15/09/2021
Customer တွေစျေးဆစ်ကြတဲ့အခါ
စာနည်းနည်းရှည်မယ်ဆိုပေမယ့်
ဖတ်ပြီးသွားရင် တစ်ခုခုကျန်ခဲ့မယ်လို့ အာမခံပါတယ်
Customer တွေ စျေးဆစ်ကြတဲ့အခါ
ရောင်းသူတွေ အနေနဲ့ အဖွဲ့နှစ်ဖွဲ့ကွဲသွားပါတယ်
အဖွဲ့ ( ၁ ) မိတ်ပျက်မှာစိုးလို့ရသလောက်လျော့ပေးကြပါတယ်
အဖွဲ့ ( ၂ ) မလျော့ပေးနိုင်တဲ့ အကြောင်းပြတ်ပြတ်သားသားငြင်းတယ်။
အချို့တွေကတော့ စျေးကြီးတယ်ထင်ရင် ပိုပြီးသက်သာတဲ့ဆီသွားဝယ်ဆိုပြီးပြောတယ်
အဲ့နှစ်ဖွဲ့မှာ ဘယ်အဖွဲ့ကမှန်မယ်လို့ ထင်ပါသလဲ
ကျွန်တော့် အယူအဆအရ တော့ နှစ်ဖွဲ့လုံးမှားပါတယ်
စျေးရောင်းတယ်ဆိုတာ Quality ကိုရောင်းတာပါ
အကယ်၍ သင်က Makeup Artist တစ်ဦးဆိုပါတော့
သင်က တစ်ခါပြင်ရင် ၁၀၀,၀၀၀ အနည်းဆုံးလို့သတ်မှတ်ထားတယ်
မိန်းခလေးတစ်ယောက်က
မင်္ဂလာပွဲအတွက် Makeup ပြင်ဖို့ သင့်ဆီမှာလာစုံစမ်းတယ်
သင်က တစ်ခါပြင် ၁၀၀,၀၀၀ ပါဆိုပြီး စျေးကိုပြောပြလိုက်တယ်
အဲ့အခါကျ မိန်းခလေးက စျေးဆစ်တယ်
များလိုက်တာ လျော့ပါဦးလို့ပြောတယ်
အဲ့အခါသင်ပြောရမှာက " ဘယ်လောက်တော့လျော့ပေးလို့ရပါတယ် " ဆိုပြီးမဟုတ်သလို
" လျော့လို့ တော့မရဘူး စျေးကြီးတယ်ထင်ရင် စျေးသက်သာတဲ့ဆီသွားပါ " ဆိုပြီးလဲ နှင်ထုတ်ရမှာမဟုတ်ပါဘူး
သင်လုပ်ရမှာက သင့် Service ရဲ့ တန်ဖိုးကို Customer သိအောင်ရှင်းပြပေးရမှာပါ
၁၀၀,၀၀၀ ဆိုတာ ကိုယ်ပြန်ရမယ့် စိတ်ကျေနပ်မှုနဲ့ယှဥ်ရင် မများဘူးဆိုတဲ့ အကြောင်း
တစ်သက်မှာ တစ်ခါကြုံရမှာမလို့ အလှဆုံးဖြစ်နေသင့်ကြောင်း
မြင်သူတစ်ကာက မှင်သက်သွားလောက်တဲ့ထိ လှနေအောင်ပြင်ပေးနိုင်ကြောင်း
ကိုယ့်ရဲ့ မင်္ဂလာဆောင်ကိုလာမယ့် မိန်းခလေးတွေအကုန် မနာလိုဖြစ်ရမယ်၊ ယောကျာ်းလေးတွေကနှမြောရမယ်
စတဲ့ စတဲ့ ကိုယ့် Service ရဲ့ တန်ဖိုးကို Customer နားလည်အောင် ရှင်းပြပေးရပါမယ်
ဒါကတော့ ဥပမာတစ်ခုပါ
အရေးကြီးတဲ့ အချက်ကတော့ Know Your Customer ပါပဲ
ကိုယ့် Customer က ဘာလိုအပ်တယ် ဘာလိုချင်တယ်ဆိုတာသိဖို့ အရေးအကြီးဆုံးပါပဲ
နောက်လဲ Marketing နဲ့ ပတ်သတ်တဲ့
Tips လေးတွေ တင်ပေးသွားမှာမလို့ page ကို
Like & Follow လေး လုပ်ထားကြစေချင်ပါတယ်
Adion Myanmar မှာ ရရှိတဲ့ Service တွေကတော့
1. Page Boosting
2. Post Boosting
3. Chatbot တပ်ဆင်ခြင်း
စတာတွေပဲ ဖြစ်ပါတယ်
အပိုဆောင်းအနေနဲ့
Page Setting ချိန်တာတွေ
Error တွေနဲ့ ပတ်သတ်ပြီး သိချင်တာတွေရှိရင်လဲ
တက်နိုင်သလောက် ကူညီဖြေရှင်းပေးပါမယ်ဗျ