Zaw Naing Win

Zaw Naing Win Don't give up!!!

04/04/2018
ယနေ့ အကြိုက်ဆုံး စကားတစ်ခု@@@ ကျေးဇူးပါ အမေ  $$$$
07/03/2018

ယနေ့ အကြိုက်ဆုံး စကားတစ်ခု
@
@
@
ကျေးဇူးပါ အမေ $$$$

တစ်ခုခုကို လုပ်ဆောင်လိုက်လို့ အမှားဖြစ်သွားရင်တာဝန်ယူစိတ်အပြည့်နဲ့ တောင်းပန်ဖို့ဝန်မလေးပါနဲ့ ••••$$$ တစ်...
22/02/2018

တစ်ခုခုကို လုပ်ဆောင်လိုက်လို့ အမှားဖြစ်သွားရင်

တာဝန်ယူစိတ်အပြည့်နဲ့ တောင်းပန်ဖို့ဝန်မလေးပါနဲ့ ••••

$$$ တစ်စုံတစ်ယောက်ကို လွှဲချ အပြစ်ရှာခြင်းက မိမိအဆင့်အတန်း ကိုဖော်ပြတာနဲ့တူပါတယ် #@@@

••••••••••  `သည်းခံပါ´  ••••••••••:) ဒီကနေ့ လူငယ်တော်တော်များများဟာ IT ခေတ်မှာ မွေးဖွားလာကြတဲ့ လူငယ်တွေပီပီ ...
04/02/2018

•••••••••• `သည်းခံပါ´ ••••••••••

:) ဒီကနေ့ လူငယ်တော်တော်များများဟာ IT ခေတ်မှာ မွေးဖွားလာကြတဲ့ လူငယ်တွေပီပီ ဒီကနေ့လုပ်ရင် မနက်ဖြန် အောင်မြင်ချင်ကြပါတယ် ။

~~~ တကယ်တမ်းမှာတော့ ညတွင်းချင်း ချက်ချင်း အောင်မြင်လာတယ်ဆိုတာ နတ်သမီး ပုံပြင်တွေထဲမှာပဲ ရှိပါတယ် ••••••••••

***** အောင်မြင်မှု အတွက် အဓိက ရန်သူနှစ်ယောက် ရှိပါတယ်။

¥¥¥ အဲဒါကတော့ `သည်းမခံနိုင်မှု´ နဲ့ `လောဘ´ ပါ။ သည်းခံမှု ရှိဖို့ လိုအပ်ပါတယ်။ အရာအားလုံးဟာ မလွယ်ကူခင်က ခက်ခဲကြတာချည်းပါပဲ။

မိမိကိုယ်ကို ယုံကြည်မှုရှိအောင် ဘယ်လိုတည်ဆောက်ယူမလဲ?၁။ သေးသေးလေးတွေက စပါ။               အောင်မြင်ချင်သူ ...
02/02/2018

မိမိကိုယ်ကို ယုံကြည်မှုရှိအောင် ဘယ်လိုတည်ဆောက်ယူမလဲ?

၁။ သေးသေးလေးတွေက စပါ။
 အောင်မြင်ချင်သူ တော်တော်များများရဲ့ အဓိက အမှားက စစချင်းမှာ အလွန်အကျွံအားထုတ်ကြိုးပမ်းတာပါပဲ။
မိမိရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် စစချင်းမှာ မနိုင်ဝန်ထမ်းပြီး အလွန်အကျွံ အားထုတ်ခြင်းရဲ့ ရလဒ်က ဘာပါလဲ......စိတ်ပျက်အားလျော့ပြီး စိတ်ဓာတ်ကျဆင်းခြင်းပါပဲ။ စစချင်းမှာ သင့်အနေနဲ့ အလွန်အကျွံ အားထုတ်ကြိုးပမ်းလေလေ၊ ကျဆုံးဖို့ နီးစပ်လေလေပါပဲ ။
အကောင်းဆုံးကတော့ တစ်ပိုင်တစ်နိုင် လုပ်နိုင်ကိုင်နိုင်တဲ့ သေးသေးလေးတွေက စတင်လုပ်ကိုင်အောင်မြင်ခြင်း အားဖြင့် မိမိကိုယ်ကို ယုံကြည်မှုကို တည်ဆောက်ယူဖို့ဖြစ်ပါတယ်။။။။

အောင်မြင်သော ဘ၀များကို ပိုင်ဆိုင်နိုင်ကျပါစေ...
Zaw Naing Win

20/01/2018

All development is selfdevelopment. People can teach , train and couch you . But nobody can learn for you.

" ဖွံ့ဖြိုးတိုးတတ်​မှု မှန်​သမျှဟာ ကိုယ့်​ဘာသာလုပ်​ရတာပါ။ သင့်​ကိုယ်​စား အခြားသူများက သင်​​ပေး၊ ​လေ့ကျင့်​​ပေး၊ လမ်းညွှန်​​ပေးလို့ပဲရတာပါ။ သင်​ယူ​ပေး လို့မရပါဘူး။"

13/01/2018

ဆရာကြီး​အောင်​သင်းရဲ့ စကားလေး

လူတစ်ယောက် ရင့်ကျက်တယ် မရင့်ကျက်ဘူးဆိုတာ
အသက်နဲ့လည်းမဆိုင်ဘူး
ပျော်ပျော်နေတတ်တာ
ခပ်တည်တည်နေတတ်တာနဲ့လည်း မဆိုင်သလို
ဘွဲ့ဘယ်နှခု ရထားတယ်ဆိုတာနဲ့လည်း မပတ်သက်ဘူး

တကယ်တော့ ရင့်ကျက်မှုဆိုတာ
အတွေ့အကြုံကနေ ဖြစ်လာတဲ့ ခံယူချက်တစ်ခုပဲ

ကျနော်အကြိုက်ဆုံးကတော့
ဆရာလင်္ကာရည်ကျော် ပြောဖူးတဲ့စကားလေး

"ရင့်ကျက်တယ်ဆိုတာ
တခြားလူဘက်က တွေးပေးတတ်တာကို ခေါ်တာ"တဲ့ . . .

ဆရာပြောမှ ရှင်းသွားတယ်
ရည်းစားထားစဆို
တစ်ယောက်နဲ့တစ်ယောက် သဝန်တိုကြတယ်
ဟိုဟာမဝတ်နဲ့ ဒီလိုမဝတ်နဲ့ ချုပ်ချယ်ကြတယ်
ကြီးလာတော့ သူ့ရဲ့ လွတ်လပ်ခွင့်ဆိုတာကို
နားလည်ပေးနိုင်လာကြတယ် . . .

ငယ်ငယ်က ကိုယ်ဖြစ်ချင်တာ ကိုယ်လိုချင်တာပဲ သိတယ်
မိဘကိုပူဆာတယ် . . . . မိဘနဲ့ ပြသနာတွေ ဖြစ်တယ်
ကြီးလာတော့ . . ဒါတွေနည်းသွားတယ်
ဘာလို့ဆိုတော့ မိဘရဲ့နေရာကို ဝင်ကြည့်တတ်လာလို့ပဲ

အလုပ်မှာလည်း ဒီလိုပဲ
မရင့်ကျက်ရင် အလုပ်မှာ အဆင်ပြေနိုင်မှာ မဟုတ်ဘူး
--------------------------------------------------------------
ငါ ဒီလောက်လုပ်ပေးရက်နဲ့ ငါ ဒီလောက်အဆင်ပြေပြေ နေရက်နဲ့ သူတို့က ဘယ်လိုလို့ . . . တွေးတတ်ကြတယ် . .
ကိုယ့်အောက်ကလူတွေအပေါ် မညှာမတာ မာန်မဲတတ်တယ် . .
ကိုယ့်အထက်လူကြီးတွေကိုလည်း
ဒါတွေ ဒါတွေ မလုပ်ပေးရကောင်းလား . . . .
ဆုံးဖြတ်တာကလည်း နှေးလိုက်တာ . . မပြတ်သားလိုက်တာ
ပျော့လိုက်တာ . . စသဖြင့် အပြစ်တင်မိတတ်တယ် . . . .

အဲဒါမျိုးတွေ ပြန်စဉ်းစားကြည့် . . . . . . .

ပြောင်းလဲလာတာတွေ အများကြီးရှိတယ်ဆိုတာ
ကိုယ် ရင့်ကျက်လာတာပဲပေါ့ ။

အဲ့လိုမဟုတ်ဘဲ
''''''''''''''အရင်ကလည်း ဒီစိတ်''''''''''''
''''''''''''''ခုလည်း . . . . ဒီစိတ် """""" ဆိုရင်တော့ . . . . . . .

အချိန်တွေသာကုန်သွားတယ်
ရင့်ကျက်မလာဘူးပဲ ပြောရမှာပါပဲ . . .

ကိုယ့်ပတ်ဝန်းကျင်ကို ကြည့်လိုက်ပါ
တချို့တွေများ
" ရင့် သာ ရင့် လာတယ်
မ ကျက် သေးဘူး"

"လိုရင်းရှာတော့ ကိုယ်ချင်းစာ" တဲ့
ကိုယ်ချင်းစာနိုင်လာလေလေ
ရင့်ကျက်လာလေလေပါပဲ. . . . . .

ကိုယ်ချင်းစာတယ်ဆိုတာ
EQ ရဲ့ အစိတ်အပိုင်းတစ်ခုလည်းပဲ ဖြစ်တယ် . .

ဒီခေတ်မှာ EQ ဟာ အောင်မြင်ဖို့အတွက်
အရေးကြီးကြောင်း တော်တော်လေး ပြောလာကြပြီ . .

ဒါကြောင့် ကိုယ် ဘယ်လောက်ရင့်ကျက်သလဲ . . .
တစ်နည်းအားဖြင့် ကိုယ်ဘယ်လောက် ကိုယ်ချင်းစာတတ်သလဲ
ကိုယ်ဘယ်လောက် တခြားလူဖက်က လှည့်တွေးပေးနိုင်သလဲ
ဆိုတာက . . ?

မယုံမရှိပါနဲ့
တချိန်မှာ ကိုယ့်အနာဂတ်အတွက် အရေးပါလာပါလိမ့်မယ်။

(စာကြွင်း)
EQ emotional quotient အရေးကြီးတယ်လို့
ရေးခဲ့တာနဲ့ပတ်သက်ပြီး နည်းနည်းတော့ ဖွင့်ချချင်ပါတယ်
အဲ့ဒီ စိတ်အရည်အသွေးနဲ့ ပတ်သက်လို့
ကျနော့ကို ကျနော် သုံးသပ်တာပါ . . . .

ကျနော် EQ "တကယ်" ကောင်းတဲ့ထဲမပါဘူး
အလုပ်အောင်မြင်တာကတော့
အလုပ်ထဲ မှာ Emotional ဖြစ်ရင်
" ဂွမ်း " သွားမယ်ဆိုတာသိလို့
အောင့်အည်း သီးခံ ထိမ်းထားရတာလေ. . . . .
အကောင်းစား ဟုတ်မယ်မထင်ဘူး
အသင့်အတင့်ပေါ့ . . . . . .

လောကဓံကို ကြံ့ကြံ့ခံနိုင်သူမှသာ
တကယ်EQကောင်းတာ. . . . .
အဲ့ဒီမှာ
ကျနော်တို့ " ဗုဒ္ဓ " ရဲ့ EQ က အမြင့်ဆုံးပဲ ။

EQ နဲ့ပတ်သက်လို့
ဒီလိုလေးတော့ ခွဲခြားပြောချင်ပါတယ် . . . . . .

သင့်ရဲ့စိတ်ထိမ်းသိမ်းနိုင်စွမ်းအားကို
အမှတ်ပေး အကဲဖြတ်ကြည့်မယ် ဆိုပါစို့ . . .
ပတ်ဝန်းကျင် အခြေအနေ တစ်ခုထဲမှာ
သင် ဘယ်လောက် လိုက်လျောညီစွာနေထိုင်နိုင်လဲ ဆိုတာ
ကြည့်ပြီး မှန်းဆ ပြောလို့ရနိုင်ပေမဲ့ . . .

တကယ့် စိတ် အရည်အသွေး နဲ့ အဆင့်အတန်း ကိုကျတော့
" လောကဓံ အပေါ် ခံနိုင်ရည် " နဲ့
တိုင်းမှ မှန်မယ် ထင်ပါတယ် . . .
အဲ့မှာ ကျနော် မရင့်ကျက်ပဲ
တော်တော့ကို ညံ့ နေသေးတယ် ဆိုတာ
ဝန်ခံပါရစေ . . . . . . ။

ဆင်းရဲမယ့်အချက် (၇) ချက် (၁) မစဉ်းစားပဲသုံးတယ်ဒီနေ့ ကိုယ့်ရဲ့ ပိုက်ဆံသုံးနည်းက နောက် (၁၀) နှစ်မှာ ကိုယ့်ရဲ့အနာဂတ်ငွေရေးေ...
01/01/2018

ဆင်းရဲမယ့်အချက် (၇) ချက်
(၁) မစဉ်းစားပဲသုံးတယ်
ဒီနေ့ ကိုယ့်ရဲ့ ပိုက်ဆံသုံးနည်းက နောက် (၁၀) နှစ်မှာ ကိုယ့်ရဲ့အနာဂတ်ငွေရေးကြေးရေးကို
ထိန်းချုပ်ထားတဲ့ အရာတစ်ခုပဲဖြစ်ပါတယ် /
“လိုအပ်တာ” နဲ့ “လိုချင်တာ” ကိုမခွဲခြားနိုင်ဘူးဆိုရင်
မလိုအပ်တဲ့ အသုံးအနှုန်းတွေ စပြီးဖြစ်စေပါတယ်
ဒီတော့ ဒီအချက်ပဲ ကိုယ့်ဘဝ ရဲ့ ငွေရေးကြေးရေး ပြသာနာကိုဖြစ်စေပါတယ်
(၂) ဘဝ ကို အကြွေးရှိအောင်လုပ်ခြင်း
သင် အကြွေးများလာအောင်လုပ်တိုင်းမှာ သင်က ငွေရေးကြေးရေးအဆင့်အတန်းကို
တဖြည်းဖြည်းနှိမ့်ကျအောင် စုတ်ယူနေတာပါပဲ / credit အကြွေး / ကဒ်တစ်ခုခုအကြွေး / အပြင်က အကြွေး /
အရစ်ကျပေးချေခြင်းအကြွေး / စသဖြင့်ဒီအကြွေးတွေ တည်ဆောက်ခြင်းဟာ အမြဲတမ်းထွက်ငွေလမ်းကြောင်းသစ်တွေကိုတည်ဆောက်တာနဲ့ အတူတူပါပဲ /
ဒီတော့ ဒီအချက်တွေ က သင့်ရဲ့ရေရှည် ငွေရေးပိုင်းကို အကျိုးတက်ရောက်မှုများစွာပေးနိုင်မှာပါ /
(၃) ငွေရေးကြေးရေးအပိုင်း အသေးစိပ်မထိန်းသိမ်းခြင်း
ဝင်ငွေထွက်ငွေ စာရင်းမလုပ်ခြင်း / အကြွေးဆပ်ရမယ့်ရက်အတိအကျမလုပ်ခြင်း /
ငွေရေးကြေးရေးအပိုင်းမှာ ကိုယ့်အကျိုးကိုမသိခြင်း/ ငွေရေးကြေးရေးစာရွက်စာတမ်းတွေကို စနှစ်တကျမထိန်းသိမ်းနိုင်ခြင်း / ဒီလို မျိုး အကြောင်းအရာသေးသေးလေးကပဲ လူအများစုရဲ့ ဘတကို ငွေရေးကြေးရေးပြသာနာရှိအောင်လုပ်နိုင်ပါတယ် / ဒါကြောင့် ဒီလိုအရာတွေကိုယ့်ဘဝထဲ ဝင်မနှောင့်ယှက်အောင် ကိုယ့်ရဲ့ ငွေရေးကြေးရေးကို စနှစ်တကျထိန်းသိမ်းပါ /
(၄) အပိုငွေ - အလိုငွေ တွေကို ဘယ်တော့မှ plan မချခြင်း
ငွေရေးကြေးရေး plan မချခြင်း / အနာဂတ် သုံးရမယ့်ငွေကိုကြိုတင်မစဉ်းစားတာက ကိုယ့်ဘဝမှာ အရေးပေါ် ကိစ္စ တွေကိုအမြဲတမ်းကြုံစေပါတယ် /
ငွေရေးကြေးရေးပိုင်းမှာ ဒီအရင်း (၃) ခု -
(၁) ဝင်ငွေ - ထွက်ငွေအရင်း
(၂) ငွေရေးကြေးရေး အခြေအနေ အရင်း
(၃) ငွေရေးကြေးရေး စာရင်းဇယားအရင်း တွေကိုကိုယ့်မှာရှိတယ်ဆိုရင် (သိတယ်ဆိုရင်) ဘဝကို ဒီထက်ပိုလွယ်အောင်လုပ်နိုင်ပါတယ်
(၅) စုငွေကို အထင်သေးခြင်း
စုငွေရဲ့ အ ဓိ က အရေးကြီးတဲ့ အကြောင်းရင်းက ငွေရေးကြေးရေးဝီရိယပါပဲ / ဒါကြောင့် ငွေကြေးအရေအတွက် သေးသေးလေးကို အထင်သေးခြင်းနဲ့ စုငွေကို နောက်ရက်တွေဆီ တွန်းထုတ်တဲ့သူက သူ့ဘဝ အနာဂတ်ငွေရေးကြေးရေးအောင်မြင်မှု ကိုမရောက်နိုင်တဲ့ရက်ဆီ တွန်းထုတ်တာနဲ့တူတူပါပဲ
(၆) ပန်းတိုင်မရှိတဲ့ ဘဝကိုလက်ခံတယ်
ပန်းတိုင်မရှိတဲ့ဘဝက သံလိုက်အိမ်မြောင်မရှိတဲ့ သင်္ဘော
နဲ့တူတူပါပဲ / ဘဝအစိပ်အပိုင်းတိုင်းမှာ ငွေကြေးအထိန်းအချုပ်လေးနဲ့ ပန်းတိုင်ရောက်ဖို့လမ်းကြောင်းလေးတွေရှိသင့်ပါတယ် / ကိုယ်လိုချင်တဲ့ ငွေရေးကြေးရေးပိုင်ဆိုင်နိုင်ဖို့အတွက် ပန်းတိုင်အရင်ရှိရပါမယ်
(၇)
ငွေရေးကြေးရေးပိုင်း ဗဟုသုတတွေကို အလေးမပေးဘူး
ငွေက ငွေရေးကြေးရေးပြသာနာကို ဘယ်တော့မှမဖြေရှင်းနိုင်ဘူး / ဒါပေမဲ့ ငွေရေးကြေးရေးပြသာနာပဲ ပြသာနာကို ဖြေရှင်းပေးတာဖြစ်ပါတယ် / ဒါကြောင့် ငွေရေးကြေးရေးပိုင်းမှာ တိုးတက်ချင်တယ်ဆိုရင် ငွေရေကြေးရေးပိုင်းဗဟုသုတကို ရှာဖွေပါ (ဝင်ငွေရှာပါ / ငွေဝင် ငွေထွက်ကို control လုပ်ပါ / ငွေစုပါ / ပြီးရင် အရင်းအနှီးလုပ်ပါ ) ... ဒီနေ့ကနေစပါ
ဒီ (၇) ချက်ထဲမှာ သင်အကျင့်ရှိပါသလား ??
ရှိတယ်ဆိုရင် မှတ်ထားပါ ....

Address

No. 15 , Moemakha Street, Bawgawaddy Qts
Kyaukse

Telephone

09455800146

Website

Alerts

Be the first to know and let us send you an email when Zaw Naing Win posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share