08/01/2021
လိုဂိုကောင်းတစ်ခု
လိုဂိုလေးက လှလိုက်တာ ...
ကြည့်လိုက်တာနဲ့ ဆွဲဆောင်မှု ရှိနေတာပဲ ....
စတဲ့ စတဲ့ ... အဲ့ဒီလို အပြောတွေရဲ့ နောက်ကွယ်မှာ
လိုဂိုကောင်းတခုဖြစ်လာဖို့ Iceberg လိုပါပဲ
မမြင်ရတဲ့ အောက်မှာ ကြီးမားတဲ့ အချက်တွေ အများကြီး ရှိနေပါတယ်
ကျွန်တော်တို့ အပေါ်ယံ မြင်နေရတဲ့ Logo ကောင်းတခုဟာ ....
ရိုးရှင်းပြီး နယ်ပယ်စုံ အသုံးချနိုင်မှု
- ဥပမာ Apple Logo လိုပေါ့ ... Apple Smartphone, Apple Smart Watch, iPod, iCloud ... စတဲ့ သူရဲ့များစွာသော Products/Services တွေနဲ့ .. နောက်ပိုင်းဆိုရင် Apple Electronic Car, Apple Social Networking Site တွေထိပါ ဖြစ်ရင် ဖြစ်လာနိုင်ပါတယ် .... သူရဲ့ Logo က ရိုးရှင်းပြီး နယ်ပယ်စုံတိုးချဲ့လို့ရတဲ့အထိ Apply လုပ်လို့ရပါတယ် ...
အရောင်နဲ့ စိတ်ခံစားချက်ပေးနိုင်မှု
- နောက်တခုကတော့ ကျွန်တော်တို့ အပြင်သွားရင် မြင်နေကျ ပန်းရောင်တွေလိုပါပဲ ... Food Panda Rider တွေကိုပြောတာပါ .. မြင်လိုက်တာနဲ့ ချစ်စဖွယ်ကောင်းမှု၊ စားချင်စိတ် ဖြစ်ပေါ်လာမှု ... Logo ရဲ့အရောင်ရွေးချယ်မှုကလဲ တော်တော် အရေးပါပါတယ် ... ကိုယ်ရဲ့Business Type နဲ့ကိုက်ညီတဲ့ အရောင်မျိုးကို ရွေးချယ်ပြီး သုံးသင့်ပါတယ် ....
အဓိပ္ပါယ်ပြည့်ဝမှု
- KFC Logo ဟာ သူရဲ့ Founder Picture Colonel Harland Sanders ကို အသုံးပြုပြီး သန္ဓေတည်ပါတယ် ... Mercedes ရဲ့ Logo ဟာဆိုရင် အထဲကအဝိုင်း Triangle ပုံစံဟာ Company ရဲ့ ကြီးစိုးမှု Land, Sea, Air ကို ကိုယ်စားပြုပါတယ် ...
ရေရှည်အသုံးပြုနိုင်မှု
- ကိုယ့်ရဲ့လုပ်ငန်းက နောက်၅နှစ်၊ နောက်၁၀နှစ် .... ထပ်ပြီးတိုးချဲ့ဖို့ရှိတယ် ... မတူညီတဲ့လုပ်ငန်းအနေနဲ့ ရော Extend လုပ်ဖို့ရှိတယ်ဆိုရင် Logo ဆွဲတဲ့အခါ ဒီအချက်ကိုပါ ထည့်သွင်းစဉ်းစားရမှာပါ ... နောက်မှ လူတွေမှတ်မိပြီးမှ အစကအသစ်ပြန်ပြောင်းမယ်ဆိုရင် ထပ်ပြီး အချိန်ကုန်၊ ပိုက်ဆံကုန်မှာ ဖြစ်ပါတယ် .. Logo စမဆွဲခင်ထဲက ကြိုတင်စဉ်းစားထားသင့်ပါတယ် ....
မှတ်မိလွယ်ကူမှု
- Nike, McDonalds ... တို့လိုမျိုး လူတွေရဲ့ အမြင်မှာ မှတ်မိလွယ်နေဖို့ကလဲ အရေးကြီးပါတယ် ... Starbucks ဟာဆိုရင် သူရဲ့ Brand, Brand Logo ဟာ ဘယ်လောက် Strong ဖြစ်ကြောင်း နာမည်တောင် မတပ်တော့ပါဘူး .....
လုပ်ငန်းနယ်ပယ်နဲ့ ဒီဇိုင်းဟန်ပန်ကိုက်ညီမှု၊
- Logo ဟာ မိမိရဲ့Business Type နဲ့ ကိုက်ညီမှုရှိနိုင်ရဲ့လား Directly (or) Indirectly Relevant ဖြစ်ဖို့တော့ လိုအပ်ပါတယ် .... ဥပမာ. Adidas ရဲ့ Mountain Emblem Logo ဟာဆိုရင် အားကစားသမားတွေအတွက် Ideal Fit အနေနဲ့ ည်ညွန်းထားတာဖြစ်ပါတယ် ....
စနစ်တကျရှိမှု
- လုပ်ငန်းနာမည် အစစာလုံး အငွေ့အသက်နဲ့ အကွာအဝေး စကေးတိကျမှု၊ အဓိပ္ပာယ်ပြည့်ဝသော ပုံသဏ္ဍာန် အားလုံးပေါင်းစပ်မှု၊ ဦးတည်ချက် ရည်မှန်းချက်သို့ တည့်မတ်စွာ ရောက်ရှိမှု စတဲ့အချက်တွေနဲ့ စနစ်တကျ ဖွဲ့စည်းထားဖို့ လိုအပ်ပါတယ်
ဒီလို အပေါ်က အချက်တွေနဲ့သာ ပြည့်စုံနေမယ်ဆိုရင် လိုဂိုကောင်းတခုဆိုတာ ပြောလို့ ရနေပါပြီ ...
ကျွန်တော်တို့ Finest Logo Creation မှ
ဖန်တီးမှု အားကောင်းသော Creative Designers များမှ
လူကြီးမင်းတို့၏ အမှတ်တံဆိပ်လုပ်ငန်း လိုဂိုဒီဇိုင်းများကို စိတ်တိုင်းကျ ရေးဆွဲပေးနေပါတယ်
အရည်အသွေးပိုင်း Quality ပိုင်းကို
အဓိက ဦးစားပေးတာကြောင့် လှည့်ကြည့်စရာမလိုပဲ အပြည့်အဝ စိတ်ချ ယုံကြည်နိုင်ပါတယ်ခင်ဗျာ
ကျွန်တော်တို့ ဖန်တီးခဲ့ဖူးတဲ့ ဒီဇိုင်းလက်ရာများကို Finest Website တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ် ခင်ဗျာ
page Messenger ကသော်လည်းကောင်း
ရုံးဖုန်းကိုသော်လည်းကောင်း
ဆက်သွယ်ပြီး လိုအပ်တာ မှန်သမျှကို မေးမြန်းနိုင်ပါတယ်...
𝗙𝗶𝗻𝗲𝘀𝘁
No. 211, Floor 1, Mahar Bawga (1) St, Kamayut Tsp, Yangon, Myanmar
📨 [email protected]
🌐 http://www.finestcreative.com.mm/
📲 09 77 4343 100