Pyin Oo Lwin အိမ်ခြံမြေ ရောင်းဝယ်ရေး

  • Home
  • Myanmar
  • Lashio
  • Pyin Oo Lwin အိမ်ခြံမြေ ရောင်းဝယ်ရေး

Pyin Oo Lwin အိမ်ခြံမြေ ရောင်းဝယ်ရေး Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pyin Oo Lwin အိမ်ခြံမြေ ရောင်းဝယ်ရေး, Marketing Agency, Mandalay Road, Myanmar, Burma (Myanmar), Lashio.

ပြန်လည်ဝေမျှဗဟုသုတဖြင့်🍀Crd
03/01/2026

ပြန်လည်ဝေမျှဗဟုသုတဖြင့်🍀
Crd

ဒီအိမ်လေးကော သဘောကျတဲ့ လူရှိကြလား ပိုက်ရှင်က ရောင်းချင်နေလို့ RC 2ထပ်တိုက်သစ် အခန်း ၅ခန်းပါတယ်ဗျ❤️Master  4ခန်းနဲ့ ရှယ်မ...
12/08/2024

ဒီအိမ်လေးကော သဘောကျတဲ့ လူရှိကြလား ပိုက်ရှင်က ရောင်းချင်နေလို့ RC 2ထပ်တိုက်သစ် အခန်း ၅ခန်းပါတယ်ဗျ❤️

Master 4ခန်းနဲ့ ရှယ်မိုက်တယ်

ပြင်ဦးလွင်မြို့ရဲ့ အချက်အချာကျတဲ့ ရပ်ကွက်ကြီး ( ၁၇ )၊ စျေးကုန်း၊ အောင်သုခလမ်းမမှေးတင် တစ်ထပ်အိမ်လေး ‌‌ရောင်းရန်ရှိပါတယ်...
17/07/2024

ပြင်ဦးလွင်မြို့ရဲ့ အချက်အချာကျတဲ့ ရပ်ကွက်ကြီး ( ၁၇ )၊ စျေးကုန်း၊ အောင်သုခလမ်းမမှေးတင် တစ်ထပ်အိမ်လေး ‌‌ရောင်းရန်ရှိပါတယ်။ မန္တလေး-လားရှိုးလမ်းကနေဝင်လိုက်ရင် ၁မိနစ်သာသာအိမ်ကလေး၊ အနီးစခန်းစျေးကို ဆိုင်ကယ်လေးနဲ့ ၅မိနစ်မောင်းရင်ရောက်ပြီ၊ အနီးစခန်း စာသင်ကျောင်း၊ ကိုယ်ပိုင်ကျောင်း အကုန်နီးတဲ့ နေရာလေး၊ ရပ်ကွက်သူ ရပ်ကွက်သားတွေကလည်း ဖော်ရွေးပြီး သဘောအကုန်ကောင်းကြတယ်။ လမ်းထဲမှာလည်း အင်္ဂလိပ်စာသင်တန်း၊ ဂျပန်စကားသင်တန်း၊ အောက်မှာဆိုလည်း KTV လေးပါရှိသဗျ၊ဒီလိုအဖက်ဖက်က ပြည့်စုံတဲ့အိမ်ကလေးတစ်လုံး ပိုင်ဆိုင်ရဖို့ဆိုတာ တော်ရုံမလွယ်လှပါဘူး။ မြေကလည်း ရွာမြေစစ်စစ်ဆိုတော့ ခိုင်မာမှုကို စိတ်ပူစရာမလိုတဲ့ မြေလေးဘဲဖြစ်ပါတယ်။
အိမ်ခြံတ့ခါးက မြောက်လှည့် ဆိုပေမယ့် အိမ်အဝင်ပေါက်ကတော့ အနောက်လှည့်လေးပါ။

👉 အိမ်ထဲမှာလည်း ဘာတွေပါမလဲဆိုရင်......👈
ဘုရားကျောင်းဆောင်၊
👉 ဧည့်ခန်း၊
👉 ထမင်းစားခန်း၊ မီးဖိုခန်း ၊ ( မလိုအပ်တဲ့ အိုခွက်ပန်းကန်တွေသိမ်းဆည်းဖို့လည်း တခါတည်းပြင်ဆင်ပြီးသား )
👉 မာစတာခန်း ( ၁ ) ခန်း (‌ေ၇ချိုးခန်းအိမ်သာပါတဲ့အခန်း)
👉 ရိုးရိုးခန်း ( ၁ ) ခန်း။
‌👉 ရေပူ / ရေအေး တပ်ဆင်ပြီး (ဆောင်းရာသီအတွက်အဓိကလိုအပ်ချက်လေး)
👉 5KV LUMINIA မီးအားမြင့်စက် ( ၁ )လုံး
👉 1200VA/12V LUMINA Solor တပ်ဆင်ပြီးသာပါမယ်။ ( မီးပျက်လည်း ကိုယ့်အိမ်လေးက မီးအလင်းရောင်လေးနဲ့ နေရမယ် )
👉 Wifi ( Mytel Wifi / Mahar Net Wifi ကြိုက်တာကိုဆင်လို့ရတယ် )
👉 ကားပါကင်ပါမယ်။
👉 အပြင်အိမ်သာ သွားလမ်းကိုလည်း ခေါင်မိုးပြီးသားပါမယ်၊
👉 ရေမော်တာ / ရေတွင်း ( ရေတွင်းကိုလည်း ကလေးငယ်တွေနဲ့ မလွတ်မှာစိုးလို့ သံဇကာ ကာပြီးသား )
👉 Pressure Water Pump လည်းတပ်ဆင်ပြီးသား။
👉 မိုးကြိုးလွဲလည်း တခါတည်းတပ်ဆင်ပြီးသားပါမယ်။

စျေးနှုန်းလေးကတော့ သိန်း၃၂၀၀ ကို အလျော့အတင်းရှိပါတယ်။
( စကားပြောတတ်ရင်တော့ စျေးချိုချိုလေးနဲ့ရပါမယ် )

တခြားလိုအပ်တာတွေလည်း ပြင်ထားဆင်ထားပြီးသားမလို့ လူအသင့်တက်နေရုံ အိမ်ကလေး ဆိုတာတော့ ရဲရဲကြီး အာမခံပါတယ်။
နောက်တချက်က ပိုင်ရှင်တိုက်ရိုက် ဆိုတော့ ထွေထွေ ထူးထူး ပြောနေစရာမလိုပါဘူးနော်။
အိမ်လေးကို သဘောကျလို့ဖြစ်စေ, ကြိုက်နှစ်သက်လို့ ဖြစ်စေ, လေ့လာချင်လို့ဖြစ်စေ, လာရောက်ကြည့်ရှုချင်တယ်ဆိုရင်တော့ ဖုန်းလေးသာ ကြိုဆက်လိုက်နော်၊ နယ်ခံမဟုတ်လို့ လမ်းမသိဘူးဆိုလည်း ရောက်တဲ့ နေရာကနေ လာခေါ် ပြပေးလို့ရပါတယ်။

ဆက်သွယ်ရန်၊
ကိုအောင်စိုးဝင်း - 09 777 60 70 88
မချစ်မြတ်နိုးဆွေ - 09 765 765 335
မယုဇန ( Your Land ဆောက်လုပ်ရေး ကုမ္ပဏီလီမီတက် ) - 09 77777 5000

26/02/2024

ဒီနေ့ဧည့်သည်တစ်ယောက်က မြေလေး ဝယ်ချင်လို့ ကျနော့ဆီ ဖုန်းဆက်မေးတယ်၊ဝယ်လို့ရမရပေါ့။ ရွာမြေလို့ပြောတာပဲ၊ပေ ၆၀×၇၀ လောက်ကျယ်တယ်၊အကြံပေးပါအုံးတဲ့။

ဒါနဲ့ကျနော်လည်း ခင်များဝယ်မဲ့မြေအတွက်
ရှိတဲ့စာရွက်လေးပို့ပေးပါပေါ့ ။
သူကလည်း viber ကနေ မြေပုံလေးတစ်ပုံပို့ပေးတယ်။
ကျနော်ကကြည့်ပီး ခင်များဟာ လယ်မြေအမျိုးအစားပဲ
သစ်ပင်စိုက်ဖို့ဝယ်တာလားလို့မေးတော့

မဟုတ်ဘူး နေဖို့ပဲ
၊ဘေးပတ်ဝန်းကျင်မှာ အိမ်တွေ၊ဝိုင်းကွက်တွေနဲ့ပဲတဲ့။
ဆရာကဒီနေရာကိုရောက်ဘူးလားတဲ့။
ကျနော်ကလည်း မရောက်ဘူးပါဘူး။
မြေပုံမှာ ပါတဲ့ သင်္ကေတနဲ့ မြေပုံဆွဲထားတဲ့
အရောင်ကိုကြည့်ပီးပြောတာပါလို့ပြောလိုက်တော့ ။
အဲလိုကြည့်လို့ရလားတဲ့။

ရပါတယ်
ဂရန်မြေဆိုရင် သင်္ကေတ L နဲ့ပြပီး မြေပုံကို အနီရောင်နဲ့ဆွဲတယ်ဗျာ၊

ဘိုးဘပိုင်မြေဆိုရင် သင်္ကေတ B နဲ့ ပြပီး မြေပုံကို အပြာရောင်နဲ့ဆွဲတယ်ဗျာ၊

အစိုးရ မြေဆိုရင် သင်္ကေတ A နဲ့ပြပီး မြေပုံကို ခရမ်းရောင်နဲ့ ဆွဲတယ်ဗျာ၊
ဒီလိုပဲ ရွာမြေဆိုရင် လိမ္မော်ရောင်နဲ့ မြေပုံဆွဲပီး၊သာသနာ့မြေဆိုရင် အစိမ်းရောင်နဲ့ ဆွဲကြတယ်လို့ ။

အက္ခရာ သင်္ကေတတွေကိုကြည့်ပီးလည်း
ဘာမြေအမျိုးအစားဖြစ်နိူင်တယ်
၊မြေပြန့်လား၊ကုန်းကျလား၊မြောင်းဘေးလား၊ဆည်ရေသောက်လား
၊မြစ်ရေဝင်လား၊သုသာန်နဲ့နီးလား.....စသည်ဖြင့်
ခွဲခြားလို့ရတယ်လို့ အများလည်းသိအောင်၊
ကျနော်လည်း စုပီးသားဖြစ်သွားအောင်
သိထားသလောက်လေး ပြောရရင်..

မြေအမျိုးအစားများနဲ့ သင်္ကေတ အက္ခရာများကတော့....

၁။ မိုးကောင်းလယ်မြေ၊သာမန်လယ်မြေဆိုရင် R/P/M တို့နဲ့ပြသတက်ပီး၊
ပထမတန်းစားဆိုရင် R1
ဒုတိယတန်းစားဆိုရင် R2
တစ် ဧကအထွက်နှုန်း တင်း၃၀ အောက် ဆိုရင် တတိယတန်းစား R3
တစ် ဧကအထွက်နှူန်း တင်း ၂၀ အောက်ဆိုရင် စတုတ္ထတန်းစား R4 နဲ့ ပြကြပါတယ်။

၂။ အစိုးရ ဆည်ရေသောက်လယ်မြေဆိုရင် RG

၃။ ပုဂ္ဂလိက ဆည်ရေသောက်လယ်မြေဆိုရင် RP

၄။ ကန်ရေသောက်မူရင်းလယ်ဆိုရင် TM

၅။ မူရင်းလယ်မြေဆိုရင် M/MY

၆။ ချောင်းရေဝင် မြေဆိုရင် C

၇။ ယာမြေ ဆိုရင် Y

၈။ ရာဘာကြက်ပေါင်စေးစိုက်မြေဆိုရင် RR

၉။ တောင်ယာ မြေဆိုရင် TY/YY

၁၀။ ကိုင်းမြေ ဆိုရင် K/KA/KY

၁၁။ ကိုင်းမြေရင့်ဆိုရင် KY

၁၂။ ဥယျာဉ်ခြံမြေဆိုရင် G/U

၁၃။ ဓနိမြေဆိုရင် D

၁၄။ အပိုင်ရမြေ O

၁၅။ အပိုင် ဂရန်မြေ G

၁၆။ အငှားဂရန်မြေ L ..... စသည်ဖြင့် အမျိုးမျိုးရှိကြပါတယ်။မိမိဝယ်မဲ့မြေရဲ့မြေပုံမှာပါတဲ့ သင်္ကေတလေးကိုကြည့်ပီး မိမိဘာသာ အကြမ်းဖျင်းခွဲခြားနိူင်ပါတယ်။

စာ သား - စီ အာ ဒီ

Address

Mandalay Road, Myanmar, Burma (Myanmar)
Lashio

Website

Alerts

Be the first to know and let us send you an email when Pyin Oo Lwin အိမ်ခြံမြေ ရောင်းဝယ်ရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share