Gold Moon Recycle Bag & Printing

Gold Moon Recycle Bag & Printing Recycle Bag & Plastic bag printing services

04/06/2026
ရေဟာ လူသားတွေအတွက် အလွန်အရေးပါတဲ့ သဘာဝအရင်းအမြစ်တခုဖြစ်ပါတယ်။ ရေအရင်းအမြစ်တွေဟာ ပုံစံအမျိုးမျိုးနဲ့တည်ရှိပြီး အဓိကအနေနဲ့...
30/05/2026

ရေဟာ လူသားတွေအတွက် အလွန်အရေးပါတဲ့ သဘာဝအရင်းအမြစ်တခုဖြစ်ပါတယ်။

ရေအရင်းအမြစ်တွေဟာ ပုံစံအမျိုးမျိုးနဲ့တည်ရှိပြီး အဓိကအနေနဲ့ကတော့ ရေငန်ရေ၊မြေအောက်ရေ၊မြေပေါ်ရေ ဆိုပြီး ကဏ္ဍသုံးခုခွဲခြားနိုင်ပါတယ်။

ဒီ ရေအရင်းအမြစ်တွေဟာ လူသားတွေအတွက်သာမကဘဲ အခြားသက်ရှိများရဲ့ရှင်သန်ကြီးထွားရေးနဲ့မျိုးပွါးရေးတို့အတွက်လည်း အလွန်အရေးပါပါတယ်။

ကမ္ဘာပေါ်မှာရှိတဲ့ ရေရဲ့ ၉၇% ဟာ ရေငန်ဖြစ်ပြီး ကျန်တဲ့ ၃%ဟာ ရေချိုဖြစ်ပါတယ်။ အဲ့ဒီ ရေချို ၃%မှာကို သုံးပုံနှစ်ပုံက ရေခဲထုတွေအဖြစ်တည်ရှိနေတာမို့ ကျန်တဲ့ အေးခဲမနေတဲ့ ၁%ကိုသာ လူသားတွေသုံးစွဲနိုင်တာပါ။

မြန်မာနိုင်ငံဟာရေချိုသယံဇာတပေါများတဲ့နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ ရေချိုအများစုကို စိုက်ပျိုးမွေးမြူရေးလုပ်ငန်း၊ စက်မှုလုပ်ငန်းများ၊နဲ့ အိမ်တွင်း လုပ်ငန်းများမှာ အသုံးပြုကြပါတယ်။ ရေချိုတွေကို များပြားလှတဲ့ မြစ်ချောင်းအင်းအိုင်တွေဆီကနေရပြီး ဒီနေရာတွေဟာလည်း ဇီဝမျိုးကွဲတွေအတွက် အရေးပါပြီး သဘာဝရှုခင်းများမှာလည်း တောတောင်ရေမြေ လှပမှုဟာ ခရီးသွားတွေကို ဆွဲဆောင်ကြပါတယ်။

တချို့ ပူပြင်းခြောက်သွေ့တဲ့ဒေသများမှာတော့ ရေချိုသုံးစွဲဖို့အတွက် မြေအောက်ရေဟာ အလွန်အရေးပါတဲ့ ရေချိုအရင်းအမြစ်တခုပါပဲ။ မြန်မာနိုင်ငံ လူဦးရေရဲ့ လေးပုံသုံးပုံဟာ မြေအောက်ရေကို သောက်ရေနဲ့အိမ်တွင်းသုံးရေအနေနဲ့ သုံးစွဲကြပါတယ်။

မြန်မာ့ရေအရင်းအမြစ်တွေထဲမှာ မြစ်ချောင်းအင်းအိုင်တွေကလည်း အရေးပါတဲ့ အခန်းကဏ္ဍတခုအနေနဲ့ ရှိပါတယ်။

အဓိက မြစ်ကြီးလေးခုဖြစ်တဲ့ ဧရာဝတီမြစ်၊ သံလွင်မြစ်၊ ချင်းတွင်းမြစ် နဲ့ စစ်တောင်းမြစ်တို့ဟာ နိုင်ငံရဲ့ ဆည်မြောင်းစနစ်၊ စိုက်ပျိုးရေးလုပ်ငန်းတွေ၊ ပို့ဆောင်ဆက်သွယ်ရေး၊ငါးဖမ်းလုပ်ငန်း နဲ့ ရေအားလျှပ်စစ်ပေးဝေရေးစနစ်တွေမှာ အရမ်းအရေးပါတဲ့ ရေချိုရင်းအမြစ်တွေပါ။

အင်းတော်ကြီးအိုင် နဲ့ အင်းလေးအိုင်တို့ကလည်း စိုက်ပျိုးရေးလုပ်ငန်းတွေအပြင် ခရီးသွား လုပ်ငန်းတွေအတွက်ပါ အဓိကကျတဲ့နေရာတွေဖြစ်ပါတယ်။

မြေအောက်ရေကိုတော့ မိုးနည်းတဲ့ဒေသတွေမှာ ရေတွင်းတူးပြီး အဓိကအားထား သုံးစွဲကြတာပါ။

ဒါ့အပြင်နှစ်စဉ်မုတ်သုံကာလမှာ မိုးရေ ရလေ့ရှိပြီး မြေအောက်ရေနဲ့မြစ်ရေအကန့်အသတ်သာရရှိတဲ့ ကျေးလက်ဒေသတွေမှာ ရေကန်တွေနဲ့ မိုးရေသိုလှောင် အသုံးပြုကြပါတယ်။

မြန်မာနိုင်ငံဟာ ဒီလို ရေချိုအရင်းအမြစ်ကြွယ်ဝပေမယ့်လည်း စိန်ခေါ်မှုများစွာရှိနေဆဲပါ။ စက်ရုံတွေကနေတဆင့် မြစ်ချောင်းအင်းအိုင်ထဲကို တိုက်ရိုက်အညစ်အကြေးစွန့်ပစ်တာတွေ၊ ရာသီဥတုပြောင်းလဲတာကြောင့် မိုးရွာနှုန်းလျော့ကျ(သို့) တိုးများလာတာတွေ၊ သောက်သုံးရေအကန့်အသတ်ဖြင့်သာရရှိတာ စတာတွေကို ရင်ဆိုင်ရဆဲဖြစ်ပါတယ်။
Crd:

Written by
Yay Mee (Mindful Burma Volunteer)
Editor- Nook (Mindful Burma)



Address

No. 41, Mar Lar Myaing 8street, 16 Ward
Hlaing

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Gold Moon Recycle Bag & Printing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share