18/08/2025
ကိုယ့်ခံစားချက်နှင့်အတွေးတွေက ကိုယ့်ဘဝဘဲ
လူတိုင်း လူတိုင်းမှာ စိတ်နှစ်မျိုးရှိတယ်။ လူတစ်ကိုယ် စိတ်နှစ်ခုပေါ့။ တစ်ခုကတော့ နားလည်သိတက်တယ် လက်တွေ့ဆန်တယ် အရှိတိုင်းဘဲ။ တစ်မျိုးကြတော့ မျောက်စိတ်လိုဘဲ ဂနာမငြိမ်ဘူး လျှောက်တွေးနေတက်တာ။ လူသားတစ်ယောက်ဖြစ်နေတော့ လူေတွရဲ့စိတ်တွေကိုနားလည်နေဖို့လိုတယ်။ လူတွေရဲ့စိတ်ခံစားချက်ကိုသိဖို့ ဆိုရင် လူတွေမှာရှိတက်တဲ့ အစွဲစိတ်(မာန်ကြောင်ဖြစ်လာတဲ့စိတ်)နှင့် အဆွ (ကိုယ့်အတွေးတွေကိုလုပ်ဆောင်နေစေတဲ့စိတ်)ကိုသိဖို့လိုတယ်။ ဒီနေ့တော့ အဆွစိတ်အကြောင်းကိုလေ့လာကြမယ်။
အဆွစိတ်ကို သိရင် ကိုယ်နဲ့ဆက်ဆံနေတဲ့လူကဘယ်လိုလူလည်း ဘာကြောင့်ဒီလိုမျိုးတွေးနေတာလည်းဆိုကို သိနိုင်ပြီး ကိုယ်ချင်းစားနိုင်မယ် ဒါမှမဟုတ် အသုံးချနိုင်မယ်။ အဆွ(ကိုယ့်အတွေးကိုလုပ်ဆောင်နေတဲ့စိတ်) ကအကြမ်းအားဖြင့် (၅)မျိုးရှိတယ်။၁။ အငုံစိတ် ၂။ရုတ်ချည်းစိတ် ၃။ဖိအားစိတ် ၄။အဟုန်စိတ် ၅။အုပ်စုစိတ် တို့ဘဲဖြစ်တယ် တစ်ခုချင်းစီကိုလေ့လာကြည့်ရအောင်
အငုံစိတ်(သို့မဟုတ်) ငယ်ဘဝရဲ့အတွေ့အကြုံကြောင့်ဖြစ်လာတဲ့စိတ်
အငုံစိတ်ရှိသူတွေကအများအားဖြင့်အဆိုးမြင်တက်ကြတယ်။ ဘုရားဟောတရားနဲ့ဆိုရင် မုဒိတာ မပွားနိုင်ကြဘူးပေါ့။ သူများအောင်မြင်တာမကြိုက်တာတို့ သူများအဆင်ပြေရင်နေလို့ထိုင်လို့မကောင်းတာတို့ဖြစ်တက်တယ်။ ကိုယ့်ပတ်ဝန်းကျင်မှာလည်းကိုယ့်ထက်နိမ့်တဲ့လူ ကိုယ်ပြောလို့ရတဲ့လူတွေလောက်ဘဲထားထားတယ်။ ဒီစိတ်ကဘယ်လိုဖြစ်လာလဲဆိုတော့ ငယ်ဘဝ မိသားစု သို့ မိဘတွေဆီကနေ ရိုက်ခက်လာတယ်။နှိုင်းယှဉ်ခံရတာများလာတာတို့ကနေဖြစ်လာတယ်။ အိမ်ဘေးက ဘယ်သူ့သား/သမီးကအဆင့် ဘယ်လောက် စတာတွေပေါ့။ အ့တာတွေများလာတော့ အဆင့်များတဲ့ကလေးတော်တဲ့ကလေးတွေအပေါ် သူတို့ကြောင့်ဒီလိုဖြစ်တယ်ဆိုတာမျိုး အပြစ်ပုံချပြီးကိုယ့်စိတ်ရဲ့မလုံခြံုမှုဖံုးကွယ်တက်ပြီး တစ်ဖြည်းဖြည်းအမြစ်သွယ်လာတာကနေ အငုံစိတ်ဖြစ်လာတယ်။ အငုံစိတ်များတဲ့လူတွေကအများအားဖြင့် စိတ်မလုံခြုံမှု၊ သိမ်ငယ်မှုတွေများတယ်။ ထစ်ခနဲရှိကောင်းနေရင် စိတ်ထပေါက်သွားတာတို့ပေါ့။ ငြိမ်နေရင်းထအော်တာတို့မျိုး လုပ်နေရှိတယ်။
ရုတ်ချည်းစိတ် (သို့မဟုတ်) ဗြုန်းစားစိတ်
ပတ်ဝန်းကျင်မှာတွေ့ဖူးကြလား ရီနေရင်းထငိုတာတို့ ၊ ငိုနေရင်း ထရီတာတို့။ နောက်တစ်မျိုးက စိတ်ကောင်းရှိနေရင်းစိတ်ထကောက်တာတို့လို့။ဒါတွေက ရုတ်ချည်းစိတ်ရှိသူတွေရဲ့လက္ခဏာဘဲ။ ဘယ်အရာမဆိုချက်ချင်းတုံ့ပြန်တာမကောင်းဘူး အမှားတွေများတက်တယ်။ ရုတ်ချည်းစိတ်ရှိသူတွေကြတော့ ဆုံးဖြတ်ချက်တွေကများတယ် ကောက်ခါငင်ခါဆုံးဖြတ်ပြီးထလုပ်လေ့ရှိတယ် (ကောင်းတဲ့အရာတွေတော့မဟုတ်ဘူး)။ဟိုစပ်စပ်ဒီစပ်စပ်ဆုံးဖြတ်ချက်ချပြီးပြန်ရုတ်သိမ်းတာတို့ပေါ့။ခုဘဲသူငယ်ချင်းတွေနဲ့အပြင်သွားမယ်ချိန်းပြီး သွားခါနီးမှ အကြောင်းပြပြီးမလိုက်တော့တာမျိုးတွေပေါ့။ ဘာမှမယ်မယ်ရရအကြောင်းပြချက်မရှိဘဲ။ အကျိုးဆက်အနေနဲ့ ဘာမှတိကျသေချာတဲ့ အခြေခံအုတ်မြစ်မရှိဘဲ ဟိုစပ်စပ်ဒီစပ်စပ်ဖြစ်သွားတက်တယ်။
ဖိအားစိတ်
ချစ်သူနဲ့လမ်းခွဲပြီး အသဲကွဲတာသက်သာဖို့နှင့် ချစ်သူဆီ စိတ်မရောက်စေဘဲ အလုပ်တွေဘဲနှင့်ကာဖိလုပ်နေတဲ့လူတွေကိုတွေ့ဖူးလား။ အ့ဲတာက ဖိအားစိတ်တမျိုးဘဲ။နားလည်လွယ်အောင်ဥပမာပေးထားတာ။ ဖိအားစိတ်ကတော့အသွားနှစ်ဖက်ပါတဲ့ဓားလို့ဘဲ သုံးတက်ရင်တော့ အရမ်းကောင်းကျိုးဖြစ်တယ်။ ဖိအားစိတ်ကသုံးတက်ရင် ကိုယ့်ရဲ့energyကိုboostလုပ်သလို အရမ်းကိုမှ အသုံးတည့်တယ်။ တချိုဆို ဒေါသထွက်နေရင်းအလုပ်လုပ်လိုက်တာအချိန်တွေတောင်မှ မေ့သွားတာမျိုး။ သုံးတက်ရင်အားဆေးတခွက်လိုဘဲ။ ဒါပေမဲ့ရေရှည်မှာကျတော့ ဆိုးကျိုးတွေရှိလာတယ်။ ဖိအားစိတ်သဘောကိုက ဖိအားတွေအောက်မှာလုပ်ရတာဆိုတော့ ကြာလာရင် stressတွေပိပြီး စိတ်ကျရောဂါတွေဖြစ်လာနိုင်တယ်။ အမြဲတမ်းမသုံးဖို့အကြံပြုတယ်။
အဟုန်စိတ်(သို့မဟုတ်) အစွန်းရောက်စိတ်
အဟုန်စိတ်ကျတော့ တစ်ခုခုဆိုအဆုံးထိ စဉ်းစားပစ်တာတို့ ခံစားပစ်တာတို့ကိုပြောတာပါ။ ရည်းစားကဖုန်းလေးမကိုင်တာနဲ့ မချစ်တော့တာလား? နောက်တစ်ယောက်နဲ့ တူတူရှိနေတာလားဆိုပြီးအဆုံးထိတွေးပစ်လိုက်တာမျိုး။ အ့လိုစိတ်ရှိသူက တစ်ခုခုဆိုအယုံလွယ် အယုံလွန်တာမျိုး ဒါပေမဲ့ ဘူးဆိုရင်လည်းဖရုံမသီးတဲ့လူတွေ ကိုင်တွယ်ရခက်တက်တယ်။
အုပ်စုစိတ်
လူဆိုတဲ့အမျိုးက ကိုယ်လုပ်ရက်ကို နောက်မှာထောက်ခံပေးမယ့် ရပ်တည်ပေးမယ့်သူရှိရင်ဘာမဆိုလုပ်တက်ကြတယ်။မှန်တယ် မှားတယ် အသာထားအုန် ထောက်ခံတဲ့လူ ဝန်းရံမယ့်သူတွေရှိရင် ဘာမှမကြောက်မလန့်တော့ဘဲ အဆင်အခြင်မဲ့လုပ်တက်ကြတယ်။ဒါကိုအုပ်စုစိတ်လို့ခေါ်တယ်။ ဒီစိတ်ကတော့ရှင်းပါတယ် ကိုယ့်ကိုထောက်ခံမယ်အုပ်စုသာရှိရင်ဘာမဆိုလုပ်တက်ကြတယ်။
ကိုယ့်ကိုထောက်ခံတဲ့အုပ်စုကကောင်းရင်ကိုယ်လည်းကောင်းမယ် အုပ်စုကမကောင်းရင်တော့ မကောင်းတဲ့လုပ်ရပ်တွေနှင့်အတူ ကိုယ့်ကိုမြောင်းထဲကိုဆွဲချသွားမယ့် စိတ်မျိုးဘဲ။
ခုတော့ အဆွ သို့ စိတ်ကို အကြမ်းဖျင်းသဘောပေါက်လောက်ပါပြီ။ နောက်ရက်ကျမှအစွဲတွေကို လေ့လာကြည့်ရအောင်။ ဒီစိတ်တွေကိုသဘောပေါက်ပြီဆိုရင် ကိုယ်ကကောဘယ်လိုစိတ်ရှိလဲ ကိုယ့်ပတ်ဝန်ကျင်ကလူတွေကော ဘယ်လိုစိတ်ခံရှိလဲဆိုတာ မှန်းဆပြီး ဒါကြောင့်ဒီလိုဖြစ်လာတယ်ဆိုပြီး နာလည်သဘောပေါက်မယ်ထင်ပါတယ်။
ကိုးကား
လူ့သဘောလူ့မနော
#လူသဘောလူ့မနော
#လူ့စိတ်သဘာဝ
#စိတ်ရဲ့သဘောသဘာဝ
#အငုံစိတ်