ကလေးမြို့သတင်းများအကုန်သိရန်

  • Home
  • Myanmar
  • Kalemyo
  • ကလေးမြို့သတင်းများအကုန်သိရန်

ကလေးမြို့သတင်းများအကုန်သိရန် ကလေးလွင်ပြင်၊ကဘော်ဒေသနဲ့၊ချင်းပြည်နယ်၊အထက်ချင်းတွင်းသတင်းများ သိစေရန် ....

07/09/2026

စက်တင်ဘာလကုန်ရင်
တမူးမြို့ မှာ MPT ဖုန်းလိုင်းရပါတော့မယ် ။
အင်တာနက်တော့မရနိုင်သေးပါ တဲ့ ...

Kyaw Thein

 #ကလေးမြို့ ယနေ့ မိုးလေဝသထုတ်ပြန်ချက်6.9.2026(12:30) နာရီအချိန်တိုင်းတာချက်အရကလေးမြို့ ၊မြစ်သာမြစ်ရေ စိုးရိမ်ရေမှတ်အောက်...
06/09/2026

#ကလေးမြို့ ယနေ့ မိုးလေဝသထုတ်ပြန်ချက်
6.9.2026(12:30) နာရီအချိန်တိုင်းတာချက်အရ
ကလေးမြို့ ၊မြစ်သာမြစ်ရေ စိုးရိမ်ရေမှတ်အောက်သို့ (၈.၁) ပေတွင် ရောက်ရှိသွားပြီဖြစ်ပါသည်။
လက်ရှိမိုးလေဝသအခြေအနေအရ မိုးရွာသွန်းမှုမရှိပါသဖြင့် စိုးရိမ်ဖွယ်ရာ မရှိတော့ပါကြောင်းအသိပေးအပ်ပါသည်။
ဒီနေ့တော့တနေကုန် နေပူနေပါသည်။
ပူနေသည်ကလွဲ၍ အေးချမ်းသာယာကြပါသည်။

Ka Pho Tin

 #ကလေးမြို့၊(နိူင်ငံတော်ဗဟိုဝန်ဆောင်)ချမ်းမြေ့အောင်စည်စာသင်တိုက်၏ဦးစီးနာယဖြစ်တော်မူသော ဘဒ္ဒန္တဥတ္တရသာရ၊သက်တော်(၈၇)နှစ်ဝါ...
06/09/2026

#ကလေးမြို့၊(နိူင်ငံတော်ဗဟိုဝန်ဆောင်)
ချမ်းမြေ့အောင်စည်စာသင်တိုက်၏
ဦးစီးနာယဖြစ်တော်မူသော ဘဒ္ဒန္တ
ဥတ္တရသာရ၊သက်တော်(၈၇)နှစ်
ဝါတော်(၆၇)ဝါ အရှင်သူမြတ်ကြီး၏
ကြွင်းကျန်သည့် ဥတုဇရုပ်ကလပ်တော်
အား ၁၃၈၈-ခုနှစ်၊ဝါခေါင်လပြည့်ကျော်
(၈)ရက်၊(၅-၉-၂၀၂၆)စနေနေ့ နေ့လည်
(၂)နာရီအချိန်တွင် စံကျောင်းတော်ချ
မဂ်လာအခမ်းအနားကျင်းပပြုလုပ်
ပြီးစီးပါကြောင်း ရပ်နီးရပ်ဝေးမှ
တပည့်သံဃာများနှင့်တပည့်ဒါယကာ
ဒါယိကာမ,အပေါင်းတို့အား အသိပေး
အပ်ပါသည်။

မှတ်ချက်,
ဆရာတော်ကြီး၏ ရုပ်ကလပ်တော်
ကို (၁၂)တိုင်ယာယီစံကျောင်းဖြင့်
ပူဇော်ခံထားရှိမည်ဖြစ်ပါကြောင်း
လေးစားစွာ အသိပေးအပ်ပါသည်။

Crd

05/09/2026

#ကလေးမြို့ က လစာလည်းရ ပညာလည်းရမယ့်
ဝန်ထမ်းခေါ်စာ
-----------------------------
1999 hair spa . nail ဆိုင်မှ
ပညာသင် ၀န်ထမ်း (မ) ၃ ဦးအလိုရှိပါသည်။
အသက် ၁၆ မှ ၂၅ အတွင်း၊
ရုပ်ရည်ပြေပြစ် ၊အကျင့်စာရိတ္တကောင်းမွန်ရမည်၊
ဆက်ဆံရေး အထူးကောင်းမွန်ရမည်၊
သင်ယူလိုစိတ်ရှိပြီး လူအများနဲ့ရေရှည်လက်တွဲလုပ်ကိုင်နိုင်ရမည် ။
ဆိုင်ဘက်မှအခြေခံကစ စနစ်တကျသင်ကြားပေးမှာဖြစ်လို့ တကယ် ၀ါသနာပါပြီးရေရှည်လက်တွဲနိုင်သူများ
လာရောက်လျှောက်ထားနိုင်ပါသည်။
(လစာ % )အသေးစိတ် ကို ဆိုင်မှာ
လာရောက်စုံစမ်းနိုင်ပါတယ်

ဆိုင်လိပ်စာ 👇
ပေ၅၀လမ်း ၊ စံပြဆေးရုံနှင့် အမှတ် (၈)ကျောင်းကြား
ဖုန်း 👉 09973902930

 #ကလေးမြို့ ရာသီဥတုကတော့အခြေအနေတော်တော်ကောင်းလာပါပြီ။တညနေလုံးလည်းနေပူခဲ့ပြီး မြို့နေရာအတော်များများရေကျလာတယ်လို့ကြားရပါတ...
04/09/2026

#ကလေးမြို့ ရာသီဥတုကတော့
အခြေအနေတော်တော်ကောင်းလာပါပြီ။
တညနေလုံးလည်းနေပူခဲ့ပြီး မြို့နေရာအတော်များများရေကျလာတယ်လို့ကြားရပါတယ်။
ရက်တိုတိုနဲ့ရေကျသွားရင်တော့ပစ္စည်းတွေ၊ စိုက်ပျိုးထားတဲ့အပင်တွေဆုံးရှုံးမှုနည်းမှာပါ။
ပြီးခဲ့တဲ့နေ့ကချင်းတောင်ပေါ်မှာမိုးလျော့လာပြီလို့သိရပြီးကလေးမှာလည်း တောင်ပေါ်ကဆင်းလာတဲ့ ချောင်းတွေမြောင်းတွေကရေလျော့ပါးခဲ့ပါပြီ။
ပုံကလေးကတော့ဥပုသ်ချောင်းရေပြန်ကျသွားလို့ကလေးမြို့ဆေးရုံကြီးကသူနာပြုဆောင်အောက်ထပ်တွေပြန်လည်ရှင်းလင်းဆောင်ရွက်နေကြတဲ့ပုံလေးပါ။
ရေမြုတ်ခဲ့တုန်းကပုံလေးပါယှဥ်တွဲဖော်ပြထားပါတယ်။

ယနေ့အတွက် ကလေးမြို့မိုးဇလကထုတ်ပြန်ထားတဲ့မိုးရေချိန်လေးပါဖော်ပြလိုက်ပါတယ်။

4.9.2026(09:30am)
ကလေးခရိုင်၊မိုးရေချိန်

ကလေးမြို့ =1.81 လက်မ
ကလေးဝမြို့=3.82 လက်မ
မင်းကင်းမြို့=0.36 လက်မ

ကဖိုးတင်

 #ကလေးမြို့_ရွှေမဟာဂိတ် ကလေး-မုံရွာ-မန္တလေး-ရန်ကုန် ထိလိုက်ပါစီးနင်းချင်သည့်ခရီးသည်များနှင့်ကုန်စည်ပစ္စည်းတင်ပို့မည့်သူမ...
04/09/2026

#ကလေးမြို့_ရွှေမဟာဂိတ်
ကလေး-မုံရွာ-မန္တလေး-ရန်ကုန် ထိ
လိုက်ပါစီးနင်းချင်သည့်ခရီးသည်များနှင့်
ကုန်စည်ပစ္စည်းတင်ပို့မည့်သူများအတွက် သတင်းကာင်း
ရွှေမဟာဂိတ်မှ အာမခံနဲ့ တင်ပို့ပေးနေပါပြီ။

ပရာဒို ပါဂျဲရို လို 4 Wheel ကားများနဲ့
ပြေးစွဲပေးနေပြီး
တန်ဆာပစ္စည်းတွေအချိန်မှန်ရောက်ဖို့နဲ့
အခက်အခဲမရှိဖို့ အာမခံပေးပါတယ် ။

ကလေးမြို့ ကားကြီးဝင်းမှာရော
ပင်လုံလမ်းမတော် ဆိပ်ကမ်းသာဈေးအနီးမှာပါ
နှစ်နေရာ ရှိပါမယ် ၊ ဖုန်းနံပတ်များက 👇
09942264614
09891451962
09966689384

မုံရွာလိပ်စာက
ကားလေးဝင်းအတွင်း (၃)ခန်းမြောက်မှာပါ
ဖုန်းနံပတ်များက 👇
09780843386
09252519619
09425687858

ရန်ကုန်လိပ်စာနဲ့ဖုန်းက 👇
မြောက်ဥက္ကလာပမြို့နယ် ၊ အိန္ဒာ ၅လမ်း မှာပါ
09 778358804

မန္တလေး လိပ်စာက 👇
88A လမ်း 22×23 ကြား မှာပါ

ယနေ့ (4.9.2026 )မနက်ပိုင်းကလေးမြို့-------------------------ညကလည်းမိုးတဖျောက်ဖျောက်ရွာနေခဲ့ပါတယ်။ဒီမနက်လဲရွာနေဆဲပါပဲ။မို...
04/09/2026

ယနေ့ (4.9.2026 )မနက်ပိုင်းကလေးမြို့
-------------------------
ညကလည်းမိုးတဖျောက်ဖျောက်ရွာနေခဲ့ပါတယ်။
ဒီမနက်လဲရွာနေဆဲပါပဲ။
မိုးရွာတာလျော့သွားသလို ရေလည်းပြန်ကျနေပါတယ်။
အကျတော့နှေးနေသေးကြောင်းမိုးဇလ(ကလေးမြို့)ထုတ်ပြန်ချက်အရသိရပါတယ်။

ကလေး၊မြစ်သာ
စိုးရိမ်ရေမှတ်(1100)cm
4.9.2026(Hourly)ရေမှတ်

06:30=1163cm(မိုး0.90")
07:30=1162cm(မိုး0.04")
08:30=1161cm(မိုး0.12")

စိုးရိမ်ရေမှတ်အထက် ၂ပေကျော်လွန်ရောက်ရှိနေပါသည်။
တစ်နာရီ 1cm နှုန်း ရေကျနှေးပါသည်။

စျေးထဲမှာတော့ ငါးမွေးကန်တွေရေလွှမ်းလို့ ငါးတွေဖော်ရောင်းကြပုံပေါ်ပါတယ် ခါတော်မှီငါးသည်တွေတတန်းကြီးတွေ့ရပါတယ်။
ရွှေဝါငါးကြင်းအကောင်ကြီးကြီးတွေကို
တပိဿာ နှစ်သောင်းနဲ့ရောင်းနေပါတယ်။
မြစ်ငါးတွေလို့ပြောရောင်းကြပြီး ဝယ်တဲ့သူတွေကလည်း မြစ်ငါးမဟုတ်မှန်းသိပေမဲ့ စျေးတန်လို့ဝယ်ကြပါတယ်။

ရပ်ကွက်တွေထဲမှာရေတွေရှိနေဆဲဖြစ်
ပြီးတိုးလာတာတော့မရှိဘူးလို့ပြောပါတယ်။

ရေစတက်တဲ့နေ့ထက်စာရင်လျော့တယ်လို့ပြောရမှာပါ။

ကဖိုးတင်

၄.၉.၃၀၂၆စစ်ကိုင်းတိုင်းဒေသကြီးကလေးမြို့ယနေ့မနက်မိုးတွေဆက်ရွာနေပါသည်။အင်းယားကုန်းတံတားဘက် မြစ်သာမြစ်ရေအခြေအနေ မှာ တစ်ဖြေး...
04/09/2026

၄.၉.၃၀၂၆
စစ်ကိုင်းတိုင်းဒေသကြီး
ကလေးမြို့
ယနေ့မနက်မိုးတွေဆက်ရွာနေပါသည်။
အင်းယားကုန်းတံတားဘက် မြစ်သာမြစ်ရေအခြေအနေ မှာ
တစ်ဖြေးဖြေးကျနေသည်ဟု
ရွာခံဦးကြီးကပြောပါသည်။
ဆက်၍ ဆက်၍ ရေကျပါစေဗျာ ...

U Win Myint

 #ကလေးမြို့ ချမ်းမြေ့အောင်စည်ကျောင်းတိုက်ဆရာတော်ဘုရားကြီး ဘဝနတ်ထံပျံလွန်တော်မူကြောင်းသိရ -------------------------------...
03/09/2026

#ကလေးမြို့ ချမ်းမြေ့အောင်စည်ကျောင်းတိုက်
ဆရာတော်ဘုရားကြီး ဘဝနတ်ထံပျံလွန်တော်မူကြောင်းသိရ
----------------------------------
" ကလေးမြို့ ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်
ချမ်းမြေ့အောင်စည်စာသင်တိုက်
ပဓာန နာယကဆရာတော်ဘုရားကြီး
သက်တော်(၈၇)နှစ်ဝါတော်၆၇ဝါ
ဘဒ္ဒန္တဥတ္တရသာရ မထေရ်မြတ်ကြီးသည်
ယနေ့ ၃.၉.၂၀၂၆ ည 9:23 မိနစ်တွင်
ဘဝနတ်ထံ ပျံလွန်တော်မူသွားပြီဖြစ်ပြီး
"ဆရာတော်ကောင်းရာသုဂတိရောက်မှန် ဧကန်မုချပါဘုရား" ဟု
အရှင်ဝိမလ (စမ်းမြို့ရပ်ကွက် ၊ ရွှေရတနာဥယျာဉ်ကျောင်း)၏ Facebook စာမျက်နှာတွင် ရေးသား‌ဖေါ်ပြထားပါသည် ။ ။

ကလေးမြို့သတင်းအကုန်သိရန်

Address

Kalemyo

Website

Alerts

Be the first to know and let us send you an email when ကလေးမြို့သတင်းများအကုန်သိရန် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category