How To Start Online Business by Aum Sang

How To Start Online Business by Aum Sang Onling shop စလုပ်မယ့်သူတေ ွအတ ွက် page ထောင်နည်းနဲ့ setting ချိန်နည်း

24/06/2020

လိုက်ရွေ့ကြည့်ပါ

Facebook Cele တချို့
တစ်နှစ်ကို သိန်း(၁) ထောင်အထက် ရှာနိုင်ကြသလို ...
အာလူးနဲ့ ကြက်သွန်ပွဲရုံက ကောင်လေးတစ်ယောက်လည်း
တစ်နှစ်ကို သိန်းထောင်ချီ ရှာနိုင်ကြတယ် ။

တချို့ အွန်လိုင်း စျေးသည်တချို့လည်း
တစ်လကို သိန်း (၃၀ ) ကျော် ရှာနိုင်ကြတယ် ။
ပိုက်ဆံကို အလုအယက် ရှာနေကြတဲ့ခေတ်မှာ သမရိုးကျ
ရုံးတက်လိုက် ရုံးဆင်းလိုက်နဲ့ ဘဝကြီး မပြောင်းလဲဘူး ..။
အိမ်ရောက်ရင် တစ်ခုခု ထပ်လုပ်ဖို့ ကြိုးစားကြည့်ပါ ။

တချို့ အနုပညာရှင်တွေ စျေးရောင်းနေတာကို ကြည့်ပြီး
လူတချို့က စားစရာမရှိလို့ စျေးထရောင်းနေကြတယ် ထင်နေကြတယ် ။ နာမည်ရှိတဲ့အချိန်မှာ ပိုက်ဆံကို အလုအယက် ရှာကြတဲ့ သဘောပါ ။ လူတချို့က ကျွန်တော်တို့ထက် အခြေအနေ အများကြီး သာနေတယ် ။ ဒါပေမဲ့ အသေအလဲ ကြိုးစားနေကြတယ် ။ ခေတ်ရေစီးကြောင်းအရ မြန်မာလည်း ထိုင်းလို ဖြစ်လာပြီ ။ စျေးတွေအပြိုင်အဆိုင် ရောင်းနေကြသလို
ပိုက်ဆံကိုလည်း အလုအယက် ရှာနေကြတယ် ။ ကိုဗစ်ကြောင့် ငတ်လို့ လုပ်နေကြတာ မဟုတ်ဘူး ။ ကိုဗစ် ပီးသွားလည်း စျေးရောင်း နေကြဦးမှာပဲ ...။ ရတဲ့နည်းနဲ့ ပိုက်ဆံ ရှာနေကြဦးမှာပဲ ။

ကိုဗစ်နဲ့အတူ ခေတ်ကောင်းဘက်ကို ပြန်ရွေ့လျားလာတော့မှာပါ ။ ကိုဗစ်ကြောင့် အလုပ်မဖြစ်တော့ဘူးလို့ ထင်ရင် techanic ပြောင်းပါ ။ ငွေဝင်တဲ့သူက တရဟော ဝင်နေတယ် ။ အမေစု ပြောသလိုပေါ့ ။ ကိုဗစ်ကြားမှာ စီးပွားရေး သိပ်မယိုင်သွားဘူးတဲ့ ။ တကယ်တော့ ယိုင်တော့ ယိုင်သွားတယ် ။ ဒါပေမဲ့ လူတချို့က တက်သွားတယ် ။ ဥပမာ food panda တို့လို .. City Mart တို့လိုပေါ့ ။ နောက်တစ်ခုက online shop တွေပေါ့ ။

အဆင်မပြေတဲ့လူတွေ ရှိသလို ၊ အဆင်ပြေတဲ့လူတွေလည်း အများကြီးရှိတယ် ။ လူတချို့က ဖုံးကွယ်ထားကြတယ် ။ ငယ်ငယ်တုန်းက စာမေးပွဲဖြေတဲ့အခါ သူငယ်ချင်းတချို့ကို မေးကြည့် ။ ဖြေနိုင်လားဆိုရင် မဖြေနိုင်ဘူး ညည်းပြကြတယ် ။ အမှတ်ထွက်လာမှ ဂုဏ်ထူးတွေ တစ်သီကြီး ။ လူတွေကလည်း အဲလိုပဲ ။ မပြေဘူးပြောပေမယ့် ပြေနေတဲ့လူတွေလည်း အများကြီး ။ ဒါကြောင့် အမြင်တစ်ခုနဲ့ မဆုံးဖြတ်ပါနဲ့ ။ အဆင်မပြေတဲ့လူတွေက မပြေဘူးလို့ ညည်းသံထွက်ပေမယ့် အဆင်ပြေနေတဲ့ လူတချို့က အသံတိတ်နေကြတယ် ။

ဘန်ကောက်တွေ သွားတဲ့အခါ ဘန်ကောက်က လူတွေ ဘယ်လို တက်ကြွပြီး အလုပ် လုပ်နေကြသလဲဆိုတာ တွေ့တယ်မလား ။ ရန်ကုန်လည်း အဲလိုအလား တဖြည်းဖြည်းနဲ့ ဖြစ်လာလိမ့်မယ် ။ Facebook သုံးပြီး ဟိုလူရဲ့ အခွီ video ကြည့်လိုက် ၊ ဟိုလူ့ရဲ့ troll တာကို ကြည့်လိုက်နဲ့ အပျင်းမဖြေပါနဲ့ ။ လုပ်စရာတွေ အများကြီးရှိတယ် ။ ခေတ်အရွေ့မှာ လိုက်ရွေ့ပါ ။ ခေတ်အရွေ့က အရမ်းမြန်တယ် ။ အမီလိုက်ဖို့ ပြင်ဆင်ပါ ။ အရင်လို ဆက်သွားကြည့်လိုက် ။ ကျရှုံးဖို့က ပိုများတယ် ။ ဆန်းသစ် တီထွင် ကြိုးစားကြည့်ပါ ။ ကြိုးစားကြည့်ပါ ။

ပိုက်ဆံရှာဖို့အတွက် မရှက်ပါနဲ့ ။
ပိုက်ဆံမရှာတတ်မှ ရှက်စရာနော် ။ ကြိုးစားပါ ။ ပြောင်းလဲကြည့်ပါ ။ ခေတ်အရွေ့မှာ အမီလိုက်ရွေ့နိုင်ကြပါစေ ...။

Crd #
#ဦးညို ...

16/06/2020

တစ်ယောက်တည်းဘဝကို ကြိုးစားရုန်းကန် နေရသူများအတွက် အားပေးစကား (၅)ခွန်း

⏰⏰ လူတိုင်းဟာ ကျောထောက်နောက်ခံကောင်း ရှိချင်မှရှိမယ်၊ တိုင်ပင်စရာလူ၊ အားကိုးစရာလူ ရှိချင်မှရှိပါလိမ့်မယ်။ ဒီစာလေးဟာ ဘဝကို တစ်ယောက်တည်းရုန်းကန် နေရတဲ့သူတွေ အားလုံးအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေမယ်လို့ မျှော်လင့်ပြီး မျှဝေ ရေးသားပေးလိုက်ပါတယ်။

၁။ စိတ်မလျှော့လိုက်ပါနဲ့

တစ်ခါတစ်လေ ဘဝမှာ အရှုံးတွေချည်းပဲ ဆက်တိုက်ကြုံရတဲ့အချိန်တွေ ရှိတတ်ပါတယ်။ ဒါပေမယ့် အဲ့လိုအချိန်တွေမှာ လုံးဝစိတ်မလျှော့လိုက်ပါနဲ့။ ဒုက္ခတွေဆိုတာ ခဏတာလေးဆိုမှ ခဏလေးပါပဲ။ ဒီတစ်ခါကျော်ဖြတ်နိုင်လိုက်တာနဲ့ အောင်မြင်မှုတွေလာတော့မှာ ဖြစ်တာကြောင့် စိတ်လျှော့ဖို့ လုံးဝမစဉ်းစားလိုက်ပါနဲ့။ အောင်မြင်မှုဆိုတာ ဆုံးရှုံးမှုနဲ့ လက်တစ်ကမ်းမှာပဲ ရှိတာကြောင့် လက်တစ်ကမ်းအလိုမှာ ခဲလေသမျှ သဲရေကျဖြစ်သွားမှာစိုးလို့ပါ။

၂။ လဲကျရင် ဇွဲရှိရှိနဲ့ ပြန်ထလိုက်ပါ

ဘဝဆိုတာ အကြိမ်ကြိမ်လဲကျပြီး အကြိမ်ကြိမ်ပြန်ထမှ ပိုပြီး အဓိပ္ပာယ်ရှိသွားတာပါ။ မလဲကျဖူးတဲ့သူတစ်ယောက်မှ မရှိပါဘူး။ အခုမြင်တွေ့နေရတဲ့ အောင်မြင်နေတဲ့ ထိပ်ကို ရောက်နေတဲ့သူတွေအားလုံးဟာ လောကဓံရဲ့ အရိုက်အပုတ်၊ အထုအထောင်းတွေကို လှိမ့်နေအောင်ခံရပြီးမှ အဲလိုနေရာကို ရောက်သွားကြတာပါ။ လဲကျတိုင်းသာ သူတို့ ပြန်မထခဲ့ဘူးဆိုရင် အဲ့လိုနေရာရောက်မှာ မဟုတ်ဘူးဆိုတာကို သင်သိမှာပါ။

၃။ အရှုံးထဲက အမြတ်ယူပါ

ဘဝမှာ ခက်ခဲကြမ်းတမ်းပြီး ခါးသီးမှုတွေအများကြီးကို ရင်ဆိုင်ကြုံတွေ့ရမှာပါ။ ဒါပေမယ့် အဲလို အချိန်မျိုးမှာ သင်သိထားရမှာက အဆိုးတိုင်းမှာ အကောင်းတစ်ခုခု အမြဲဒွန်တွဲ လျက်ရှိနေတယ် ဆိုတာကိုပါ။ အနည်းဆုံးတော့ သင့်ကို အတွေ့အကြုံသစ် တစ်ခုခုရစေသလို၊ ခံနိုင်ရည်စွမ်းကိုလည်း ပိုမြင့်လာစေပါတယ်။ ဒါကိုက မြတ်နေပြီ မဟုတ်လား။ တစ်ခြားအမြတ်တွေလည်း အများကြီး ရှိပါသေးတယ်။ ယူတတ်အောင် ယူပါ။

၄။ ဝေမျှပါ

သင့်ဘဝဟာ ဘယ်လောက်ပဲ ခက်ခဲနေပါစေ၊ သင့်ထက် ပိုခက်ခဲတဲ့သူတွေ အများကြီးရှိနေပါသေးတယ်။ ဒါကြောင့် သူတစ်ပါးကို ကူညီဖို့၊ ဝေမျှဖို့ အမြဲတမ်းစဉ်းစားပါ။ နည်းတာများတာ အသာထား၊ သူတစ်ပါးကို သင်တတ်နိုင်သလောက်လေး ကူညီကြည့်ပါ။ သူတစ်ပါးအတွက် စဉ်းစားကြည့်ပါ။ ဒါဆိုရင်တော့ သင့်ကို ကြိုးစားချင်စိတ်တွေ ပိုဖြစ်လာစေပြီး သူတစ်ပါးကို စိတ်ကြိုက်ပေးနိုင်၊ ကမ်းနိုင်လာတဲ့ အခါ မျှဝေလိုက်လို့ ရလာတဲ့ ပီတိရဲ့ အရသာကို သင်ကောင်းကောင်း နားလည်သွားမှာပါ။

၅။ စာဖတ်ပါ

ဘဝကို တစ်ယောက်တည်း ကြိုးစားရုန်းကန်ပြီး ကိုယ့်ထူးကိုယ်ချွန်ရတဲ့ သူတွေကို အကောင်းဆုံး ပဲ့ကိုင်ပေးနိုင်တာကတော့ စာအုပ်စာပေတွေပါပဲ။ ဒါကြောင့် သင့်ကို အသိအလိမ္မာတိုးပွားလာမယ့်စာတွေ၊ ခွန်အားရှိစေမယ့်စာတွေ၊ လမ်းမှန်ကို ညွှန်ပြပေးနိုင်မယ့် စာတွေကို အမြဲတမ်းဖတ်ပါ။ အချိန်ပေးပြီး ဖတ်ပါ။ ဒါဆိုရင် ကျိန်းသေပေါက် သင်အောင်မြင်လာမှာပါ။
Crd #
±++++++++++++++++
Post from # Go for goal

11/06/2020

Description အပိုင်းမျှဝေထားပါတယ်။

04/06/2020

Page Cover ကို Slide Show လုပ်ချင်သူများအတွက် တင်ပေးထားပါတယ်။ တစ်ခုခု နားမလည်တာရှိရင် မေးမြန်းနိုင်ပါတယ်။

24/05/2020

Page ရဲ့ username ဘယ်လိုထည့်ရမလည်းဆိုတာပြောပြထားပါတယ်။ထည့်ကြည့်ကြည့်ပါ။အဆင်မပြေတာရှိရင် Chat box မှာ လာရောက်မေးမြန်းနိုင်ပါတယ်ရှင့်။

21/05/2020

page name ပြောင်း တဲ့video ရဲ့အဆက်ဖြစ်ပါတယ်❣️❣️

21/05/2020

Page Name ဘယ်လိုပြောင်းရမလည်းဆိုတာပြောပြထားပါတယ်။ တစ်ချို့က page ဖွင့်တဲ့ချိန် page name ကို အဆင်ပြေသလိုထည့်ထား ပြီး page name ပြောင်းချင်တဲ့အချိန် ဘယ်ကနေဘယ်လို ပြောင်းရမှန်းမသိဖြစ်နေတတ်ပါတယ်။ page name ပြောင်းချင်တဲ့သူတွေဝင်ရောက်လေ့လာနိုင်ပါတယ် ။ အဆင်မပြေတာရှိရင် ကို chat box မှာ လာရောက်မေးမြတ်းနိုင်ပါတယ်။

19/05/2020

Don't Boost Without Strategy !!

13/05/2020

page ဖွင့်ပြီးတော့ page ကိုကိုယ်တစ်ယောက်တည်းမကိုင်ချင်ဘူး သူငယ်ချင်းထည့်ထားမယ် သို့မဟုတ် အကူဝန်ထမ်းထည့်ချင်တယ်ဆို ရင် ဒီvideo လေးကအသုံးဝင်ပါတယ် ။ ဝင်ရောက်လေ့လာနိုင်ပါတယ်ရှင့်။ တစ်ခုခုသိချင်တာရှိရင် လည်း Chat box မှာ လာရောက်မေးမြန်းနိုင်ပါတယ်။

08/05/2020

အောင်မြင်တဲ့ online business တစ်ခုဖြစ်ဖို့အတွက် page ကိုမဖြစ်မနေဖွင့် ရမှာဖြစ်ပါတယ်။
Aum.sang တို့အောင်မြင်တဲ့ခြေလမ်းစဖို့အတွက် page ဖွင့် လိုက်ကြရအောင်

08/05/2020

ကိုယ့်ရဲ့ လုပ်ငန်း ကို online ပေါ် page ဖွင့်ပြီးတော့ ကြောငြာတော့မယ်ဆိုရင် အရေးကြီးဆုံးက

ကိုယ့်ရဲ့ ပြိုင်ဘက် page ကိုလေ့လာရပါမယ်။
-သူဘာpost တွေတင်ထားလည်း။
-video ကိုဘယ်လိုပုံစံရိုက်ထားလည်း။
-live ဘယ်ချိန်လွင့်လည်း။
-ဘယ်လို post က engagement ပိုရလည်း
စတာတွေ အရင်လေ့လာကြည့်လိုက်ပါ။
ပြီးရင် ကိုယ့်ရဲ့ page ကို ဘယ်လို ဘယ်လိုကိုင်သွယ်ရမလည်းဆိုတာ နည်းလမ်း လေးတွေချရေးထားပါ။
ပြီးရင် page ဖွင့်လို့ရပါပြီ
တစ်ချို့page မဖွင့်တတ်သေးတဲ့သူတွေရှိနေပါသေးတယ်။မခက်ပါဘူး နည်းလမ်း သိဖို့ပဲလိုတယ်။
page ဖွင့်နည်းကို aum sang page ပေါ်တင်ပေးထားတယ်နော် ။လေ့လာကြည့်လိုက်ပါ။

Online Business စလုပ်တော့မယ်ဆို ဒါလေးတွေ ကြိုတင်စဉ်းစားထား ဖို့ လိုအပ်ပါတယ်။အကြံညဏ် ရယူချင်ရင် Chat box မှာ ဆက်သွယ်မေးမြ...
06/05/2020

Online Business စလုပ်တော့မယ်ဆို ဒါလေးတွေ ကြိုတင်စဉ်းစားထား ဖို့ လိုအပ်ပါတယ်။

အကြံညဏ် ရယူချင်ရင် Chat box မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Address

Mandalay
11111

Telephone

09966252369

Website

Alerts

Be the first to know and let us send you an email when How To Start Online Business by Aum Sang posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share