ဦးမင်းမောင် နိဗ္ဗာန်ကုန်ပစ္စည်းဆိုင်

  • Home
  • Myanmar
  • Kyaukse
  • ဦးမင်းမောင် နိဗ္ဗာန်ကုန်ပစ္စည်းဆိုင်

ဦးမင်းမောင် နိဗ္ဗာန်ကုန်ပစ္စည်းဆိုင် နိဗ္ဗာန်ကုန်

25/11/2025
ဘေးရန်ကင်းကွာ ကျန်းမာကြပါစေ 🙏
23/04/2024

ဘေးရန်ကင်းကွာ ကျန်းမာကြပါစေ 🙏

🙏" #ဗန်းမော်ဆရာတော်ကြီးပြောပြသောပဋ္ဌာန်းအဓိဋ္ဌာန်"🙏🙏🌹🙏🌹🙏🌹🙏🌹🙏🙏🌹🙏🌹🙏🌹🙏"ဗန်းမော်ဆရာတော်လို့ဆိုကြပေမယ့် ကျုပ်က ဗန်းမော် တောင်...
21/04/2024

🙏" #ဗန်းမော်ဆရာတော်ကြီးပြောပြသောပဋ္ဌာန်းအဓိဋ္ဌာန်"🙏

🙏🌹🙏🌹🙏🌹🙏🌹🙏🙏🌹🙏🌹🙏🌹🙏

"ဗန်းမော်ဆရာတော်လို့ဆိုကြပေမယ့် ကျုပ်က ဗန်းမော် တောင်ရောက်ဖူးတာ မဟုတ်ဘူး။
မန္တလေးမှာ ဗန်းမော် မိဖုရားကြီးလှူဒါန်းခဲ့တဲ့ ဗန်းမော်ကျောင်းတိုက်ဆိုတာရှိတယ်။
နှစ်ပေါင်း (၁၅၀ )ကျော်ပြီဖြစ်တဲ့
ကျောင်းအိုကြီးပေါ့ "

"ကျုပ်ကလည်း ဒီကျောငိးအိုကြီးကို ပြင်ဖို့မပြောနဲ့
ဖျက်ရမယ့်လက်သမားခတောင် မတတ်နိုင်ဘူး"

"တစ်ရက်မှာ သီလရှင်ဆရာကြီးတစ်ပါးက ဆွမ်းစား
လာ ပင့်တယ် ဒေါ်စိတ္တရတဲ့။သီလရှင် ဆိုပေမယ့်
တိုက်ကျောင်းကြီးတွေရှိတဲ့အပြင် မဟာစေတီကြီးကို
ထီးတော်တင်လှူရာမှာ စိန်ဖူးတော် ( ၉ )လုံးနဲ့ တင်လှူ
နိုင်တယ်"

"ဒေါ်စိတ္တရာက ကျုပ်ကျောင်းအိုကြီးကို ကြည့်ပြီး

'ကိုယ်တော် ဒီကျောင်းကြီးကို အသစ်ဖြစ်ချင်ရင်
ပဋ္ဌာန်းရွတ်ပါ'တဲ့ ။

"ဘယ်နှယ့်ဗျာ ဘုန်းကြီးပဲ ပဋ္ဌာန်းမရွတ်ပဲနေပါ့မလား
ရွတ်တာပေါ့ဗျ"လို့ပြောလိုက်တယ်။

'ဘယ်လို ရွတ်တာလဲ ဘုရား'

"ပဋ္ဌာန်းပစ္စေယနိဒ္ဒေသပါဠိကို တစ်နေ့ တစ်ခေါက်
တော့ ရွတ်တာပေါ့ဗျာ"

'ကိုယ်တော်ရွတ်ပုံက စံချိန်မကိုက်လို့ပဲ'လို့ဆရာကြီး
က ပြောပြန်တယ်။

"ပဋ္ဌာန်းရွတ်တာပဲဗျာ စံချိန်လိုသေးလားဗျာ။ကျုပ်ရွတ်
လာတာ (၁၉၄၂ )ခုနှစ်ကတည်းကဗျာ့"

ဆရာကြီးဒေါ်စိတ္တရာက……

'ပဋ္ဌာန်း ပစ္စေယနိဒ္ဒေသပါဠိတော်ကို တစ်နေ့တည်း တစ်ချိန်တည်း (၂၄ )ခေါက်ပြည့်အောင် နေ့တိုင်းရွတ်
ပါ။(၂၄ )ရက်ပြည့်ရင် အကျိုးထူး ရကို ရစေရမယ်'လို့
ရဲရဲကြီး အာမခံပြောသွားတယ်။

"ကျုပ်လည်း သီလရှင်ဆရာကြီးပြောတဲ့အတိုင်း
ရက်မပျက်ရွတ်တာပေါ့ဗျာ။တစ်ရက်မှာ ပဋ္ဌာန်းရွတ်
နေရင်းမျက်နှာကျက်ကနေ နှင်းတွေကျလာသလို ခေါင်း
ပေါ်ကို ရေစက်တွေကျလာတယ်။တကျောင်းလုံးလည်း
ရေမွှေးနံ့တွေ လှိုင်နေတာပဲ။ဒကာ တစ်ယောက်ကျောင်း
ပေါ်ရောက်လာပြီး……

'ဟာ ကိုယ်တော်ရေမွှေးပုလင်းများ
မှောက်ထားတာလား ဘုရား'

"ဘုန်းကြီးကျောင်းပါဆိုနေ ဘယ်ကရေမွှေးရှိရမှာ
လည်း ဒကာရ "လို့ပြောလိုက်ရတယ်။

"နတ်တွေ l ဗြဟ္မာတွေ ပဋ္ဌာန်းတရားလာနာ နေပြီဆို
တာ သိလိုက်ရတယ်"

"(၂၄ )ရက်ပြည့်တာနဲ့သီလရှင်ဆရာကြီး ပြောသလို
စံချိန်စံကိုက်ဖြစ်သွားတယ်တူပါရဲ့။တစ်နည်းပြောရ
ရင် ပဋ္ဌာန်း အဓိဌာန်အောင်တယ်လို့ပြောရမှာပေါ့''

"ပဋ္ဌာန်းအဓိဌာန်ပြည့်ပြီး တစ်ပတ်လောက်အကြာမှာ
နာမည်ကြီး သူဋ္ဌေးဒကာ တစ်ဦးကျောင်းရောက်လာ
တယ် ကျောင်းကြီးကို မော့ကြည့်ပြီး"

'အင်း ဒီကျောင်းအိုကြီးအကြောင်းကို ကြားဖူးနေတာ
ကြာပြီ အခုမှပဲ မြင်ဖူးတော့တယ် တပည့်တော် တစ်ဦး
ထဲ ဒီကျောင်းကို တိုက်ကျောင်းအဖြစ် အသစ်ဆောက်
လုပ် လှူဒါန်းပါရစေ ဘုရား'

"အင်း ပဋ္ဌာန်းတန်ခိုးတွေပြနေပါပေါ့လား။အဓိဌာန်
အောင်မယ့် အောင်တော့လည်း အတော်ထူးဆန်း
ပါ့လား"

"သိပ်မကြာပါဘူး ဒကာတစ်ဦးက ကား လာလှူပြန်
တယ်။တစ်သက်လုံးမန္တလေးမှာပဲ နေရမယ်ထင်ထား
တာ။ရန်ကုန် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာ
သနာပြု တက္ကသိုလ်မှာ ဒုတိယပါမောက္ခချုပ်တာဝန်
ကို သက်ဆိုင်ရာက အပ်နှင်းခြင်းခံရပြန်တယ်"

"ကျုပ် ဒီအသက်အရွယ်အထိ နတ် ဗြဟ္မာတွေကို
မမြင်ဘူးဖူး။ပဋ္ဌာန်းကတော့ နေ့တိုင်းရွတ်နေတာပဲ
လေ။နတ် ဗြဟ္မာတွေကို ကိုယ်တိုင်မြင်ချင်ပါတယ်
ဆိုပြီး အသံထွက်တောင်းဆိုမိတယ်"

"တစ်ရက်မှာတော့ မနက်လေးနာရီလောက် ကျုပ်
အခန်းတစ်ခုလုံး ဝင်းထိန်သွားတာပဲ။ကျုပ်ကြည့်
လိုက်တော့ နတ်ဝတ်တန်ဆာနဲ့ နတ်သားတစ်ယောက်
နတ်သမီးတစ်ယောက်ကို ဖျတ်ခနဲမြင်လိုက်ရတယ်။
ခဏပဲကြာတယ် ပျောက်သွားရော"ဟူ၍ ဗန်းမော်
ဆရာတော်ကြီးက ပြောပြလေ၏။

Naymyo(Royal Oo)
Credit...ထပ်ဆင့်ပူဇော်မျှဝေအပ်ပါသည်။

ရခိုင်မုနိ ၁၈လက်မ ကြေးသားရှယ် လက်ရာကောင်း
20/04/2024

ရခိုင်မုနိ ၁၈လက်မ ကြေးသားရှယ် လက်ရာကောင်း

၁၂လက်မ ကြေးဆင်းတုလက်ရာအကောင်း မန်းလေးကြေး
19/04/2024

၁၂လက်မ ကြေးဆင်းတု
လက်ရာအကောင်း မန်းလေးကြေး

နှစ်သစ်မှာ ရောင်တော်ဖွင့် ရွှေသင်္ကန်းကပ်လှူချင်ရင် UK ရွှေဆိုင်းရှိတယ်နော် အရွက်ရေ ၅၀၀ ပါတစ်ဘူးကို ၆၀၀၀၀ ကျပ်ကော်တစ်ဘူး...
18/04/2024

နှစ်သစ်မှာ ရောင်တော်ဖွင့် ရွှေသင်္ကန်းကပ်လှူချင်ရင် UK ရွှေဆိုင်းရှိတယ်နော်
အရွက်ရေ ၅၀၀ ပါတစ်ဘူးကို ၆၀၀၀၀ ကျပ်
ကော်တစ်ဘူး ၅၀၀၀ ကျပ်ပါ
095129057 09792168843

ပြည်မြို့မှာ ရွှေသင်္ကန်းကပ်လှူခဲ့တာလေးပါရွှေဆိုင်းတွေမှာလို့ရပါတယ်နော်
07/02/2024

ပြည်မြို့မှာ ရွှေသင်္ကန်းကပ်လှူခဲ့တာလေးပါ
ရွှေဆိုင်းတွေမှာလို့ရပါတယ်နော်

သစ်သီးတင် အသားကလပ် လိုအပ်ရင်မှာယူနိုင်ပါသည်။
30/01/2024

သစ်သီးတင် အသားကလပ် လိုအပ်ရင်မှာယူနိုင်ပါသည်။

Address

Kyaukse

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+95 9 512 9057

Website

Alerts

Be the first to know and let us send you an email when ဦးမင်းမောင် နိဗ္ဗာန်ကုန်ပစ္စည်းဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share