Angle online shop

Angle online shop Baby & lady collection

14/06/2026
🫧 ယိုးဒယားဆပ်ပြာမှုန့် (အလွတ်ထုပ်) 🫧✨ ကိုယ်တိုင်သုံးပြီး သဘောကျလို့ ပြန်ညွှန်းပေးတာပါ ✨✅ ဘတ်ဂျက် Save ဖြစ်တယ်✅ အဝတ်လျှော...
14/06/2026

🫧 ယိုးဒယားဆပ်ပြာမှုန့် (အလွတ်ထုပ်) 🫧

✨ ကိုယ်တိုင်သုံးပြီး သဘောကျလို့ ပြန်ညွှန်းပေးတာပါ ✨

✅ ဘတ်ဂျက် Save ဖြစ်တယ်
✅ အဝတ်လျှော်သန့်စင်မှုကောင်းတယ်
✅ Quality လည်း မလျော့ဘူး
✅ မိသားစုများတဲ့အိမ်တွေအတွက် အရမ်းအဆင်ပြေတယ်

💰 1kg – 6,800 ကျပ်

📌 မှာယူချင်တယ်ဆိုရင် ကိုယ့်ဆီမှာ ရပါတယ်နော်။
📩 Chat Box မှာ အသေးစိတ် လာမေးနိုင်ပါတယ်ရှင်။

23/12/2025

👍 ရိုးသားမှု 👍

ကိုယ့်ရဲ့အားနာမှုနဲ့ ရိုးသားမှုကို
အခွင့်ကောင်းယူပြီး အသုံးချသွားတဲ့အခါတွေ
တစ်ကြိမ်ထက်မနည်း ကြုံခဲ့ဖူးတယ်။

ကိုယ့်ပညာကို ဦးနှောက်ဖောက်စားသွားတာတွေကိုလည်း
သင်ခန်းစာတစ်ခုအနေနဲ့ လက်ခံခဲ့ပါတယ်။

အဲ့လိုလုပ်ခံရတဲ့ ကိုယ်ကတော့
ဘာမှမဖြစ်သွားပါဘူး။
ဒါပေမယ့်
လုပ်သွားတဲ့သူကိုတော့ ရှောင်ပြီး နေလိုက်တယ်။

ဘာလို့လဲဆိုတော့
သူဟာ ဘယ်လိုလူမျိုးလဲဆိုတာ
ကိုယ်သိသွားခဲ့လို့ပါ။

လူတစ်ယောက်အတွက်
ကာရိုက်တာ ဆိုတာ အရမ်းအရေးကြီးတယ်။
လုပ်ရပ်တွေကပဲ
သူဘယ်လိုလူလဲဆိုတာ ဖော်ပြသွားပါတယ်။

ကိုယ့်လိပ်ပြာ ကိုယ်လုံဖို့က
အရေးကြီးဆုံးပါ 😇

ဒီအတွေ့အကြုံတွေကနေ
အားမနာတတ်ဖို့ ကိုယ့်ကိုယ်ကို ပြင်ဆင်လိုက်တယ်။

ဘယ်သူတွေ ဘယ်လိုပဲ မမှန်မကန် လုပ်ခဲ့ပါစေ
သူတို့ကြောင့်
ကိုယ့်ကာရိုက်တာကို အပျက်စီးမခံနိုင်ပါဘူး။

ဒါကြောင့်
🙂 ကိုယ်ကတော့ ဆက်ပြီး ရိုးသားနေပါဦးမယ် 🙂

13/12/2025

ဒီနေ့ကိုယ်သင်ခဲ့တဲ့သင်တန်းကနေရခဲ့တဲ့အသိတစ်ခု

ကိုယ်လုပ်ရင်ဘာမဆိုဖြစ်နိုင်တယ်အချိန်နှောင်းတယ်ဆိုတာမရှိဘူး အင်တိုက်အားတိုက်ဆက်တိုက်လုပ်နေဖိုလိုတာ
KFC ကြက်ကြော် ဘရန်းပိုင်ရှင်တောင် အသက်၇၀မှ လုပ်ငန်းစပီး ကမ္ဘာကျော်လာတာ ကိုယ်အသက်၃၀ကျော်ဘဲရှိသေးတယ် အများကြီးဖြစ်နိင်သေးတယ်ဆိုတာဘဲ

Address

Kyaikhto

Alerts

Be the first to know and let us send you an email when Angle online shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share