Mahar Lawka Parla 6

Mahar Lawka Parla 6 ဓမ္မသည်သာ နိုင်ရမည်။

[Unicode]Kingdom of Heaven (2005) မြန်မာစာတန်းထိုး===============================ဒီတစ်ခါတော့ ပရိသတ်ကြီးအတွက် သမိုင်းကို ...
19/05/2019

[Unicode]Kingdom of Heaven (2005) မြန်မာစာတန်းထိုး
===============================

ဒီတစ်ခါတော့ ပရိသတ်ကြီးအတွက် သမိုင်းကို ကိုးကားရိုက်ကူးထားတဲ့ Action ဇာတ်ကားကြီးနဲ့ မိတ်ဆက်ပေးပါရစေ…

တော်တော်များများ Crusades (ခရူးဆိတ်စစ်ပွဲ)လို့ခေါ်တဲ့ ဘာသာရေးစစ်ပွဲကြီးအကြောင်း ကြားဖူးကြမှာပါ။

ဘယ်သူနဲ့ ဘယ်သူတွေရဲ့ စစ်ပွဲဆိုတာကိုလည်း သိပြီးသားဖြစ်မှာပါ။ အဲ့ဒီစစ်ပွဲဟာ တစ်ခုတည်းမကပါဘူး။

1096 ကနေ 1291 ထိ ကြာမြင့်ခဲ့ပြီး အဲ့ကြားထဲမှာ စစ်ပွဲပေါင်းများစွာ ဖြစ်ပွားခဲ့တာပါ။

သေဆုံးသူ အနည်းဆုံး 1 သန်း, အများဆုံး 3 သန်းလောက်ရှိမယ်လို့
ခန့်မှန်းကြပါတယ်။

ကဲ အခု ဇာတ်ကားအကြောင်းလေးပြောမယ်နော်…

ဒီဇာတ်ကားကတော့ 1184 ကာလလောက်က အကြောင်းပါ။

အဲ့အချိန်က Jerusalem(ဂျေရုဆလင်)ကို ခရစ်ယာန်တို့ စိုးမိုးနေချိန်ပါ။ [ဂျေရုဆလင်မြို့ဟာ ယေရှုခရစ်တော်မွေးဖွားရာ မြို့ဖြစ်ပါတယ်]

ပြင်သစ်ရဲ့ ရွာလေးတစ်ရွာက Balian (Orlando Bloom)ဆိုတဲ့ ပန်းပဲဆရာတစ်ယောက်ဟာ သူရဲ့ အပြစ်တွေကို ချေဖျက်ဖို့, ငြိမ်းချမ်းခြင်းရချင်လို့ ဂျေရုဆလင်မြို့ကို လာခဲ့ပါတယ်။

ဒါပေမယ့် အဲ့ဒီမှာ သူကြုံလာရတဲ့ အခြေအနေတွေအရ ပြည်သူတွေကို ကာကွယ်ဖို့ တာဝန်ကျဟာ သူ့အပေါ်ကျရောက်လို့ လာပါတယ်။ သူဘယ်လို ကာကွယ်ပေးသွားမှာလဲ…?

ဒီဇာတ်ကားကြီဟာ 3 နာရီကျော် ကြာမြင့်ပြီးတော့ သိပ်ကောင်းတဲ့ ရိုက်ချက်တွေနဲ့ ရိုက်ကူးထားတာပါ။

ဇာတ်ကားကြည့်ုပြီးသွားရင်လည်း အတွေးဂယက်တွေနဲ့ ကျန်ရစ်စေမယ့် ကားမျိုးပါ။

သံဝေဂရစရာတွေ, ဒွိဟဖြစ်စရာတွေ, တွေးခေါ်စရာတွေနဲ့ ပြည့်နှက်နေပြီး ကြည့်ရှုသူကို ဆွဲဆောင်သွားမယ့်ကားပါ။

ပြီးတော့ မင်းသားကြီး Orlando Bloom ပါဝင်သရုပ်ဆောင်းထားတာမို့ သူ့fanတွေ လက်မလွတ်သင့်တဲ့ဇာတ်ကားလေးနော်…

FOCUS MOVIE STORE 1️⃣
•••••••••••••••••••••••••••
🏘ပူးမားတိုက်အမှတ် C/2,C/9 လှိုင်မြစ်လမ်းမပေါ်၊ပေါက်တောရပ်ကွက်၊အင်းစိန်မြို့နယ်၊ရန်ကုန်၊အင်းစိန်ထောင်အနီး🏘

🏁မဟေသီ ပိုးထည်ဆိုင် ဘေး FOCUS 2 🏁
🏁မဟေသီ ပိုးထည်ဆိုင် အပေါ် FOCUS 1 🏁
🚏ထောင်ပူးဝမှတ်တိုင်ဆင်းပါ🚏

FOCUS MOVIE STORE 2️⃣
===================
🏘အမှတ်-၁၇၄၊မြို့ပတ်လမ်း၊ရွာမအနောက်ရပ်ကွက်၊အင်းစိန် တောသားကြီး ကုန်စုံဆိုင်🏘

FOCUS MOVIE STORE 3️⃣
===================
အမှတ်-681၊ဘုရင့်နောင်လမ်းလမ်းမကြီး၊ရွာမအနောက်ရပ်ကွက်၊အင်းစိန်၊ဆရာတော်ကြီးကျောင်း နှင့် ဆရာတော်ကြီး ကားမှတ်တိုင်အနီး တွင် ထပ်မံဖွင့်လှစ်ထားပါ ၍ မိမိနှင့် နီးစပ်ရာဆိုင်များတွင် အလွယ်တကူအလျင်အမြန် ကူးယူကြည့်ရှုနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်
➖➖➖➖➖➖➖➖➖➖➖➖➖➖➖

[Zawgyi]Kingdom of Heaven (2005) မြန်မာစာတန်းထိုး
===============================





ခန့်​မှန်းကြပါတယ်​။










FOCUS MOVIE STORE 1️⃣
•••••••••••••••••••••••••••


FOCUS MOVIE STORE 2️⃣
===================

FOCUS MOVIE STORE 3️⃣
===================
➖➖➖➖➖➖➖➖➖➖➖➖➖➖➖

KESARI (2019)အညွှန်း***********************IMDb Rating - 7.8/10မကြာသေးမီကမှ ရုံတင်သွားတဲ့ အရှေးကူးမားရဲ့သမိုင်းဖြစ်ရပ်မှန...
19/05/2019

KESARI (2019)အညွှန်း
***********************

IMDb Rating - 7.8/10

မကြာသေးမီကမှ ရုံတင်သွားတဲ့ အရှေးကူးမားရဲ့
သမိုင်းဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်ကားကို
မနေ့က အကြည်လေး တက်တက်ချင်း
မြန်မြန်ဆန်ဆန်လေး တင်ပေးလိုက်ပါတယ်။

ဒီဇာတ်လမ်းဟာ ၁၉ရာစုဝန်းကျင်မှာ
ဖြစ်ပွားခဲ့တဲ့ စစ်ပွဲကို အခြေပြုထားပါတယ်။

မင်းသားကြီး အရှေးကိုတော့ ဒီဇာတ်ကားထဲ
ဗြိတိသျှတပ်မတော်ရဲ့ တပ်ကြပ်ကြီး တစ်ယောက်အဖြစ် မြင်တွေ့ရမှာဖြစ်ပါတယ်။

ဗြိတိသျှ လက်အောက်မှာ သူ တာဝန်ထမ်းဆောင်နေမဲ့
ဇာတ်လမ်းရဲ့အစမှာတော့
သူကိုယ်သူ စစ်သားတစ်ယောက်အဖြစ်
ဂုဏ်ယူနေခဲ့ပါတယ်။

ဒီလိုနဲ့ ပတ္တရောင်လှည့်နေစဉ်အတွင်း
မွတ်စလင်တွေလူမျိုးတွေဟာ သူတို့ ဘာသာဝင်
မိန်းကလေးတစ်ယောက်ကို သတ်မလို့ လုပ်နေတုန်း
အရှေးဟာ အထက်အရာရှိရဲ့ အမိန့်ကို ဆန့်ကျင်ပြီး
သွားကယ်ခဲ့ပါတယ်။

ဒီအမိန့်မနာခံမှုကြောင့် အရှေးဟာ ပြောင်းရွှေ့ခံခဲ့ရပါတယ်။
အင်္ဂလိပ်တွေရဲ့ အိန္ဒယလူမျိုးအပေါ် ဆက်ဆံပုံကို
အမှန်အတိုင်းမြင်ခဲ့ရပြီး ကျွန်ဘဝကို နားလည်လာရာမှာတော့....၊

ဆစ်ခ်ဘာသာဝင် အရှေးတို့ကို
မွတ်စလင်တွေဟာ ပြန်တိုက်ဖို့ ကြိုးပမ်းလာခဲ့ရာမှာတော့.....
********

FOCUS MOVIE STORE 1️⃣
•••••••••••••••••••••••••••

FOCUS MOVIE STORE 2️⃣
===================

FOCUS MOVIE STORE 3️⃣
===================

➖➖➖➖➖➖➖➖➖➖➖➖➖➖➖

The Convent (2019)===========Horror fan တွေအတွက် ညအိပ်ခါနီး Horror ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဒီတစ်ခါ Horror ကားလေး...
18/05/2019

The Convent (2019)
===========
Horror fan တွေအတွက် ညအိပ်ခါနီး Horror ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်

ဒီတစ်ခါ Horror ကားလေးမှာတော့ ကောာင်မလေးတစ်ယောက်က

စုန်းမဆိုပြီးစွပ်စွဲခံရပြီးတော့ အရှင်လတ်လတ်မီးရှို့သတ်ခံရခါနီးမှာ

ခရစ်ယာန်သီလရှင်မာသာတစ်ယောက်က သူ့ကိုလာကယ်သွားခဲ့ပြီး

သူ့ကျောင်းကိုခေါ်သွားခဲ့တယ် အဲ့ကျောင်းမှာ

သူ့လိုပဲ တခြားကောင်မလေးတွေအများကြီးကိုလဲ ကယ်ထားသေးတယ်

မာသာကြီးကတော့ စည်းကမ်းတင်းကျပ်တယ် သီလရှင်ကျောင်းဝင်းအပြင်က

ဘာနဲ့မှသူတို့မပတ်သက်ရဘူး

ဒါပေမဲ့ အဲ့ကျောင်းမှာ ကူးစက်ရောဂါလိုမျိုးတစ်ခုဖြစ်ပြီးတော့

လူတွေတစ်ယောက်ပြီးတစ်ယောက်သေလာကြတဲ့အခါ

ဒါတွေရဲ့နောက်ကွယ်မှာ ဘာရှိနေမလဲ၊

ကျောင်းကြီးမှာရော ဘယ်လိုအတိတ်ဖြစ်ရပ်တွေရှိခဲ့လဲ၊

မာသာကြီးရဲ့ တကယ်ရည်ရွယ်ချက်ကရော ဘာလဲဆိုတာကတော့

ဇာတ်လမ်းလေးထဲမှာ ဆက်ရှုစားကြည့်ကြပါ.....

ဝယ်ယူရရှိနိုင်သောနေရာများကတော့
=======================

FOCUS MOVIE STORE 1️⃣
•••••••••••••••••••••••••••

FOCUS MOVIE STORE 2️⃣
===================

FOCUS MOVIE STORE 3️⃣
===================
➖➖➖➖➖➖➖➖➖➖➖➖➖➖

ဒီတပတ်ထွက် update ပါ•••••••••••••••••••••••🙏မင်္ဂလာပါ🙏🎯အင်းစိန်ဆုံမှတ်🎯🎯FOCUS🎯💇‍♂️ Beauty House 💇 & 🎬 Movie Store 🎬✍️မြန်မ...
18/05/2019

ဒီတပတ်ထွက် update ပါ
•••••••••••••••••••••••
🙏မင်္ဂလာပါ🙏
🎯အင်းစိန်ဆုံမှတ်🎯
🎯FOCUS🎯
💇‍♂️ Beauty House 💇 & 🎬 Movie Store 🎬

✍️မြန်မာစာတန်းထိုး နိုင်ငံခြားဇာတ်လမ်းအကြည်✍️

🎞Full HD Movies များအား 🎞

💵(၁ကား-၂၀၀)💵ကျပ်ဖြင့်

💾မိမိတို့၏ Phone,Tablet,Memory Stick,OTG,External HDD,Laptop တို့ဖြင့် ထည့်သွင်းကူးယူနိုင်ပါသည်💾

👨‍💻ရရှိနိုင်သောကားများအား iPad,Tablet,Photo Album များ ဖြင့်စိတ်ကြိုက်ရွေးချယ်ကြည့်ရှုနိုင်ပါသည်👨‍💻

📨၎င်းပို့စ်အားလိုအပ်သောအချိန်တွင်ပြန်လည်အသုံးပြုနိုင်ရန်ရည်ရွယ်၍ Share လုပ်ခြင်းဖြင့်ကူညီပါ📨

👍ဆိုင်တွင် ရရှိနိုင်သောရုပ်ရှင်ကားများအား သိရှိနိုင်ရန် focusisn အားရိုက်ရှာ၍ FOCUS page အား Like လုပ်ခြင်းဖြင့်ကူညီပါ👍


📱09444931331📱

‼️ပထမ ထပ်ကို တက်ခဲ့ရမှာပါ‼️

👣ကျွန်တော်တို့ ဆိုင်လေးကို ရောက်ဖို့ အတွက် ဆိုင်ရဲ့ အောက် မြေညီထပ်ကနေ လှေခါးထစ်ပေါင်း ၂၀ ထစ် ၊ ခြေလှမ်းပေါင်း ၃၃ လှမ်း တိတိ ... ထပ်မံလျှောက်လှမ်းခဲ့ဖို့ လိုပါသေးတယ်👣

👨‍💻၀င်သွားပြီးရင်လည်း FOCUS 1 လားလို့ မေးပါ ။ ပြီးမှ ထည့်ပါ👨‍💻

🕗8:00 AM to 8:00 PM🕗
🚫ပိတ်ရက်မရှိပါ🚫

❌မှတ်ချက်‼️ ‼️ မြန်မာကား လုံး⭕️ လုံး⭕️ မရပါ❌

FOCUS MOVIE STORE 1
•••••••••••••••••••••••••

FOCUS MOVIE STORE 2
==================

FOCUS MOVIE STORE 3️⃣
+++++++++++++++++++
➖➖➖➖➖➖➖➖➖➖➖➖➖➖➖

ကဆုန်လပြည့်နေ့ အကြောင်း သိကောင်းစရာများ════════.═══════════❖ ဗုဒ္ဓဘာသာဝင်တိုင်း ကဆုန်လပြည့် ဗုဒ္ဓနေ့ အကြောင်းကို သိစေရန်အတ...
18/05/2019

ကဆုန်လပြည့်နေ့ အကြောင်း သိကောင်းစရာများ
════════.═══════════

❖ ဗုဒ္ဓဘာသာဝင်တိုင်း ကဆုန်လပြည့် ဗုဒ္ဓနေ့ အကြောင်းကို သိစေရန်အတွက် ဒီဆောင်းပါးကို ရေးပြီး ဘုရားရှင်ကို ပူဇော်သက္ကာရ ပြုလိုက်ရပါတယ်။
ကဆန်ုလပြည့်နေ့ဟာ ဗုဒ္ဓဘာသာတို့ရဲ့ နေ့ထူးနေ့မြတ်ကြီးတစ်နေ့ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့---

━ (၁) ဘုရားအလောင်းတော် ရသေ့သုမေဓာဟာ ဒီဘဒ္ဒကမ္ဘာမှ လေးဆူမြောက် ဂေါတမဘုရားစင်စစ် ဖြစ်လိမ့်မယ်လို့ ဒီပင်္ကရာမြတ်စွာဘုရားထံ နိယတဗျာဒိတ်ခံယူတဲ့နေ့ဟာ ကဆုန်လပြည့်နေ့ဖြစ်တယ်။

━ (၂) ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားလေး မွေးဖွားလာခဲ့တဲ့နေ့လဲ မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့်နေ့ဖြစ်တယ်။

━ (၃) ဂေါတမဘုရားအလောင်း ဗောဓိပင်အောက်မှာ ဘုရားဖြစ်တဲ့နေ့လဲ မဟာသက္ကရာဇ် (၁၀၃) ခု ကဆုန်လပြည့်နေ့ဖြစ်တယ်။

━ (၄) ဂေါတမဘုရား ပရိနှိဗ္ဗာန်စံတဲ့ နေ့ဟာလဲ မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့်နေ့ဖြစ်ပြန်တယ်။

❖ ဒါကြောင့် ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် အင်မတန် ထူးမြတ်တဲ့နေ့တစ်နေ့ပါ။

❖ ကဆုန်လဟာ မြန်မာလ ၁၂ ရာသီမှာ ဒုတိယလဖြစ်ပြီး ဗြိဿရာသီနှင့်တူသည်။ ပုဂံခေတ်ကျောက်စာမှာ ကဆုန်လကို “ကုဆုန်” လို့အရေးများတယ်။ နောက်ပိုင်းမှာ “ကု” မှ “က” သို့ ပြောင်းလဲလာတယ်လို့ ဆိုတယ်။ (ကုက)ရဲ့ အဓိပ္ပါယ်ကတော့ “ရေ” ဖြစ်ကာ “ဆုန်” တော့ သွန်းလောင်းတယ်လို့ အဓိပ္ပါယ်ရှိလို့ ကဆုန်လကို “ရေသွန်းလ” (သို့မဟုတ်) “ရေလောင်းလ” လို့ ဆိုနိုင်ပါတယ်။

❖ ပါဠိစာပေမှာ ကဆုန်လကို “ဝေသာခ” Vesaka လို့ခေါ်ပြီး အဲဒီ ဝေသာခ ကနေ ပါဌ်ပျက်ကာ “ဝေသခ်” Vesak ဖြစ်လာတယ်။ သီဟိုအသံထွက်ကတော့ ဝေဆတ်ခ် လို့ ထွက်ပြီး အနောက်နိုင်ငံသားများကလည်း သီဟိုသံကို အမှီပြုကာ ကဆုန်လပြည့်နေ့ကို ဝေဆတ်ခ်ဒေး Vesak Day လို့ ခေါ်ကြတယ်။ ထိုင်းဗုဒ္ဓဘာသာတွေကတော့ ကဆုန်လပြည့်နေ့ကို “ဝိဆာခပူချား” (ဝိသာခပူဇာ) လို့ခေါ်သတဲ့။

❖ မြန်မာပြည်မှ ကဆုန်လပြည့် ဗုဒ္ဓနေ့ ညောင်ရေသွန်းပွဲတော်
ပြည်ထောင်စု မြန်မာနိုင်ငံတော်နဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့
ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်နေ့ဖြစ်လို့ ပြည်ထောင်စု မြန်မာနိုင်ငံမှာ အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားပါတယ်။ ကဆုန်ညောင်ရေသွန်းပွဲတော်အဖြစ် ထင်ရှားတဲ့ ဘာသာရေးပွဲကို ဆင်နွှဲတယ်။ ကဆုန်လရာသီဟာ နေအရှိန် အပြင်းအထန်ဆုံးဖြစ်လို့ ရေတွေ ခန်းချောက်လေ့ရှိတယ်။ ဘုရားပွင့်တော်မူတဲ့ ဗောဓိပင်ကို ရည်မှတ်ကာ ဗောဓိပင်အပွားတော်များကို တပျော်တပါး ရေစင်သွန်းလောင်းကြလို့ “ကဆုန်လ ညောင်ရေသွန်းပွဲ” လို့ ခေါ်လာကြတယ်။

❖ ဗုဒ္ဓဘာသာဝင်များအတွက် ဗောဓိပင်ဟာ ဘုရားရှင်အား
ပရိဘောဂစေတီတော်ဖြစ်လို့ ဗောဓိပင်ကို ရေလောင်းပေးခြင်းဟာ ဗောဓိပင် ပိုမိုရှင်သန်စေဖို့ ဘုရားသာသနာတော် ဆက်လက် အဓွန့်ရှည်စေဖို့ ဖေါ်ညွှန်းပါတယ်။

❖ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ဟာ ကဆုန်လပြည့်နေ့မှာ သံဃာတော်များအား အရုဏ်ဆွမ်း၊ နေ့ဆွမ်းလောင်းလှူခြင်း၊ သီလခံယူခြင်း၊ ပရိတ်တရားတော် တရားတော်များ နာကြားခြင်း၊ ဘာဝနာတရား ပွားများခြင်း စတာတွေ ပြုလုပ်ကြပါတယ်။ ဇိဝိတဒါန ငါးလွှတ်ပွဲ၊ ငှက်လွှတ်ပွဲ၊ တိရစ္ဆာန်ဘေးမဲ့လွှတ်ပွဲ တွေကိုလည်း တပျော်တပါး ကျင်းပကြတယ်။………။


ထိုင်းနိုင်ငံ ကဆုန်လပြည့် ဗုဒ္ဓနေ့ ကျင်းပပုံ။ ᠌᠌᠌
❖ ထိုင်းနိုင်ငံ ဇင်းမယ်မှာ ကျင်းပတဲ့ ကဆုန်လပြည့်ဗုဒ္ဓနေ့ (၀ိဆာခပူးချား)
ထိုင်းနိုင်ငံ ကဆုန်လပြည့် ဗုဒ္ဓနေ့။
ထိုင်းနိုင်ငံဟာ ဗုဒ္ဓဘာသာနိုင်ငံတော်ဖြစ်လို့ ကဆုန်လပြည့်နေ့ကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားတယ်။ ဘုရင်အုပ်ချုပ်တဲ့ နိုင်ငံဖြစ်လို့ ဘုရင်နဲ့တကွ ဘုရင့်ဆွေတော်မျိုးတော် အပါအဝင် အရာရှိအရာခံများအားလုံး ကဆုန်လပြည့်နေ့ အခမ်းအနားဖြစ်တဲ့ “ဝိဆာခပူးချား” ကို တပြည်လုံး ပါဝင်ဆင်နွှဲကြတယ်။

❖ ကဆုန်လပြည့်နေ့မှာ သာသနာ့အလံတော်များသည် ထိုင်းနိုင်ငံ တစ်ဝှမ်းလုံးမှာ တလူလူလွှင့်ထူကြတယ်။ (ထိုင်းနိုင်ငံသာသနာ့အလံဟာ မြန်မာနဲ့ သီရိလင်္ကာနိုင်ငံလို ရောင်ခြည်တော် ခြောက်သွယ် မဟုတ်ဘဲ အရဟတ္တဓဇ သင်္ကန်းရောင်ပေါ် တွင် ဓမ္မစကြာ စက်ဝိုင်းပုံ တပ်ထားခြင်းဖြစ်တယ်။)။

❖ ကဆုန်လပြည့်နေ့မှာ ထိုင်းဗုဒ္ဓဘာသာဝင်းများဟာ နံနက်ပိုင်းမှာ သံဃာတော်များအား ဆွမ်းလောင်းလှူကြတယ်။ ဘုရားကျောင်းကန်များကို သန့်ရှင်းရေးများ ပြုလုပ်ကာ ကုသိုလ်ယူကြပြီး နေ့လည်ပိုင်းအချိန် ဘုန်းကြီးကျောင်း ဓမ္မသာလာဇရပ်မှာ တရားနာယူကြတယ်။ တစ်ချို့ကတော့ ဘာဝနာတရားများ ပွားများအားထုတ်ကြတယ်။

❖ ညဦးပိုင်းမှာ စုပေါင်းပြီး လူတစ်ဦးလျင် ဖယောင်းတိုင် တစ်တိုင်၊ အမွှေးတိုင်သုံးတိုင် ထွန်းညှိကာ ပန်းတစ်ပွင့်နဲ့အတူ စေတီတော်အား လကျာ်ရစ် သုံးပတ်ပတ်ကာ ပူဇော်ကြတယ်။ စေတီတော်ကို လှည့်ပတ်စဉ် ဘုရားဂုဏ်တော် တရားဂုဏ်တော်နဲ့ သံဃာ့ဂုဏ်တော်များကို ရွတ်ဖတ်သရဇ္ဈာယ်ကြတယ်။ သံဃာတော်များထံ တရားနာယူကြတယ်။

❖ ထိုင်းနိုင်ငံရဲ့ ထင်ရှားတဲ့ ကဆုန်လပြည့်ဗုဒ္ဓနေ့ ကျင်းပတဲ့ နေရာကတော့ နခွန်ပထုမ်ရှိ ဗုဒ္ဓမွန်းထွန်ဘုရားပဲ ဖြစ်တယ်။ အဲဒီနေရာမှာ ထိုင်းဘုရင်မင်းမြတ် (သို့မဟုတ်) ဆွေတော်မျိုးတော်များက ဗုဒ္ဓဘာသာဝင် လူထုကို ဦးဆောင်ပြီး “ဝိဆာခပူးချား” (ဝိသာခပူဇာ) ပွဲကို နှစ်စဉ်ကျင်းပတယ်။ ထင်ရှားတဲ့ ထိုင်းနိုင်ငံတက္ကသိုလ်တွေမှာလဲ ဝိဆာသပူချား အခမ်းအနားများ ကျင်းပကြတယ်။ အပြည်ပြည် ဆိုင်ရာ ဗုဒ္ဓဘာသာ အစည်းအဝေးများကိုလည်း ကျင်းပခဲ့ကြတယ်။………။


သီရိလင်္ကာနိုင်ငံ ဝေဆတ်ဒေး ကျင်းပပုံ
သီရိလင်္ကာနိုင်ငံ နှင့် ကဆုန်လပြည့် ဗုဒ္ဓနေ့။ ᠌᠌᠌
❖ သီရိလင်္ကာနိုင်ငံသားများကတော့ ကဆုန်လပြည့် ဗုဒ္ဓနေ့ကို “ဝေဆတ် = Vesak” လို့ခေါ်ကာ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားတယ်။ ကဆုန်လပြည့်နေ့ဟာ အထူးခြားဆုံး နေ့အဖြစ် သတ်မှတ်ကာ ပွဲတော်ကို (၇) ရက်ခန့် ကျင်းပတယ်။ အစည်ကားဆုံးနေ့ကတော့ ကဆုန်လဆန်း (၁၄) ရက်၊ လပြည့်နေ့နဲ့ လပြည့်ကျော် တစ်ရက်နေ့ပါ။

❖ ဗုဒ္ဓဘာသာဝင်အိမ်တိုင်း သာသနာ့ အလံတော်ကို လွှင့်ထူထားကြတယ်။ ထင်ရှားတဲ့ စေတီတော်၊ ကျောင်းတော်နဲ့ လမ်းဆုံ လမ်းခွတွေမှာ မီးစင်မြင့်ကြီး ဆောက်လုပ်ကာ ဘုရားရှင်ရဲ့ ဆေးရေး ပန်းချီပုံတော် ပတ်ပတ်လည်နဲ့ ဇာတကဆေးပန်ချီပုံတော်တွေကို လျှပ်စစ်မီးများ အလှဆင်ကာ မိုးလင်းပေါက် ထွန်းညှိပူဇော်ကြတယ်။

❖ အဆိုအကပွဲများ မရှိပေမယ့် အလွန်စည်ကားတယ်။ ရောင်စုံမီးပုံး အလှပြိုင်ပွဲများ ကျင်းပတဲ့ နေရာမှာဆိုရင် ပွဲလာပရိသတ်များ ကြိတ်ကြိတ်တိုး စည်ကားလှတယ်။
သီရိလင်္ကာနိုင်ငံ ကဆုန်လပြည့်နေ့ လမ်းဆုံလမ်းခွမှ ဗုဒ္ဓဝင်ပန်းချီကား
အနယ်နယ်အရပ်ရပ်မှ ဗုဒ္ဓဘာသာဝင်များ (အထူးသဖြင့် ရွာသူရွာသားများ)ဟာ ကိုလံဘိုမြို့ (သို့မဟုတ်) မြို့ကြီးများမှ မိးထွန်းပွဲကို လာရောက်ကြည့်ရှုကြတယ်။ မော်တော်ကား၊ ဆိုင်ကယ်၊ စက်ဘီးစီးပြီး လည်ပတ် ကြတဲ့သူတွေ၊ လမ်းလျှောက်လည်ပတ်ကြတဲ့ သူတွေ တစ်ညလုံး စည်ကားတာ တွေ့ရတယ်။ ရွာကနေ လာကြတဲ့ လမ်းလျှောက်တဲ့သူတွေဟာ များသောအားဖြင့် ဖိနပ်မစီးကြပေ။

❖ အချို့သော စေတနာရှင်များက မိမိအိမ်ရှေ့မှာ ရေအေး၊ အချိုရေများနဲ့လည်းကောင်း၊ အချို့ကတော့ မဏ္ဍာပ်ဆောက်ပြိး ထမင်း၊ ဟင်းများ စတုဒိသာအလှူများ ပြုလုပ်ပြီး ကုသိုလ်ယူကြတယ်။ အချို့အိမ်မှာ စပီကာ အကြီးကြီးနဲ့ ဗုဒ္ဓဝင်သီချင်းတွေ ဖွင့်၊ တစ်ချို့ကတော့ သီဟိုရိုးရာဗုံတီးကာ ကခုန် ပျော်မြူးနေကြတာကိုတွေ့ရတယ်။ ပွဲတော်ကာလအတွင်း ယာဉ်ကြောပိတ်ဆို့မှုတွေ များစွာ ဖြစ်ပေါ်တယ်။ ထင်ရှားတဲ့ လမ်းဆုံ လမ်းခွနဲ့ သမိုင်းဝင် ကလျာဏီယ ကျောင်းတော်ကြီး၊ ကာရုတ္တရစေတီတော်ကြီး၊ ကန္တီမြို့ စွယ်တော်ကျောင်းတို့ကတော့ အလွန် စည်ကားတာ တွေ့ရတယ်။

❖ သီရိလင်္ကာဗုဒ္ဓဘာသာဝင်များဟာ ဗောဓိညောင်ပင်ကို ပရိဘောဂစေတီအဖြစ် လွန်စွာ ကြည်ညိုကြတယ်။ နေ့စဉ် နေ့တိုင်း ဗောဓိပင်ကို ရေလောင်းပူဇော်ကြတယ်။ ဘုန်းကြီးကျောင်းတိုင်းမှာ ဗောဓိပင်ရှိရတယ်။ ကဆုန်လပြည့် ဗုဒ္ဓနေ့ မနက်ပိုင်းမှာ သီရိလင်္ကာ ဗုဒ္ဓဘာသာဝင် ကလေးလူကြီးများဟာ ဝတ်စင်ဖြူဝတ်ပြီး ဘုန်းကြီးကျောင်းကို သွားကြတယ်။ တံမြက်စည်းလှည်းခြင်း၊ ဗောဓိပင်အား ပူဇော်ခြင်း၊ သီလခံယူခြင်း၊ ပရိတ်ရွတ်ခြင်း၊ ဘာဝနာပွားခြင်းများ ပြုလုပ်ကြတယ်။
(သီရိလင်္ကာဗုဒ္ဓဘာသာဝင် ကလေးလူငယ်တွေ ပရိတ်ကြီး ၁၁ သုတ်ကို ရကြတယ်။)

★ ကဆုန်လပြည့် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ကွန်ဖရင့် ထိုင်းနိုင်ငံ
ကဆုန်လပြည့်နေ့ကို အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက် အဖြစ် သတ်မှတ်ခြင်း
ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်နေ့ဖြစ်တယ်။ ဒါကြောင့် ၁၉၉၈ ခု၊ နိုဝင်ဘာလ ၅ ရက်မှ ၁၄ ရက်အထိ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့တော်မှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ကွန်ဖရင့်မှာ ကဆုန်လပြည့်နေ့ကို ကမ္ဘာ့ရုံးပိတ်ရက် အဖြစ် သတ်မှတ်နိုင်ရန်အတွက် ညှိနှိုင်းဆွေးနွေး ခဲ့ကြတယ်။ အဲဒီအစည်းအဝေးကနေ ၁၉၉၉ ခု စက်တင်ဘာလမှ သီရိလင်္ကာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး လက်ရှမန်းကတိဂမ် ဟာ အဲဒီအဆိုကို ကုလသမဂ္ဂသို့ တင်သွင်းခဲ့တယ်။

★ ၅၄ ကြိမ်မြှောက် ကုသလသမဂ္ဂ အထွေထွေညီလာခံမှာ အဲဒီအဆိုကို မြန်မာနိုင်ငံ အပါအဝင် အာရှတိုက်ရှိ ဗုဒ္ဓဘာသာနိုင်ငံများ တောင်အာရှအဖွဲ့ဝင်နိုင်ငံများ၊ ရုရှားနိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနဲ့ အခြားနိုင်ငံများ စုစုပေါင်း ၃၄ နိုင်ငံက ထောက်ခံကြတယ်။ ဒါကြောင့် ၁၉၉၉ ဒီဇင်ဘာ ၁၃ ရက် အစည်းအဝေးဆုံးဖြတ်ချက် အမှတ် ၁၇၄ နဲ့ ကမ္ဘာ့ကုလသမဂ္ဂမှ “ကဆုန်လပြည့် ဗုဒ္ဓနေ့” ကို အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက် Vesak Universal Holiday အဖြစ် သတ်မှတ်ပေးခဲ့တယ်။

★ ကမ္ဘာ့ကုလသမဂ္ဂဆုံးဖြတ်ချက်ကတော့
“ဂေါတမဗုဒ္ဓဘုရားရှင်ရဲ့ သာသနာတော်သည် ကမ္ဘာပေါ်မှာ သက်တမ်းရှည်ကြာတဲ့ ဘာသာတစ်ခုဖြစ်တဲ့ အပြင် ဘုရားရှင်ရဲ့ အဆုံးအမတော်ဟာ နှစ်ပေါင်း ၂၅၀၀ ကျော်ကာလတိုင်အောင် လူသားတို့အပေါ် ကာယသုခ၊ စိတ္တသုခနဲ့ ငြိမ်းချမ်းရေးကို ဆောင်ရွက်ပေးခဲ့ပြီး နောင်အနာဂတ်မှာလည်း ကမ္ဘာ့လူသားတို့အပေါ် ကောင်းကျိုးများ ဆက်လက် သက်ရောက်နေမည်ဖြစ်ကြောင်း၊

★ သို့ဖြစ်၍ ကုသလမဂ္ဂဗဟိုဌာနချုပ်နဲ့ ကမ္ဘာပေါ်ရှိ ကုလသမဂ္ဂဌာနအသီးသီးတို့မှ ကဆုန်လပြည့် ဗုဒ္ဓနေ့ (ဝေဆတ်ဒေး)ကို အပြည်ပြည်ဆိုင်ရာ ရုံ့းပိတ်ရက်အဖြစ် သတ်မှတ်ရမည်။ ဤဆုံးဖြတ်ချက်အရ ဝေဆတ်ဒေး ကျင်းပရာတွင် ကုလသမဂ္ဂရံပုံငွေကို သုံးစွဲခွင့်မရှိ။ နှစ်စဉ်နှစ်တိုင်း ကဆုန်လပြည့်နေ့သည် မည်သည့်လ (အင်္ဂလိပ်လ)တွင် ကျရောက်မည်ကို ကုလသမဂ္ဂ ဌာနချုပ်နှင့် အခြားသော ကုလသမဂ္ဂဌာနတို့က တိုင်ပင်ညှိနှိုင်းကာ ဆုံးဖြတ်သွားရမည်” လို့ ဆုံးဖြတ်ခဲ့ပါတယ်။

★ ထူးခြားလှတဲ့ ဗုဒ္ဓဘာသာဝင်တို့ရဲ့ ကဆုန်လပြည့်နေ့ကို ကမ္ဘာ့ကုလသမဂ္ဂက အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးခဲ့လေပြီ။

★ ကဆုန်လပြည့်နေ့ဟာ ဘုရားရှင် အဆူဆူ ပွင့်တော်မူတဲ့နေ့လည်းဖြစ်တယ်။ လောကမှာ ဘုရားရှင် ပွင့်ထွန်းပေါ်ပေါက်လာခြင်းဟာ လောက ကောင်းကျိုးအတွက်ပဲဖြစ်တယ်။ ဘုရားရှင်ရဲ့အဆုံးအမတော်ဟာ လောကသားတိုင်းအတွက် ဖြစ်တယ်။
လောကသားတို့ဟာ ဘုရားရှင်ရဲ့ အဆုံးအမအတိုင်း လိုက်နာ ကျင့်သုံးပါက ကာယသုခ စိတ္တသုခနဲ့ ပြည့်စုံကြပြီး ငြိမ်းချမ်းရေးအစစ် ဖြစ်တဲ့ သန္တိသုခ နိဗ္ဗာန်ကို မလွှဲဧကန် ရောက်ရပေမည်။
ဘုရားရှင် အဆုံးအမဖြစ်တဲ့
“မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ စိတ်ကိုဖြူအောင်ထား”
“ဗုဒ္ဓတိုင်းသာ၊ မိန့်ခဲ့တာ၊ သုံးဖြာဤစကား” အတိုင်း လိုက်နာကျင့်သုံးနိုင်ကြပြီး ငြိမ်းချမ်းရေး အစစ်ဖြစ်တဲ့ သန္တိသုခကို ရရှိနိုင်ကြပါစေ .... … …။

__________________________________________________

မဟာပုရိသဝိတက်
(ဗုဒ္ဓ နေ့ အတွက့်ရေးတဲ့စာ) ᠌᠌᠌
═══════════════════════════════
❖ ကဆုန်လပြည့်နေ့ ( ၅ )နေ့ရှိပါတယ် ၊

☞ ၁ ။ ။ ဗျာဒိတ်ယူသည့်နေ့
လေးအသင်္ချေ နဲ့ ကမ္ဘ္ဘာတစ်သိန်းအစ ကဆုန်လပြည့်နေ့ ။

☞ ၂ ။ ။ ဘုရားရှင်မွေးဖွားသည့်နေ့
မဟာသက္ကရာဇ် ၆၈. ကဆုန်လပြည့်နေ့ ။

☞ ၃ ။ ။ ဘုရားအဖြစ်ကိုရသည့်နေ့
မဟာသက္ကရာဇ် ၁၀၃. ကဆုန်လပြည့်နေ့ ။

☞ ၄။ ။ ဗုဒ္ဓဝင်အကျဉ်း ဟောသည့်နေ့
မဟာသက္ကရာဇ် ၁၀၄. ကဆုန်လပြည့်နေ့ ။

☞ ၅ ။ ။ ပရိနိဗ္ဗာန် စံသည့်နေ့ ။
မဟာသက္ကရာဇ် ၁၄၈. ကဆုန်လပြည့်နေ့ ။

☞ ၆ ။ ။ ဗုဒ္ဓနေ့ ( ဆဋ္ဌ သံဃာယနာတင် နေ့ )
တစ်နေ့ထပ်တိုးတော့ ဗုဒ္ဓ နေ့ ကဆုန်လပြည့်ဟာ
၆. နေ့ဖြစ်ရောပေါ့ဗျာ....

❖ ဘုရားရှင်ကိုယ်တော်မြတ်ကြီး
ဘာကြောင့်များ ဗုဒ္ဓ ဆိုတဲ့ဂုဏ်နဲ့လောကမှာ
ဘုရားရယ်လို့ဖြစ်လာအောင်
ဘယ်လိုအတွေးအကြံနဲ့ ပါရမီဖြည့်ခဲ့တာလည်းဆိုတာ
သိကြဖို့လိုတာပါဘဲ။

❖ ဘုရားဆိုတာကိုတော့(ဗုဒ္ဓ ဝါဒအရ)
သတ္တလောက ( လူ ၊ နတ် ၊ ဗြဟ္မာ ၊ သတ္တဝါ ၃၁ဘုံ)
မှာအမြင့်ဆုံးသော၊အမြတ်ဆုံးသောသူကိုဘုရားဟု
ခေါ်ကြောင်း အဘိဓာန်နိသျသစ်တွင် ဘုရားကိုမြတ်
သောသူအဖြစ် ဝရပုဒ်မှ ဗရ ၊ ဗရး ၊ ဗရား ၊ ဘုရား ဟု
အဆင့်ဆင့်ပြောင်းလဲခေါ်ကြောင်း
သစ္စာ လေးပါးကိုသိသော ဥာဏ်ပညာကြီး ပုဂ္ဂိုလ်ထူး
ပုဂ္ဂိုလ်မြတ်အဖြစ် ပုညဝန္နပုဒ်မှ ပုညား၊ဘုရား ဟု
အဆင့်ဆင့်ပြောင်းလဲခေါ်ဝေါ်လာသော ဝေါဟာရဖြစ်
ကြောင်း အဘယရာမ ဆရာတော် အရှင်အဂ္ဂဓမ္မာ
ဘိဝံသ. ကပြဆိုပါတယ်

❖ ဘုရားအလောင်းတော်ကြီးရဲ့ စိတ်အကြံ အတွေးနဲ့
ပါရမီဖြည့်လာတဲ့ အချက်ကို
မဟာပုရိသ ဝိတက်ဆိုပြီးမဟာဝါပါဠိတော်မှာ ၈ မျိုး
ဖွင့်ပြီးပြပါတယ် ......

၁ ။ ။ ဒေန္တာ ဒေမယ်ံ ။
ငါကိုယ်တိုင်လည်းယဉ်ကျေးအောင့်ကျင့်သုံးမယ်
တစ်ပါးသောသူကိုလည်းငါကဲ့သို့ယဉ်ကျေးစေရ
မယ်၊ယဉ်ကျေးအောင်လည်းညွှန်ပြတော်မူမယ်။

၂ ။ ။ သန္တော သမေယျံ ။
ငါကိုယ်တိုင်လည်းငြိမ်သက်အောင်ကျင့်သုံးမယ်
တစ်ပါးသောသူတို့ကိုလည်းငါကဲ့သို့ငြိမ်သက်
အောင်ကျင့်သုံးနည်းညွှန်ပြတော်မူမယ်။

၃ ။ ။ ဗုဒ္ဓေါ ဗောဓေယျံ ။
ငါကိုယ်တိုင်လည်း ဘယ်တရားဟာအမှန်ဆုံး
သောလွတ်မြောက်ရာဖြစ်သလဲဆိုတာကိုတွေ့
အောင်ရှာဖွေကျင့်သုံးမယ်၊တစ်ပါးသူတို့ကိုလဲ
ငါရရှိတဲ့အမှန်လွတ်မြောက်ရေးတရားကိုကျင့်
နိုင်ဖို့ညွှန်ပြတော်မူမယ်။

၎ ။ ။ မုတ္တော မောဓေယျံ ။
ငါကိုယ်တိုင်လဲ ဒီသံသရာ ဝဋ်ဆင်းရဲဆိုတဲ့
ဇာတိ ၊ ဇရာ ၊ မရဏ. တို့ချယ်လှယ်နေသောဒီ
ဒုက္ခ မှလွတ်အောင်ကျ င့်မယ် ၊တစ်ပါးသူတို့ကို
လည်း ဒီသံသရာဝဲသြဂမှလွတ်စေရမယ် ။

၅ ။ ။ နိဗ္ဗူ တော နိဗ္ဗာ ပေယျံ ။
ငါကိုယ်တိုင်လည်းသေခြင်းမှကင်းလွတ်တဲ့စင်
ကြယ်သောတရားဖြင့်အဆုံးပန်းတိုင် နိဗ္ဗာန်ပြု
နိုင်အောင်ကျ င့်သုံးမယ် ၊တစ်ပါးသူတို့ကိုလည်း
ငါကဲ့သို့စင်ကြယ်သောတရားဖြင့် နိဗ္ဗာန်ပြုနိုင်ရေး
ညွှန်ပြမယ် ။

၆ ။ ။ တိဏ္ဏော တရေယျံ ။
ငါကိုယ်တိုင် ဒီသံသရာဝဋ်ဆင်းရဲအပေါင်း၏နယ်
မှကူးထွက်လွတ်မြောက်အောင်ကျ င့်မယ်၊
တစ်ပါးသူတို့ကိုလည်းဒီသံသရာနယ်မှကူးထွက်
လွတ်မြောက်အောင်ဟောဖော်ညွှန်ပြမယ်။

၇ ။ ။ အသ၁ာ သတ္တော သ၁ာသေယျံ ။
ငါကိုယ်တိုင်လည်း နိဗ္ဗာန်ချမ်းသာသက်သက်
အေးငြိမ်းချမ်းသာဖြစ်အောင်ကျ င့်သုံးမယ် ။
တစ်ပါးသူတို့ကိုလည်း နိဗ္ဗာန်ချမ်းသာရရှိစေပြီး
အပူမရှိ သောက ပရိဒေဝ ဒုက္ခ ဒေါမနသ၁
ဥပယာသ တို့မကြုံတွေ့အောင်ညွှန်ပြမယ် ။

၈ ။ ။ သုဒ္ဓေါ သောစေယျံ ။
ငါကိုယ်တိုင်လည်း တဏှာရာဂရဲ့ကျွန်အဖြစ်က
လွတ်အောင်ကျင့်မယ်၊တစ်ပါးသူတို့ကိုလည်း
တဏှာစေခိုင်းသမျှ ခံနေကြရတဲ့သံသရာကျွန်
ဘဝ ကလွတ်မြောက်အောင်ဟောဖော်ညွှန်ပြပြီး
လွတ်မြောက်စေရမယ် ။

❖ အဲ့ဒီလိုအကြံအတွေးနဲ့ ဘုရားဆုပန်ကာ
လေးအသင်္ချေ နဲ့ ကမ္ဘ္ဘာ တစ်သိန်းပါရမီတွေဖြည့်ကျင့်
လာခဲ့ရပါသတဲ့… …

မဟာပုရိသဝိတက်တရားကိုဖတ်ပြီး ဘုရားကျေးဇူးကို
မြင်ရင် တရားကျေးဇူး သံဃာတွေရဲ့ကျေးဇူးဟာလဲ
ဘယ်လောက်ကြီးမားတယ်ဆိုတာ မြင်နိုင်ကြပါလိမ့်မယ်.......... ဒီတော့

ကျေးဇူးရှိမှန်းသိကြ
ကျေးဇူးကိုလည်းဆပ်တတ်ကြပါစေ… ᠌᠌᠌။
❖ စေတနာအရင်းခံဖြင့်

မူရင်းတင်သူအား လေးစားစွာဖြင့်Cd ပေးအပ်ပါသည်။
ရဲရင့် ထွန်း

City of God (2011) မြန်မာစာတန်းထိုးဝယ်ယူရရှိနိုင်သောနေရာများကတော့=======================FOCUS MOVIE STORE 1️⃣•••••••••••...
14/05/2019

City of God (2011) မြန်မာစာတန်းထိုး

ဝယ်ယူရရှိနိုင်သောနေရာများကတော့
=======================

FOCUS MOVIE STORE 1️⃣
•••••••••••••••••••••••••••


FOCUS MOVIE STORE 2️⃣
===================

FOCUS MOVIE STORE 3️⃣
===================
➖➖➖➖➖➖➖➖➖➖➖➖➖➖➖

Shava: The Six Finger(2019) မြန်မာစာတန်းထိုး================================Savaha : The Sixth Finger ဆိုတဲ့2019မှာရုံတင...
14/05/2019

Shava: The Six Finger(2019) မြန်မာစာတန်းထိုး
================================

Savaha : The Sixth Finger ဆိုတဲ့2019မှာရုံတင်ထားတဲ့ Mystery , Thrillerကားအမျိုးအစားလေးပါ
ဇာတ်ကား စကြည့်ခါစကတော့
မြှုပ်ကွက်တွေပါတယ်...
ရင်တထိတ်ထိတ်နဲ့ ကြည့်လို့ကောင်းတဲ့ ကားအမျိုးအစားလေးပါ...
ဘာသာရေးကားလို့ ပြောရမလား...
Horrorကားလို့ပြောရမလားပဲ အသံတွေကအစ ရင်တထိတ်ထိတ်နဲ့ကြောက်စရာကောင်းတယ်

ရိုက်ထားတဲ့ Directorကလည်း The Priestsတို့ House Of Disappearedတို့လိုမျိုး Mystery,Thrillerတွေပဲရိုက်တဲ့ ဒါရိုက်တာဆိုတော့ ဇာတ်ကားက တခြားကားတွေထက်တော့ နည်းနည်းဆန်းတယ်

ဇာတ်လမ်းကတော့...
ဘာသာရေးဂိုဏ်အုပ်စုကွဲတွေက သမင်အမှတ်အသားရှိတဲ့ အဆောက်အဦးတွေမှာ လူတွေကို ဘာသာရေးမှိုင်းတိုက်ကြတယ်...
အဲ့ဒီမှာ သင်းအုပ်ဆရာပတ်က
အဲ့ဒီမသကာင်္စရာကောင်းတဲ့အုပ်စုတွေအကြောင်းကို
စုံစမ်းရင်းနဲ့ လူသေမှုကွင်းဆက်နဲ့ ဆက်စပ်နေချိန်မှာတော့ ဘာတွေဘယ်လိုဆက်ဖြစ်သွားမလဲ..

FOCUS MOVIE STORE 1️⃣
•••••••••••••••••••••••••••


FOCUS MOVIE STORE 2️⃣
===================

FOCUS MOVIE STORE 3️⃣
===================
➖➖➖➖➖➖➖➖➖➖➖➖➖➖➖

Groundhog Dave (2019) မြန်မာစာတန်းထိုး=============================ဝယ်ယူရရှိနိုင်သောနေရာများကတော့=======================...
14/05/2019

Groundhog Dave (2019) မြန်မာစာတန်းထိုး
=============================

ဝယ်ယူရရှိနိုင်သောနေရာများကတော့
=======================

FOCUS MOVIE STORE 1️⃣
•••••••••••••••••••••••••••


FOCUS MOVIE STORE 2️⃣
===================

FOCUS MOVIE STORE 3️⃣
===================
➖➖➖➖➖➖➖➖➖➖➖➖➖➖➖

Adhinayakudu (2012) မြန်မာစာတန်းထိုး===========================ဟာရစ်ချန်ဒရာပရာဆပ်ဆိုတာကရာယာလာဆီးမားဒေသရဲ့ ခေါင်းဆောင်။ပြ...
14/05/2019

Adhinayakudu (2012) မြန်မာစာတန်းထိုး
===========================

ဟာရစ်ချန်ဒရာပရာဆပ်ဆိုတာက
ရာယာလာဆီးမားဒေသရဲ့ ခေါင်းဆောင်။
ပြည်သူ့အကျိုးကို ဆထက်ထမ်းပိုး သယ်ပိုးသူဖြစ်လို့ လူရိုသေရှင်ရို ဂုဏ်သရေရှိပုဂ္ဂိုလ်တစ်ယောက်ပေါ့။

သူ့ ရပ်သူ့ ရွာကလူတွေ
အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးများလာစေဖို့ နိုင်ငံခြားက လုပ်ငန်းရှင်တွေကို
ခေါ်ပြီး သံမဏိစက်ရုံတည်ဖို့ သူကြိုးစားတယ်။
ဒါပေမယ့် သူ့ ကို မနာလို အမုန်းထားသူတွေကလည်း ဒုနဲ့ဒေး။
ဒီကိစ္စကို ရာမားပါးဆိုသူနဲ့ လက်ထောက်က ကန့်ကွက်တယ်။
ဒါတင်မကသေး၊ သူ့ ကိုသတ်ဖို့အတွက်
လက်ယဉ်တဲ့ ကြေးစားလူသတ်သမားငှါးတယ်။

ဇာတ်လမ်းက ဒီလောက်တင် မဟုတ်ပါဘူး။ဒီကားမှာ မင်းသားကြီး နန္ဒမူရီဘာလာကရစ်ရှ်နားဟာ သုံးကိုယ်ခွဲ(စရိုက်သုံးမျိုး) သရုပ်ဆောင်ထားတာပါ။

ဒီမင်းသားကားဆိုရင် အကြမ်းချည်းပါပဲ။
အရှေ့မှာ Paisa Vasool နဲ့ Dictator ဆိုတဲ့ ဇာတ်ကားနှစ်ကားကို မိတ်ဆက်ပေးခဲ့ဖူးတာမို့ ကြည့်ဖူးသူတွေအတွက်
အထူးတလည် မိတ်ဆက်ပေးစရာ မလိုသလို၊ မကြည့်ဖူးသူတွေအတွက်လည်း
ဖိုက်တင်အလှအပတွေကို တဝကြီး ခံစားနိုင်မှာပါ။

FOCUS MOVIE STORE 1️⃣
•••••••••••••••••••••••••••

FOCUS MOVIE STORE 2️⃣
===================

FOCUS MOVIE STORE 3️⃣
===================

➖➖➖➖➖➖➖➖➖➖➖➖➖➖➖

The Last Summer (2019) မြန်မာစာတန်းထိုး=============================ဒီဇာတ်​ကား​လေးက​တော့ လူငယ်​​တွေ ကြိုက်​တဲ့ type လေးပ...
14/05/2019

The Last Summer (2019) မြန်မာစာတန်းထိုး
=============================

ဒီဇာတ်​ကား​လေးက​တော့ လူငယ်​​တွေ ကြိုက်​တဲ့ type လေးပါ.

Chicago မြို့က အထက်​တန်းပြီးပြီးချင်း 18နှစ်​ အရွယ်​ လူငယ်​​လေး​တွေဟာ ​ကောလိပ်​မသွားခင်​ ​​​နောက်​ဆုံး​နွေရာသီကို ဘယ်​လို ဖြတ်​သန်းရမလဲ စိတ်​လှုပ်​ရှား​နေကြတာပါ.

ဒီအချိန်​ဟာ ကိုယ်​​ ​ရှေ့ဆက်​ ဘဝကို ဘယ်​လိုဖြစ်​သန်းမယ်​, ဘယ်​သူနဲ့ ဖြတ်​သန်းမယ်​ဆိုတာကို ဆုံးဖြတ်​မယ့်​ အချိန်​​ပါ.

ဒီကားမှာ Character ​တွေ အများကြီးပါတဲ့အတွက်​ သူတို့​တွေရဲ့ အချစ်​​ရေး​တွေ, အိမ်​တွင်း​ရေး​တွေ, ပြီး​တော့ ကိုယ့်​ဘဝအတွက်​ ​ရွေးချယ်​မှု​တွေ…စတာ​တွေကို မရိုး​နိုင်​​အောင်​ မြင်​​တွေ့ရမှာပါ.

ကိုယ့်​အတွက်​​အောင်​မြင်​မှုဆိုတာ တခါတ​လေမှာ လူအထင်​​သေးစရာဖြစ်​​နေ​ပေမယ့်​ ကိုယ့်​အတွက်​က အ​ရေးကြီးတာမို့လို့ ဆုံးဖြတ်​ချက်​ချရဲဖို့လိုတဲ့အ​ကြောင်း​ကိုလည်း ​ဒီဇာတ်​ကား​လေးက ပြောပြထားပါတယ်​.

ရှည်​ရှည်​​ဝေး​ဝေး​တော့ ​ရေးမ​နေ​တော့ပါဘူး…ပရိသတ်​ကြီးလည်း ဒီလို type​လေး​တွေကို ​မျှော်​​နေကြမှာ​သေချာပါတယ်​.

အဲ့​တော့ ကိုယ်​တိုင်​ကြည်​ပြီး ကိုယ်​တိုင်​ သုံးသပ်​လိုက်​ပါ​တော့…😉

FOCUS MOVIE STORE 1️⃣
•••••••••••••••••••••••••••


FOCUS MOVIE STORE 2️⃣
===================

FOCUS MOVIE STORE 3️⃣
===================
➖➖➖➖➖➖➖➖➖➖➖➖➖➖➖

Address

Insein
1994

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00

Website

Alerts

Be the first to know and let us send you an email when Mahar Lawka Parla 6 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share