Shopping with Yan

Shopping with Yan Herby Doctor အမျိုးသမီးသဘာဝဖြည့်စွက်စာ

အမျိုးသမီးများကျန်းမာရေး အတွက် မဟော်မုန်းရဲ့  အရေးပါမှုများအမျိုးသမီးတစ်ယောက် ကိုယ်ခန္ဓာဖွံ့ဖြိုးမှုနဲ့ ကျန်းမာရေးအတွက် ...
31/01/2026

အမျိုးသမီးများကျန်းမာရေး အတွက်
မဟော်မုန်းရဲ့ အရေးပါမှုများ

အမျိုးသမီးတစ်ယောက် ကိုယ်ခန္ဓာဖွံ့ဖြိုးမှုနဲ့ ကျန်းမာရေးအတွက် ကိုယ်ခန္ဓာကနေ မဟော်မုန်းတွေ ကို အများအပြား ထုတ်လွှတ်ပေးရပါတယ်။ အမျိုးသမီးတွေအတွက် မရှိမဖြစ် အဓိကအကျိုးပြု မဟော်မုန်းကတော့ အက်စထရိုဂျင်ဟော်မုန်းပါပဲ။ ဒီဟော်မုန်းက အပျိုဖော်ဝင်စကနေ အသက် ၄၀ မတိုင်ခင်အထိ ပုံမှန်ထုတ်လွှတ်ပေးနေပြီး အဲ့ဒီနောက်ပိုင်းမှာ ဟော်မုန်းထုတ်လွှတ်နှုန်းက ကျဆင်းသွားပါတယ်။

မဟော်မုန်းရဲ့ လုပ်ဆောင်ချက်တွေက ဘာလဲ။
• အမျိုးသမီးများရဲ့ ရင်သားကို ကြီးထွားလာစေခြင်း
• အရိုးအားကောင်းစေခြင်း
• ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မပြောင်းလဲမှုဖြစ်စဉ်များကို ပုံမှန်လည်ပတ်အလုပ်လုပ်စေခြင်း
• ကိုယ်အလေးချိန်ကို ထိန်းညှိပေးခြင်း
• မိန်းမကိုယ် ကျန်းမာစေခြင်း
• လိင်စိတ်ဆန္ဒကို မြှင့်တင်ပေးခြင်း စတဲ့နေရာတွေမှာ ကူညီပေးပါတယ်။

အမျိုးသမီးတစ်ယောက် အပျိုဖော်ဝင်ကာစအရွယ်ကနေ အသက်ကြီးတဲ့အထိ မဟော်မုန်းတွေကို အဆက်မပြတ်ထုတ်လုပ်ပေးနေပြီး ဘဝသက်တမ်းတစ်လျှောက်လုံးမှာ ကျန်းမာစေဖို့ ကူညီပံ့ပိုးပေးပါတယ်။

မဟော်မုန်းနည်းလာတဲ့အခါ ခန္ဓာကိုယ်မှာ ဘယ်လိုပြောင်းလဲမှုမျိုး တွေ့ရတတ်လဲ။

အတွေ့များတဲ့ လက္ခဏာတွေကတော့
• မိန်းမကိုယ်မှ စိုစွတ်မှုနည်းသွားပြီး ခြောက်သွေ့လာခြင်း
• လိင်ဆက်ဆံစဉ် အလွန်အမင်း နာကျင်ခြင်း
• ရာသီလာချိန် ပုံမှန်မဟုတ်ခြင်း သို့မဟုတ် ရာသီထိန်သွားခြင်း
• စိတ်ခံစားချက် အပြောင်းအလဲမြန်ခြင်း
• ဆီးလမ်းကြောင်း ကျဉ်းသွားပြီးနောက် ပိုးဝင်ရန်လွယ်ကူသွားခြင်း
• ရုတ်တရက် အချမ်းတက်ခြင်း
• ရင်သားက ပျော့တွဲလာခြင်း
• ခေါင်းကိုက်ဝေဒနာ ပိုပြင်းထန်လာခြင်း
• စိတ်ဓာတ်ကျခြင်း
• အာရုံစူးစိုက်၍မရခြင်း
• မောပန်းပြီး အားမရှိခြင်း
• အရိုးအဆစ်များ ကျိုးပဲ့ပျက်စီးရန် လွယ်ကူလာခြင်း၊ အရိုးအားနည်းခြင်း စတာတွေကို တွေ့ရနိုင်ပါတယ်။

ဘာကြောင့် မဟော်မုန်းတွေ နည်းလာတာလဲ။

အီစထရိုဂျင်ဆိုတဲ့ မဟော်မုန်းတွေကို Ovaries လို့ခေါ်တဲ့ မမျိုးဥအိပ်ကနေ အဓိက ထုတ်လွှတ်ပေးပါတယ်။ ဒီမမျိုးဥအိမ်မှာ ပြဿနာတစ်စုံတစ်ရာ ဖြစ်လာတဲ့အခါ မဟော်မုန်းထုတ်လွှတ်ခြင်းကို နှောင့်နှေးသွားစေနိုင်ပါတယ်။

အသက်ငယ်သေးတဲ့ အမျိုးသမီးတွေမှာဆိုရင်
• လေ့ကျင့်ခန်းကို အပြင်းအထန်လုပ်ခြင်း
• စားသောက်မှုပုံစံ မမှန်တဲ့ စိတ်ဝေဒနာ
• Pituitary Gland က ပုံမှန်အလုပ်မလုပ်နိုင်တာ
• မျိုးရိုးဗီဇကြောင့် မွေးကတည်းက မမျိုးဥအိမ် ချို့ယွင်းနေတာ
• ပြင်းထန် ကျောက်ကပ်ရောဂါကြောင့် မဟော်မုန်း နည်းတတ်ပါတယ်။

အသက် ၄၀ နှင့်အထက် အမျိုးသမီးတွေမှာ သွေးဆုံးချိန်နှင့် နီးကပ်လာတာနဲ့အမျှ မဟော်မုန်းတွေ နည်းလာတတ်ပါတယ်။ ဒီလိုကာလကို သွေးဆုံးခါနီး အစောပိုင်းကာလ (Perimenopause) လို့လည်း ခေါ်ပါတယ်။ ဒီကာလအတွင်းမှာ မမျိုးဥအိမ်က အီစထရိုဂျင်ဟော်မုန်းတွေကို ထုတ်လုပ်နေသေးတဲ့တိုင်အောင် ငယ်ရွယ်စဉ်ကာလနဲ့ ယှဉ်လိုက်ရင် ထုတ်လုပ်တဲ့ ပမာဏ အရမ်းကို နည်းသွားပါတယ်။ သွေးဆုံးပြီးသွားတဲ့အချိန်မှာတော့ ကိုယ်ခန္ဓာက မဟော်မုန်းထုတ်လုပ်ခြင်း ရပ်တန့်သွားပါတယ်။

ဘယ်လိုအမျိုးသမီးတွေမှာ မဟော်မုန်းပိုနည်းနိုင်လဲ။

ဖြစ်နိုင်ခြေအများဆုံးလို့ သတ်မှတ်လို့ ရတဲ့ အခြေအနေတွေကတော့
• အသက် ၄၀နောက်ပိုင်း အမျိုးသမီးတွေ
• မမျိုးဥအိမ်မှာ ရေအိတ်တည်တတ်တဲ့ မျိုးရိုးလိုက်တာ
• မိခင်မျိုးရိုးမှာ ဟော်မုန်းမျှခြေ ပျက်ယွင်းနေတဲ့ ဗီဇပါနေတာ
• စားသောက်ပုံ မမှန်တာ
• Diet ကြောင့် အစားရွေးလွန်းတာ
• လေ့ကျင့်ခန်း အပြင်းအထန်လုပ်တာ
• Pituitary Gland မှာ ချို့ယွင်းချက်ရှိနေတဲ့ အမျိုးသမီးတွေမှာ ပုံမှန်ထက် မဟော်မုန်းပိုနည်းနိုင်ပါတယ်။

ဒါကြောင့် အထက်မှာပြောပြခဲ့တဲ့ လက္ခဏာတွေ ခံစားနေရပြီလို့ ကိုယ့်ကိုယ်ကိုယ် သံသယရှိတယ်ဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသကြည့်သင့်ပါတယ်။ မိဘမျိုးရိုးမှာ ခံစားခဲ့ရဖူးတဲ့ ကျန်းမာရေးပြဿနာတွေ၊ ကိုယ့်ရဲ့ ရာသီလာချိန် ပုံမှန်ရှိခြင်း၊ မရှိခြင်းကို မေးမြန်းပြီး ကိုယ့်ရဲ့ ရောဂါလက္ခဏာနဲ့ အရင်ဆုံးတိုက်ကြည့်မှာဖြစ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ မဟော်မုန်းပမာဏကို သွေးဖောက်ထုတ်ပြီး တိုင်းထွာစစ်ဆေးဖို့ လိုအပ်ပါတယ်နော်။ မဟော်မုန်းနည်းတယ်ဆိုတဲ့ ဆေးစစ်ချက်အဖြေလွှာ ထွက်ရှိလာပြီဆိုတာနဲ့ ကိုယ့်ရဲ့ အခြေအနေပေါ် မူတည်ပြီး ဆရာဝန်က သင့်လျော်မယ့် ကုသမှုနည်းလမ်းများကို ပြောပြပေးမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းတွေထဲမှာ ဟော်မုန်းအစားထိုးကုသတဲ့ သောက်ဆေး၊ လိမ်းဆေး၊ မိန်းမကိုယ်တွင်းထည့်ဆေး၊ ထိုးဆေးတွေ ပါဝင်ပါတယ်။ များသောအားဖြင့် ဟော်မုန်းအစားထိုးကုသမှု ပြီးသွားဖို့ အချိန် တစ်နှစ်မှ နှစ်နှစ်ထိ ကြာနိုင်ပြီး ဒီထက်ပိုကြာနိုင်တာမျိုးလည်း ရှိပါတယ်။ သွေးဆုံးခါနီး အမျိုးသမီးတွေဆိုရင်တော့ သွေးဆုံးနေစဉ် ဝေဒနာသက်သာစေဖို့ ကုသမှုဆက်လက်ခံယူတာမျိုး လုပ်ပေးနိုင်ပါတယ်။

မဟော်မုန်းနည်းခြင်းဟာ အမျိုးသမီးတွေရဲ့ ဘဝမှာ အဓိကပြဿနာတွေ ဖြစ်တဲ့ ရင်သားကင်ဆာ၊ အရိုးပါးရောဂါ၊ သွေးဆုံးစဉ် ကိုက်ခဲနာကျင်တဲ့ ဝေဒနာကို ပိုဆိုးရွားစေနိုင်တာကြောင့် ပေါ့ဆလို့တော့ မဖြစ်ပါဘူး။ ဘယ်လိုကျန်းမာရေးပြဿနာမဆို စောစောစီးစီး သိပြီး ကုသမှုခံယူနိုင်ရင် ကိုယ့်အတွက် အကျိုးများစွာ ရှိနိုင်တာကြောင့် မဖြစ်ခင် ကြိုတင်ကာကွယ်တဲ့ နည်းလမ်းသည် အကောင်းဆုံးဆိုတာ မမေ့ဖို့ ထပ်မံ အကြံပြုလိုက်ပါတယ်နော် ..

Crd ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ
Dr. Thurein Hlaing Win
ပျိုမေတို့အစဉ်နုပျိုကျန်းမာလှပနေစေဖို့

Herby Doctor မှာဆိုရင် အမျိုးသမီးတိုင်း
လိုအပ်တဲ့ ဖိုင်တိုအီစထရိုဂျင် ဟော်မုန်း ထုတ်​ပေးနိုင်တဲ့ သဘာဝ အစေ့ အနှံ အပြင် ကိုယ်ခံအားကောင်းစေ တဲ့ အစေ့အနှံများဖြစ်သော
Saw Palmetto
Fenugreek Seeds
Fennel Seeds
Pueraria Mirifica
Alfalfa
Black Cumin Seeds
Lentil Seedsတွေ ပါဝင်ပါတယ်။
♥ အသားအရည်ကြည်လင်စေမယ်။
♥ စိတ်ဖိစီးမှု ကင်းဝေးစေမယ်။
♥ ကိုယ်ခံအား ကောင်းစေမယ်။
♥ အရွယ်တင်နုပျိုစေတယ်။
♥ ရင်သားနဲ့ တင်ပါး တင်းရင်းလုံးဝင်းစေတယ်။
♥ရာသီလာစဥ် ကိုက်ခဲမှု သက်သာစေပါတယ်။
♥ သွေးဆုံးကိုင်ချိန်ခံစားရတဲ့ ဝေဒနာ သက်သာစေပါတယ်။
ဒါကြောင့် Herby Doctor ကိုနေ့စဥ်မှီဝဲသင့်ပါတယ်။
သောက်နည်း
‎အစာစားပြီးတစ်နေ့၄လုံး ဘယ်အချိန်သောက်သောက်ရပါတယ်။
‎တစ်နေ့တစ်ကြိမ်ပဲသောက်ရမှာပါရှင့်။
‎တစ်ဘူး ၂၃၀၀၀ (၂လစာပါပါတယ်။)
‎မှတ်ချက်။🌟🌟 သဘာ၀အစေ့အနှံကိုဆေးလုံးဖြစ်အောင်လုပ်ရတာမို့အနည်းငယ်ကြေလွယ်တာမို့ကြေနိုင်တဲ့ပမာဏအနည်းငယ်ရှိတာမို့ တစ်ဘူးတိုင်းမှာ အလုံးရေ ၂လစာထက် အပို ထည့်ပေးထားပါတယ်ရှင့်။🌟🌟🌟

Address

Lashio

Website

Alerts

Be the first to know and let us send you an email when Shopping with Yan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shopping with Yan:

Shortcuts

Share