Uru Daily News - ဥရုနေ့စဉ်သတင်း

Uru Daily News - ဥရုနေ့စဉ်သတင်း လူထုအကျိုးပြု မီဒီယာတစ်ခုဖြစ်ပြီး ​ဒေသတွင်းသတင်း/ သတင်း​ဆောင်းပါးများ ​ရေးသား​ပေးပို့နိုင်သည်

◼️ဖားကန့်မြို့နယ်တွင် ၈၈၈၈ အရေးတော်ပုံ (၃၈)နှစ်ပြည့် လူထုသပိတ်ကျင်းပ၊ စစ်ကောင်စီမှ အစစ်ဆေးကြမ်းနေဩဂုတ် ၈၊ ၂၀၂၆။ကချင်ပြည်...
08/08/2026

◼️ဖားကန့်မြို့နယ်တွင် ၈၈၈၈ အရေးတော်ပုံ (၃၈)နှစ်ပြည့် လူထုသပိတ်ကျင်းပ၊ စစ်ကောင်စီမှ အစစ်ဆေးကြမ်းနေ

ဩဂုတ် ၈၊ ၂၀၂၆။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ၁၉၈၈ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့က စတင်ခဲ့သော ဒီမိုကရေစီအရေးတော်ပုံ (၃၈) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ယနေ့တွင် လူထုသပိတ်တစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါလူထုသပိတ်တွင် ပြည်သူများက စစ်အာဏာရှင်စနစ်ကျရှုံးရေး။ ဘယ်အာဏာရှင်စနစ်မှ အလိုမရှိ။ ပြည်သူလူထု၏အသံကို ငါတို့အစိုးရ နားထောင်ပေးဦး။ မြစ်ဆုံစီမံကိန်းအလိုမရှိ။ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး။ အရေးတော်ပုံအောင်ရမည်။ စသည့်ဆောင်ပုဒ်များဖြင့် ကြွေးကြော်ခဲ့ကြသည်။

၈၈၈၈ အရေးတော်ပုံသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး ကြိုးပမ်းမှုများ၏ အထင်ကရဖြစ်ရပ်တစ်ခုဖြစ်ပြီး ယနေ့ခေတ် နွေဦးတော်လှန်ရေးအထိ ဆက်လက်ရှင်သန်နေဆဲဖြစ်ကြောင်း လူထုသပိတ်တွင်ပါဝင်သူများက ပြောဆိုခဲ့ကြသည်။

လက်ရှိတွင် ဖားကန့်‌ဒေသ၌ လုံခြုံရေးအခြေအနေမှာ တင်းမာနေဆဲဖြစ်ပြီး စစ်ကောင်စီမှ ဖားကန့်‌မြို့နေရာတချို့တွင် အစစ်ဆေးများပြုလုပ်နေကြောင်းသိရသည်။

သတင်း၊ဓာတ်ပုံ
ကိုကိုဦး(ဖားကန့်)

28/07/2026

ကျေးရွာဆက်လမ်းမြေပြိုကျပြီး ဘုန်းကြီးကျောင်းမြေပါအက်ကွဲလိုက်လာ

Uru Daily News -ဉရုနေ့စဉ်သတင်း
ဇူလိုင်(၂၈)၊ ၂၀၂၆။

ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဟင်းတင့်ကျေးရွာ အောက်လမ်း၊ စပေါ့နှင့်ကရင်ချောင်-တောင်းကော့သွားလမ်းသည် ယနေ့ နေ့ခင်းပိုင်းက ဉရုချောင်းဘက်ခြမ်းသို့ အလျားပေ(၅၀၀)ခန့်၊ အနံ(၂၀)ပေခန့်၊ အမြင့်ပေ(၅၀၀)ခန့် မြေပြိုကျခဲ့ပြီး လမ်းနှင့်ကပ်လျက် ဟင်းတင့်ဘုန်းကြီးကျောင်းမြေပါ အက်ကွဲလိုက်လာခဲ့ကြောင်း သိရသည်။

ဟင်းတင့်ကျေးရွာ ဘုန်းကြီးကျောင်းနှင့်တဆက်တည်း ရွာကဆက်နေသည့်အတွက် ကျောင်းထိုင်ဘုန်းကြီးနှင့် ရွာသူ/ရွာသားများက မြေဆက်ပြိုပြီး ကျောင်းနှင့်အိမ်ခြေများ အထိုင်ပျက်မည်ကို စိုးရိမ်နေကြရသည်။

"အရင် (၁၀)နှစ်အထက်က ဒီလမ်းက မပြိုဘူးဗျ၊ လွန်ခဲ့တဲ့ (၂)နှစ်က ဘဇံချောက်က လပ်ကီးဝမ်းဆိုတဲ့ ကုမ္ပဏီက ခုလမ်းရဲ့အောက်က ဉရုချောင်းဘေးကပ်လျက် ငုတ်ကျောက်တွေကိုဖယ်ပြီး၊ ချောင်းရှင်းလင်းရေး မြေစာပစ်လမ်းဖောက်လိုက်တာ၊ အောက်က အထိုင်မရှိသလိုဖြစ်သွားတာပေါ့၊ မနှစ်ကလည်း မြေသားအက်ပြီး နည်းနည်းနိမ့်သွားလို့ ဆောက်ပြီးခါစ ဆွမ်းစားကျောင်း နံရံတွေအက်လိုက်လာလို့၊ နံရံတွေဖြိုလိုက်ရတယ်၊ ခု နှစ်က မလွယ်တော့ဘူး"ဟု ဟင်းတင့်ကျေးရွာသားတစ်ဦးက ပြောသည်။

ယခုလမ်းမြေပြိုကျမှုသည် အန္တရာယ်ရှိအနေအထားဖြစ်ပြီး ဘုန်းကြီးကျောင်းမြေနှင့် ရွာမြေများပါဆက်လက်ပြိုကျပါက ဉရုချောင်းပိတ်ပြီး ဖားကန့်တစ်မြို့လုံးပါ ရေနစ်နိုင်သည့် အခြေအနေဖြစ်ပေါ်နိုင်သည်။

လတ်တလောအခြေအနေတွင်တော့ မိုးများပြီး မြေထပ်ပြိုမည်ကို ဟင်းတင့်ရွာသူ/သားများ စိုးရိမ်နေကြရကြောင်း သိရသည်။

Ko Tar

◼️ဥရုချောင်းကမ်းပါးအက်ကွဲပြိုကျ၍ ဘုန်းကြီးကျောင်းမြေနှင့် ရွာမြေ လိုက်ပါပြိုကျမည့်အ‌ရေး ဟင်းတင့်ရွာခံများ စိုးရိမ်နေ။ဇူလ...
22/07/2026

◼️ဥရုချောင်းကမ်းပါးအက်ကွဲပြိုကျ၍ ဘုန်းကြီးကျောင်းမြေနှင့် ရွာမြေ လိုက်ပါပြိုကျမည့်အ‌ရေး ဟင်းတင့်ရွာခံများ စိုးရိမ်နေ။

ဇူလိုင် ၂၂၊ ၂၀၂၆။

ကချင်ပြည်နယ်၊ ဖားကန့်ဒေသတွင် ဇူလိုင်လအတွင်း မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် ဆိပ်မူအုပ်စု၊ ဟင်းတင့်ကျေးရွာအနီးရှိ ဥရုချောင်းကမ်းပါးတလျှောက် လမ်းမြေများယခင်ကထက် ပိုမိုအက်ကွဲပျက်စီးလာနေကြောင်း သိရသည်။

ဟင်းတင့်ဒေသခံအမျိုးသမီးတစ်ဦးက ''အများပြည်သူ အသုံးပြုသွားလာ‌နေတဲ့ ဟင်းတင့်ရွာအောက်လမ်းကတော့ တအားကြီးကိုပျက်စီးနေပါပြီ၊ ဘုန်းကြီးကျောင်းအောက်က ကာရံထားတဲ့ကျောက်ရိုးကြီးလည်း ခါးကနေကျိုးနေပြီး လမ်းကလည်း အက်ကြောင်းကြီးတွေထပ်ကာ တအားကိုနှိမ့်ကျနေပါပြီ၊ နောက်လာမဲ့ မိုးနဲ့ဆို မတွေးရဲတော့ဘူး၊ အရင်ဆွမ်းစားကျောင်းဆောင် နှစ်ထပ်အဆောက်အဦးလည်း ရေစက်တောင်မချရသေးဘူး ပျက်စီးခဲ့ရပါတယ်" ဟု ဆိုသည်။

အမျိုးသားဒေသခံတစ်ဦးကတော့ ''အရင်က ဘဇံချောက်က လက်ကီးဝမ်းကုမ္မဏီကချောင်းအောက်လမ်းဖောက်သွားတော့ အောက်‌ခြေဖြတ်သလို ဖြစ်သွားတယ်၊ ဒီကြားထဲ မမုံမျှောချောင်းက ချောင်းအလယ်ထိ မြေစာတွေရောက်တော့ချောင်းရေက ဟင်းတင့်ရွာဘက်တိုက်စားလာတာဖြစ်နိုင်တယ်" ဟု ဆိုသည်။

ယခုပြိုကျပျက်စီးနေသည့်လမ်းမှာ ကရင်ချောင် ၊ကောင်ဆန် ၊သောင်းကော့ရွာမှ ပြည်သူများ စပေါ့၊ မမုံ၊ ဆိုင်းတောင်သို့ သွားလာအသုံးပြုကြသည့် ၅ ရွာဆက်လမ်းမကြီးဖြစ်ကြောင်း သိရသည်။

ကိုကိုဦး(ဖားကန့်)

ဖားကန့်မြို့နယ်၌ (၇၉)နှစ်မြောက် အာဇာနည်နေ့တွင် အာဇာနည်ပုဂ္ဂိုလ်ကြီးများနှင့် အရေးတော်ပုံအဆင့်ဆင့် တော်လှန်ရင်းကျဆုံးသွား...
19/07/2026

ဖားကန့်မြို့နယ်၌ (၇၉)နှစ်မြောက် အာဇာနည်နေ့တွင် အာဇာနည်ပုဂ္ဂိုလ်ကြီးများနှင့် အရေးတော်ပုံအဆင့်ဆင့် တော်လှန်ရင်းကျဆုံးသွားသော သူရဲကောင်းများအား အလေးပြု

Uru Daily News - ဥရုနေ့စဉ်သတင်း
ဇူလိုင်(၁၉)၊ ၂၀၂၆။

ဖားကန့်မြို့နယ် တစ်နေရာ၌ (၇၉)နှစ်မြောက် အာဇာနည်နေ့တွင် လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းနှင့်ကျဆုံးသွားသော အာဇာနည်ပုဂ္ဂိုလ်များအား ဖားကန့်မှော်လှည့်သပိတ် ပြည်သူများက လွမ်းသူ့ပန်းခွေချ အလေးပြုခြင်း၊ အရေးတော်ပုံအဆင့်ဆင့်နှင့်‌နွေဦးတော်လှန်ရေးအတွင်းကျဆုံးသွားသော အာဇာနည်သူရဲကောင်းများအား လွမ်းသူ့ပန်းခွေချ အလေးပြုခြင်းတို့ကို ယနေ့မနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်ပြီး ဖားကန့်မှော်လှည့်သပိတ်ပြည်သူများက၊ ဧရာဝတီမြစ်ဖျား၌ စစ်ကောင်စီအစိုးရဖော်ဆောင်မည့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ပြင်းထန်စွာကန့်ကွက်ကြောင်း တဆက်တည်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

Ko Tar

အကွဲအပြဲ အဖာအထေးများနဲ့ တော်လှန်ရေး ဖက်ရှင်။Uru Daily News - ဥရုနေ့စဉ်သတင်း ဇွန်(၃၀)၊ ၂၀၂၆။ကာတွန်း - ဗီတာမင် လင်းညှို့စေ
30/06/2026

အကွဲအပြဲ အဖာအထေးများနဲ့ တော်လှန်ရေး ဖက်ရှင်။

Uru Daily News - ဥရုနေ့စဉ်သတင်း
ဇွန်(၃၀)၊ ၂၀၂၆။

ကာတွန်း - ဗီတာမင် လင်းညှို့စေ

ဖားကန့်၌ မြေစာပုံပြိုပြီး လူသေဆုံးမှုဖြစ်ပေါ်၊ ရုပ်အလောင်း(၅)လောင်းရှာဖွေတွေ့ရှိထားUru Daily News - ဥရုနေ့စဉ်သတင်း ဇွန်(...
28/06/2026

ဖားကန့်၌ မြေစာပုံပြိုပြီး လူသေဆုံးမှုဖြစ်ပေါ်၊ ရုပ်အလောင်း(၅)လောင်းရှာဖွေတွေ့ရှိထား

Uru Daily News - ဥရုနေ့စဉ်သတင်း
ဇွန်(၂၈)၊ ၂၀၂၆။

ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ နမ့်မှော်ကျေးရွာအနီး စွန့်ပစ်မြေစာပုံဟောင်း၌ ယနေ့မနက်(၁)နာရီဝန်းကျင်က ရေမဆေးကျောက်ရှာနေသူအချို့အပေါ် မြေစာပုံပြိုပြီး လူ(၆)ဦးခန့် မြေစာပိမိ သေဆုံးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဆိပ်မူကျေးရွာအုပ်စုမှ လူမှုရေးအသင်းအဖွဲ့များက မြေစာပိမိသူများအား ရှာဖွေရေးဆောင်ရွက်နေပြီး (၅)ဦး၏ ရုပ်အလောင်းများအား ရှာဖွေတွေ့ရှိထားပြီဖြစ်သည်။

နမ့်မှော်ကျေးရွာတွင် နေထိုင်ကြသူများဖြစ်သည့် စိုးအောင်သိန်း(၂၉)နှစ်၊ ဝင်းဆန်း(၃၂)နှစ်၊ ဇော်နိုင်လင်း(၃၅)နှစ်၊ မောင်မောင်ဆန်း(၄၇)နှစ် နှင့် မျိုးလင်းဌေး(၂၄)နှစ်တို့၏ ရုပ်အလောင်းကို တွေ့ရှိထားခြင်းဖြစ်ပြီး မြေစာပုံအောက်ပိမိသူအား ဆက်လက်ရှာဖွေနေသည်။

ယနေ့မနက်က မြေစာပုံပြိုကျ ပိမိသည့် လူပျောက်စာရင်းကောက်ယူရာတွင် (၆)ဦး ပျောက်ဆုံးနေသည်ဟု သိရကြောင်း၊ ပျောက်ဆုံးထပ်တိုးရှိ/မရှိ အခြေအနေကိုမူ မသိရသေးကြောင်း နမ့်မှော်ရွာ ဒေသခံကဆိုသည်။

Ko Tar

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၁)ရွှေဘိုခရိုင်စစ်ဌာနက ယင်းမာပင်ခရိုင် အမှတ်(၆)တပ်ရင်းမှ တပ်ရင်းမှူး ပုလဲမောင် (ခ) ပီတာ ...
28/06/2026

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၁)ရွှေဘိုခရိုင်စစ်ဌာနက ယင်းမာပင်ခရိုင် အမှတ်(၆)တပ်ရင်းမှ တပ်ရင်းမှူး ပုလဲမောင် (ခ) ပီတာ မတရားလုပ်ကြံသတ်ဖြတ်ခြင်း ခံရသည့်အမှုနှင့်ပါတ်သက်ပြီး ဝမ်းနည်းကြောင်းသဝဏ်လွှာနှင့် သဘောထားထုတ်ပြန်

Uru Daily News - ဥရုနေ့စဉ်သတင်း
ဇွန်(၂၈)၊ ၂၀၂၆။

​ဇွန်လ (၂၆)ရက်နေ့က ယင်းမာပင်ခရိုင်စစ်ဌာန ခရိုင်ကွပ်ကဲရေးမှူးဦးဆောင်သည့် အစည်းအဝေးပြုလုပ်နေစဉ် ယင်းမာပင်ခရိုင် အမှတ်(၆)တပ်ရင်းမှ တပ်ရင်းမှူး ပုလဲမောင် (ခ) ပီတာသည် မတရားလုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီး မိသားစုနှင့်ထပ်တူ နှမြောဝမ်းနည်းရကြောင်း၊ အဆိုပါလုပ်ရပ်သည် ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ ဂုဏ်သိက္ခာသာမက နွေဦးတော်လှန်ရေး တစ်ခုလုံးကိုပါ ထိခိုက်နစ်နာစေသည့် တန်ပြန်တော်လှန်ရေး လုပ်ရပ်ဟု အမှတ် (၁) ရွှေဘိုခရိုင်စစ်ဌာနမှ သတ်မှတ်ကြောင်းပါရှိသည်။

ထို့အပြင် နောက်နောင်တွင် အလားတူ ဖြစ်ရပ်များ မဖြစ်စေရေးအတွက် စံပြအရေးယူမှု ပြုလုပ်သွားရန်လည်း မိမိတို့ အမှတ် (၁) ရွှေဘိုခရိုင်စစ်ဌာနအနေဖြင့် တောင်းဆိုလိုက်သည်ဟုလည်း ဖော်ပြထားသည်။

Ko Tar

◼️ဆိပ်မူအုပ်စု၊ ကောင်ဆန်ကျေးရွာအနီး မြေစာပုံ‌မျောကြောင်းတစ်ခုတွင် သေဆုံးနေသည့် ရုပ်အလောင်းတွေ့ရှိ။ဇွန် ၂၄၊ ၂၀၂၆။ဖားကန့်မ...
24/06/2026

◼️ဆိပ်မူအုပ်စု၊ ကောင်ဆန်ကျေးရွာအနီး မြေစာပုံ‌မျောကြောင်းတစ်ခုတွင် သေဆုံးနေသည့် ရုပ်အလောင်းတွေ့ရှိ။

ဇွန် ၂၄၊ ၂၀၂၆။

ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာနှင့် ကောင်ဆန်ရွာအနီးရှိ ဒေသအခေါ် ကျော်နိုင်ဆိုက်မျောကြောင်းတခုတွင် ဒီကနေ့မနက် ရေမဆေးအမျိုးသားတစ်ဦး သေဆုံးနေကြောင်းသိရသည်။

''လူမှုကူညီ‌ရေးအသင်းကို အကြောင်းကြားလို့ နေ့လယ် ၁၂ နာရီလောက်က သွားကောက်တာပါ၊ ခုချိန်ထိတော့ ပိုင်ရှင်မပေါ်သေးဘူးလို့သိရပါတယ်"ဟု လူမှုကူညီရေးတွင်ပါဝင်ဆောင်ရွက်နေသူတစ်ဦးမှ ဆိုသည်။

အဆိုပါအလောင်းအား သင်္ခါလူငယ် အဖွဲ့ (၅)မှ ကောက်ယူခဲ့ကြောင်းသိရသည်။

ဓာတ်ပုံ၊ Shwe Sai Sai Taung
ကိုကိုဦး(ဖားကန့်)

စိုးရိမ်ရေမှတ်မရောက်သေးခင် ဖားကန့်မြို့ ရေနစ်နေUru Daily News - ဥရုနေ့စဉ်သတင်း ဇွန်(၂၂)၊ ၂၀၂၆။ဖားကန့်မြို့သည် ယခင်နှစ်မျ...
22/06/2026

စိုးရိမ်ရေမှတ်မရောက်သေးခင် ဖားကန့်မြို့ ရေနစ်နေ

Uru Daily News - ဥရုနေ့စဉ်သတင်း
ဇွန်(၂၂)၊ ၂၀၂၆။

ဖားကန့်မြို့သည် ယခင်နှစ်များက စိုးရိမ်ရေမှတ်ရေမှတ်ရောက်မှသာ ရေကြီးရေလျှံမှုဖြစ်သော်လည်း ယခုနှစ်တွင် စိုးရိမ်ရေမှတ်အောက် သုံးမှတ်လျော့အခြေအနေတွင်ပင် ဖားကန့်မြို့ ရေနစ်နေရပြီဖြစ်သည်။

ဖားကန့် လူမှုရေးအသင်းအဖွဲ့တစ်ခုမှ အသင်းဝင်တစ်ဦးက စိုးရိမ်ရေမှတ်က ပုံမှန်ဆို ဉရုချောင်းဖျား ကံဆီးဒေသမှာ (၇)မှတ် ရှိတာပါ။ ခုက စိုးရိမ်ရေမှတ်မရောက်သေးပါဘူးလို့ အတွေ့အကြုံရင့် ပိုစ့်တင်သူက ဆိုထားပါတယ်။

ဒါပေမယ့် ခုချိန်မှာ ဖားကန့်ဒေသတစ်ခုလုံး လွမ်းခြုံတဲ့ ရေကြီးရေလျှံနဲ့ မြေပြိုမှုတွေ ကြုံတွေ့နေကြရတာဖြစ်ပါတယ်။

လက်ရှိ ဖားကန့်မြို့ပေါ် ရပ်ကွက်ငါးခုဖြစ်တဲ့ မြို့မ၊
မရှီကထောင်၊ မှော်ဝမ်း၊ အေးမြသာယာနဲ့ ငှက်ပျောတောရပ်ကွက်တွေ ရေဝင်နေတာဖြစ်ပြီး ယခုချိန်ထိ ရေမကျသေးပဲ ခက်ခဲတဲ့ အခြေအနေကို မြို့ပြည်သူအများ ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။

အကယ်၍ မူလ စိုးရိမ်ရေမှတ်ဖြစ်တဲ့ (၇)မှတ်ထိသာ ရေတက်လာရင် ဖားကန့်ပြည်သူများအပြင် လုံးခင်းနေ ပြည်သူများပါ ရတက်မအေးရတဲ့ ပြဿနာ ဖြစ်လာမှာဖြစ်ပါတယ်။

ယနေ့မှာလည်း ‌မိုးရေကြီးမှုကြောင့် ယမန်နေ့က မြေပြိုအိမ်ပိမိရာက သေဆုံးသူ အမျိုးသားတစ်ဦး ရှိခဲ့ပါတယ်။

စိုးရိမ်ရေမှတ်‌မရောက်ခင်မှာပဲ ဉရုချောင်းတလျောက် မြို့နဲ့ရွာတွေ ရေနစ်မြှုပ်နေပြီး ဒုက္ခခါးစည်းခံနေကြရပါတယ်။

ယခုလက်ရှိအခြေအနေအရ လုံးခင်း စိုးရိမ်ရ၊ ဖားကန့်မြို့ရေနစ်၊ ဆယ်ဇင်းကျေးရွာ ရေနစ်နဲ့ စစ်ရေးနဲ့ရေဘေး ဒုက္ခနှစ်ခုကို တပြိုင်တည်း ရင်ဆိုင်နေကြရပါတယ်။

လက်ရှိအချိန်အထိ စကစနဲ့ KIO/KIA နယ်မြေအစိုးရနှစ်ခုလုံးက တာဝန်ခံမှုရှိစွာ ပြည်သူကို လစ်လျှူရှုထားကြပါတယ်။

Ko Tar

မိုးကောင်းမြို့ ချောင်းရေ စိုးရိမ်ရေမှတ်ကျော်လွန်ပြီး ရပ်ကွက်အတွင်း ရေဝင်ရောက်မှုကြောင့် နေအိမ်အချို့ ပြောင်းရွှေ့နေရUru...
19/06/2026

မိုးကောင်းမြို့ ချောင်းရေ စိုးရိမ်ရေမှတ်ကျော်လွန်ပြီး ရပ်ကွက်အတွင်း ရေဝင်ရောက်မှုကြောင့် နေအိမ်အချို့ ပြောင်းရွှေ့နေရ

Uru Daily News - ဥရုနေ့စဉ်သတင်း
ဇွန် (၁၉)၊ ၂၀၂၆။

ကချင်ပြည်နယ်၊ မိုးကောင်းမြို့၌ ချောင်းရေမြင့်တက်ပြီး နေအိမ်အချို့ မြို့ပေါ်စာသင်ကျောင်းများနှင့် ဘုန်းကြီးကျောင်းများထံ အရေးပေါ်ရွှေ့ပြောင်းနေရကြောင်း သိရသည်။

နန့်ရင်းချောင်းနှင့် နန့်ကောင်းချောင်းသည် (၆၀၀)စင်တီမီတာထိ ရေမြင့်တက်နေပြီး နန့်ရင်းချောင်းရေမြင့်တက်မှုကြောင့် အိုးတန်း၊ ရွာသစ်၊ မြို့ဦးနှင့် ကျွန်းတောရပ်ကွက်များ ရေဝင်နေပြီး၊ နန့်ကောင်းချောင်းရေမြင့်တက်မှုကြောင့် နန့်ရင်းရပ်ကွက်၊ အလယ်ရပ်အောက်ချိုင့်၊ အရှေ့ရပ်အောက်ချိုင့်၊ နတ်ကြီးကုန်း၊ နောင်ကိုင်တော်နှင့် ရှမ်းစုရပ်ကွက်များ ရေဝင်နေသည်။

နန့်ရင်းချောင်းနှင့် နန့်ကောင်းချောင်းသည် စိုးရိမ်ရေမှတ်ကျော်လွန်နေပြီး ချောင်းအနီးမှ အဆိုပါရပ်ကွက်များ ရေဝင်ရောက်နေသည့်အတွက် ရပ်ကွက်ပြည်သူများ စာသင်ကျောင်းနှင့်ဘုန်းကြီးကျောင်းများထံ အရေးပေါ် ရွှေ့ပြောင်းနေကြရသည်။

အရေးပေါ်ရွှေ့ပြောင်းကြရသည့် ပြည်သူများအတွက် စားနပ်ရိက္ခာနှင့် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်လျှက် ရှိနေကြောင်း သိရသည်။

Ko Tar

Address

Hpakan

Website

Alerts

Be the first to know and let us send you an email when Uru Daily News - ဥရုနေ့စဉ်သတင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category