08/08/2026
ကျွန်တော်တို့ နေ့စဉ်ဝတ်နေတဲ့ အင်္ကျီတွေ၊ လည်ပင်းမှာ ပတ်ရတဲ့ ပဝါတွေက လူတစ်ယောက်ရဲ့ အသက်ကို ကယ်တင်နိုင်တယ်လို့ သင်ယုံပါသလား? ဒုတိယကမ္ဘာစစ်တုန်းကတော့ အခု ကျွန်တော်တို့ အသုံးပြုနေတဲ့ ပိုးဇာဘောင်နဲ့လုပ်ရတဲ့ တံဆိပ်ရိုက်ပညာရပ်ဟာ ေ-သမင်းတမန် နှုတ်ခမ်းဝက စစ်သားပေါင်း သောင်းနဲ့ချီကို ကယ်တင်ပေးခဲ့တဲ့ လျှို့ဝှက်လ-က်န-က်တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီကနေ့မှာတော့ သမိုင်းဖုံးကွယ်ခံခဲ့ရတဲ့ လျှို့ဝှက်ဆန်းကြယ် စ-စ်ဆ-င်ရေးတစ်ခုအကြောင်း ပြောပြပေးသွားပါမယ်။"
ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျာမန်တွေဖမ်းသွားတဲ့ ဗြိတိသျှ စစ်သုံ့ပန်းတွေ ထွက်ပြေးလွတ်မြောက်ဖို့အတွက် အတိအကျဆွဲထားတဲ့ 'မြေပုံ' တွေ အလွန်လိုအပ်ခဲ့ပါတယ်။ ဒါပေမဲ့ ပြဿနာက စက္ကူမြေပုံတွေဟာ ဖြန့်လိုက်ရင် အသံမြည်တယ်၊ ရေစိုရင် ပျက်စီးလွယ်တယ်၊ ပြီးတော့ စစ်ဆေးရေးဂိတ်တွေမှာ အလွယ်တကူ အဖမ်းခံရနိုင်ပါတယ်။
ဒီအခါမှာ ဗြိတိသျှ လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ (MI9) က ပါရမီရှင်တစ်ယောက်ဖြစ်တဲ့ Christopher Hutton က ထူးဆန်းတဲ့ အကြံတစ်ခု ထုတ်ခဲ့ပါတယ်။ အဲဒါကတော့ "ပိုးသားအထည် တွေပေါ်မှာ မြေပုံကို လျှို့ဝှက် တံဆိပ်ရိုက်နှိပ်ဖို့" ပါပဲ။
ပိုးသားပေါ်မှာ ရိုက်နှိပ်ထားတဲ့ မြေပုံဟာ ရေစိုခံတယ်၊ ဘယ်လောက်ပဲ ခြေမွပြီး ခေါက်ထားပါစေ ဖြန့်လိုက်ရင် အသံ လုံးဝမမြည်ပါဘူး။ အံ့ဩစရာ အကောင်းဆုံးကတော့ အဲဒီ ပိုးသားမြေပုံတွေကို အင်္ကျီကော်လံတွေကြား၊ ဂျာကင်အနားကွပ်တွေကြား၊ ဖိနပ်ဖနောင့် အခေါင်းပေါက်တွေထဲမှာပါ အလွယ်တကူ သီချုပ်ပြီး ဖုံးကွယ် သယ်ဆောင်သွားလို့ ရတာပါပဲ။
"MI9 ဟာ ဒီလျှို့ဝှက်မြေပုံတွေကို Monopoly ကစားခုံတွေ၊ ဖဲထုပ်တွေထဲမှာပါ ဝှက်ပြီး စစ်သုံ့ပန်းစခန်းတွေကို ပို့ဆောင်ပေးခဲ့ပါတယ်။ ဒီ 'တံဆိပ်ရိုက်ထားတဲ့ မြေပုံပိတ်စ' တွေရဲ့ ကျေးဇူးကြောင့် စစ်သုံ့ပန်းပေါင်း ၃၅,၀၀၀ ကျော်ဟာ ဂျာမန်တွေရဲ့ လက်အောက်ကနေ ထွက်ပြေးလွတ်မြောက်ပြီး အိမ်ပြန်နိုင်ခဲ့ကြပါတယ်။"
"ဒီနေ့ခေတ်မှာ ကျွန်တော်တို့ အလွယ်တကူ အသုံးပြုနေတဲ့ Screen Printing တံဆိပ်ရိုက်ပညာရပ်တွေ၊ ပိုးဇာဘောင်တွေဟာ တစ်ချိန်က ဒီလို ကြီးကျယ်ခမ်းနားတဲ့ သမိုင်းဝင် လျှို့ဝှက်ချက်တွေနဲ့ အသက်ပေါင်းများစွာကို ကယ်တင်ခဲ့ဖူးပါတယ်။ ပုံမှန်မြင်နေကျ အရာတွေရဲ့ နောက်ကွယ်မှာ မထင်မှတ်ထားတဲ့ ဇာတ်လမ်းတွေ ရှိနေတတ်ပါတယ်။
ကျွန်တော်တို့ Cowboy တံဆိပ်ရိုက်လုပ်ငန်းကလည်း ဒီလို သမိုင်းဝင် အနုပညာပညာရပ်တွေကို တန်ဖိုးထားပြီး နေ့စဉ် ဖန်တီးမှုတွေ ပြုလုပ်နေတာပါ။ နောက်ထပ်လည်း ဘယ်လို ထူးဆန်းထွေလာ အကြောင်းအရာတွေ လာဦးမလဲဆိုတာ စောင့်မျှော်ပေးကြပါဦးခင်ဗျာ..."
ံဆိပ်ရိုက်လုပ်ငန်းနှင့်သင်တန်း
#အထည်တံဆိပ်ရိုက်
#အိတ်တံဆိပ်ရိုက်
#ထိုင်းမြန်မာဝန်ဆောင်မှု
်းရှိပါတယ်