15/06/2024
ဘဝတွက်တာ မှတ်စရာ
===============
(၁) သင့်လျှို့ဝှက်ချက်တွေကို ဘယ်သူ့ကိုမှ ထုတ်မပြောပါနဲ့
ဒီလိုပြောလိုက်တာဟာ ကိုယ့်ဘဝကိုယ်ဖျက်ဆီးလိုက်သလို ဖြစ်သွားနိုင်ပါတယ်
(၂) သင့်ရဲ့ပြဿနာတွေကို ဘယ်သူ့ကိုမှ မပြောပါနဲ့
သင်ပြောလိုက်တဲ့အခါ ၂၀% သောသူတွေက ဂရုမစိုက်ဘဲ နေကြလိမ့်မယ်
၈၀% သောသူတွေက သင့်မှာအဲ့ဒီလိုပြဿနာတွေရှိနေတာကို ဝမ်းသာနေကြလိမ့်မယ်
(၃) ဘဝဆိုတာ လက်ဝှေ့ပွဲတစ်ပွဲနဲ့ တူပါတယ်
သင်လဲကျသွားတိုင်း ရှုံးနိမ့်သွားတာမဟုတ်ပါဘူး
သင်ပြန်မထတော့တဲ့အခါမှသာ ရှုံးနိမ့်သွားမှာဖြစ်ပါတယ်
(၄) မှားယွင်းတဲ့သူတွေကနေ သင့်ဘဝအတွက် မှန်ကန်တဲ့သင်ခန်းစာတွေကို သင်ကြားပေးကြလိမ့်မယ်
ဒါကို ဘဝအတွေ့အကြုံလို့ ခေါ်တယ်
(၅) လှေကားတစ်ခုလုံးကို သင်မမြင်ရဘူးဆိုရင်တောင်မှ ယုံကြည်မှုရှိခြင်းဟာ ပထမဆုံးလှေကားထစ်ကို လှမ်းတက်လိုက်တာပါပဲ.
(၆) သင့်မျက်နှာကိုနေရှိရာဘက် မျက်နှာမူထားသရွေ့ အရိပ်ကိုတွေ့မြင်ရမှာမဟုတ်ဘူး
(၇) အရာရာတိုင်းဟာ အချိန် ၂ ခုမှာပဲ တန်ဖိုးရှိတယ်
ပထမတစ်ချိန်က မရသေးတဲ့အချိန်
နောက်တစ်ချိန်က ဆုံးရှုံးပြီးသွားတဲ့အချိန်
(၈) ဘဝမှာ ပျော်ရွှင်မှုနဲ့ အောင်မြင်မှုကို ဆောင်ယူပေးနိုင်တဲ့ အချက် ၂ ချက် ရှိတယ်
ပထမတစ်ချက်က သင့်ဆီမှာ ဘာမှမရှိတဲ့အချိန်မှာ သင်ဘယ်လိုရပ်တည်သလဲဆိုတာ
ဒုတိယတစ်ချက်က သင့်ဆီမှာအရာရာပြည့်စုံတဲ့အချိန်မှာ သင်ဘယ်လိုပြုမူသလဲဆိုတာ
(၉) ကမ္ဘာပေါ်မှာ တန်ဖိုးအကြီးမားဆုံး နေရာ ၂ ခုရှိတယ်
အသာယာဆုံးနေရာက လူတစ်ယောက်ရဲ့ အတွေးထဲမှာ
အလုံခြုံဆုံးနေရာက လူတစ်ယောက်ရဲ့ ဆုတောင်းထဲမှာ
(၁၀) အကြောက်တရားမှာ အဓိပ္ပာယ် ၂ မျိုးရှိတယ်
ပထမတစ်မျိုးက အရာရာကို မေ့ဖျောက်ပြီး ထွက်ပြေးလိုက်တာ
ဒုတိယတစ်မျိုးက အရာရာကိုရင်ဆိုင်ပြီး ကြည်ကြည်သာသာလက်ခံလိုက်တာ
ရွေးချယ်မှုကတော့ ကျွန်တော်တို့အပေါ်မှာပဲ မူတည်တယ်
(၁၁) အောင်မြင်မှုဆိုတာ သင့်ရဲ့ဓာတ်ပုံတွေကို facebook မှာ မဟုတ်ဘဲ
Google မှာ upload တင်ခြင်းခံရတဲ့အခါ
(၁၂) ဘယ်လိုဆက်ဆံရေးမျိုးကိုမဆို ဖျက်ဆီးပစ်ဖို့အတွက် လိုအပ်တဲ့ တစ်ခုတည်းသော အရာကတော့ အတ္တ ပါပဲ
ဆရာသုတအောင်.