Irrawaddy Digital Marketing

Irrawaddy Digital Marketing Facebook marketing, Logo, Graphic design, Boost & Ads, Content များကို အကောင်းဆုံး ဝန်ဆောင်မှု ပေးလျှက်ရှိပါသည်။

"ကိုယ်ရောင်းချတဲ့ပစ္စည်းကို ဝယ်ချင်လာအောင် Content ရေးနည်း"☘️ ကိုယ်ရောင်းချမယ့်ကုန်ပစ္စည်းဟာ အရည်အသွေးကောင်းရုံနဲ့ Custo...
16/08/2026

"ကိုယ်ရောင်းချတဲ့ပစ္စည်းကို ဝယ်ချင်လာအောင် Content ရေးနည်း"

☘️ ကိုယ်ရောင်းချမယ့်ကုန်ပစ္စည်းဟာ အရည်အသွေးကောင်းရုံနဲ့ Customer တွေက ချက်ချင်းဝယ်မှာမဟုတ်ပါဘူး။

☘️ Customer ရဲ့လိုအပ်ချက်ကို ထိမိမယ့် Content ဖန်တီးနိုင်ဖို့ လိုပါတယ်။

☘️ Customer ဝယ်ချင်လာအောင် Content ရေးရန်မှာ -
(1) ကိုယ်ရောင်းချမယ့် ကုန်ပစ္စည်းအကြောင်းပဲမပြောပါနဲ့။
(2) "ဘာရှိတယ်" ဆိုတာထက် "Customer အတွက် ဘာအကျိုးရှိလဲ" ဆိုတာကို ပြောပါ။
(3) Customer ရဲ့ စိုးရိမ်မှုကိုနားလည်ကြောင်း နှင့် အဲဒီအတွက်စိတ်ပူစရာမလိုကြောင်း content ကနေ ပြောပါ။
(4) ဝယ်ဖို့အဓိကမပြောပဲ ကုန်ပစ္စည်းရဲ့ကောင်းကျိုးနဲ့ အသုံးဝင်မှုကိုအလေးပေးပြောပြပါ။
(5) ယုံကြည်မှုတည်ဆောက်ပါ
(6) Review, Result နဲ့ Customer Experience တွေကို မျှဝေပါ။
(7) အသေးစိတ်သိချင်ရင် Messenger မှာ မေးမြန်းနိုင်ပါတယ်” စတဲ့ Call To Action ထည့်ရေးပါ။
--------------------
အခုလို Marketing အတွက် အသုံးဝင်မယ့် Knowledge လေးတွေ အမြဲမျှဝေပေးသွားမှာမို့ အသုံးဝင်တယ်ဆိုရင် Like & Follow လုပ်ထားကြပါဦးနော်။

13/08/2026

မြင်မြင်သမျှ ဒီဇိုင်းပဲ ဆွဲနေမိတော့တယ်✍️

Cover Photo For Gain Plus💪💪💪
11/08/2026

Cover Photo For Gain Plus💪💪💪

"Online Business လုပ်ငန်းမှာ Content Marketing က ဘာကြောင့် အရေးကြီးတာလဲ"❓☘️ Online မှာက ပစ္စည်းကောင်းရုံနဲ့ မရပါဘူး။ Cus...
09/08/2026

"Online Business လုပ်ငန်းမှာ Content Marketing က ဘာကြောင့် အရေးကြီးတာလဲ"❓

☘️ Online မှာက ပစ္စည်းကောင်းရုံနဲ့ မရပါဘူး။ Customer တွေသိအောင်၊ ယုံကြည်အောင် Content က ပြောပေးရပါတယ်။

☘️ ပုံမှန် Content တင်ခြင်းက ကိုယ့် Brand ကို Customer တွေ မှတ်မိစေပါတယ်။

☘️ Knowledge, Tips, Reviews တွေ မျှဝေခြင်းက Customer Trust ရစေပါတယ်။

☘️ ရောင်းချဖို့သက်သက်မဟုတ်ဘဲ အသုံးဝင်တဲ့ Content တွေက Audience နဲ့ ဆက်ဆံရေးကောင်းစေပါတယ်။

☘️ ကောင်းမွန်တဲ့ Content က Customer ရဲ့ စိတ်ဝင်စားမှုကနေ ဝယ်ယူမှုအထိရောက်အောင် ကူညီပေးနိုင်ပါတယ်။

☘️ Content Marketing ဆိုတာ "Post တင်တာမဟုတ်ပါဘူး၊ Customer ရဲ့ စိတ်ထဲမှာ ကိုယ့် Brand ကို နေရာယူစေတာပါ"။ Content တွေကို နည်းစနစ်ကျကျတင်ဖို့ တကယ်အရေးကြီးပါတယ်။

#စီးပွားရေးလုပ်ငန်း

Social Media Post Design က ရောင်းအားကို ပြောင်းလဲပေးနိုင်ပါတယ်🍀လူတွေက Product မဝယ်ခင် Design ကို အရင်မြင်ပါတယ်✅ ဆွဲဆောင်...
06/08/2026

Social Media Post Design က ရောင်းအားကို ပြောင်းလဲပေးနိုင်ပါတယ်🍀

လူတွေက Product မဝယ်ခင် Design ကို အရင်မြင်ပါတယ်

✅ ဆွဲဆောင်မှုရှိတဲ့ Desig
✅ ရှင်းလင်းတဲ့ Messag
✅ Professional Branding

ဒီ ၃ ချက်က Customer ရဲ့ စိတ်ဝင်စားမှုကို တိုးစေပြီး Sales ကိုလည်း မြှင့်တင်ပေးပါတယ်

ကောင်းတဲ့ Product + ကောင်းတဲ့ Design = ပိုကောင်းတဲ့ ရောင်းအား 🍀

"Content Marketing ဆိုတာ ဘာလဲ"❓ ☘️ နေ့တိုင်း Post တင်နေတာနဲ့ Content Marketing လုပ်နေတာမတူပါဘူး။         ☘️ Content Mark...
02/08/2026

"Content Marketing ဆိုတာ ဘာလဲ"❓

☘️ နေ့တိုင်း Post တင်နေတာနဲ့ Content Marketing လုပ်နေတာမတူပါဘူး။

☘️ Content Marketing ဆိုတာ Customer တွေအတွက် အသုံးဝင်တဲ့ အချက်အလက်၊ အကြံပေးချက်၊ ဗဟုသုတတွေကို မျှဝေပေးပြီး Brand ကိုယုံကြည်လာအောင်တည်ဆောက်တဲ့ Marketing နည်းလမ်းတစ်ခုဖြစ်ပါတယ်။

☘️ Content Marketing ရဲ့ အကျိုးကျေးဇူး (၃)ချက်
- Brand ကို လူသိများလာစေတယ်။
- Customer ယုံကြည်မှု တိုးလာစေတယ်။
- ရေရှည်မှာ Sales တိုးလာစေတယ်။

☘️ သေချာသိရမှာက ...
လူတွေက "ဈေးတအားရောင်းနေတဲ့ Brand ထက်
တန်ဖိုးပေးနေတဲ့ Brand ကို ပိုယုံကြည်ကြပါတယ်"။

သင်ရော... Page မှာအရောင်း Post တွေပဲ တင်နေလား၊
Knowledge Sharing Content တွေလည်း မျှဝေဖြစ်လား။
Comment မှာ ပြောပြပေးခဲ့ပါဦး။ 🥰


Marquee Tool (M) တစ်ခုတည်း သုံးပြီး ဖန်တီးခဲ့တဲ့ ပုံလေး 🌟
28/07/2026

Marquee Tool (M) တစ်ခုတည်း သုံးပြီး ဖန်တီးခဲ့တဲ့ ပုံလေး 🌟

🍀 အရောင်းပို့စ်တွေ ဆက်တိုက်တင်နေပေမယ့် Reach ကျပြီး အရောင်းအေးနေပါသလား .?  ဒါဆိုရင် သင် ဒီ 80/20 Content Rule ကို သိထားဖ...
26/07/2026

🍀 အရောင်းပို့စ်တွေ ဆက်တိုက်တင်နေပေမယ့် Reach ကျပြီး အရောင်းအေးနေပါသလား .? ဒါဆိုရင် သင် ဒီ 80/20 Content Rule ကို သိထားဖို့ လိုနေပါပြီ!

🍀 ဈေးရောင်းသူအများစုဟာ အရောင်းပို့စ်တွေပဲဆက်တိုက်တင်ပြီး ရောင်းတတ်ကြပါတယ်။ ဒါပေမယ့် လူတွေက ဈေးဝယ်ဖို့ထက် အပမ်းဖြေဖို့နဲ့ ဗဟုသုတရဖို့အတွက် Social media ကို သုံးကြတာဖြစ်ပါတယ်။

🍀 ကိုယ်ကပစ္စည်းကိုပဲ ဆက်တိုက်ရောင်းနေရင် Customer တွေ ငြီးငွေ့သွားပြီး Page ရဲ့ Reach တွေ ကျသွားတတ်ပါတယ်။ ဒီလိုမဖြစ်အောင် Post တွေကို ဒီလိုမျိုး ၃ ပိုင်း ခွဲတင်ကြည့်ပါ။
--------------------
🍀 (1) သင့်ရဲ့ အရောင်းပစ္စည်း/ဝန်ဆောင်မှုနဲ့ ပတ်သက်တဲ့ ဗဟုသုတများ၊ ပြဿနာဖြေရှင်းနည်းများ၊ ထိန်းသိမ်းနည်းများအတွက် ၆၀% အထိ Knowledge ပို့စ် တင်ပေးပါ။
(ဥပမာ - "ပစ္စည်းတစ်ခုဝယ်တော့မယ်ဆိုရင် မဖြစ်မနေ စစ်ဆေးရမယ့် အချက် ၃ ချက်" ဘာညာ စသဖြင့်)

🍀 (2) Customer တွေနဲ့ရင်းနှီးစေဖို့ မေးခွန်းတွေ/ထင်မြင်ချက်တွေကို Comment မန့်ချင်စေမယ့် ပို့စ်တွေကို ၂၀% တင်ပေးပါ။

🍀 (3) Customer တွေနဲ့ ရင်းနှီးပြီ/ ယုံကြည်မှုတည်ဆောက်နိုင်ပြီဆိုရင် သင့်ရဲ့ကုန်ပစ္စည်းအရောင်းပို့စ်တွေကို ၂၀% တင်ပါ။

❗"အရင်ဆုံး တန်ဖိုး/ရင်းနှီးမှု/ယုံကြည်မှုတည်ဆောက်ပါ။ ပြီးမှ ဈေးရောင်းပါ"။ ဒီနည်းလမ်းလေးတွေနဲ့ သင့် Page ကို စမ်းသပ်ကြည့်လိုက်ပါနော်။

07/07/2026

Just like her 😅

Digital Marketing ဆိုတာ Facebook, Google, TikTok နဲ့ Website စတဲ့ Digital Platform တွေကို အသုံးပြုပြီး...• လူသိများပြီး ...
01/07/2026

Digital Marketing ဆိုတာ Facebook, Google, TikTok နဲ့ Website စတဲ့ Digital Platform တွေကို အသုံးပြုပြီး...
• လူသိများပြီး အမှတ်တံဆိပ်တစ်ခုအဖြစ် ပေါ်လွင်လာအောင်၊
• လူအများ ယုံကြည်စိတ်ချရတဲ့ လုပ်ငန်းတစ်ခု ဖြစ်လာအောင်၊
• ရောင်းအား (Sales) နဲ့ စိတ်ဝင်စားသူ (Leads) တွေ ရေရှည်တိုးတက်လာအောင်၊
စနစ်တကျ မဟာဗျူဟာချပြီး လုပ်ဆောင်ရတဲ့ Marketing နည်းလမ်း ဖြစ်ပါတယ်။
Digital Marketing ဆိုတာ Post တင်တာထက် မကပါဘူး။ ထိရောက်တဲ့ ရလဒ် ရဖို့အတွက် မဟာဗျူဟာကျကျ ဆောင်ရွက်ရတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုပါ။
မိတ်ဆွေတို့ အမြင်မှာကော Digital Marketing ဆိုတာ ဘာလဲ။ သိချင်တာ ဒါမှမဟုတ် ဆွေးနွေးချင်တာရှိရင် Comment မှာ တစ်ကြောင်းစီလောက် မန့်သွားလိုက်ပါ။
Digital Marketing အကြောင်းကို အခြေခံကစလို့ အလွယ်တကူ နားလည်နိုင်မယ့် Tips တွေကို အပတ်စဉ် တင်ဆက်ပေးနေတာမို့ Irrawaddy Digital Marketing Page ကို Follow လုပ်ထားဖို့ ဖိတ်ခေါ်ပါတယ်။

Address

Hlaing

Alerts

Be the first to know and let us send you an email when Irrawaddy Digital Marketing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share