnam မအေးပါ။

တကမ္ဘာလုံးမှာ လူလိမ်တွေပေါတယ်။ မြန်မာပြည်မှာလည်း လူလိမ်တွေ များတယ်။ ဖေ့စ်ဘွတ်မှာ လူလိမ်တွေ အများဆုံး။ မခိုင်မာတဲ့သတင်းတွေ မတင်သင့်ပါ။ မယုံသင့်ကြပါ။ သတင်းတွေ၊ စာရင်းတွေ၊ ပုံတွေ၊ လင့်တွေ ကျွန်တော်ဆီ မပို့ပါနဲ့။

ဒေါက်တာတင့်ဆွေ
၂၇-၂-၂၀၂၀

25/02/2020

breaking nwes
ရန်ကုန်သို့ လည်ပတ်ခဲ့သည့် ကိုရီးယားအမျိုးသမီးတွင် ကိုရိုနာတွေ့သဖြင့် လူ ၂၀ကျော်ကို စောင့်ကြည့်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

ရန်ကုန်မြို့သို့ ငါးရက်ကြာ လာရောက်လည်ပတ်ခဲ့သည့် တောင်ကိုရီးယားနိုင်ငံသူတစ်ဦးထံတွင် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံထားရသည်ကို တွေ့ရသဖြင့် အဆိုပါအမျိုးသမီးနှင့် ထိတွေ့ခဲ့သူ ၂၂ ဦးကို နေအိမ်တွင် ထားကာ စောင့်ကြည့်နေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ ည ၈နာရီတွင် သတင်းထုတ်ပြန်သည်။

အသက် ၃၄ နှစ်အရွယ် အဆိုပါအမျိုးသမီးသည် ရန်ကုန်မြို့တော်သို့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှ ၁၇ ရက် နေ့အထိ အလည်လာရောက်ခဲ့ပြီး ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ကိုရီးယားနိုင်ငံ၌ ဓာတ်ခွဲစစ်ဆေးချက် အရ ကိုရိုနာ (COVID-19) ဓာတ်ခွဲအတည်ပြုလူနာအဖြစ် စောင့်ကြပ်ကြည့်ရှု ကုသမှုခံယူရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းသတင်းကို ရပြီးနောက် ဖေဖော်ဝါရီလ ၂၃ရက်နေ့တွင်ပင် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက အဆိုအမျိုးသမီးနှင့်အနီးကပ် ထိတွေ့နေထိုင်ခဲ့သူ ခုနစ်ဦးနှင့် မိသားစုဝင် ၁၅ ဦး စုစုပေါင်း ၂၂ ဦးကို စုံစမ်းရှာဖွေကာ ကျန်းမာရေးအခြေအနေ စစ်ဆေးမေးမြန်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါပုဂ္ဂိုလ်များသည် ကျန်းမာရေးအခြေအနေကောင်းမွန်လျက်ရှိပြီး ကိုရိုနာရောဂါ သံသယလက္ခဏာ မတွေ့ရကြောင်း၊ ရောဂါလက္ခဏာတစ်စုံတစ်ရာ ပေါ်ပေါက်လာလျှင် ကျန်းမာရေးဌာနသို့ ချက်ချင်း သတင်းပို့ရန် အသိပေးပြောဆိုခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

၎င်းတို့ကို လက်ရှိတွင် အသွားအလာတားမြစ်ပိတ်ပင်ပြီး နေအိမ်နေထိုင်စေခြင်း၊ ကန့်သတ်ခြင်း (Home Quarantine) နေထိုင်စဉ်လိုက်နာရမည့် အချက်များကို တိကျစွာလိုက်နာရန် အသိပေးခဲ့ကြောင်း၊ လူနာနှင့် နောက်ဆုံးတွေ့ခဲ့သည့်ရက်မှ ၁၄ ရက်ကြာသည်အထိ ကျန်းမာရေးဝန်ထမ်းများက ၎င်းတို့ကို ရောဂါစောင့်ကြပ်ကြည့် ရှုမည်ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနထံမှ သိရသည်။

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၂၄ ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ မတွေ့ရှိသေး ကြောင်း၊ သို့သော်လည်း ရောဂါဖြစ်ပွားသူများကို ရုတ်တရက် တစ်ပြိုင်နက်တွေ့ရှိလာနိုင်ပြီး ပြည်သူများအတွင်း၌ ကူးစက်ဖြစ်ပွားနိုင်ကြောင်း အဆိုပါဝန်ကြီးဌာန သတိပေးထားသည်။

သည်ကနေ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ပါ။ ကော်ရိုနာဗိုင်းရပ်ကာကွယ်နိုင်ဖို့က ကိုယ်ခံအားကောင်းနေဖို့ရယ်။ လက်ကို သန်...
24/02/2020

သည်ကနေ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ပါ။ ကော်ရိုနာဗိုင်းရပ်ကာကွယ်နိုင်ဖို့က ကိုယ်ခံအားကောင်းနေဖို့ရယ်။ လက်ကို သန့်စင်အောင်ထားဖို့ လူစု လူဝေးရှောင်ကျဉ်ဖို့နဲ့ မလွဲမရှောင်သာ သွားရ ရင်လဲ နှာခေါင်းစည်း အသုံးပြုကြဖို့ MOT မီဒီယာက ထပ်မံတိုက်တွန်းလိုက်ရပါတယ်။

အသက်(၁၃)နှစ်အရွယ်ခလေးအလုပ်သမား အား ငွေခိုးသည် စွပ်စွဲကာ အရှင်လတ်လတ် မီးရှို့၂၀၂၀။ ဖေဖော်ဝါရီ ၂၂လပွတ္တာမြို့ ၁ ရပ်ကွက် စည်ပ...
22/02/2020

အသက်(၁၃)နှစ်အရွယ်ခလေးအလုပ်သမား အား ငွေခိုးသည် စွပ်စွဲကာ အရှင်လတ်လတ် မီးရှို့
၂၀၂၀။ ဖေဖော်ဝါရီ ၂၂

လပွတ္တာမြို့ ၁ ရပ်ကွက် စည်ပင်သာယာလမ်း တုနှိုင်းမမှီ ရခိုင်မုန့်တီ နှင့် မုန့်ဟင်းခါးဆိုင်မှ ည ၁၂ နာရီခန့်မှာ ဆိုင်အလုပ်သမား ကလေး (၁၃) နှစ်သားခန့် အား ငွေ ၈၀၀၀ကျပ် ခိုး ယူသည် ဟု ပြောဆို၍ ဆိုင် ရှင်လင်မယား မှ ခဲတံချွန်ဓါး ဖြင့် အချက်များစွာထိုးပြီး ကလေးအား ဓါတ်ဆီလောင်း၍ မီးရှို့ကြောင်းမျက်မြင်တွေပြောပြချက်အရသိရသည်။ ဖြစ်စဉ်အား အနီးရှိ ထွန်းထွန်းလင်း ဆေးဆိုင် ကွင်းန် အလှပြင်ဆိုင် နှင့် သိန်းကမ္ဘာ လဖက်ရည်ဆိုင် မှ လူများအားလုံး တွေ့မြင်ကြ ကြောင်း ထိုကလေးကို ၃ မိုင် ဆေးရုံတွင် အပြင်းအထန် ဒဏရာများ ဖြင့် တင်ပို့ကုသနေကြောင်း ဒေသခံသတင်းထောက် ဦအောင်မျိုးခန့်ထံမှ သိရှိရပါသည်။

MOTမီဒီယာ

Address

Pyitharyar Street, Thingankyun
Dagon

Website

Alerts

Be the first to know and let us send you an email when MOT News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share