ကိုမှန်ကြီး

Directions

ကိုမှန်ကြီး GROW WITH CREATIVITY

08/08/2026
25/07/2026

ဒီစကားလေးကို ကြားဖူးမှာပေါ့
တကယ်လည်းအချစ်ဟာ အလွန်ဆုံးခံရင်
သုံးနှစ်ပါပဲ...
နောက်ပိုင်း ကျန်ရှိတဲ့နှစ်တွေမှာ
သံယောဇဥ်တွေ နားလည်မှု့တွေ
ယုံကြည်မှု့တွေနဲ့ ရှေ့ဆက်ကြရတာပါပဲ
ချစ်တော့ချစ်နေရပေမယ့်
မပျော်ရဘူးဆိုတဲ့ relationship
ဟာ တကယ်ရှိပါတယ်
ကိုယ်က သူ့ကိုချစ်နေပေမယ့်
သူ့အတွက် မွန်းကြပ်စရာဖြစ်နေတယ်
ကိုယ်က သူ့ကိုအသေးအဖွဲ့ကစ
လိုက်စိတ်ပူနေပေမယ့်
သူ့အတွက်ချုပ်ချယ်စရာ
ဖြစ်နေတယ်
ဒါတွေဟာ မချစ်တော့လို့လည်း
ဖြစ်နိုင်တယ်
စိတ်ပျက် စိတ်ကုန်သွားတာမျိုး
ကိုယ့်အပေါ် စိတ်မရှိတော့နိုင်တာမျိုးလည်း
ဖြစ်နိုင်တယ်
အကယ်၍ အဲ့လိုမျိုး ကိုယ့်စိတ်မှာ
ကိုယ်ဟာ သူ့အတွက်အရေးမပါသလို
ဖြစ်လာရင် လှည့်ထွက်နိုင်တာဟာ
အကောင်းဆုံးပါပဲ..
ကိုယ်ကပဲ တစ်ဖတ်သတ်နားလည်မှု့
ပေးနေရတာမျိုးဆိုရင်လည်း
အဲ့ဆက်ဆံရေးက ရပ်တန့်လိုက်တာ
ကောင်းပါတယ်
ကောင်းတဲ့သူတွေအများကြီးတွေ့နိုင်ပါတယ်
ဒါပေမယ့် ကိုယ့်အပေါ်
နားလည်မှု့ပေးနိုင်တဲ့သူက
တကယ်ရှားတယ်
ပြည့်စုံတဲ့သူတွေများလွန်းပါတယ်
ဒါပေမယ့် ကိုယ့်အပေါ်အားလုံး
သည်းခံနိုင်တဲ့သူကရှားတယ်
အနစ်နာခံတယ်ဆိုတာ
သံယောဇဥ်ဆိုတဲ့ အမြစ်ကလာတာပါ
အ မြစ်သာ မခိုင်ရင်
ဘယ်ပင်စည်မှ ကောင်းကောင်းရှင်သန်
မှာမဟုတ်သလို
ပန်းလှလှလေးတွေပွင့်ဖို့ဆိုတာလည်း
နှောင့်နှေးနေမှာပါ
ကိုယ့်ဆီကလိုချင်တာက
မေတ္တာအပြင် အခြားအရာတွေပါ
ရှိနေရင်တော့ သူက
ချစ်ပဲချစ်ပြီး သံယောဇဥ်ဆိုတာ
အလေးမထားတဲ့သူဖစ်မှာပါ
တကယ်မေတ္တာရှိသူက
နှစ်တွေဘယ်လောက်ကြာကြာ
ထားတဲ့စေတနာနဲ့ တန်ဖိုးထား
အလေးပေးမှု့ဟာ
လျော့မသွားဘူး
ကျွန်တော်တိုဘဝတွေမှာ
တန်ဖိုးကြီးပစ္စည်းပေးပြီး
ဂရုစိုက်ပြမှ မေတ္တာမဟုတ်ပါဘူး
ကိုယ့်အတွက် မအားလပ်တဲ့အချိန်ကြားက
စာတစ်ကြောင်းလေး ပို့နိုင်ခြင်းကလည်း
မေတ္တာပါပဲ
ချစ်တာက လူတိုင်းပါးစပ်ကပြောနိုင်သလို
လူတိုင်းချစ်ပြနိုင်ပါတယ်
ကိုယ့်အပေါ်နားလည်သည်းခံပြီး
အသေးအဖွဲ့ကအစ
ဂရုစိုက်နွေးထွေးပေးတဲ့သူကတော့
တကယ်ကိုရှားတယ်

Address

Loikaw

Website

Alerts

Be the first to know and let us send you an email when ကိုမှန်ကြီး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share