22/01/2024
#အောင်သောကျောက်၏လက္ခဏာများ
ခွံကောင်းခြင်း၊ ယမ်းကောင်းခြင်း၊ မန်းကောင်းခြင်း(ပီပြင်သောမန်း)၊အရည်ကောင်းခြင်း၊အရည်ကြိုးပတ်၊ အပွေးဆန်းကြော ပီပြင်အားကောင်းခြင်း၊ အလင်းပေါက်အားကောင်းခြင်း၊ မှော်ကောင်းခြင်း၊ ချွမ် ,ပဲ၊ပန်း၊ ကောင်းခြင်း၊အမြုတ်အဆံမထိုးခြင်း၊အဖျက်မပါခြင်း၊
အပြစ်အနာဆာ နည်းခြင်း၊ ထိုအရာများ ပီပီပြင်ပြင်ပါရှိပါက ကျောက်အောင်နိုင်ပါသည်။
(ထိုသို့ ကောင်းမွန်ပီပြင်စွာ အောင်နိုင်ခြေများသော ကျောက်ကိုလဲ တစ်သိန်း ၉သောင်းနှင့် ၀ယလြို့မရနိုငပြါ။ အောင်သောကျောက်အများစု
မျက်မြင်ဆေးပြီးသားကျောက်ဖြစ်နေပါက
ဆယ်ကြီးရာကျောက်အဆင့် အနည်းဆုံးတည်ရှိပါသည်။( တချို့ကျောက်နားလည်ကြပါသည်။
ရင်းနှီးငွေ အရင်းခံငွေ မရှိခြင်းကြောင့် ကျောက်ကောင်းမှန်းသိလျှက်နှင့် ၀ယခြှင့မြရ ဖြတ်ခွင့်မရခြင်းကြောင့် ကျောက်အောင်ခွင့်မရပါ။ ကျောက်အောင်သောသူ အများစုသည် ငွေအားနှင့်ပါ ဆက်စပ်နေပါသည်။)
ကျောက်လောက၌ အပြည့်အောင်ခြင်းသည်
ကျောက်ဖြတ်ခြင်းဟု ဆိုကြပါသည်။
သိုသော် အမြင်၌ မဖြတ်ခင် ရာပိုင်း ထောင်ပိုင်း
ရောင်းစားရပေမဲ့ ဖြတ်တဲ့အခါ ရှုံးချင် ရှုံးပါသည်။ ထိုသို့မဖြစ်ဖို့ဆိုလျှင်
*ကျောက်တစ်လုံး၌ ပါရှိရာ
**ခွံပေါ် တွင် ကောင်းစွာသော
*ကျောက်ယမ်းတည်ရှိခြင်း
**မျိုးတန်းအားကောင်းခြင်း
*ခွံကောင်းခြင်း၊
**အရည်မန်းပါရှိက ပီပြင်ခြင်း၊
*မှော်ကောင်းခြင်း
**အကြွတ်ဆန်းကြောပါရှိက ပီပီပြင်ပြင်ပါရှိခြင်း
ပီပီပြင်ပြင် လှပါသော ပြချက်ပါမှသာ
အကြို အထောက်၊ ဘက်စုံကောင်းမှ ကျောက်ကောင်းတစ်လုံး ဖြတ်အောင်နိုင်ပါသည်ဗျာ။
မ၀ယ်လျှင်လဲမသိပါ။
၀ယမြညဆြိုလွှငလြဲ မိမိတို့ အဆုံးအရှုံးခံနိုင်သော
ငွေပမာဏကိုသာ တွက်ချက်၍(ပိုလျှံသောငွေ)
ဖြင့် လုပ်ကိုင် ၀ယယြူသင့ပြါသညြ။
မှတ်ချက်။ ကျောက်နားမလည်သူများသည်
ကျောက်အား အခွံကို ချွတ်ပစ်ထားများပါသည်
ထိုသို့ လုံး၀(လုံး၀) မလုပ်ပါနှင့်
အခွံချွတ်ထားတဲ့ကျောက် အသားလှ အရည်လှနေရင်တောင် ဈေးကောင်းမရတာပါ။(ဥပမာဆိုရလျှင် သိန်းရာငွေ ရမဲ့အခြေနေမှ ဆယ်ပိုင်းလောက်နှင့်သာ အရောင်းအ၀ယ်ဖြစ်တတ်ပါသည်) နားမလည်သူများ၏ အခွံချွတ်ထားသောကျောက်အား ၀ယလြကမြွား အကြိုက်နည်းတတ်ပါသည်။ အခွံချွတ်မည် ကွမ်မည် ဖြတ်မည်ဆိုပါက နားလည်သူများနှင့်သာ တိုင်ပင်၍ လုပ်ဆောင်ပါဗျာ။ ရေမဆေး ဆေးထားသော
ကျောက်များ ကာလာပေါက် မီးထိုးပေါက် ပြချက်များ ပါရှိကာ ကျောက်ရုပ်လှနေမည်ဆိုလျှင် ထိုကျောက်တွေကို ကျောက်ဆီ ကျောက်သား မခမ်းချောက်အောင် ရေထဲသို့သာ ထည့်ထားသင့်ပါသည်။( နားမလည်သူများ အက်စစ် လုံး၀ မစိမ်ရပါ။ အက်စစ်စိမ့်တဲ့ကျောက်
အသုံးမချတတ်ပါက ခွံပျက်ကာ ဈေးမရ ဖြစ်
ကျောက်ပျက်တတ်ပါသည်။)
စာဖတ်သူအားလုံးကို အထူးကျေးဇူးတင်ပါသည်။
ြန်လည်မျှဝေသည်