29/03/2026
Digital marketing ကိုကိုယ်တိုင်ကျနားလည်လုပ်ဆောင်ချင်သူတစ်ချို့အတွက်💡
ကျနော် Digital Marketing Agency တစ်ခုကို (၆) နှစ်ကျော် Run လာတဲ့အချိန်အတွင်းမှာ လုပ်ငန်းရှင်တွေရဲ့အခက်အခဲပေါင်းများစွာကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသလို၊ လက်တွေ့ဖြေရှင်းပေးနိုင်ခဲ့တာတွေလည်း အများကြီးရှိပါတယ်။
ဒီ (၆) နှစ်တာကာလအတွင်းမှာ ကိုယ်တိုင်ကိုယ်ကျ Content Creation, Boosting ကနေ Online Sales အထိ အသေးစိတ် တစ်ခုချင်းစီကို ကိုယ်တိုင်ဝင်လုပ်ခဲ့ဖူးပါတယ်။ လွန်ခဲ့တဲ့(၆)နှစ်ကနေအခုလက်ရှိအထိ ဝန်ထမ်း (၁၅)ကနေ အယောက် (၂၀) လောက်ထိဦးဆောင်ပြီး လုပ်ငန်းပေါင်းထောင်ဂဏန်းကျော်ကို ဝန်ဆောင်မှုပေးခဲ့တဲ့အတွေ့အကြုံတွေရှိပါတယ်။ ဒီအတွေ့အကြုံတွေ၊ ကိုယ်တိုင်တက်ခဲ့တဲ့သင်တန်းတွေကနေရလာတဲ့ပညာတွေနဲ့ လက်ရှိအေဂျင်စီမှာ တကယ်အလုပ်ဖြစ်နေတဲ့နည်းလမ်းတွေကိုပေါင်းပြီးတော့ ဒီ Shwine Aein Mastery ကို အခုစဖြစ်ခဲ့တာပါ။
Shwine Aein Mastery ဆိုတဲ့ ဒီ Page ကတစ်ဆင့် Digital Marketing နဲ့ပတ်သက်ပြီးတော့ အခုမှစပြီးအခြေခံကစ Run မယ့်သူတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ Skill တွေကို မျှဝေပေးမှာဖြစ်သလို၊ ကိုယ်တိုင်ကိုယ်ကျလုပ်တတ်ချင်သူတွေအတွက် သင်တန်းတွေဖွင့်ပေးသွားမှာလည်းဖြစ်ပါတယ်။
ဒီသင်တန်းက ဘယ်သူတွေအတွက်လဲ?
- အခုမှ Online Business စလုပ်မယ့်သူတွေ
- လက်ရှိလုပ်နေပေမယ့် Marketing အပိုင်းကို သေချာနားမလည်သေးတဲ့သူတွေ
- ကိုယ်တိုင်မလုပ်ဘဲ ဝန်ထမ်းခန့်ပြီးခိုင်းချင်တဲ့လုပ်ငန်းရှင်တွေ (ဘယ်လို ဝန်ထမ်းမျိုးခန့်ရမလဲ၊ ဘယ်လို Manage လုပ်ရမလဲဆိုတာ သေချာသိချင်သူတွေ) အတွက် အထူးရည်ရွယ်ပါတယ်။
ကျနော့်အမြင့်အရ Social Media ပေါ်မှာ လုပ်ငန်းတစ်ခုအောင်မြင်ဖို့ဆိုရင် အဓိကထောက်တိုင် (၃) ခုလိုအပ်ပါတယ်။ ဒါကြောင့် Shwine Aein Mastery မှာ Master Class (၃) ခု ခွဲထားပါတယ်။
၁။ Content Master
Content Marketing ကို သေချာ ကျွမ်းကျင်ချင်သူတွေအတွက်ပါ။ ဒါလေးတက်ပြီးသွားရင် Content နဲ့ Marketing ချိတ်ဆက်မှုကို သေချာနားလည်သွားမယ်၊ ကိုယ်တိုင်လုပ်တတ်သွားမယ့်အပြင် ဝန်ထမ်းတွေကို ဘယ်လို Manage လုပ်ရမလဲ၊ JD, JR ,KPI တွေကို ဘယ်လိုသတ်မှတ်ရမလဲဆိုတာပါ သိသွားပါမယ်။
၂။ Boost Master
Boosting အပိုင်းကျွမ်းကျင်ချင်သူတွေအတွက်ပါ။ ကြော်ငြာ Result တွေကို ဘယ်လိုဖတ်မလဲ၊ ဝင်ငွေ အတိုးအလျှော့ ဘယ်လိုချိန်မလဲ၊ ROI ကို ဘယ်လိုတွက်မလဲဆိုတာတွေအပါအဝင် Result ကြည့်နည်း၊ Report ဖတ်နည်းတွေကိုပါ သေချာသင်ပေးမှာပါ။ Agency အပ်ရင်တောင် ကိုယ့်စိတ်တိုင်းကျဖြစ်အောင် ဘယ်လို Manage လုပ်ရမလဲဆိုတာကိုပါသိသွားမှာပါ။
၃။ Online Sale Master
ရောင်းအားတက်ဖို့ Sales Skill တွေကို သေချာလေ့ကျင့်ပေးမယ့် အတန်းပါ။
ဘာကြောင့် ဒီ (၃) ခုလုံး အရေးကြီးတာလဲ?
- Content ကောင်းတယ်၊ Boost တာလည်းကောင်းတယ်၊ ဒါပေမယ့် သေချာမရောင်းတတ်ဘူးဆိုရင်
ရသင့်သလောက်အရောင်းမရပါဘူး။
- ရောင်းတတ်တယ်၊ Content လည်းကောင်းတယ်၊ ဒါပေမဲ့ Boost တာအားနည်းနေရင်လည်း ရသင့်သလောက်မရပြန်ဘူး။
- ရောင်းလည်းရောင်းတတ်တယ်၊ Boost တာလည်းကောင်းတယ်၊ ဒါပေမဲ့ Content ပိုင်းအားနည်းနေရင်လည်း ရသင့်သလောက်မရပါဘူး။
ဒါကြောင့် ဒီ (၃) မျိုးလုံးက ဟန်ချက်ညီညီကောင်းနေဖို့ လိုအပ်ပါတယ်။
ဒီသင်တန်းက Online Video Class ဖြစ်တဲ့အတွက် အချိန်မရွေး နားထောင်လို့ရသလို၊ နားမလည်ရင်လည်း အခေါက်ခေါက်အခါခါ ပြန်ဖွင့်ကြည့်လိုရပါတယ်။
တကယ်လို့ ကိုယ့်လုပ်ငန်းအတွက် သေချာပြင်ဆင်ချင်တယ်ဆိုရင်တော့ အခုပဲ Page Messenger ကိုလာခဲ့ပါဗျာ။