Win Myint Edible Oil Refinery

Win Myint Edible Oil Refinery Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Win Myint Edible Oil Refinery, Advertising/Marketing, မန်းဘဇံလမ်း, Hpa-an.

ဆီစက်ရာသီချိန်တိုင်းအမြဲဖူးပွင့်တတ်သောစက်ရဲ့trademark လေး
31/03/2023

ဆီစက်ရာသီချိန်တိုင်းအမြဲဖူးပွင့်တတ်သော
စက်ရဲ့trademark လေး

Here we go againမြေပဲပေါ်တဲ့ရာသီချိန်ရောက်သည့်တိုင် ကုန်ကြမ်းစျေး ခေါင်ခိုက်နေသည်ကတစ်ကြောင်း လမ်းပန်းဆက်သွယ်ရေးကြောင့်ကြ...
18/01/2023

Here we go again

မြေပဲပေါ်တဲ့ရာသီချိန်ရောက်သည့်တိုင်
ကုန်ကြမ်းစျေး ခေါင်ခိုက်နေသည်ကတစ်ကြောင်း လမ်းပန်းဆက်သွယ်ရေးကြောင့်ကြန့်ကြာသည်ကတစ်ကြောင်း စသည်အကြောင်းအမျိုးမျိုးရှိသော်ငြါးလည်း ဆီပြန်လည်ရောင်းချနိုင်ဖို့
အတတ်နိုင်ဆုံးကြိုးစား ရောင်းချပေးသွားပါ့မယ်
မနက်ဖြန် စက်ပြန်လည်လည်ပတ်ပြီးမလို့ မြေပဲဆီ/အဖတ် ပြန်လည် ဝယ်ယူနိုင်ပါကြောင်း သတင်းကောင်းပါးပါရစေ။

မြေပဲအနယ်အနည်းငယ်ပါမှ ဆီစစ်သည်ဟုထင်သိအလွှဲအမှားများ သို့မဟုတ် မှားယွင်းနေသည့် အယူအဆအလွှဲများမြေပဲဆီဝယ်ယူသူတော်တော်များမျ...
15/03/2022

မြေပဲအနယ်အနည်းငယ်ပါမှ ဆီစစ်သည်ဟုထင်သိအလွှဲအမှားများ သို့မဟုတ် မှားယွင်းနေသည့် အယူအဆအလွှဲများ

မြေပဲဆီဝယ်ယူသူတော်တော်များများ ထင်လေ့ရှိ တဲ့ ဆီကကြည်ရင် တနည်းအရောင်နုလွန်းရင်
မြေပဲဆီမစစ်ဘူးထင်နေလေ့ရှိကြပါတယ်
ဒီအယူအဆဟာ သိပ်မှားယွင်းပါတယ်
အရောင်နုခြင်းရင့်ခြင်း ဖြင့်စစ်၏မစစ်၏မဆုံးဖြတ်န်ိုင်ပါ..
ဤသို့အရောင်နုခြင်း၊ရင့်ခြင်း ဖြစ်ပေါ်ရခြင်းမှာ
ဆီသန့်စင်မှု နည်းလမ်းကွဲပြားပုံများကြောင့်ဖြစ်ပါတယ်
ဒါ့အပြင် မြေပဲတွင်အပ်ိန်၊အဖြုံး၊ကြက်နို့၊မြေကြီးခဲပါလျှင်လည်း ဆီအရောင်ရင့်ခြင်းဖြစ်ပေါ်နိုင်ပါတယ်
ဆိသန့်စင်မှုနည်းလမ်းတွေကို အဆင့်သုံးဆင့်ခွဲပြီး
ဖော်ပြပေးထားပါတယ်

(1)Level 1 cleaning or air compressor cleansing

ဒီအဆင့်မှာ ဆီသန့်စင်ပုံကသိပ်ရိုးရှင်းပါတယ်
ဆီဆုံက တိုက်ရိုက်ကျလာတဲ့ဆီကို အပူပေးမယ်
သို့မဟုတ်ကြိုမယ် ပြီးရင် air pressure သုံးပြီးစုပ်ယူ သန့်စင်ပါတယ်
ဒီနည်းလမ်းရဲ့အားနည်းချက်က ဆီကိုအပူပေးသည့်အတွက်ရယ် သန့်စင်သည့်အခါ ဖြတ်သန်းရသည့် အလွှာတစ်လွှာသာပါရှိခြင်းတွေကြောင့် ဆီအရောင်အနည်းငယ်နီခြင်း၊ရင့်ခြင်း အပြင် အနည်အနှစ်အနည်းငယ်ပါနိုင်ပါတယ်။

(2) level 2 cleaning or filtering purification

ဒီနည်းလမ်းက ယနေ့ခေတ်ဆီစက်လုပ်ငန်းတော်တော်များများ အသုံးပြုနေတဲ့နည်းလမ်းလည်းဖြစ်ပါတယ် ဒီစနစ်မှာတော့ air compressor လိုအပူပေးစရာမလိုဘဲ ဆီဆုံမှကျလာတဲ့ဆီကိုpump နဲ့စုပ်ပြီး ၁၂လက္မ၊၁၄လက္မ၊၁၆လက္မ၊၁၈လက္မစသဖြင့် သံဘောင်ပေါ် ပိတ်စတွေ တနည်း
filtersတွေ ၁၆ထပ် အထပ်၂၀မြောက်များစွာအုပ်ထားသည့်အကန့်တွေက်ိုဖြတ်သန်းပြီးသန့်စင်စေပါတယ်
ဒီစနစ်ရဲ့အားသာချက်မှာတော့ filterတစ်ခုချင်းစီတိုင်းမှာအနည်အနှစ်တွေကျန်ခဲ့တာမလို့
အရောင်ကြည်ပါတယ် သို့ပင်မြေပဲအားဆီဖြစ်အောင်ပေါင်းပြီးကြိတ်ခဲ့ရသည့်အတွက် ထိုအထဲတွင်ပါဝင်သည့်ရေငွေ့ကိုမဖယ်ရှားနိုင်ပါ

(3)level-3 cleaning or combined refinery purification

ဒီစနစ်ကတော့အပေါ်ကဖော်ထားတဲ့ filtering
cleaning အဆင့်ပြီးမှ ကျန်ရှိနေသည့်ဘက်တီးရီးယားနှင့်ရေငွေ့တွေကို conbined tanksတွေမှာပြန်လည်သန့်စင်စေသည့်နည်းလမ်းဖြစ်ပါတယ်
ဒီစနစ်ကတော့ refineအဖြစ်ဆုံးပါ
အားနည်းချက်ကတော့ အရင်းအနှီးကြီးခြင်း
မီတာခကုန်ကြများခြင်းရယ်ပါဘဲ
တစ်ခုချင်းဆီရဲ့ ပုံစံများကိုယခုpostရဲ့အောက်တွင်ဖော်ပြထားပေးပါတယ်

ဖော်ပြပါဆီသန့်စင်မှုနည်းလမ်းအဖုံဖုံတွေကြည့်ပြီး
သန့်စင်သော ဆီများကိုရွေးချယ်ဝယ်စားသုံးနိုင်ကြဖို့ဌာ အကြုံပြုလိုက်ပါတယ်

27/01/2022

မြေပဲဆီအကြောင်း
==============

မြေပဲဆီက အစေ့အဆံကနေ ဆီဖြစ်အောင် လုပ်တာဖြစ်တဲ့အတွက် သဘာ၀ဟင်းရွက်ဟင်းရွက်ဆီ အမျိုးအစားထဲမှာ ပါ၀င်ပါတယ်။

အရောင်
======
မြေပဲဆီရဲ့အရောင်က အရမ်း မနုမရင့်တဲ့ အဝါရောင် ဖြစ်ပါတယ်။

(ကြိတ်ခွဲမှုပုံစံမတူတာကြောင့် ပဲဆီအမျိုးအစားကိုလိုက်ပြီး အနည်းငယ်ပြောင်းလဲနိုင်ပါတယ်။)

အရသာ
======
အရသာကတော့ အရမ်းပြင်းထန်ခြင်းမရှိဘဲ နှစ်လိုဖွယ်ကောင်းပြီး ဆိမ့်တဲ့အရသာ ဖြစ်ပါတယ်။

အနံ့
===
မြေပဲဆီရဲ့ အနံ့ကတော့ သဘာဝမြေပဲအနံ့မဟုတ်ပါဘူး။

မြေပဲဆီရဲ့ထူးခြားချက်များ
====================
မြေပဲဆီက Smoking Point မြင့်တာကြောင့် အကြော်ခံ၊ အချက်ခံပါတယ်။ Smoking Point ဆိုတာ ဆီတွေကို အပူပေးတဲ့အခါ ပြင်းထန်တဲ့အပူချိန်ကြောင့် ဆီမှာပါ၀င်တဲ့ဓာတ်တွေ ပြိုကွဲပျက်စီးပြီး ပြောင်းလဲသွားတဲ့အမှတ် ဖြစ်ပါတယ်။ အဲ့ဒါကြောင့် Smoking Point မြင့်တဲ့ဆီတွေက အကောင်းဆုံးလို့ သတ်မှတ်ကြတာပါ။

မြေပဲဆီက Cloud Point နိမ့်တာကြောင့် သာမာန်အခန်းအပူချိန်မှာ မအေးခဲနိုင်ပါဘူး။ Cloud Point ဆိုတာ အပူချိန် အရမ်းလျော့ကျတဲ့အခါ ဆီတွေ အေးခဲသွားတဲ့အမှတ်ကို ခေါ်တာဖြစ်ပါတယ်။ Cloud Point နိမ့်တဲ့ဆီတွေက ပြည့်၀ဆီပါ၀င်မှု နည်းပါတာကြောင့် ကျန်းမာရေးနဲ့ညီညွတ်တယ်။ စားသုံးဖို့သင့်တော်တယ်လို့ သတ်မှတ်ကြတာ ဖြစ်ပါတယ်။

မြေပဲဆီမှာ ကိုလက်စထရောမပါ၀င်ပါဘူး။ အဲ့ဒါကြောင့် ကျန်းမာရေးကို အထောက်အကူပြုတဲ့ ဆီအမျိုးအစား ဖြစ်တဲ့အပြင် Antioxidant ပါ၀င်တာကြောင့် ကင်ဆာဖြစ်ပွားခြင်းကို ကာကွယ်နိုင်တာလိုမျိုး အစွမ်းသတ္တိတွေ ရှိပါတယ်။

မြေပဲဆီကို စားသုံးဆီအဖြစ်သာမကဘဲ ဆေးဝါးများဖော်စပ်ရာမှာ ထည့်သွင်းအသုံးပြုနိုင်ပါတယ်။

မြေပဲဆီအမျိုးအစားများ

================

🥜 Refined Peanut Oil
🥜 Gourmet Peanut Oil
🥜 Cold Pressed Peanut
🥜 Roasted Peanut Oil
🥜 Peanut Oil Blends

နိုင်ငံတကာမှာတော့ မြေပဲကြိတ်ခွဲနည်းကို အမျိုးအစားခွဲခြားသတ်မှတ်ထားပြီး မြန်မာနိုင်ငံမှာတော့ ဆုံဆီ/နှင့် စက်ဖြင့်ကြိတ်ခွဲထုတ်လုပ်သောဆီဆိုပြီး ၂ မျိုးပဲ ရှိပါတယ်။

ဆုံဆီက သဘာ၀ အနံ့အရသာနဲ့ပြည့်စုံသော်လည်း

ရေဓာတ်ပါ၀င်မှုများတာ၊ Aflatoxin လိုမျိုး မှိုဓာတ်ပါ၀င်နိုင်ချေမြင့်တာ၊ ကြာရှည်မခံတာတွေ ဖြစ်တတ်ပါတယ်။

စက်ဖြင့်ကြိတ်ခွဲထုတ်လုပ်တဲ့ဆီကတော့ …

FDA စံနှုန်းများအတိုင်း လိုက်နာပြီး နည်းစနစ်တကျထုတ်လုပ်ထားမယ်ဆိုရင် မှိုဓာတ်ပါ၀င်မှု မရှိဘဲ ကြာရှည်လည်း သိုလှောင်သိမ်းဆည်းထားနိုင်ပြီး ပဲဆီမှာ ပါ၀င်တဲ့ အာဟာရဓာတ်တွေကို အပြည့်အ၀ ရရှိနိုင်မှာဖြစ်ပါတယ်။

မြေပဲဆီမှာ ပါ၀င်သော အာဟာရဓာတ်များ
===============================

မြေပဲဆီမှာ သစ်သီးတွေလိုမျိုး Vitamin A,C,D တွေ မပါ၀င်ပေမယ့်

⭐Vitamin – E
⭐Potassium
⭐Carbohydrates
⭐Portein
⭐Sodium
⭐Omega 3, 6 အစရှိတဲ့

အကျိုးပြု အာဟာရဓာတ်တွေ ပါ၀င်ပါတယ်။

မြေပဲဆီကို ပုံမှန်မမာဏသာ ရေရှည်စားသုံးမယ်ဆိုရင် ခန္ဓာကိုယ်အ၀လွန်ခြင်းကို ကာကွယ်ပါတယ်။

Post ကို လွတ်လပ်စွာ ပြန်လည်မျှဝေနိုင်ပါတယ်။

#မန္တလေးခရိုင်ဆီစက်ပိုင်ရှင်များအသင်း
အား Credit ပေးပါသည်။

Trading Flowတွေကောင်းကောင်းမစီးဆင်းလို့ စျေးကွက်ထဲ ပြည်ပကတင်သွင်းရောင်းချလျက်ရှိသောအခြေခံစားသောက်ကုန်တွေဖြစ်တဲ့ စားသုံးဆ...
23/01/2022

Trading Flowတွေကောင်းကောင်းမစီးဆင်းလို့ စျေးကွက်ထဲ
ပြည်ပကတင်သွင်းရောင်းချလျက်ရှိသော
အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ စားသုံးဆီတွေအဟန့်အတားမရှိ စျေးတက်လာသလို
ပြည်တွင်းထွက်ဆီတွေနဲ့ စျေးနှုန်းကွာဟမှုမရှိသလောက်ဖြစ်လာချိန်မှာ
ပြည်တွင်းဖြစ်လည်းဖြစ် ကျန်းမာရေးနဲ့လည်းအထူးညီညွှတ်တဲ့ မြေပဲဆီ စားဖို့အထူးသင့်လျှော်ဆုံးအချိန်ပါဘဲဲ

စရိတ်တထောင်းထောင်းနဲ့ ပြည်ပပို့ဖို့ ရုန်းကန်နေတဲ့ တောင်သူတွေအဖို့ ကူညီရာလည်းရောက်ပါတယ်
မြေပဲဆီစားပြီး တောင်သူတွေကိုကူညီရအောင်လား

08/01/2022

8.1.2022 လက်ရှိ ဖါပွန်ဒေသမှထွက်တဲ့မြေပဲဆံ‌ ပေါက်ဈေး၂၅၀၀-၂၆၀၀ ဝန်းကျင်ရှိပါတယ်
ကရင်ပြည်နယ်၏ အခြားသောမြေပဲထွက်ရှိရာဒေသမှထပ်ထွက်ပါက ဈေးနှုန်းအနည်းငယ် အပြောင်းလဲရှိနိုင်ပါတယ်။

စာကြွင်း -ကရင်ပြည်နယ်တွင် ဖာပွန်ဒေသမှ များသောအားဖြင့် မြေပဲထွက်သည့်ရာသီရောက်ရှိပါက မြေပဲအစောဆုံးထွက်ရှိလို့ ဖာပွန်ပေါက်ဈေးအားဖော်ပြခြင်းဖြစ်ပါတယ်

Covidကာလကိုရင်ဆိုင်နေရင်းကနေ အချိန်တွေကုန်လာတာနဲ့အမျှနှမ်းပေါ်တဲ့ရာသီထဲ ပြန်လည်ရောက်စပြုလာလို့နှမ်းဆီ နှမ်းဖတ်မျာလည်း ပြ...
17/01/2021

Covidကာလကိုရင်ဆိုင်နေရင်းကနေ အချိန်တွေကုန်လာတာနဲ့အမျှ
နှမ်းပေါ်တဲ့ရာသီထဲ ပြန်လည်ရောက်စပြုလာလို့
နှမ်းဆီ နှမ်းဖတ်မျာလည်း
ပြန်လည်ဝယ်ယူရရှိနိုင်ပါကြောင်း
ဖုန်ကင်းစင်သော ကိုင်းနှမ်းအကြား မျိုးကိုသာ
ဝယ်ယူကြိတ်ထားသည်မလို့ ဆီစားသုံးရန်အထူးသင့်လျှော်သည့်အပြင်
အဖတ်များကိုလည်း နှမ်းဖတ်ငါးပိပြုလုပ်ရန်အတွက်လည်းအလွန်ကောင်းမွန်ပါတယ်။

ဆီ/အဖတ်များကိုကိုယ်တိုင်ကိုယ်ကြ လာရောက်ဝယ်ယူလိုပါက
🏠အမှတ်(၄) မန်းဘဇံလမ်း၊ကိုညာ ဝပ်ရှော့လမ်း
Hotel Idea အနီး
☎️09255860834

*Order to Yangon ဝယ်ယူအားပေးကြသော မြောက်ဥက္ကလာ/လမ်းမတော် ရွှေလမင်းဆေးရုံမှ customersများကိုကျေးဇူးတင်ရှိပါတယ်Hpa-anမြို့...
30/11/2020

*Order to Yangon
ဝယ်ယူအားပေးကြသော မြောက်ဥက္ကလာ/လမ်းမတော် ရွှေလမင်းဆေးရုံမှ customersများကိုကျေးဇူးတင်ရှိပါတယ်

Hpa-anမြို့တွင်းလည်း
၃ပိဿာနှင့်အထက်ဆိုအခမဲ့ပို့ဆောင်လျက်ရှိပါတယ်
တခြားမြို့နယ်တွေအတွက်လည်း
သက်ဆိုင်ရာကားဂိတ်ကိုပို့ပေးလျက်ရှိပါတယ်
Customer careအနေဖြင့် ၁၀ပိဿာပုံး၏ အဖိုးအခကိုတောင်းယူခြင်းမရှိဘဲ ဆီရဲ့အဖိုးခကိုသာပေးဆောင်စေပါတယ်
ကျသင့်တဲ့တန်ဆာခကို မိမိတို့ဘက်မှကျခံပေးရမည်ဖြစ်ပါသည်

သက်သာသောဈေးနှုန်း
ဆီရဲ့အရည်အသွေးတွေကိုတော့ အာမခံပါတယ်
Thank for ordering

Address

မန်းဘဇံလမ်း
Hpa-an
13011

Opening Hours

Monday 07:00 - 20:00
Tuesday 07:00 - 20:00
Wednesday 07:00 - 20:00
Thursday 07:00 - 20:00
Friday 07:00 - 20:00
Saturday 07:00 - 20:00
Sunday 07:00 - 20:00

Telephone

+959255860834

Website

Alerts

Be the first to know and let us send you an email when Win Myint Edible Oil Refinery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share