LOOKS - Branding and Advertising

LOOKS - Branding and Advertising သင့် business အတွက် စနစ်တကျဖြစ်အောင်အကော?

14.May.2022 နေ့တွင်ကျရောက်သော ကဆုန်လပြည့်နေ့တွင် စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာနှင့်ပြည့်စုံပြီး ဘေးရန်ကင်းကွာ ကျန်းမာပ...
14/05/2022

14.May.2022

နေ့တွင်ကျရောက်သော ကဆုန်လပြည့်နေ့တွင်

စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာနှင့်ပြည့်စုံပြီး

ဘေးရန်ကင်းကွာ ကျန်းမာပျော်ရွှင်ကြပါစေလို့

LOOKS Branding And Advertising

မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခဗျာ။

Thanks for offering "ယုန်ကြီး" ( ice cream shop)အကောင်းဆုံးပုံရိပ်အတွက် ယုံကြည်စိတ်ချစွာ လက်တွဲဖော်ဆောင်ရခြင်းကို အထူးပင...
12/05/2022

Thanks for offering
"ယုန်ကြီး" ( ice cream shop)
အကောင်းဆုံးပုံရိပ်အတွက် ယုံကြည်စိတ်ချစွာ လက်တွဲဖော်ဆောင်ရခြင်းကို အထူးပင် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။

We are proud to be your creative designer.

Logo designများအပြင် poster designများကိုလည်း ရေးဆွဲပါတယ်။

သင့်လုပ်ငန်းအတွက် ကျွန်တော်တို့နဲ့အတူ
လက်တွဲဖန်တီးလိုလျှင်
Page Chat Box မှလည်းကောင်း၊
09789872302 သို့လည်းကောင်း၊
[email protected] သို့လည်းကောင်း လာရောက်ဆက်သွယ်နိုင်ပါတယ်။

Your Looks, Your Audiences...

designer logodesign

🏮Happy Chinese New Year 2022! Gong Xi Fa Cai!🏮Wishing our Chinese customers and friends, an abundance of wealth & health...
31/01/2022

🏮Happy Chinese New Year 2022! Gong Xi Fa Cai!🏮
Wishing our Chinese customers and friends, an abundance of wealth & health, along with lots of fortune and prosperity in the new lunar year.

သီတင်းကျွတ်ကာလလေးမှာ ကျန်းမာကြပါစေ။🙏🏻
12/10/2021

သီတင်းကျွတ်ကာလလေးမှာ ကျန်းမာကြပါစေ။🙏🏻

အဖေတို့ခေတ်စျေးရောင်းပုံနှင့် ကျွန်တော်တို့ခေတ် ဈေးရောင်းပုံ ဒီမှာနောင်ကြီး.... ဘယ်လုပ်ငန်းပဲစလုပ်လုပ် first step ဆိုတာ ...
10/10/2021

အဖေတို့ခေတ်စျေးရောင်းပုံနှင့် ကျွန်တော်တို့ခေတ် ဈေးရောင်းပုံ

ဒီမှာနောင်ကြီး.... ဘယ်လုပ်ငန်းပဲစလုပ်လုပ် first step ဆိုတာ အရမ်းကို အရေးကြီးတာနော်...👍
အဲ့လိုပါဘဲ marketing မှာလဲ awareness လို့ခေါ်တဲ့ သတိပြုမိခြင်းဆိုတာ first step ပါဘဲ။ကိုယ့်ရဲ့ Business ကို awareness ရအောင် ခေတ်အဆက်ဆက် ဘယ်လိုမျိုးပုံစံတွေနဲ့ marketing လုပ်ခဲ့ကြတာလဲ?

🍀 80s, 90s(ပါပါးတို့ခေတ်ပေါ့)
အဲ့ခေတ်လောက်တုန်းကဆိုရင် marketing ဆိုတာ လုပ်ငန်းကြီးတွေပဲသုံးနိုင်ကြတဲ့ ဇိမ်ခံပစ္စည်းတစ်ခုလိုပါပဲ။ Budget များများသာရှိရင် ခင်ဗျားရဲ့ product ကို Tv ပေါ်မှာသာ ကြော်ငြာလိုက် တခါတည်းပေါက်သွားဖို့ အခွင့်အရေးက အတော်များခဲ့တာပါ။ နောက်ပိုင်းမှာ Tv တွေခေတ်စားလာတယ်ဆိုတာတောင် လူအများစုအတွက်ကတော့ အလှမ်းဝေးနေခဲ့တုန်းပါ။
ဒါကြောင့် တခြားရွေးချယ်စရာ radio, ကြော်ငြာ printing နဲ့ billboard စတဲ့ ကြော်ငြာလုပ်ငန်းတွေမှာပဲ တိုးဝှေ့တန်းစီခဲ့ရပါတယ်။ သတင်းစာထဲထည့်ပြီး ကြော်ငြာကြပြန်ရင်လည်း ကိုယ့်လိုကြော်ငြာသူပေါင်းများစွာရှိတဲ့အတွက် ထင်ပေါ်ဖို့က မလွယ်ကူလှပါဘူး။ မိမိ brand ခိုင်မြဲအောင်လည်း အချိန်အတော်ကြာ လုပ်ဆောင်ယူကြရပါတယ်။

🍀21st( ကျွန်တော်တို့ခေတ်)
ဒီဖက်ခေတ်မှာတော့ အရင်ကလို ကြော်ငြာနေကြတုန်းဆိုပေမဲ့ Digital ခေတ်ရဲ့ ရိုက်ခက်မှုတွေကို တွေ့မြင်ရမှာပါ။ အရင်လို budget ကောင်းကောင်းနဲ့ မင်းသား၊ မင်းသမီး ငှားရိုက်လိုက်ရင်လဲ အခက်မသင့်ရင် ကိုယ့်ရဲ့ Product ကမပေါက်ဘဲ မင်သား၊မင်းသမီးပဲပေါက်သွားတဲ့ခေတ်မဟုတ်တော့ပါဘူး။
ဒီဖက်ခေတ် ဝယ်ယူစားသုံးတွေမှာ အရင်ကထက်ပိုပြီးတော့ ရွေးချယ်စရာတွေ များလာပါပြီ သူတို့အတွက် ဘယ် service, ဘယ် product က ပိုသင့်တော်တယ် ပိုကောင်းနိုင်တယ် စတဲ့ ရွေးချယ်စရာတွေ များလှပါတယ်။

ဝယ်ယူသူတွေရဲ့ အာရုံကို ဖမ်းမစားနိုင်တဲ့ product ကတော့ ချောင်ထဲမှာ လစ်လျူရှု ပစ်ထားခံရပါတယ်။ အဲ့တော့ လုပ်ငန်းရှင်တွေကလည်း ခေတ်ရေစီးကြောင်းအတိုင်းလိုက်ပြီး ပြောင်းလဲ လုပ်ဆောင်ကြရပါတော့တယ်
အခုခေတ်မှာ ကြော်ငြာလုပ်ငန်းအတွက် စဉ်းစားလိုက်ရင် ခေါင်းထဲအရင်ဆုံးပေါ်လာတာ social media ပါ။ ဟုတ်ပါတယ် ကမ္ဘာတစ်ဝှမ်းမှာ သုံးစွဲသူပေါင်း Billion နှင့်ချီပြီးကို ရှိတဲ့ နေရာတစ်ခုပေါ့။ အနီးစပ်ဆုံးပြောရရင် January လမှာ ထွက်ရှိတဲ့ စစ်တမ်းတစ်ခုအရ မြန်မာနိုင်ငံမှာ Facebook social media ကို အသုံးပြုသူပေါင်း ၂၈၇၈၀၀၀၀ ( ၂၈ သန်း ) ရှိပါတယ်။ ဒါဟာ တစ်နိုင်ငံလုံး လူဦးရေရဲ့ 51.7% ပါ။

အဲ့တော့ မြန်မာနိုင်ငံမှာ အသုံးပြုသူအများဆုံးဖြစ်တဲ့ Facebook မှာပဲ ကြော်ငြာလုပ်ငန်းတွေလုပ်ကြတယ်ပြောတယ်ဆိုရင်တောင် မယုံနိုင်စရာမရှိတော့ပါဘူး။ အရင်လို budget အင်အားတောင့်တောင့်နဲ့ Televisionတွေ၊ ဂျာနယ်တွေမှာ ကြော်ငြာမထည့်နိုင်ရင်တောင် မိမိလုပ်ငန်းကို နိုင်ငံတစ်ဝက်လောက်ရှိတဲ့ စျေးကွက်ထဲကို အရောက်ပို့ဆောင်နိုင်မှာဖြစ်ပါတယ်။
အများအာရုံကို ဖမ်းစားရင်း ကိုယ့်လုပ်ငန်းကို လူအများဆီ အရောက်ပို့ဆောင်ချင်ရင်တော့ LOOKS Advertising & Branding ရဲ့ ဒီဇိုင်းလက်ရာတွေကို လိုအပ်လိမ့်မယ်နော့်
ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်တော့ Chat box ကိုပဲဖြစ်ဖြစ်၊ ဖော်ပြပါ ဖုန်းနံပါတ်ကိုပဲ ဖြစ်ဖြစ် ဆက်သွယ်လို့ရပါတယ် ခင်ဗျ။🤝🏻


Logo သာ မရှိရင်ဘာဖြစ်မလဲ?'Logo'ဆိုတာကတော့ ရှင်းရှင်းလေးပါပဲ သင်တို့ရဲ့ လုပ်ငန်းက 'ဘာလဲ'၊ 'ဘာလုပ်တာလဲ'ဆိုတဲ့ များပြားတဲ့ ...
04/10/2021

Logo သာ မရှိရင်ဘာဖြစ်မလဲ?
'Logo'ဆိုတာကတော့ ရှင်းရှင်းလေးပါပဲ သင်တို့ရဲ့ လုပ်ငန်းက 'ဘာလဲ'၊ 'ဘာလုပ်တာလဲ'ဆိုတဲ့ များပြားတဲ့ အချက်အလက်တွေကို 'သူ'တစ်ခုတည်းနဲ့ မြင်သာအောင် ကိုယ်စားပြု ဆက်နွယ်ပေးတဲ့အရာလေးတစ်ခုပါ။

တကယ်လို့ လုပ်ငန်းတစ်ခုမှာ 'Logo' သာ မရှိခဲ့ရင် ခင်ဗျားရဲ့ လုပ်ငန်းက ပြိုင်ဖက်အများကြားမှာ တမူ'ထူးခြား'တယ်ဆိုတာကို ထုတ်ဖော်ပြပေးဖို့ အချိန်များစွာရင်းနှီးပြီး ကြိုးစားဖို့လိုအပ်မှာ ဖြစ်ပါတယ်

ကဲ..... စားသုံးသူတွေအနေနဲ့ပေါ့ တွေးကြည့်ကြည့်ရအောင်။ အခုလက်ရှိ ၂၀၂၁ အချိန်မှာဆို လူတိုင်း Branded ပစ္စည်းတွေနဲ့ ရှောင်လွှဲလို့ မရတော့တာ မထူးဆန်းတော့ပါဘူး။ Brand တွေ၊ Logo တွေဟာ ရေသန့်ဗူးမှာ၊ အဆောက်အဦး နံရံတွေမှာ၊ ဈေးဆိုင်တွေမှာ ခင်များတို့/ကျွန်တော်တို့ရဲ့ attention တွေကို ဖမ်းစားဖို့ အပြိုင်အဆိုင် နေရာယူထားကြပါတယ်

Social life မှာပဲ ဖြစ်ဖြစ်၊ အိမ်မှာနေရင်ပဲ ဖြစ်ဖြစ် ကြော်ငြာတွေနဲ့မလွတ်နိုင်ပါဘူး၊ Brand တွေ Ads တွေက နေရာတိုင်းမှာ ရှိပါတယ်။ အိမ်မှာ ကွန်ပြူတာ၊ ဖုန်းသုံးရင်တောင် icon logo တွေ၊ task bar နဲ့ browser tab မှာ logo အခု ၂၀၊ ၃၀ လောက် တစ်နေ့ကို ထိတွေ့နေရတယ် 🧑‍💻

မျက်စိနဲ့ မြင်လို့ရတဲ့ နေရာတိုင်းမှာ brand တွေ၊ logoတွေကို မြင်နေရတာ တကယ်လို့ ကမ္ဘာပေါ်မှာ logo တွေ ဆိုတာမရှိတော့ရင်ရော? လူတွေကို ဘယ်လိုဆွဲဆောင်မှာလဲ? ဒီကုန်ပစ္စည်းအပေါ် ဘယ်လို feeling တွေပေးနိုင်မလဲ?

စဉ်းစားကြည့်တော့ ပုံမှန်အတိုင်း မထင်မရှား ရှိနေနဲ့ ကမ္ဘာကြီးလို့ ထင်တယ်။ Graphic နဲ့ ဆိုင်တာတွေအားလုံးမရှိတော့ဘဲစာနဲ့ အ‌ရောင်တွေပဲ ကျန်နေတော့မယ်ဆိုတော့ အာရုံသိပ်မစိုက်ရတဲ့ ကမ္ဘာကြီးဖြစ်နေတယ်၊ ဒါဆို စာကို logo အနေနဲ့ သုံးရတာပဲလို့ မေးနိုင်တယ် ဘာလို့ဆို Coca-Cola၊ Google၊ Yahooတို့က Font စာလုံးတွေရဲ့ ဘောင်ကနေ လွတ်မြောက်သွားပြီး ကိုယ်ပိုင် identity တွေရှိတဲ့ Logo တွေ ဖြစ်လာကြတာ မဟုတ်လား? 🤷

ဒီလိုသာဆို ပုံမှန်သုံးနေကြ ဘောပင်မှာလဲ ဒီဇိုင်းတွေမပါတော့ဘူး အပြာရောင် ဘောပင်တစ်ချောင်းပဲ၊ mobile phone တွေလဲ ဖုန်းတွေ အများကြီးထဲက ဘယ်ဖုန်းက ဘယ် function ကို ပေးစွမ်းနိုင်တယ့်ဟာဆိုပြီး မှတ်မိနေနိုင်တာလဲ ဖြစ်ကောင်း ဖြစ်နိုင်ပါတော့တယ်

🔗 Logo နဲ့ Brand က ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ရပ်တည်နေတာကြောင့် သင့်ရဲ့ လုပ်ငန်း၊ သင့်ရဲ့ Brand၊ သင့်ရဲ့ imageကို အဓိပ္ပာယ်အပြည့်ပါဝင်တဲ့ Logoရဲ့ ကိုယ်စားပြု ဆက်နွယ်ဖော်ပြပေးမှုကို လိုအပ်ပါတယ်

မိမိလုပ်ငန်းကို အပြည့်အဝကိုယ်စားပြုဖော်ပြနိုင်တဲ့ Logo တစ်ခု ရေးဆွဲဖို့ လိုအပ်နေပြီဆိုရင်တော့ လက်ရှိမှာ လုပ်ငန်းအမျိုးအစားပေါင်းများစွာအတွက် ရေးဆွဲပေးလျက်ရှိတဲ့ LOOKS - Branding & Advertising နှင့် ဆွေးနွေးတိုင်ပင်ပြီး အကြံကောင်းများ ရယူနိုင်ပါတယ် ခင်ဗျာ 🤝



သင်တို့ တကယ်ပဲ လိပ်ပြာလုံနိုင်ပါလား!
03/10/2021

သင်တို့ တကယ်ပဲ လိပ်ပြာလုံနိုင်ပါလား!

လူတွေအကြိုက်ဆုံးအရောင် (သို့မဟုတ်) အပြာရောင် လူတစ်ဦးချင်းစီမှာ အကြိုက်ဆုံးအရောင်တစ်ရောင်၊ ကိုယ့်မျက်စိထဲမှာ တခြားအရောင်တ...
01/10/2021

လူတွေအကြိုက်ဆုံးအရောင် (သို့မဟုတ်) အပြာရောင်

လူတစ်ဦးချင်းစီမှာ အကြိုက်ဆုံးအရောင်တစ်ရောင်၊ ကိုယ့်မျက်စိထဲမှာ တခြားအရောင်တွေထက် ပိုလှနေတဲ့ အရောင်တစ်ရောင်တော့ ရှိကြမယ်ဟုတ်?။ စစ်တမ်းတွေအရဆိုရင်တော့ လူအများစုက အပြာရောင်ကို ကြိုက်ကြတယ်ဆိုပဲ
အပြာရောင်ကို အကြိုက်ဆုံးဆိုတဲ့ လူဦးရေဟာ ကမ္ဘာ့လူဦးရေရဲ့ (၃၅) ရာခိုင်နှုန်းတောင်မှ ရှိပါတယ်။ ဆိုတော့ လူ(၁၀)ယောက်မှာ (၄)ယောက်က အပြာရောင်ကို အကြိုက်ဆုံးဖြစ်မှာပေါ့။ စိတ်ဝင်စားစရာကောင်းတာက သဘာဝအတိုင်းဖြစ်နေတဲ့ အပြာရောင်က အနည်းဆုံးပါ။ ဥပမာ သတ္ထုတွေ၊ အပင်တွေ၊ သတ္တဝါတွေ ပေါ့ဗျာ
အပြာရောင်ဟာ ဟိုးရှေးအချိန်အခါတည်းက တန်ဖိုးထားပြီး ဆက်ဆံခံရတဲ့ အရောင်တစ်ရောင်ဗျ။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၁၀၀၀)လောက်က အီဂျစ်မှာ ရှားပါးတဲ့ အဖိုးတန် အပြာရောင် ကျောက်တစ်မျိုး ပေါ်ခဲ့ဖူးတယ်။ စျေးကြီးလွန်းတော့ လူအများစုတောင် ပိုင်ဆိုင်ခွင့်မရဘဲ တူးဖော်ပြီး အထွတ်အမြတ် ရတနာတစ်ခုအဖြစ် သတ်မှတ်ခဲ့တယ်။ ဒီလိုပဲ ဥရောပ၊ တရုတ် စတဲ့ လူမျိုးတွေက သမိုင်းဝင် ဗိသုကာ၊ လက်ဝတ်ရတနာတွေကို အပြာရောင်ရေးချယ်ပြီး ပြုလုပ်ခဲ့ကြတယ်။ လက်ရှိမှာ ထင်ရှားတဲ့ ဥပမာကတော့ အပြာရောင်ဟာ ညီညွတ်ခြင်းဂုဏ်ပုဒ်ကိုဆောင်တာကြောင့် ကမ္ဘာ့ကုလသမ္ဂ (United Nation)အလံရောင်ကို အပြာရောင်အဖြစ် ရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်
နောက်ထပ် စိတ်ဝင်စားစရာ အချက်တွေကတော့
🍀 အပြာရောင်ဟာ အခန်းထဲမှာဆို လူအများစုကို ပိုပြီး Productive ဖြစ်ကြတယ်လို့ ပြောကြပါတယ်
🍀စားစရာတွေထဲမှာဆိုရင်လဲ အပြာရောင်ရှိတဲ့ စားစရာက အနည်းဆုံးပါတဲ့
🍀 ကမ္ဘာ့လူဦးရေရဲ့ (၈) ရာခိုင်နှုန်းလောက်သာ အပြာရောင်မျက်လုံးတွေကို ပိုင်ဆိုင်ထားကြတာပါ။
🍀အပြာရောင်ကို အမျိုးသားတွေက ပိုပြီး နှစ်သက်ကြပါတယ်တဲ့ဗျာ။
ကဲ..... ဒီလိုမျိုး စိတ်ဝင်စားစရာအကြောင်းအရာတွေကို ဖတ်ချင်တယ်ဆိုရင်တော့ Page ကို like & follow လုပ်ထားခဲ့ဖို့ မမေ့နဲ့နော်။


သင့်လုပ်ငန်းမှာ ဘာကြောင့် Flyer လိုအပ်တာလဲ?🤔     တကယ်တော့ သင့်ရဲ့ စီးပွားရေးအမှတ်တံဆိပ်ကို လူသိရှင်ကြားမြှင့်တင်ခြင်းဟာ ...
28/09/2021

သင့်လုပ်ငန်းမှာ ဘာကြောင့် Flyer လိုအပ်တာလဲ?🤔
တကယ်တော့ သင့်ရဲ့ စီးပွားရေးအမှတ်တံဆိပ်ကို လူသိရှင်ကြားမြှင့်တင်ခြင်းဟာ သင်ထင်ထားတာထက်ပိုခက်ခဲပါတယ်။ စီးပွားရေးဈေးကွက် ရှာဖွေရေးအတွက် နည်းဗျူဟာတွေ အများကြီးရှိတဲ့ အထဲမှာမှ လက်ကမ်းကြော်ငြာများသည်လည်း အရေးကြီးတဲ့ဗျူဟာတစ်ခုဖြစ်ပြီး ၎င်းကို ယနေလိုဒီဂျစ်တယ်ခေတ်ကြီးမှာတောင် ဆက်လက်အသုံးပြုနေတာကို တွေ့ရမှာပါ။ လက်ကမ်းကြော်ငြာခြင်းဟာဆိုရင် လုပ်ငန်းအမျိုးအစားအားလုံးနဲ့ သင့်တော်ပြီး ခုမှစတင်လုပ်ကိုင်မဲ့ startup စီးပွားရေးလုပ်ငန်း များအတွက် နာမည်ရဖို့ အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။💯
လူအများစုက social media ကိုအလွန်အကျွံသုံးစွဲခြင်းကြောင့် ဒီဂျစ်တယ် ပလက်ဖောင်း ပေါ်မှာ ကြော်ငြာခြင်းက ကောင်းမွန်တဲ့ရွေးချယ်မှု ဖြစ်ပေမဲ့ တစ်ဖက်မှာလည်း လက်ကမ်းကြော်ငြာများရဲ့ အားသာချက်တွေလဲ ရှိနေပါတယ်။
လက်ကမ်းကြော်ငြာများရဲ့ အဓိကအာသာချက်တွေကတော့-
🍀 နံပါတ်တစ် - Flyer များကိုအသုံးပြုပြီးကြော်ငြာခြင်းကအချိန်ကုန်သက်သာပြီး အကျိုးသက်ရောက်မှု မြင့်မားခြင်း
ကျွန်တော်တို့တွေဟာ ဈေးကွက်ရှာဖွေရေးမှာ အချိန်ယူပြီး ကြော်ငြာတွေကို ဖန်တီးဖို့လိုအပ်ပါတယ်။ ဒါပေမဲ့ Flyer ကိုအသုံးပြုမယ်ဆိုရင် အချိန်ကုန်သက်သာစေပြီး သင့်ရဲ့အမှတ်တံဆိပ်ကိုလဲ ထိရောက်တဲ့ ဆွဲဆောင်မှုဖြစ်ပေါ်စေပါတယ်။ ဒါတင်မကသေးပါဘူး သင်အလိုရှိသလောက် အရေးကြီးတဲ့အကြောင်းအရာများစွာကို ထည့်သွင်းဖော်ပြနိုင်တာကြောင့် အချိန်တိုအတွင်းမှာ လုပ်ငန်းအကြောင်းကို အသေးစိတ်ထုတ်ပြနိုင်ပြီး ပရိတ်သက်ရဲ့ အာရုံကိုလဲ ဖမ်းစားနိုင်မှာပါ။
🍀နံပါတ်နှစ် - Flyer များကို ကျယ်ပြန်စွာအသုံးပြုလာခြင်း
Flyer များကိုအသုံးပြုခြင်းမှတစ်ဆင့် ဈေးကွက်ရှာဖွေခြင်းကို လက်ရှိအောင်မြင်နေသော လုပ်ငန်းများက အသိအမှတ်ပြုကြပါတယ်။ လက်ကမ်းကြော်ငြာခြင်းဟာ ကုန်အမှတ်တံဆိပ်ရဲ့ ဂုဏ်သိက္ခာကို ထိထိရောက်ရောက်တည်ဆောက်ပေးတဲ့ ရိုးရာ ဈေးကွက်ရှာဖွေရေး နည်းဗျူးဟာများထဲမှ တစ်ခုဖြစ်ပြီး လက်ရှိ ဒူဘိုင်းမှာရှိတဲ့ ကုမ္ပဏီများစွာဟာ ဒီနည်းဗျူဟာကို အသုံးပြုပြီး အထူးအောင်မြင်နေတာကို တွေ့ရမှာပါ။
🍀နံပါတ်သုံး - Flyer များကိုအသုံးပြုပြီးကြော်ငြာခြင်းကကုန်ကျစရိတ်အသက်သာဆုံးနဲ့ ဈေးကွက်ရှာဖွေရေး နည်းလမ်းတစ်ခုဖြစ်ပြီး customer တွေထံ ရောက်ရှိရန်အလွယ်ကူဆုံးနည်းလမ်းဖြစ်ပါတယ်။ ဒီလိုရောက်ရှိရန်လွယ်ကူပေမဲ့ တချို့လူတွေက Flyerတွေ အများကြီး လက်ထဲကိုတစ်ပြိုင်နက်ရောက်နေတဲ့အခါမျိုးမှာ အမှတ်တံဆိပ်တွေအားလုံးကို လျစ်လျူရှုပြီ စိတ်မဝင်စားကြတော့ပါဘူး။ ဒါကြောင့် သင့်ရဲ Flyer ဟာ Professional အသွင်ပြင်ဖြစ်နေဖို့ အရည်အသွေးကောင်းမွန်တဲ့ စက္ကူနဲ့ customer တွေကို ဖမ်းစားနိုင်မဲ့ ဒီဇိုင်းတွေနဲ့ဖန်တီးထားဖို့ လိုပါတယ်။
ဒီအတွက်တော့မပူပါနဲ့ customer တွေကို အပြည့်အဝဖမ်းစားနိုင်မဲ့ Flyer design တွေကိုရေးဆွဲဖို့လိုအပ်နေပြီဆိုရင်တော့ ပြည်တွင်းရောပြည်ပမှာပါ ဝန်ဆောင်မှုပေးနေတဲ့ LOOKS - Branding and Advertising ကို သတိရလိုက်ပါ။🌻



Business Card ရှိဖို့ တစ်ကယ်လိုအပ်ရဲ့လား❓     Business Card ဆိုတာ စီးပွားရေး တစ်ခုလုံးရဲ့ first impression ကိုဖော်ပြနိုင...
25/09/2021

Business Card ရှိဖို့ တစ်ကယ်လိုအပ်ရဲ့လား❓
Business Card ဆိုတာ စီးပွားရေး တစ်ခုလုံးရဲ့ first impression ကိုဖော်ပြနိုင်ပြီး လူတွေကို သင်က သူတို့ရဲ့ပြဿနာတွေကို ဘယ်လိုဖြေရှင်းပေးနိုင်တယ်ဆိုတာကို ပြသနေတဲ့ ခိုင်မာတဲ့ဒီဇိုင်းတွေနဲ့ ရေးဆွဲထားတဲ့ ကဒ်ပြားလေးပါ။✍

သု‌တေသန အချက်အလက်တစ်ခုအရ ကမ္ဘာပေါ်မှာ နေ့စဉ် Business card သန်းပေါင်း၂၇ သန်းနီးပါးကို နေ့စဉ်ပုံနှိပ်နေရပါတယ်။
သေချာဒီဇိုင်းဆွဲထားတဲ့ Hard copy များဟာ လူတွေရဲ့ Business အတွက် အတိုင်းအတာ တစ်ခုအထိ Impression တက်‌စေနိုင်လို့ လူတွေသဘောကျကြပါတယ်။
သူတို့ဆုပ်ကိုင်ခံစားနိုင်တဲ့ အရာတစ်ခုခုပေါ့။ ဥပမာ - hard copy စာအုပ်ရောင်းအားမြင့်တက်မှု ဆက်လက်ဖြစ်ပေါ်နေတာကိုကြည့်ပါ။ business ကတ်တွေဟာလည်း ဒီ analogue ပြန်လည်ဆန်းသစ်မှုရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။
ဒါကြောင့် စီးပွားရေးလုပ်ငန်း အကြီးစားကြီးတွေတင်မဟုတ်ပဲ အတင့်အသင့်ရှိတဲ့ လုပ်ငန်းတွေမှာပါ အသုံးပြု‌ကြပါတယ်။

ဒီတော့ သင့်မှာသာ business card ရှိထားရင် ဘာအကျိုးကျေးဇူးတွေရှိနိုင်လဲ?
🍀နံပါတ်တစ် - Professional ကျတဲ့ Business Card လုပ်ထားခြင်းက သင့်ရဲ့ အမှတ်တံဆိပ်ကို တနည်းအားဖြင့် လူသိများအောင် စျေးနှုန်းအသက်သာဆုံး နည်းလမ်းနဲ့ ကြော်ငြာရာ ရောက်ပါတယ်။
🍀နံပါတ်နှစ် - ဒါတင်မကသေးပါဘူး သင့်လုပ်ငန်းကို အခြားလူတွေကမ်းလှမ်းလာစေမယ့် ပြတင်းပေါက်တစ်ခုဖြစ်ပြီးသင့်လုပ်ငန်းဟာလည်း တစ်ခြားပြိုင်ဘက် လုပ်ငန်းတွေထက် ခြေလှမ်းသာနေမှာပါ။

လုပ်ငန်းတွေမှာ Business Card ရှိတာချင်းတူနေရင်တောင်ဒီဇိုင်းကွဲပြားမှုက ဆွဲဆောင်မှုတစ်ခုဖြစ်ပေါ်စေပါတယ်။
ဒီအတွက်မပူပါနဲ့။ သင့်ရဲ့Business brandကို အမြင်အာရုံမှတစ်ဆင့် မှတ်ဥာဏ်ထဲထိရောက်အောင် LOOKS မှ ကူညီဆောင်ရွက်ပေးနေပါတယ်။✍
ကိုယ့်လုပ်ငန်းရဲ့ standard ကို ပေါ်လွင်စေဖို့ ဒီဇိုင်းမိုက်မိုက်လေးတွေနဲ့ Business card အပ်ချင်တယ်ဆိုရင်တော့ LOOKS ဆီကိုလှမ်းခဲ့ဖို့ ဖိတ်ခေါ်ပါတယ်နော်။🌻

အခုလို ခက်ခဲတဲ့အချိန်ကာလကြီးမှာ Stay home ရင်းနဲ့ အကျိုးရှိအောင် စီးပွားရေးလုပ်ငန်းရှင်တွေရော ဒီဇိုင်းနာတွေ အတွက်ပါ Know...
13/08/2021

အခုလို ခက်ခဲတဲ့အချိန်ကာလကြီးမှာ Stay home ရင်းနဲ့ အကျိုးရှိအောင် စီးပွားရေးလုပ်ငန်းရှင်တွေရော ဒီဇိုင်းနာတွေ အတွက်ပါ Knowledge sharing အနေနဲ့ အရောင်တစ်ရောင်ချင်းစီရဲ့နောက်ကွယ်က meaning လေးတွေကို ဖော်ပြလိုက်ပါတယ်နော်။

ဒါ့အပြင် ဒီဇိုင်းနဲ့ပတ်သက်တဲ့ Knowledge လေးတွေသိချင်တယ်ဆိုရင်လဲ comment မှာလာရောက်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

☺အားလုံးပဲ အန္တာရယ်ကင်းဘေးရှင်းကြပါစေ။☺


Address

78th
Mandalay

Opening Hours

Monday 09:00 - 22:00
Tuesday 09:00 - 22:00
Wednesday 09:00 - 22:00
Thursday 09:00 - 22:00
Friday 09:00 - 22:00
Saturday 09:00 - 22:00
Sunday 09:00 - 22:00

Telephone

+959894704916

Website

Alerts

Be the first to know and let us send you an email when LOOKS - Branding and Advertising posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to LOOKS - Branding and Advertising:

Share