10/08/2023
လုပ်ငန်းတခုမှာ အရေးတကြီးကိုင်တွယ်နိုင်ဖို့ လိုအပ်တဲ့အရာတခုရှိပါတယ်။
"Perishability" ပုပ်သိုးကုန် ပါ။ ဒီနေရာမှာဆိုလိုချင်တဲ့ ပုပ်သိုးကုန်ဆိုတာ ဒီနေ့မရောင်းရရင် နောက်တနေ့မှာ ဒီနေ့အတွက်အစားထိုး ပြန်လည်ရောင်းချလို့မရတော့ပဲ ထိုအတွက် ရရှိမဲ့ income ကို ဆုံးရှုံးလိုက်ရတာကို ဆိုလိုချင်တာဖြစ်ပါတယ်။
ဥပမာလေးနဲ့ ရှင်းပြပါ့မယ်။
Room 50 ရှိတဲ့ ဟိုတယ်တလုံးအနေနဲ့ ဒီနေ့မှာ အခန်း 30 ပဲ ရောင်းထွက်ခဲ့တယ်ဆိုရင် ကျန်တဲ့ vacant အခန်း 20 က ဒီနေ့အတွက် income မရတော့သလို နောက်တနေ့မှာ ဒီနေ့မှာ ကျန်ခဲ့တဲ့ vacant အခန်း 20 အတွက် income ကို ပြန်ရှာ၍မရနိုင်တော့တာကြောင့် ဒါက "Perishability" လို့ခေါ်တဲ့ ပုပ်သိုးကုန်ပါ။
လုပ်ငန်းတိုင်းမှာ perishability ဆိုတာရှိပါတယ်။ သို့သော်လည်း အဓိက ဝင်ငွေလမ်းကြောင်းကို ရရှိစေတဲ့ ထုတ်ကုန်ရဲ့ Perishability rate ကို ပိုပြီး နည်းနိုင်သမျှ နည်းအောင် ကြိုးစားလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ခုနက ဟိုတယ် ဥပမာမှာ ဆက်ပြောရမယ်ဆိုရင် ဟိုတယ်မှာ restaurant & bar, spa, ballroom စသည် စသည်ဖြင့် income streams တွေ အများကြီးရှိပါတယ်။ သို့ပေမဲ့ အဓိက ဝင်ငွေရရှိစေတဲ့ product သည် အခန်းဌားရမ်းခြင်းပါ။ ဒါမျိုးကို ဆိုလိုချင်တာပါ။
ဒီ issue ကို ကိုင်တွယ်တဲ့အခါမှာ အသုံးဝင်မဲ့ နားလည်ထားဖို့လိုအပ်တဲ့ အခြေခံကျတဲ့ အချက် လေးချက် ကို မျှဝေပေးချင်ပါတယ်။
1. ကိုယ့်ရဲ့ customer က ဘယ်သူတွေလဲဆိုတာကို ရှင်းရှင်းလင်းလင်း သိရပါမယ်။
လူတိုင်းက ကိုယ့်ရဲ့ customer မဟုတ်တဲ့အတွက် mass target ထားလို့မရပါဘူး။ ဘယ်သူတွေက ကိုယ့်ရဲ့ customer လဲဆိုတာကို specific segment ခွဲထားရပါမယ်။
2. ကိုယ့်မှာ သူတို့ ကိုယ့်ကိုပဲ ရွေးချယ်ရစေမဲ့ Unique Selling Proposition (USP) ရှိရပါမယ်။
သူတို့ရဲ့ need & want ကို ထောက်ပံ့ပေးတဲ့ ကိုယ့်ရဲ့ product က direct, indirect, substitute competitors တွေကြားထဲမှာ ဘာကြောင့် ရွေးချယ်ရမယ်ဆိုတာကို သူတို့ သိနေဖို့ ရှိရပါမယ်။ သိအောင် communication လုပ်ရပါမယ်။
ဒီနေရာမှာ Product/ Service Bundle ကို နားလည်ရပါမယ်။
Actual Product (ကိုယ် တကယ် ရောင်းချတဲ့ product)
ဟိုတယ်တလုံးရဲ့ main product ဟာ room ဖြစ်ပါတယ်။ ကိုယ် ရောင်းချပေးတဲ့ room ဟာ ဘယ်လိုပုံစံမျိုးလဲဆိုတာ အပေါ်တဆင့်မှာ ဘယ်သူတွေအတွက်လဲဆိုတဲ့ customer segment လုပ်ခဲ့မှသာ သူတို့ကိုယ့်ကို နှစ်ခြိုက်စေမဲ့ design, amenities စတာတွေကို product-customer fit ဖြစ်စေမှာဖြစ်ပါတယ်။
Core Benefits (Customer တွေ ဘာကိုလိုအပ်တာလဲ? ဘာကို ဝယ်ယူတာလဲ?)
Marketing မှာ ပြောနေကျ စကားလုံးတလုံးရှိပါတယ်။ Customer တွေဝယ်ယူတာ Product ကို မဟုတ်ပါဘူး အဲ့ Product ရဲ့နောက်ကွယ်မှာရှိတဲ့ သူတို့ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးမဲ့ Core Benefits ကို ဝယ်ယူတာပါ ဆိုတာပါပဲ။
စီးပွားရေးအတွက်လာတဲ့ Business Traveller တယောက်နဲ့ အလည်အပတ်ခရီးအတွက်လာတဲ့ Leisure Traveller တယောက်ရဲ့ needs and wants တွေက မတူညီပါဘူး။ ဒါတွေကို သိထားမယ်ဆိုရင် ကိုယ့်ရဲ့ customer တွေကို pitch တဲ့နေရာမှာ ပိုပြီးထိထိရောက်ရောက် pitch နိုင်မှာဖြစ်ပါတယ်။
Augmented Product (ထပ်ပြီး additional အနေနဲ့ ပေါင်းထည့်ပေးထားတဲ့ product)
ကိုယ့်အနေနဲ့ ဘာတွေထပ်ဆောင်းပြီး provide လုပ်ပေးနိုင်လဲဆိုတာကလဲ customer တွေအနေနဲ့ ကိုယ့်ကို ပိုမိုရွေးချယ်စေမဲ့ အကြောင်းအရင်းတခုပါပဲ။ ဒါက မဖြစ်မနေ ထားရှိပေးရမဲ့ basic facilities တွေကို ဆိုလိုတာမဟုတ်ပါဘူး။ ဥပမာ : wifi, pool table, unplugged, playground စတဲ့ facilities တွေ၊ intangible product ဖြစ်တဲ့ service စတာတွေကို ဆိုလိုတာဖြစ်ပါတယ်။
3. ထိရောက်တဲ့ Sale & Marketing Strategy တွေကို ရေးဆွဲအကောင်အထည်ဖော်ဆောင်ရပါမယ်။
အရေးကြီးတာက Sale & Marketing Funnel တဆင့်ချင်းဆီတိုင်းကို အသေအချာ ဂရုတစိုက်နဲ့ လုပ်ဆောင်သွားဖို့ပါပဲ။
ဒီအဆင့်က ကိုယ့်ရဲ့ ရောင်းအားနဲ့ တိုက်ရိုက်ကျနေတာဖြစ်တဲ့အတွက် အသေအချာလုပ်ဆောင်ဖို့လိုအပ်ပါတယ်။
4. Product & Service Quality တွေကို consistent ရှိရှိနဲ့ မလျော့ကျအောင်ထိန်းသိမ်းဝန်ဆောင်မှုပေးသွားဖို့ လိုအပ်ပါတယ်။
ဒါက လုပ်ငန်းတခုအတွက် အရေးကြီးဆုံးသောအချက်ပါပဲ။
ဒီအတွက်ဆိုရင်တော့ Operations Management ကို Focus ထားပြီး သေချာလုပ်ဆောင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။