မင်္ဂလာမိုး သံဆိုင်

မင်္ဂလာမိုး သံဆိုင် မင်္ဂလာမိုးသံဆိုင်​ မှ မိတ်​​ဟောင်း ?

09/03/2024
Photo credit to   ConstructionsSteel Structure footing နမူနာလေးတွေပါ
11/11/2023

Photo credit to Constructions
Steel Structure footing နမူနာလေးတွေပါ

Wall Lamp
03/09/2023

Wall Lamp

ချိန်းလင့်စက်အရောင်းလေးပါ
22/11/2022

ချိန်းလင့်စက်အရောင်းလေးပါ

Sir U Tun Tun Oo ရေးသားသည်(အဆောက်အဦး၏ခေါင်မိုးနှင့်ပတ်သက်သည့်အသေးစိတ်‌အစိတ်အပိုင်းအခေါ်အဝေါ်‌များ)           ( Parts  O...
05/06/2022

Sir U Tun Tun Oo ရေးသားသည်

(အဆောက်အဦး၏ခေါင်မိုးနှင့်ပတ်သက်
သည့်အသေးစိတ်‌အစိတ်အပိုင်းအခေါ်
အဝေါ်‌များ)
( Parts Of a Roof )

(၁) Ridge (ခေါင်ရိုး)
အမိုးတစ်ခု၏မျက်နှာပြင်အစောင်းနှစ်ခု
ထိပ်ချင်းဆုံရာတွင်ဖြစ်ပေါ်နေသောအမြင့်ဆုံးအစိတ်အပိုင်းကိုခေါင်ရိုး Ridge ဟုခေါ်သည်

(၂) Ridge Cover (ခေါင်အုပ်)
ခေါင်းရိုးကိုဖုံးအုပ်ထားသောခေါင်အုပ်ကိုခေါ်သည်၊အုန်းလက်များတွင်ခေါင်အုပ်နှင့်ပင်ဖုံးအုပ်၍ပေးရသည်၊

(၃) Hip (အုန်းလက်)
အမိုးအစွန်းနှစ်ဖက်တို့သည်အပြင်ဘက်သို့၁၈၀° ထက်များ၍ထွက်နေသောအစွန်းကိုအုန်းလက်ဟုခေါ်သည်၊

(၄) Hip Rafter (အုန်းလက်ဒိုင်း)
အုန်းလက်နေရာတွင်အသုံးပြုသောသစ်
သားကိုအုန်းလက်ဒိုင်း Hip Rafter ဟုခေါ်
သည်၊

(၅) Valley (ရေလိမ်)
အမိုးအစွန်းနှစ်ခုတို့သည်အတွင်းဘက် ၁၈၀°ထက်နည်း၍တွေ့ဆုံနေလျှင်၄င်းအစိတ်
အပိုင်းကိုရေလိမ်ဟုခေါ်သည်၊

(၆) Valley Rafter (ရေလိမ်ဒိုင်း)
ရေလိမ်နေရာတွင်အသုံးပြုသောသစ်သား
ကိုရေလိမ်ဒိုင်း Valley Rafter ဟုခေါ်သည်၊

(၇) Verge (ကျီးယက်)
မြင့်မိုရ်ပိတ်အမိုးများတွင်ခေါင်မှတစက်မိတ်အထိစောင်းလျှက်ဆင်းလာသောအစွန်းကို Verge ကျီးယက်ဟုခေါ်သည်၊ဤနေရာတွင်အသုံးပြုသောပျဥ်ပြားကိုဘဲတောင်(သို့)
လေကာတာဟုခေါ်သည်၊

(၈) Gable ( မြင့်မိုရ်ပိတ်)
အမိုးအစောင်းနှစ်ခုအဆုံးသပ်ရာ၌ထိပ်
တွင်တွေ့ရှိရသောတြိဂံပုံကိုမြင့်မိုရ်ဟုခေါ်သည်၊၄င်းကိုအုပ်(သို့)အခြားသင့်လျှော်သောအရာဝတ္ထုများနှင့်ဖုံးအုပ်၍ပေးရသည်၊၄င်းကိုမြင့်မိုရ်ပိတ်ဟုခေါ်သည်၊
အမိုးတစ်ခု၌မြင့်မိုရ်များစွာရှိကြပြီးအကြီး
ဆုံးမြင့်မိုရ်ကို Gable ဟုခေါ်ပြီးကျန်၄င်းထက်ငယ်သောမြင့်မိုရ်များကို Gablet ဟုခေါ်သည်၊

(၉) Trusses (ဒိုင်းခွေ)
အခန်းတစ်ခု၏အဖွင့်ကျယ်လာသော
အခါဒိုင်းများသက်သက်အမာခံပြုလုပ်၍မရနိုင်ဘဲဒိုင်းခွေကြီးများခံ၍ဆောက်လုပ်ပေးရသည်၊အဆိုပါဒိုင်ခွေကြီးများကို Trusses ဟု
ခေါ်ကြသည်၊

(၁၀) Eave (တစက်မြိတ်)
အမိုး၏အနိမ့်ဆုံးသောအစိတ်အပိုင်းကို
တစက်မြိတ်(Eave)ဟုခေါ်သည်၊

(၁၁) Eave Board (ပန်းဆွဲ)
တစက်မြိတ်ဒိုင်းအစွန်းများတွင်သွယ်
တန်းထားသော ပျဥ်ပြားများကို ပန်းဆွဲ
(Eave Board)ဟုခေါ်သည်၊

(၁၂) Purlin (မျှားတန်း)
အမိုးမိုးရန်ဒိုင်းများပေါ်တွင်သွယ်တန်းထား
သောသစ်သားတန်းများကို Purlin မျှားတန်း
ဟုခေါ်သည်၊

(၁၃) Tie (ထုပ်တန်း)
တိုင်နှစ်လုံးကိုချုပ်နှောင်ရန်သွယ်တန်း
ထားသောသစ်သားတန်းကိုထုပ်တန်း Tie ဟု
ခေါ်သည်၊

(၁၄) Collar (ဒိုင်းချုပ်)
ဒိုင်းနှစ်ခုပြန့်မကားသွားစေရန်ထိမ်းချုပ်
ထားသောတန်းကိုဒိုင်းချုပ် Collar ဟုခေါ်
သည်၊

(၁၅) Fascia Board (ခါးပန်း)
ဆင့်အစွန်းများကိုဖုံးအုပ်ရန်ရိုက်ကပ်
ထားသောပျဥ်ပြားကိုခါးပန်းဟုခေါ်သည်၊

(၁၆) Post Plate (ယောက်)
သစ်သားတိုင်များတွင်ဒိုင်းများတင်ထားနိုင်ရန်အသုံးပြုသောသစ်သားချောင်းများကို
ယောက် Post Plate ဟုခေါ်သည်၊


(၁၇) Wall Plate (အုံးတုံး)
ဒိုင်းများကိုလက်ခံ၍နံရံပေါ်တွင်အလေး
ချိန်ညီမျှစွာပြန့်နှံစေရန်တပ်ဆင်ထားသောသစ်သားချောင်းများကို အုံးတုံး (Wall-
Plate)ဟုခေါ်ကြသည်၊

(၁၈) Cleat (ဖါးတုံး)
မျှားတန်းများကိုဖြစ်စေ၊ယက်မများကိုဖြစ်စေပင့်ထားရန်တပ်ဆင်ထားသောသစ်သားတုံးများကို Cleat ဖါးတုံးများဟုခေါ်သည်၊

(၁၉) Jack Rafter ( နို့စို့ဒိုင်း)
ဒိုင်းအတိုများရှိ၍နို့စို့ဒိုင်းများဟုခေါ်သည်၊
အချို့မှာခေါင်ရိုးမှရေလိမ်ဒိုင်းတွင်အဆုံးသပ်
၍အချို့မှာအုန်းလက်မှတစက်မြိတ်တွင်အဆုံး
သတ်သည်၊

(၂၀) Ridge Piece (ခေါင်ယောက်)
ခေါင်ရိုးတွင်အသုံးပြုထားသောသစ်သား
ကိုခေါ်သည်၊

(၂၁) Common Rafter (or) Spar
(ရေဆင်းဒိုင်း)
ခေါင်မှတစက်မြိတ်အထိမျှားတန်းများတင်ထားနိုင်ရန်သွယ်တန်းထားသောဒိုင်းများကိုခေါ်သည်၊

(၂၂) Wind Filling
ဒိုင်းနှစ်ခုအကြားရှိကွက်လပ်ကိုလင်းနို့/
ကြွက်အစရှိသောသတ္တဝါများမဝင်နိုင်စေရန်
သံစကာနှင့်ဖြစ်စေ / နံရံကိုမြှင့်၍ဖြစ်စေ /အခြားသောပစ္စည်းတမျိုးမျိုးကိုအသုံးပြု၍
ဖြစ်ပိတ်ထားရပေမည်၊၄င်းက်ို Wind Filling
ဟုခေါ်သည်၊

(၂၃) Beam Filling
ဆင့်နှစ်ခုအကြားတွင်သင့်လျှော်သော
ပစ္စည်းတမျိုးမျိုး နှင့် ပိတ်ထားပေးခြင်းကို
Beam Filling ဟုခေါ်သည်၊

(၂၄) Sprocket (စွန်မြီးကော့)
၄င်းကိုနံရံတစ်ခု၏အမြင့်အားလိုသောနေရာ၌ထားရှိနိုင်ရန်နှင့်တခါတရံမိုးရေအရှိန်
နည်းစွာစီးဆင်းနိုင်စေရန်အတွက်တပ်ဆင်
ထားပေးသည်၊ဤကဲ့သို့ပြုလုပ်နိုင်ရန်မူလဒိုင်းကိုတစက်မြိတ်အထိမငွယ်တန်းဘဲ၊အခြားဒိုင်း
ဖြင့်အဖျားကော့၍တင်ဆင်ထားရသည်၊၄င်းကို Sprocket စွန်မြီးကော့ဟုခေါ်သည်၊

(၂၅) Ceiling (မျက်နှာကြက်)

(၂၆) Roofing (ခေါင်မိုးမိုးထားသည့်
အရာဝတ်ထု )

(၂၇) Webs tie (ကန့်လန့်တန်း)

(၂၈) Pitch (ခေါင်အစောင်း)
အမိုးတစ်ခု၏မျက်နှာပြင်အစောင်းနှင့်ရေပြင်ညီမျဥ်းဆုံရာတွင်ဖြစ်ပေါ်လာသောထောင့်ကို Pitch ဟုခေါ်ပါသည်၊

(၂၉) Pitched Roof (ခေါင်စောက်အမိုး)

(၃၀) Flat Roof ( ခေါင်ပြန့်အမိုး )

(၃၁) Batten (ဇလီ)

(၃၂) Flashing
အိမ်မိုးနှင့်နံရံအဆက်ကိုမိုးရေလုံအောင်
ဖုန်းထားသည့်သတ္ထုပြား

(၃၃)Skylight (အလင်းဝင်ပေါက်)

(၃၄) Gutter (ရေတံလျောက်)

(၃၅) Chimney (မီးခိုးခေါင်းတိုင်)

(၃၆) Dorme (အမိုးစောင်းမတ်ရပ်
ပြတင်းပေါက်)

(၃၇) Soffit (အောက်ဘက်မျက်နှာပြင်)

(၃၈) Leak Barrier (ရေစိမ့်ပေါက်အကာ)

(၃၉) Fall (ရေဆင်း)

(၄၀) Roof Member
အမိုးပစ္စည်းများကိုထမ်း‌ဆောင်နိုင်ရန်
အတွက်ဒိုင်းများ၊မျှားတန်းများ၊ဒိုင်းခွေများ၊
အုံးလက်နှင့်ရေလိမ်ဒိုင်းအစရှိသည်တို့ကို
Roof Member များဟုခေါ်ဆိုကြသည်၊

(၄၁) Lightning- Conductor
(မိုးကြိုးလွှဲပစ္စည်းကိရိယာ)

(၄၂) Drain Water Down Take Pipe
( မိုးရေလွှတ်ပြွန်)

(၄၃) Cess Pool (ရေကန်ငယ်)

(၄၄) Lean To Roof (or) Shed Roof
(တစ်ဘက်ရအမိုး)

(၄၅) Couple Roof (နှစ်ဘက်စောင်းအမိုး)

(၄၆) Couple Closed Roof
(အခြေထိမ်းထုပ်တန်းပါသောနှစ်ဘက်
စောင်းအမိုး)

(၄၇) Collar Roof (ဒိုင်းချုပ်ပါသောအမိုး)

(၄၈) King Post Roof Truss
(ညာတိုင်တစ်လုံးပါသောဒိုင်းခွေ)

(၄၉) Queen Post Roof Truss
(ညာတိုင်နှစ်လုံးပါသောဒိုင်းခွေ)

(၅၀) Mansard Truss
(ညာတိုင်တစ်လုံးနှင့်နှစ်လုံးပေါင်းစပ်ပြုလုပ်
ထားသောဒိုင်းခွေ)

(၅၁) Laminated Roof Truss
(နှစ်ထပ်ဒိုင်းခွေ)

(၅၂) Lantern Light (လည်ပေါ်)

(၅၃) Composite Roof Truss
သစ်သားနှင့်သံပေါင်းစပ်ပြုလုပ်ထား
သောဒိုင်းခွေ)
(၅၄) Mild Steel Truss
(သံဒိုင်းခွေ)

(၅၅) C.G.I Sheet Roofing
( သွပ်ရည်သုတ် သံပြားတွန့်အမိုး)

(၅၆) C.A.C Sheet Roofing
(ဘိလပ်မြေကျောက်ဂွမ်းပြားတွန့်အမိုး)

(၅၇) Wagut Roofing
(ဝါးကပ်မိုး)

(၅၈) Thatch Roofing
(သက်ငယ်အမိုး)

(၅၉) Dhani Roofing
(ဓနိအမိုး)

(၆၀) Valley Gutter
( ရေလိမ်ရေတံလျောက်)

(၆၁) Eave Gutter
( တံစက်မြိတ်ရေတံလျောက်)

(လေ့လာမိရာအဖြာဖြာ)
U Tun Tun Oo

ဟော်လိုဆိုဒ်စုံထပ်ရောက်ထားပါတယ်ခင်ဗျာ
20/05/2022

ဟော်လိုဆိုဒ်စုံထပ်ရောက်ထားပါတယ်ခင်ဗျာ

22/02/2022
Hand tools လေးတွေထပ်ရောက်ထားပါတယ်ခင်ဗျ
10/02/2022

Hand tools လေးတွေထပ်ရောက်ထားပါတယ်ခင်ဗျ

Address

Mandalay/Lashio Road
Kyaukme

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 17:00

Telephone

+959403707870

Website

Alerts

Be the first to know and let us send you an email when မဂၤလာမိုး သံဆိုင္ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share