Social Biz Myanmar - SBM

Social Biz Myanmar - SBM Digital Marketing & E-commerce Co., Ltd.
(229)

သင်ဟာ Social Biz Myanmar ရဲ့ သင်တန်းသားဟောင်းတစ်ယောက်လားဒါဆိုရင်တော့ ဒီစာက သင့်အတွက်ဖြစ်ပါတယ်။ ခုလို Stay Home ​ကာလမှာ က...
11/09/2020

သင်ဟာ Social Biz Myanmar ရဲ့ သင်တန်းသားဟောင်းတစ်ယောက်လား

ဒါဆိုရင်တော့ ဒီစာက သင့်အတွက်ဖြစ်ပါတယ်။

ခုလို Stay Home ​ကာလမှာ ကျွန်တော်တို့ရဲ့ SBM က မိတ်ဆွေတို့အတွက် အထူးစီစဥ်ထားတာတစ်ခုရှိပါတယ်။

ကျွန်တော်တို့ရဲ့ သင်တန်းသားဟောင်းတွေကို
ပိုမို update ဖြစ်တဲ့ feature တွေ၊
course အသစ်တွေနဲ့ ထပ်မံ ဖြည့်စွက်သင်ကြားပေးသွားဖို့ပဲ ဖြစ်ပါတယ်။
ဒါကြောင့် မိတ်ဆွေတို့ကို ပြန်လည်ဆက်သွယ်ရလွယ်ကူစေရန် တက်ရောက်ခဲ့တဲ့ သင်တန်းနာမည်တွေကို အောက်မှာဝင်မန့်ပေးသွားကြပါခင်ဗျာ။

နောက်ပြီး လက်ရှိ အခြေအနေအရ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို အထူးလေးစားလိုက်နာသောအားဖြင့်
ကျွန်တော်တို့ Social Biz Myanmar မှ
ခေတ္တယာယီ ရုံးပိတ်ထားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်ခင်ဗျား။

သို့ပေမယ့် မိတ်ဆွေများ တိုင်ပင်ဆွေးနွေးချင်တာ၊ အခက်အခဲတွေ၊ အကူအညီတောင်းချင်တာတွေအတွက် ကျွန်တော်တို့ Social Biz Myanmar Page သို့ ရုံးချိန် (9am-9pm) အတွင်းမှာ ဆက်သွယ် အကူအညီတောင်းနိုင်ပါတယ်ခင်ဗျာ။

မိတ်ဆွေတို့ရဲ့အခက်အခဲတွေကို ကျွန်တော်တို့ SBM ရဲ့ IT Team က အမြဲ ဖြေကြားပေးနေပေမယ့်
အခုလို Stay Home ကာလမှာတော့ မိတ်ဆွေတို့အတွက် ပိုမိုအဆင်ပြေအောင် ကျွန်တော်တို့ရဲ့ IT Team နှင့်အတူ ဆရာကိုယ်တိုင် ပါဝင်ဖြေကြားပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။

အခုကာလမှာ မိတ်ဆွေတို့လည်း ကျန်းမာရေးကို အထူးဂရုစိုက်ကြပါခင်ဗျာ
ကျွန်တော်တို့ SBM ကလည်း မိတ်ဆွေတို့အတွက် ဆုတောင်းမေတ္တာပို့သလျှက်ရှိပါတယ် 🙏🙏🙏

Facebook ကနေ ပိုက်ဆံပေးတယ်ဆိုတာ ဟုတ်လား ?အမေးများလာတဲ့ မေးခွန်းတစ်ခု . . .Covid ကာလလည်းဖြစ်တဲ့ အချိန်မှာ လူတော်တော်များမ...
09/09/2020

Facebook ကနေ ပိုက်ဆံပေးတယ်ဆိုတာ ဟုတ်လား ?

အမေးများလာတဲ့ မေးခွန်းတစ်ခု . . .

Covid ကာလလည်းဖြစ်တဲ့ အချိန်မှာ လူတော်တော်များများက Facebook ပေါ်မှာ အချိန်ဖြုန်းလာကြတယ်။ ဒီအချိန်မှာ မိမိရဲ့ ငွေဝင်လမ်းကြောင်းတစ်ခုကို Facebook ပေါ်မှာ ဖန်တီးထားနိုင်ရင် သင့်အတွက် အများကြီးအကျိုးရှိနိုင်ပါတယ်။
ဒါကြောင့် ကျွန်တော် ဖေ့ဘုတ်သုံးရင်း သင့်အတွက် ဝင်ငွေပြန်ရနိုင်မယ့်
page Monetisation ရဲ့အကြောင်းကို မျှဝေပေးလိုက်ပါတယ်။
တကယ်တော့ page Monetization ဆိုတာက facebook မှာ ကိုယ့်ရဲ့ ပေ့ချ်ကနေ ဝင်ငွေပြန်ရစေတဲ့နည်းပါ။ မိမိရဲ့ ပေ့ချ်မှာ ကြည့်ရှုသူများလာတာနဲ့အမျှ တဖြည်းဖြည်းနဲ့ Product တွေကို ကြော်ငြာဖို့အတွက် နေရာတစ်ခုလိုဖြစ်လာပါတယ်။ ဒီအချိန်မှာ မိမိက ကိုယ့်ရဲ့ အဆက်အသွယ်နဲ့ ပဲဖြစ်ဖြစ်၊ Facebook Team နဲ့ ပူးပေါင်းပြီးတော့ပဲဖြစ်ဖြစ် ကြော်ငြာများလက်ခံနိုင်ပါတယ်။
Facebook Team နဲ့ ပူးပေါင်းရင်တော့ မိမိက တကူးတက ကြော်ငြာနေစရာမလိုပဲ Facebook က အလိုအလျောက် နေရပ်ဒေသအလိုက် လူအမျိုးအစားအလိုက် ကြော်ငြာများ ထည့်သွင်းသွားမှာပါ။
ကျွန်တော်တို့ Facebook က video တွေ ကြည့်နေတဲ့ အချိန်မှာ ကြော်ငြာတွေတက်လာတာကို သတိထားမိမှာပါ။ အဲ့ဒီကြော်ငြာတွေ တက်လာရင် 5 sec, 15 sec စသည်ဖြင့်စောင့်ရတတ်ပြီး ကျော်ပြီးကြည့်လို့လည်းမရပါဘူး။
ဒါက monetisation လုပျထားတာပါပဲ။
အဓိကကတော့ advertisements တွေကနေတဆင့် ငွေပြန်ဝင်တဲ့သဘောပေါ့။
နောက်ပြီး facebook ကနေတဆင့်ချိတ်ထားတဲ့ website တွေမှာ ကြော်ငြာထည့်တာ။
ဒီလို ဆိုဒ်တွေကို တော်တော်များများ ဝင်ကြည့်ဖူးကြမှာပါ။ Instant Articles (IA) လို့ခေါ်တယ်။ မြန်မာနိုင်ငံမှာတော့ IA လုပ်တဲ့သူအတော်များပါတယ်။ တချို့နာမည်ကြီး သတင်းမီဒီယာတွေတောင် လုပ်ကြတာတွေ့နေရပါတယ်။
သူက လူကြည့်များရင် များသလောက် ဝင်ငွေလည်းကောင်းကြတယ်။ ကိုယ့်က လူတွေကို ဝင်ကြည့်အောင်ဆွဲဆောင်နိုင်ရင် ဆွဲဆောင်နိုင်သလောက် ပိုက်ဆံရမယ့်သဘောပေါ့။
အကယ်၍ မိတ်ဆွေမှာလည်း page ရှိနေရင် ကိုယ့်ရဲ့ page က
အဲ့ဒီ function ရနေပြီလားဆိုတာ စစ်ကြည့်လို့ ရပါတယ်။
အကယ်၍ မိတ်ဆွေက ဘယ်လိုစစ်ဆေးမလဲ သိချင်ရင် အောက်မှာ Monetisation လို့ မန့်သွားပေးကြပါ။
ကျွန်တော်နောက်ထပ် ပိုစ့်တစ်ခုနဲ့ သေချာ ပြောပြပေးပါ့မယ်။
မိတ်ဆွေတို့အတွက် ဗဟုသုတရစရာလေးတွေလည်းတင်ပေးမှာမို့ Page ကို see first လုပ်သွားပေးကြပါဦး

Facebook ပေါ်မှာ လူတိုင်းစိတ်ဝင်စားနေတဲ့ Blue Mark ကို ဘယ်လိုလျှောက်ကြမလဲ ???ဒီတစ်ခေါက်မှာတော့ Facebook ရဲ့ Blue Mark ကိ...
01/09/2020

Facebook ပေါ်မှာ လူတိုင်းစိတ်ဝင်စားနေတဲ့ Blue Mark ကို ဘယ်လိုလျှောက်ကြမလဲ ???

ဒီတစ်ခေါက်မှာတော့ Facebook ရဲ့ Blue Mark ကို ဘယ်လိုလျှောက်ရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။

Facebook ရဲ့ Official Verification ဖြစ်လို့ အကောင့်တုတွေ၊ Fake account တွေကတော့ Blue Mark ရနိုင်ဖို့ မသေချာပါဘူး။ ဒါက ကြိုပြောပြထားတာပါ။ Blue Mark လျှောက်ချင်တဲ့သူတွေ‌ကတော့ အောက်က အဆင့်တွေအတိုင်းလိုက်လုပ်သွားကြည့်ပါ။

အဓိက လိုအပ်တာကတော့ မိမိမှတ်ပုံတင်ကို ရိုက်ထားတဲ့ ဓာတ်ပုံပါပဲ။ မိမိအကြောင်းကို ဖော်ပြထားတဲ့ သတင်းမီဒီယာ၊ ဝက်ဘ်ဆိုဒ်စာမျက်နှာတွေရှိရင်တော့ ပိုကောင်းတာပေါ့။

၁။ ပထမဆုံး မိမိအကောင့်ရဲ့လင့် (Profile Link) ကိုယူပါ။

၂။ Menu bar ထဲက Help and support ကိုသွားပါ။

၃။ အဲ့ဒီကနေ Help Center ထပ်ဝင်ပါ။

၄။ Search Box ပေါ်လာရင် How do I request ဆိုပြီးရိုက်ရှာလိုက်ပါ။ How do I request a verified badge on facebook ဆိုတာလေးတွေ့လိမ့်မယ်။ နှိပ်လိုက်ပါ၊ စာအရှည်ကြီးတွေ့ရလိမ့်မယ်။

၅။ အောက်ကိုနည်းနည်းထပ်ဆွဲကြည့်ရင် အလယ်နားလောက်မှာ
You can submit a request by filling out a contact form ဆိုတာလေးတွေ့လိမ့်မယ်။ အဲ့ဒီကနေ a contact form ကိုနှိပ်။ နောက်တစ်မျက်နှာရောက်သွားလိမ့်မယ်။

၆။ Verification type မှာ Page or Profile ရွေး
Profile ဆို Profile Link ထည့်
Page ဆို Select Page မှာ ကိုယ်လျှောက်ချင်တဲ့ ပေ့ချ်ကိုထည့်ပါ။

၇။ Category မှာ ကိုယ်က ဘာနဲ့ဆိုင်တာတွေ တင်မလဲဆိုတာ ရွေးရပါမယ်။ ကိုယ်က ဘယ်လိုလူလဲဆိုတာ သတ်မှတ်တဲ့ သဘောပေါ့။

၈။ Country မှာ ကိုယ့်နိုင်ငံထည့်ပါ။ မြန်မာဆို မြန်မာပေါ့။

၉။ ID Photo ထည့်ခိုင်းတဲ့နားမှာ ကိုယ့်မှတ်ပုံတင်ကို ဓာတ်ပုံရိုက်ထားတဲ့ File ကိုထည့်ပါ။

၁၀။ အောက်မှာ စာရိုက်လို့ရတဲ့ Text Box သုံးခုတွေ့လိမ့်မယ်။ အပေါ်ဆုံးတစ်ခုမှာ ကိုယ့် ပေ့ချ် ဒါမှမဟုတ် အကောင့်က ဘာကြောင့် Verified ဖြစ်သင့်လဲဆိုတာ ရေးပေးရပါမယ်။

၁၁။ ဒုတိယတစ်ခုမှာ ကိုယ့်အကြောင်းကို တခြားမီဒီယာတွေမှာ ဖော်ပြထားတာရှိရင် ထည့်ပေးပါ။ ဝီကီပီဒီယားထဲမှာ ကိုယ့်အကြောင်းရေးထားတာရှိရင်လည်းပြလို့ရတယ်။ မြန်မာနိုင်ငံက ရုပ်ရှင်လောက၊ မော်ဒယ်လောကဘက်က လူတွေကတော့ Wiki မှာ ကိုယ့်အကြောင်းအရင်ရေးပြီးမှ လျှောက်ကြတယ်။

၁၂။ နောက်ဆုံးတစ်ခုက ကိုယ်ဘာထပ်ပြီးပြောချင်သေးလဲဆိုတာ ရေးဖို့ပါ ။ မရေးလည်းရပါတယ်။ မိမိဆန္ဒပါပဲ။

၁၃။ ဒါတွေအကုန်လုံးပြီးရင် တစ်ချက်ပြန်စစ်။ သေချာပြီဆိုရင် Send ကိုနှိပ်ပါ။

ဒါဆို ရပါပြီ။ အပြင်ပြန်ထွက် ကြည့်လို့ Notification မှာ We responded your request : Request a blue verification badge ဆိုပြီး တက်လာရင် လျှောက်တာက အောင်မြင်သွားပါပြီ။

ပေးတာမပေးတာကတော့ သူတို့ရဲ့ ပေါ်လစီပေါ်မူတည်ပါတယ်။
တချို့အချိန်တွေမှာဆိုရင်တော့ ပေးဖို့ အရမ်းတင်းကြပ်တတ်သလို တချို့အချိန်တွေမှာတော့ ‌လွယ်လွယ်ကူကူနဲ့ ပေးတတ်ပါတယ်။

မိတ်ဆွေတို့လည်း Blue Mark လျှောက်တာ အဆင်ပြေကြပါစေဗျာ

နောက်ထပ် တခြားသိချင်တဲ့ အကြောင်းအရာလေးတွေရှိရင်လည်း Comment မှာ ဝင်ရေးပေးသွားကြပါဦး

စီးပွားရေးလုပ်ငန်းရှင်တိုင်းသိထားသင့်တဲ့ Facebook Blue Mark အကြောင်းအခုနောက်ပိုင်း Facebook မှာ တော်တော်များများက Blue M...
26/08/2020

စီးပွားရေးလုပ်ငန်းရှင်တိုင်းသိထားသင့်တဲ့ Facebook Blue Mark အကြောင်း

အခုနောက်ပိုင်း Facebook မှာ တော်တော်များများက Blue Mark လေးတွေပါလာတာ သတိထားမိကြတယ် … ဟုတ်!
ဒီသင်္ကေတလေးက Facebook ရဲ့ တရားဝင်အသိအမှတ်ပြုမှုတစ်ခုပါ။ သူအသိအမှတ်ပြုထားတဲ့ သူတွေဆီက တင်တဲ့ သတင်းတွေ၊ ပိုစ့်တွေဟာ ယုံကြည်စိတ်ချလို့ရတယ်လို့ အကြမ်းဖျင်းအားဖြင့် သတ်မှတ်လို့ရပါတယ်။

ဘယ်လိုလူမျိုးတွေကို Blue Mark ပေးလေ့ရှိလဲ ???

နာမည်ကြီး Brands တွေ ၊ အောင်မြင်တဲ့ စီးပွားရေးသမားတွေ၊ နိုင်ငံ့ခေါင်းဆောင်တွေ၊ Celebrities တွေ၊ Media Company တွေ၊ Followers များတဲ့သူတွေနဲ့ search bar မှာ
ကိုယ့်နာမည်ကို ခဏခဏ ရှာကြည့်တာခံရတဲ့သူတွေကိုပေးလေ့ရှိပါတယ်။ ဒါပေမယ့် သူပေးချင်တဲ့သူမှပေးတာပါ။ နာမည်ကြီးတိုင်းလည်းမရပါဘူး။

များသောအားဖြင့်တော့

-Celebrities, Journalists, Musicians, athletes, etc.

-Brands or Businesses

-Sports Companies

-Media Companies

-Entertainment Companies

-Government Officials

စတဲ့ ဌာနတွေ၊ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေကို Facebook က Blue Mark ပေးတတ်ပါတယ်။ ကိုယ်က မီဒီယာတွေမှာ ခဏခဏဖော်ပြခံရတာမျိုး၊ Followers များတာမျိုးတို့ဆိုရင်တော့ ကိုယ့်မှာ Blue Mark ရနိုင်မယ့် အခွင့်အလမ်းကိုပိုများစေပါတယ်။ ကိုယ့်အကြောင်းကို ဖော်ပြထားတဲ့ website pages တွေရှိရင်လည်း ပိုအဆင်ပြေပါတယ်။ အရင်တုန်းကတော့ Blue Mark အပြင် page တွေအတွက် Grey Mark ဆိုပြီးလည်း သပ်သပ်ရှိပါသေးတယ်။ဒါပေမယ့် ၂၀၁၉ အောက်တိုဘာ ၂၈ ရက်နေ့ထဲက Facebook က Grey Mark ကို ဖယ်ရှားလိုက်ပါတယ်။ လက်ရှိတော့ Blue Mark ပဲကျန်ပါတော့တယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာဆိုရင် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်ပဲ Facebookအကောင့် စဖွင့်ကတည်းက Blue Mark ရခဲ့တာဖြစ်ပါတယ်။
ဒါလေးက ခဏခဏ လာလာမေးနေကြလို့ တခါတည်းပြောပြလိုက်တာပါ။တကယ်လို့ Blue mark ဘယ်လိုလျှောက်ချင်လဲ ဆိုတာ စိတ်ဝင်စားလို့ရှိရင် အောက်မှာ BlueMark လို့ ဝင်မန့်သွားပေးကြပါဦး။
Blue Mark ဘယ်လိုလျှောက်ရတယ်ဆိုတာကို ကျွန်တော်ပိုစ့်တစ်ခုအနေနဲ့ သေချာတင်ပေးပါ့မယ်။

-

KBZ Bank Account မှ Social Biz Myanmar သို့ တိုက်ရိုက် ငွေလွှဲချေနိုင်ပါပြီSocial Biz Myanmar ရဲ့ customer များအတွက် ကို...
25/08/2020

KBZ Bank Account မှ Social Biz Myanmar သို့ တိုက်ရိုက်
ငွေလွှဲချေနိုင်ပါပြီ
Social Biz Myanmar ရဲ့ customer များအတွက် ကိုဗစ်ကာလအတွင်း အပြင်ထွက်စရာမလိုပဲ Search box မှာ Social Biz Myanmar လို့ရှာလိုက်ရုံနဲ့ မိတ်ဆွေတို့ရဲ့ ငွေပေးချေမှုကို လွယ်ကူစွာ လုပ်ဆောင်နိုင်တော့ မှာပဲဖြစ်ပါတယ်။
KBZ bank acc ကနေ ငွေလွှဲလိုသူများအနေနဲ့

၁။ မိမိဖုန်းထဲက KBZ Bank App ကိုဖွင့် ၊ quick pay ကို နှိပ်
ပြီး Search box မှာ Social Biz Myanmar လို့ရှာလိုက်ရုံနဲ့
အလွယ်တကူတွေ့ရှိနိုင်မှာဖြစ်ပါတယ်။

၂။ ပြီးရင်တော့့ Form လေးတစ်ခု ကျလာတာကို တွေ့ရပါလိမ့်
မယ်။

၃။ အကောင့်နေရာမှာ မိမိရဲ့ အကောင့်ကိုထည့်ပါ။

၄။ နာမည်နေရာမှာ HAN THU LWIN၊ ဖုန်းနံပါတ်နေရာမှာ
09677771776၊ မြို့နယ်နေရာမှာ Yangon လို့ထည့်ပါ။

၅။ ပမာဏ (Amount) နေရာမှာ ကိုယ်လွှဲချင်တဲ့ ပမာဏကို
ထည့်ပြီး Submit နှိပ်ပါ ပေးချေနိုင်ပါပြီ။

ဒါကြောင့် မိတ်ဆွေတို့အနေနဲ့ တကူးတက ဆိုင်ကိုသွားပြီး ငွေပေးချေနေစရာမလိုပဲ မိမိတို့ရဲ့ အိမ်ထဲမှာနေပြီး ဖုန်းထဲကနေတဆင့် ‌အခက်အခဲမရှိ ငွေပေးချေနိုင်ပြီဖြစ်ပါတယ်။ အပြင်ထွက်စရာလည်းမလိုတော့ မိတ်ဆွေတို့ အတွက်အဆင်ပြေမှာပါ။
နောက်ပိုင်းမှာ မိတ်ဆွေတို့အတွက် အိမ်မှာနေပြီး လေ့လာလို့ရအောင် Facebook Marketing Online Class တွေကိုလည်းဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်။
ဒါကြောင့် ဒီပေ့ချ်် လေးကို like and seefirst လုပ်ထားပေးကြပါခင်ဗျာ။

KBZ Pay မှ Social Biz Myanmar သို့ တိုက်ရိုက် ငွေလွှဲချေနိုင်ပါပြီSocial Biz Myanmar ရဲ့ customer များအတွက် ကိုဗစ်ကာလအတွ...
25/08/2020

KBZ Pay မှ Social Biz Myanmar သို့ တိုက်ရိုက် ငွေလွှဲချေနိုင်ပါပြီ

Social Biz Myanmar ရဲ့ customer များအတွက် ကိုဗစ်ကာလအတွင်း အပြင်ထွက်စရာမလိုပဲ Search box မှာ Social Biz Myanmar လို့ရှာလိုက်ရုံနဲ့ မိတ်ဆွေတို့ရဲ့ ငွေပေးချေမှုကို လွယ်ကူစွာလုပ်ဆောင်နိုင်တော့ မှာပဲဖြစ်ပါတယ်။

၁။ မိတ်ဆွေတို့ရဲ့ ဖုန်းမှာ KBZ pay application ရှိတဲ့သူများအနေနဲ့ App ကို ဖွင့်လိုက်ပါ။

၂။ အောက်က tab လေးတွထဲက Life ဆိုတဲ့ tab လေးကို နှိပ်လိုက်ပါ။ အလယ်နားလောက်မှာ quick pay ဆိုတာလေးတွေ့ပါလိမ့်မယ်။

၃။ quick pay button လေးကို နှိပ်လိုက်ပါက ပုံထဲမှာပါတဲ့ အတိုင်း search box လေးတစ်ခု ပေါ်လာတာကို တွေ့ရပါလိမ့်မယ်။

၄။ အဲ့ဒီ search box မှာ social biz myanmar လို့ ရိုက်ထည့်လိုက်ပါက suggestion လေးတက်လာတာတွေ့ရပါလိမ့်မယ်။

၅။ အဲ့ဒီ suggestion လေးကို နှိပ်လိုက်ပါက form လေးတစ်ခု တွေ့ရပါလိမ့်မယ်။

၆။ နာမည်နေရာမှာ HAN THU LWIN၊ ဖုန်းနံပါတ်နေရာမှာ
09677771776၊ မြို့နယ်နေရာမှာ Yangon လို့ထည့်ပါ။

၇။ နောက်ပြီး အောက်က ပမာဏနေရာမှာ မိမိလွှဲလိုတဲ့ ပမာဏ
ကိုထည့်၊ ‌အောက်ဆုံးအကွက်မှာ မိမိသင်တန်း‌နာမည်ထည့်ပါ။
ဥပမာ- Facebook Marketing Class ဆို FMC ပေါ့။
Traning Fee ဆို Training fee ပေါ့။

အဲ့ဒါပြီးရင်တော့့Submit button လေးကိုနှိပ်ပါ။

နောက်တစ်မျက်နှာကို ရောက်သွားပြီး ကျသင့်ငွေကို တွက်ပြထားပါလိမ့်မယ်။

အဲ့ဒီမှာ Pay now နှိပ်လိုက်ပါ။ နောက်တစ်မျက်နှာရောက်သွားပါလိမ့်မယ်။

အဲ့ဒီမှာ Save Receipt ကိုနှိပ်ပြီး မိမိရဲ့ ငွေပေးချေမှုကို မှတ်တမ်းရယူထားလိုက်ပါ။

OK နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ သင့်ရဲ့ ငွေပေးချေမှုဟာ အောင်မြင်သွားပြီဖြစ်ပါတယ်။
ပုံမှာလည်း လုပ်ပုံလုပ်နည်းကို အစဥ်လိုက်ပြထားပါတယ်

ဒါကြောင့် မိတ်ဆွေတို့အနေနဲ့ တကူးတက ဆိုင်ကိုသွားပြီး ငွေပေးချေနေစရာမလိုပဲ မိမိတို့ရဲ့ အိမ်ထဲမှာနေပြီး ဖုန်းထဲကနေတဆင့် ‌အခက်အခဲမရှိ ငွေပေးချေနိုင်ပြီဖြစ်ပါတယ်။ အပြင်ထွက်စရာလည်းမလိုတော့ မိတ်ဆွေတို့ အတွက်အဆင်ပြေမှာပါ။
နောက်ပိုင်းမှာ မိတ်ဆွေတို့အတွက် အိမ်မှာနေပြီး လေ့လာလို့ရအောင် Facebook Marketing Online Class တွေကိုလည်းဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်။
ဒါကြောင့် ဒီပေ့ချ်လေးကို like and seefirst လုပ်ထားပေးကြပါခင်ဗျာ။

10/08/2020

Facebook Marketing Class - Mandalay (Batch-38) မှာ FMC Class ကို ဒုတိယအကြိမ် ပြန်Join ဖြစ်ခဲ့တဲ့အကြောင်းလေး...

Social Biz Myanmar ရဲ့လာမယ့် Yangon Facebook Marketing Class ကို Joinမယ်ဆိုရင် အခုပဲ Messengerမှာ စုံစမ်းမေးမြန်းပြီး အမြန်ဆုံးစာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်းသတင်းကောင်းလေးပါးလိုက်ပါတယ်နော်... 😉

Social Biz Myanmar " Facebook Marketing Class" (Batch - 38) မှာ ၁ ပတ်စာ Content Plan ကို အမြန်ဆုံးနဲ့ အကောင်းဆုံးဆွဲနိုင...
10/08/2020

Social Biz Myanmar " Facebook Marketing Class" (Batch - 38) မှာ ၁ ပတ်စာ Content Plan ကို အမြန်ဆုံးနဲ့ အကောင်းဆုံးဆွဲနိုင်ခဲ့တဲ့ သင်တန်းသား ၃ ယောက် ... 👍

အမိုက်စား Ideas တွေကို အကောင်းဆုံးချပြနိုင်ခဲ့တဲ့ သင်တန်းသား ၃ ယောက်ကို Social Biz Myanmar မှ FMC Class နဲ့ BMD Class အတွက် Discount Gift Card တွေကို ချီးမြှင့်ခဲ့ပါတယ်...

Social Biz Myanmar ရဲ့လာမယ့် Yangon Facebook Marketing Class ကို Joinမယ်ဆိုရင် အခုပဲ Messengerမှာ စုံစမ်းမေးမြန်းပြီး အမြန်ဆုံးစာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်းသတင်းကောင်းလေးပါးလိုက်ပါတယ်နော်... 😉

09/08/2020

Facebook Marketing စတော့မယ်ဆိုရင် အကုန်အကျနည်းနည်း နှင့် ထိရောက်မှုများများ ရှိစေမည့် ကြော်ငြာနည်း ၂ ချက်. . .

page တစ်ခုကို စနစ်တကျ မဆောက်ခဲ့ဘူးဆိုရင်လည်း စျေးရောင်းရမှာ မဟုတ်ပါဘူး။
ဒါကြောင့်. . .
- Page ရဲ့ အရေးကြီးတဲ့ အပိုင်း ၅ ချက်
- Page တည်ဆောက်ပြီးတာနဲ့ ချက်ခြင်း လုပ်ဆောင်ရမည့် အချက် ၃ ချက်
- ဝယ်ယူသူတွေရဲ့ ယုံကြည်မှု ရရှိစေမည့် Tab Management နည်းလမ်းများ
- Customer အသစ်တွေအတွက် အမြန်ဆုံး ဝယ်ယူစေမည့် နည်းလမ်း ၁ ချက်
- ဝယ်ယူမည့်သူတွေဆီကို မိမိရဲ့ Post တွေအမြဲရောက်နေစေမည့်နည်းလမ်း
- Boost အချိန်တိုင်းလုပ်နေစရာမလိုပဲ Potential Customer ဆိုတဲ့ အလားအလာရှိတဲ့ ဖောက်သည်တွေ စုဆောင်းနည်း
- မတူညီတဲ့ ဝယ်ယူသူတွေကို မတူညီတဲ့ နည်းလမ်း ၃ သွယ်နဲ့ ကြော်ငြာနည်း
- Page တစ်ခု စထောင်ပြီးတာနဲ့ Like တွေ Free ရစေမည့်နည်းလမ်း ၂ ခု

အချိန်မအားတဲ့ သူတွေအတွက်လည်း. . .
- လိုင်းပေါ်မှာ ရှိနေစရာမလိုပဲ အလိုလျောက် စာပြန်ပေးသည့် နည်းလမ်း
- ဆိုင်ပိတ်ချိန် ဆိုင်ဖွင့်ချိန်တွေ ကိုပါ အသေးစိပ် မှတ်သားပြီး ဝယ်ယူသူတွကို အဆင်ပြေပြေ ပြန်လည်ပြောဆိုနိုင်သည့် Auto Reply နည်း
- တစ်ခါ ဝယ်ယူထားဘူးသူတွေကို အမြဲတန်း ဖောက်သည်တွေ ဖြစ်အောင် ဆွဲယူစေမည့် နည်းလမ်း

ဒေါ်လာ အနည်းဆုံးနဲ့ ကြော်ငြာ( Boost)ချင်သူတွေအတွက်. . .
- တိကျသေချာတဲ့ Audience တည်ဆောက်နည်းတွေ
- Boost မလုပ်ခင်မှာပဲ မိမိရဲ့ Post က တကယ်အဆင်ပြေရဲ့လားဆိုတာ ကြည့်ရှု့နိုင်မည့်နည်း
- Boost လုပ်ပြီးတဲ့အခါ လူတစ်ယောက်ကို ကြော်ငြာခ ဘယ်လောက်ကုန်သွားလဲဆိုတာက အစ အသေးစိပ်ကြည့်ရှုနိုင်မည့် နည်းလမ်း
တွေကအစ အားလုံးကို ဒီFacebook Marketing Class ကနေပဲ သင်ကြားပေးသွားမှာဖြစ်လို့ စိတ်ဝင်စားရင် " FMC" လို့ မန့်သွားပေးပါ။

အမြဲ လိုလို ပြောင်းလဲနေတဲ့ ခေတ်မှာ Digital Marketing တွေဟာ အချိန်နှင့် တပြေးညီ တိုးတက်ပြောင်းလဲနေတာမို့ အခုပဲ တက်ရောက်လိုက်ပါ။

အစဉ်အလာ ကြီးမားခဲ့တဲ့ Social Biz Myanmar မှ သင်ကြားဖူးသူတိုင်းကို တစ်ခေါက် သင်တန်းတက်ပြီးတာနဲ့ နောက်တစ်ကြိမ် Free တက်ခွင့်ကိုပါ ပေးထားပြီးသားပါ။

*** သင်တန်းပြီးတာနဲ့ ပြန်လည်လေ့ကျင့်နိုင်ရန် Online Class ၃ မျိုးကိုလည်း Free Join ခွင့်ရမှာပါ။

သင်တန်းသားတိုင်းဟာ ကျွန်တော်တို့ရဲ့ ရတနာတွေပါပဲ။
ဒါကြောင့် ရတနာတိုင်းကို တန်ဖိုးထားလို့ SBM မှာ တက်ရောက်ခဲ့သူတိုင်း တကယ်တက်မြှောက်စေမှာမို့ အာ မခံ အပြည့်နဲ့ သင်ကြားပေးနေပါတယ်။

သင်တန်းသားတစ်ယောက်စီတိုင်းအတွက်လည်း သင်တန်းတက်ပြီးချိန်ကစလို့ အမြဲလိုလို အခက်ခဲတွေကို ကူညီနိုင်စေရန် SBM ရုံးချုပ်ကို လှည်းတန်းကမာရွတ်မှာ တည်ရှိထားပေးပါတယ်။

အကူညီလိုတိုင်း ကူညီနိုင်ရန် ကျွန်တော်တို့ အမြဲ ရှိနေပေးခဲ့ပါတယ်။ ဒါကပဲ ကျွန်တော်တို့ သင်ကြားမှုရဲ့ Value ပါပဲ။

သင်တန်းအသေးစိပ်အတွက် ဆက်သွယ်မေးမြန်းစုံစမ်းရန် - 09772166665 / 09401228417 သို့ဆက်သွယ် နိုင်ပါသည်။

ရန်ကုန် သင်တန်းနေ့ရက် အချိန် - 22 / 23 August 2020
မန်းလေး သင်တန်းနေ့ရက် အချိန် - 12 / 13 Sept. 2020

နေ့ရက်တွေမှာ သင်ကြားပေးသွားမှာပါ။

်တန်း

08/08/2020

ရောင်းအားတွေ ကျသွားခဲ့ရင် ဒီနည်းလမ်းသုံးပါ။
အရင်လို Boost ခလုတ်နှိပ်တက်ရုံနဲ့ စျေးမရောင်းရတော့ဘူးလား. . . .

07/08/2020

Facebook Marketing Online Class တက်ပြီး အပြင်သင်တန်းပါ လာJoinဖြစ်တဲ့ အကြောင်းလေး. . .

07/08/2020

Facebook Marketing Class ကို ဒုတိယအကြိမ် တစ်နှစ်ပြည့် ပြန်လည် တက်ရောက်ခဲ့တဲ့ သက်တန့်ရောင် ပုံနှိပ် (ဇေသက်တန့်) Founder ကိုဇေယျာထွန်းရဲ့ ဖြေကြားမှုလေး. . .

Address

Sein Yandanar Street
Kamayut

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959401228417

Alerts

Be the first to know and let us send you an email when Social Biz Myanmar - SBM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Social Biz Myanmar - SBM:

Share