Hi-Tech Fertilizer

Hi-Tech Fertilizer Online Mart

ယနေ့ကျရောက်တဲ့ တောင်သူလယ်သမားနေ့မှစ၍ တောင်သူကြီးများအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာဖြင့် လိုအင်ဆန္ဒများပြည့်ဝကာ သာယ...
02/03/2023

ယနေ့ကျရောက်တဲ့ တောင်သူလယ်သမားနေ့မှစ၍ တောင်သူကြီးများအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာဖြင့် လိုအင်ဆန္ဒများပြည့်ဝကာ သာယာပျော်ရွှင်ချမ်းမြေ့သော မိသားစု ဘဝလေးကို ပိုင်ဆိုင်ရပါစေကြောင်း ဟိုက်တက် မိသားစုမှ ဆုမွန်ကောင်း တောင်းလိုက်ပါတယ် ခင်ဗျာ။

-Tech Fertilizer

13/02/2023
HI-TECH ​မြေသြဇာကို ယုံကြည်စွာသုံးစွဲသည့် Customer များနဲ့ နယ်ကိုယ်စားလှယ်​တော်ကြီးများကို အထူး​​ကျေးဇူးတင်ရှိပါသည်။ကိုယ...
13/02/2023

HI-TECH ​မြေသြဇာကို ယုံကြည်စွာသုံးစွဲသည့် Customer များနဲ့ နယ်ကိုယ်စားလှယ်​တော်ကြီးများကို အထူး​​ကျေးဇူးတင်ရှိပါသည်။
ကိုယ်စိုက်ခင်း​တွေအတွက်သုံးချင်လို့ဖြစ်ဖြစ် ကိုယ်စားလှယ်ယူပြီးပြန်လည်ဖြန့်ချီလို၍ဖြစ်​စေ 09971024053 သို့ဆက်သွယ်စုံစမ်းနိုင်ပါသည်ခင်ဗျာ။

အပင်ရေငတ်ခြင်း (Plant Moisture Stress ) =================== 🌴🦐🐞🕊🌾 ကျွန်ုပ်တို့ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် စိုက်ပျိုး...
07/02/2023

အပင်ရေငတ်ခြင်း (Plant Moisture Stress )
=================== 🌴🦐🐞🕊🌾

ကျွန်ုပ်တို့ မြန်မာနိုင်ငံသည်
ကမ္ဘာပေါ်တွင် စိုက်ပျိုးရေးနိုင်ငံအဖြစ် ကြွေးကြော်နေသော
စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံတစ်နိုင်ငံဖြစ်၍
မြန်မာနိုင်ငံ၏ ၇၀ ရာခိုင်နှုန်းသော ပြည်သူတို့သည်
လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများဖြင့်
အသက်မွေးဝမ်းကြောင်းပြုနေကြသူများကြသည်။
သို့သော် မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံအဖြစ်
ကြွေးကြော်နေသော်လည်း စိုက်ပျိုးရေးအခြေခံသော
နိုင်ငံတစ်နိုင်ငံ၏ ဂုဏ်အင်္ဂါရပ်များနှင့်
လျော်ကန်ကိုက်ညီမှု မရှိသေးသည်ကို
အားလုံး သိပြီးသားဖြစ်ပါလိမ့်မည်။

ဖွံ့ဖြိုးတိုးတက်မှုနှေးကွေးပြီး ဘက်ပေါင်းစုံမှ
လိုအပ်ချက်၊ အားနည်းချက်များရှိနေသော
နိုင်ငံဖြစ်နေသည်မှာ ငြင်းမရသောအမှန်တရားဖြစ်သည်။
အစစအရာရာ လိုအပ်ချက်များရှိနေသော
ကျွန်တော်တို့ တိုင်းပြည်အတွက် အခက်အခဲပြဿနာများကို
ရင်ဆိုင်ဖြေရှင်းရသည့်အခါ အခြားသော
တိုင်းပြည်များထက် ထိခိုက်ဆုံးရှုံးမှုများကို
ပိုမိုကြုံတွေ့ရလေ့ရှိသည်။
အထူးသဖြင့် ရာသီဥတုပြောင်းလဲလာခြင်းကြောင့်
ဖြစ်ပေါ်လာသော နောက်ဆက်တွဲ ဆိုးကျိုးများကို
တွေ့ကြုံရသည့်အခါ စိုက်ပျိုးရေးကိုအခြေခံသော
ကျွန်တော်တို့ နိုင်ငံအတွက် အလွန်ပင်အထိနာလှသည်။

ယနေ့ ကမ္ဘာနှင့်အဝှမ်း လူသားများကို
ခြိမ်းခြောက်မှုအရှိဆုံးသော ဘေးအန္တရာယ်တို့မှာ
ရာသီဥတုပြောင်းလဲမှုများဖြစ်သည့် မိုးခေါင်ခြင်း၊
ရေကြီးခြင်း၊ အပူချိန်မြင့်မားခြင်း အစရှိသည့်
သဘာဝဘေးဒဏ်များဖြစ်သည်။
ယခင်က ကျွန်တော်တို့နိုင်ငံတွင် သဘာဝဘေးများကို
တွေကြုံရမှုသည် ရံဖန်ရံခါမျှသာဖြစ်သော်လည်း
ယခု နောက်ပိုင်းနှစ်များတွင် သဘာဝဘေးများကို
ရင်ဆိုင်တွေ့ကြုံရမှုတို့မှာ ခပ်စိပ်စိပ်ဖြစ်လာသည်။
မကြာခဏ တွေ့ကြုံနေရသည့် သဘာဝဘေးများကို
ရင်ဆိုင်ဖြေရှင်းရာတွင် ပညာဉာဏ်ဖြင့်
ဆင်ခြင်သုံးသပ်၍ နည်းစနစ်မှန်ကန်စွာ
ချည်းကပ်တက်ရန် အင်မတန်အရေးကြီးသည်။
လက်တလောဖြေရှင်းရမည့် ပြဿနာများ၊
ရေရှည်ဆောင်ရွက်ရမည့် ကိစ္စများကို
မူဝါဒများချမှတ်၍ တဆင့်ခြင်း အကောင်အထည်ဖော်
ဆောင်ရွက်ခြင်းသည်သာ အခက်အခဲများကို
ဖြေရှင်းရမည့် မှန်ကန်သောနည်းလမ်းဖြစ်သည်။

မြန်မာပြည် စိုက်ပျိုးရေးလုပ်ငန်း၏
စိုက်ပျိုးဧရိယာအများစုသည် သဘာဝမိုးရေကိုသာ
မှီခိုအားထား၍ စိုက်ပျိုးနေရသော မိုးရေသောက်
စိုက်ခင်းများဖြစ်နေသဖြင့် သဘာဝမိုးရေ
အလုံအလောက် မရရှိသောနှစ်များတွင်
စိုက်ပျိုးသီးနှံပင်များ အထွက်နှုန်းလျော့နည်းခြင်းနှင့်
ပျက်စီးဆုံးရှုံးခြင်းများကို တွေ့ရှိရသည်။

ရာသီဥတုပြောင်းလဲလာခြင်းကြောင့်
မိုးရေသောက်စိုက်ခင်းများတွင် ရေငပ်သည့်
ပြဿနာများကို နှစ်စဉ်နှစ်တိုင်းလိုလို တွေ့ကြုံနေရပြီး
အထူးသဖြင့် မြန်မာပြည်အလယ်ပိုင်း
မိုးနည်းရေရှားဒေသများတွင် စိုက်ပျိုးရေ
လုံလောက်မှုမရှိသည်ကို ပို၍ပင်တွေ့ရှိရသည်။
မူလ သဘာဝအရ မြန်မာပြည်အလယ်ပိုင်းဒေသသည်
ရခိုင်ရိုးမတောင်တန်းကြီး၏ ကာဆီးထားမှုကြောင့်
အနောက်တောင်ဘက်မှ ဝင်ရောက်လာသည့်
ရေခိုးရေငွေ့များနှင့် ပြည့်နှက်နေသော
အနောက်တောင်မုတ်သုန်လေသည် ရခိုင်ရိုးမ
တကြောတွင် မိုးအဖြစ် ပြောင်းလဲရွာသွန်းသည်။
ရခိုင်ရိုးမတောင်တန်းကြီးအား ဖြတ်ကျော်
ဝင်ရောက်လာသည့် အနောက်တောင်မုတ်သုန်လေသည်
ရေငွေ့များမပါတော့ဘဲ ခြောက်သွေ့သော
လေများအဖြစ် မြန်မာပြည်အလယ်ပိုင်းဒေသများသို့
ဝင်ရောက်လာသည်။
ထို့ကြောင့်ပင် မြန်မာပြည်အလယ်ပိုင်းဒေသများသည်
မိုးရွာသွန်းမှုနည်းပါးသော မိုးကွယ်အရပ်(Rain
Shadow Area) ဖြစ်နေတော့သည်။
ရခိုင်ကမ်းမြောင်ဒေသသည် မုတ်သုန်မိုးရွာသွန်မှု
အများဆုံး မိုးရေချိန် လက်မ ၂၀၀ ကျော်ဖြင့်
မြန်မာပြည်၏ မိုးအများဆုံးဒေသဖြစ်နေသော်လည်း
ရခိုင်ရိုးမတောင်တန်းကြီး၏ ကန့်လန့်ခံနေခြင်းကြောင့်
မြန်မာပြည်အလယ်ပိုင်းဒေသမှ မကွေးတိုင်းအတွင်းရှိ
မြို့နယ်များသည် မိုးရေချိန် လက်မ ၄၀ အောက်
မြန်မာပြည်၏ မိုးအနည်းဆုံးဒေသအဖြစ်နေသည်။
မြန်မာပြည်အလယ်ပိုင်းဒေသသည် မိုးနည်းသော
မိုးနည်းရပ်ဝန်းဖြစ်သဖြင့် စိုက်ပျိုးရေလုံလောက်မှု
မရှိသော ဒေသဖြစ်သည်။
မြန်မာပြည်အလယ်ပိုင်းဒေသတွင် မိုးရွာသွန်းမှုနည်းခြင်း၊
ရွာသွန်းသော မိုးရေချိန် လက္မနည်းခြင်း၊ မိုးပြတ်သော
ကာလကြာမြင့်တက်ခြင်း၊ အပူချိန်မြင့်မားခြင်း၊
ရွာသွန်းသော မိုးရေကို မြေဆီလွှာမှ ထိန်ထားနိုင်မှုမရှိခြင်း
အစရှိသည့် အချက်များကြောင့် သီးနှံပင်များအတွက်
စိုက်ပျိုးရေလိုအပ်ချက်မှာ မြင့်မားနေခြင်းဖြစ်သည်။
မိုးရေချိန်လုံလောက်မှုမရှိသော
မြန်မာပြည်အလယ်ပိုင်း မိုးနည်းဒေသတွင်
တောင်သူတို့ အများဆုံးတွေ့ကြုံရသည့် ပြဿနာမှာ
အပင်များ ရေငတ်ခြင်း (Plant Moisture Stress) ဖြစ်သည်။

အပင်များကြီးထွားဖွံ့ဖြိုးရန် ရေသည် မရှိမဖြစ်အရေးပါသည်။
အပင်တို့သည် ၎င်းတို့၏ ဇီဝကမ္မဆိုင်ရာ
လုပ်ငန်းစဉ်များတွင် အသုံးပြုရန် ရေလိုအပ်သည်။
ရေသည် ပရိုတိုပလာဇမ်(Protoplasm) အတွင်း
မရှိမဖြစ် ပါဝင်ရလေသည်။
ရေသည် Photosynthesis ဖြစ်စဉ်တွင်
အဓိကပါဝင်ရပြီး ကစီဓာတ်(Starch) မှ
သကြား(Sugar) ဓာတ်သို့ ပြောင်းလဲပေးရာတွင်
ရေမရှိက မဖြစ်နိုင်ပေ။
ကုန်ကြမ်းပစ္စည်းများနှင့် အစာများကို
တစ်နေရာမှ တစ်နေရာသို့ ပို့ဆောင်ရန်ကူညီသည်။
ရေသည် သက်ရှိဆဲလ်များ ပြန့်တင်းအောင်
Turgidity ကို တည်မြဲစေရန် ဆောင်ရွက်ရသည်။
ရေသည် အပင်အား ထောင်မတ်နေစေရန်
တနည်းအားဖြင့် ပြန့်တင်းနေစေရန်
ပြန့်တင်းအား(Turgor pressure)အတွက်
အထူးပင် လိုအပ်လှသည်။
အပင်တစ်ပင်၏ အစိတ်အပိုင်းအားလုံးကို
ရေများဖြင့် အများဆုံးဖွဲ့စည်းထားပြီး
ခန့်မှန်းခြေအားဖြင့် ရှင်သန်နေသောအပင်တွင်
(၈၅ % မှ ၉၅ %) ခန့် ပါဝင်နေသည်။
အပင်မျိုးစိတ်အလိုက် ရေပါဝင်မှုအချိုးအစား ကွာခြားနိုင်သည်။
ဥပမာ - ခရမ်းချဉ်သီးတစ်လုံးတွင် ပါဝင်နေသော
ရေပါဝင်မှု အချိုးအစားသည် ၉၅ % ခန့်ရှိ၍
နွားနို့တွင်ပါဝင်သော ရေပါဝင်မှု ရာခိုင်နှုန်းသည်
၈၇ % ခန့်သာ ရှိသောကြောင့် နွားနို့ထက်ပင်
ခရမ်းချဉ်သီးက ရေပါဝင်နှုန်းများနေကြောင်း တွေ့ရသည်။
ငှက်ပျောသီးတွင် ရေ ရ၅ % ခန့် ပါဝင်နေပြီး
ယုတ်စွအဆုံး ခြောက်သွေ့နေသော
နေကြာစေ့လှော်၌ပင် ရေ ၅ % ခန့် ပါဝင်နေသည်။

အပင်ရေငတ်ခြင်း (Moisture stress)
***************

စိုက်ပျိုးရေးလုပ်ငန်းများတွင်
ရေဝပ်ခြင်း( Water Logging ) ကဲ့သို့ပင်
ရေငပ်​ြခင်းဖိစီးမှု(Drought Stress) သည်လည်း
အလွန်ကြီးကျယ်သော ပြဿနာတစ်ခုဖြစ်သည်။
ရေငပ်ခြင်းဖိစီးမှု ဖြစ်ပွားတက်ချိန်သည်
မြေကြီးထဲမှ ရေများကို အမြစ်များက
စုပ်ယူမှုမပြုနိုင်တော့သည့် အခြေအနေတွင်
ဖြစ်ပေါ်တက်သည်။
ဆိုလိုသည်မှာ အမြစ်များမှ အပင်၏မြေပေါ်ပိုင်း
အင်္ဂါများသို့ ရေစီးဆင်းမှု အနည်းအကျဉ်းသာ
ရရှိတော့သည့်အခါ အပင်အတွင်း
ရေဓာတ်ကုန်ခမ်းခြင်း(Dehydration) ဖြစ်သည်။
အပင်တို့၏ ပင်ကိုယ်သဘာဝအရ တချို့သော
အပင်မျိုးစိတ်များသည် ရေငပ်ဒဏ်(Drought stress)
မခံရစေရန်မြေကြီးအတွင်းရှိ မြေအောက်ရေ
(Water tables) မျက်နှာပြင်ရောက်သည်အထိ
အမြစ်အဖွဲစည်း(Root systems) တို့က
ထိုးဖောက်၍ လိုအပ်သောရေတို့ကို စုပ်ယူနိုင်သည်။
တချို့သော အပင်မျိုးများ၏ အရွက်နှင့်
အမြစ်များက လေထုထဲမှ ရေခိုးရေငွေ့များကို
တိုက်ရိုက် စုပ်ယူနိုင်ကြသည်။
သို့သော် မြေကြီးအတွင်း ရေဓာတ်ကုန်ခမ်းခြင်း၊
ပတ်ဝန်းကျင်တွင် အပူချိန်မြင့်မားခြင်း၊
အပင်၏ ရေစုပ်ယူနိုင်သော အင်္ဂါများ၏
လက်လှမ်းမမှီသော အခြေအနေတွင် ရှိနေပါက
ရေငပ်ခြင်းကို ဖြစ်စေသည်။
အပင်များတွင် ရေငပ်ခြင်း (သို့မဟုတ်)
ရေဓာတ်ခမ်းခြောက်ခြင်း ဖြစ်ပေါ်လာပါက
အပင်၏ ပင်ပြလက္ခဏာများကို ကြည့်ရှု့ခြင်းဖြင့်
အလွယ်တကူ သိရှိနိုင်သည်။
အပင်များ ရေငပ်လာပါက အထင်ရှားဆုံး
လက္ခဏာမှာ အပင်ညှိုးခြင်း(Plant Wilting)
ဖြစ်သည်။
တချို့သော အပင်များတွင် အရွက်များလိပ်ခြင်း၊
အရွက်များ အဝါရောင်ပြောင်းခြင်း၊
အရွက်များ ကြွေကျသွားခြင်း အစရှိသည့်
လက္ခဏာများကိုလည်း တွေ့ရတက်သည်။
အပင်များ ရေငတ်ဒဏ်ခံရသည့်အခါ
အပင်အတွင်း ဇီဝကမ္မဆိုင်ရာ ဖြစ်နှုန်းများ
လျော့ကျသွားပြီး ကြီးထွားဖွံ့မှုနှေးကွေးသွားသည်။
ရေငတ်ဒဏ်ခံရမှုသည် အတိုင်းအတာတစ်ခုထက်
ကျော်လွန်သွားပါက အပင်သေဆုံးသည်အထိ
ဖြစ်နိုင်သည်။

အပင်ရေငတ်ခြင်းကို ထိန်းကျောင်းခြင်း
(Drought Stress Mitigation)
************************

အပင်များ ရေငပ်ခြင်းမဖြစ်စေရန် ကုစားရမည့်
နည်းလမ်းမှာ ရေရရှိအောင် ဖန်တီးပေးခြင်း
ဖြစ်သည်။
သီးနှံပင်များအတွက်လိုအပ်သော အစိုဓာတ်ကို
သဘာဝမိုးရေမှဖြစ်စေ၊ သွင်းရေမှဖြစ်စေ
ရရှိနိုင်သော်လည်း ရေကိုအကျိုးရှိစွာအသုံးချတက်ရန်
အထူးအရေးကြီးသည်။
ရရှိလာသော ရေကို လေလွင့်ဆုံးရှုံးမှုနည်းရန်
သီးနှံပင်များ၏ ပင်ကြားတန်းကြားသည်
သင့်လျော်သော အနေအထားရှိရမည်။
ရေထိန်းမြောင်းများ၊ ရေဝပ်ကျင်းများ
တူးဖော်ထားရမည်။ စိုက်ခင်းပတ်လည်တွင်
လေကာပင်တန်းများ စိုက်ပျိုးထားရမည်။
မြေဆီလွှာသည် အော်ဂဲနစ် အဆွေးပစ္စည်းများဖြင့်
ကြွယ်ဝနေရမည်။ သီးနှံစိုက်ခင်းအတွင်
နေရာလပ်မရှိစေရန် မြေဖုံးပင်များစိုက်ပျိုးထားရမည်။
ပင်ခြေတွင်ဖြစ်စေ၊ စိုက်ဘောင်တွင်ဖြစ်စေ
သစ်ရွက်ခြောက်၊ မြက်ခြောက်များဖြင့်
ဖုံးအုပ်ထားရမည်။ နွေထယ်ရေး ဝင်ပေးခြင်း၊
ကြားထွန်ဝင်ပေးခြင်းများ ပြုလုပ်ရမည်။
သီးနှံပင်အမြစ်များ အားကောင်းစေရန်
မြေဆီလွှာအတွင်း ပိုတက်စီယမ်ကြွယ်ဝရမည်။
ဖော်ပြပါအချက်များကို လိုက်နာဆောင်ရွက်ခြင်းဖြင့်
ရေငပ်ခြင်းဖိစီးမှုကို အတိုင်းတာတစ်ခုထိ
လျော့ပါးသက်သာစေနိုင်သည်။

သီးနှံပင်ရေလိုအပ်ချက် (Crops Water Requirement )
********************************

သီးနှံပင်ရေလိုအပ်ချက်ဆိုသည်မှာ သီးနှံပင်အတွက်
အစိုဓာတ်(Moisture) လုံလောက်စွာရရှိရေး ဖြစ်သည်။
သီးနှံပင်အမျိုးအစားအလိုက် ရေလိုအပ်သည့်ပမာဏ
ခြားနားနေပြီး အပင်တစ်မျိုးတည်း၌ပင်
အပင်သက်တမ်းကိုလိုက်၍ လိုအပ်သည့်
ရေပမာဏလည်း မတူညီပါ။
ဥပမာ - နှံစားပြောင်းထက် ပြောင်းဖူးက
ရေလိုအပ်မှု ပိုများပြီး ပဲအမျိုးမျိုးထက်
စပါးက ရေလိုအပ်မှု ပိုများသည်။
ယေဘုယျအားဖြင့် အပင်များစွာတို့သည်
ပင်ပိုင်းကြီးချိန်ကာလ(Vegetative growth) တွင်
ရေလိုအပ်မှု အများဆုံးဖြစ်သည်။
သီးနှံပင်သက်တမ်းတစ်လျောက် လုံလောက်သော
အစိုဓာတ်ရရှိရန် ဖြည်းဆည်းပေးမှသာ
အထွက်နှုန်း ကောင်းမွန်မည်ဖြစ်သည်။
အပင်တို့သည် နည်းလမ်းမျိုးစုံဖြင့် ရယူလိုက်သော
ရေများကို အပင်အတွင်း ဇီဝဖြစ်စဉ်အတွက်
၅ ရာခိုင်နှုန်းခန့်သာ အသုံးပြုကြပြီး ပိုလျံသော
ရေများကို ပင်ရည်ငွေ့ပျံခြင်း အပါအဝင်
နည်းလမ်းပေါင်းစုံဖြင့် စွန့်ထုတ်လေ့ရှိသည်။
ဥပမာ - နေကြာပင် တစ်ပင်သည်
သူ့သက်တမ်းအတွင်း ရေ ပေါင် ၁၅၀ ခန့်အား
နည်းလမ်းအမျိုးမျိုးဖြင့် ပျောက်ဆုံးစေသည်။
မြက်ပင်နှင့် ပေါင်းပင်များ ဖုံးလွှမ်းထားသော
မြေ တစ်ဧကတွင် တစ်နှစ်အတွင်း ရေတန်ချိန်
၅၀၀ မှ ၇၅၀ ခန့် ပျောက်ဆုံးသည်ဟု ဆိုသည်။
မြေကြီးထဲမှ ရေသည် အရည်ပုံစံဖြင့်
အပင်အတွင်းသို့ ဝင်ရောက်သွားသော်လည်း
ပျောက်ဆုံးသည့်အခါ အငွေ့ပုံစံဖြစ်ခြင်းကြောင့်
ပျောက်ဆုံးသွားသည့် ရေပမာဏကို
အလွယ်တကူသိရန် ခဲယဉ်းသည်။
သီးနှံပင်တို့၏ ရေလိုအပ်ချက်တွင်
ပင်ရည်ငွေ့ပျံခြင်း(Transportation) အတွက်
လိုအပ်မှုနှင့် ရေငွေ့ပျံခြင်း(Evaporation) အတွက်
လိုအပ်မှု နှစ်မျိုးပေါင်း ခန့်မှန်းတွက်ချက်ရသည်။
သီးနှံစိုက်ခင်းအတွင်း အမျိုးမျိုးသော
ရေဆုံးရှုံးမှုတို့ကို သီးနှံရေလိုအပ်မှုဖြင့်
ပေါင်းစပ်လိုက်ပါက စိုက်ပျိုးရေပေးသွင်းရန်
လိုအပ်သော ရေပမာဏကိုရရှိနိုင်သည်။

ရေသွင်းခြင်းနည်းလမ်းများ (Methods of irrigation)
**********************************

သီးနှံပင်များစိုက်ပျိုးရာ၌ လိုအပ်သောစိုက်ပျိုးရေကို
သဘာဝမိုးရေရရှိမှု လုံလောက်မှုမရှိတော့သည့်
အခြေအနေတွင် ရေပေးသွင်းရန်လိုအပ်ပါသည်။
များစွာသော တောင်သူတို့သည် မိမိတို့၏
သီးနှံစိုက်ခင်းများအတွင်း ရေပေးသွင်းရာ၌
ရေသွင်းခြင်းအတက်ပညာကို
နားလည်တက်ကျွမ်းမှုမရှိဘဲ အဆင်ပြေလို
လုပ်ဆောင်နေသည်ကို တွေ့ရှိရသည်။
ရေသွင်းခြင်းအတက်ပညာဆိုသည်မှာ
မိမိတို့စိုက်ပျိုးထားသော သီးနှံပင်အမျိုးအစားအပေါ်
မူတည်၍ ရေလိုအပ်မှုပမာဏ၊ သီးနှံပင်သက်တမ်း၊
မြေဆီလွှာဖွဲ့စည်းတည်ဆောက်ပုံ၊ မြေမျက်နှာသွင်ပြင်
အနေအထား၊ ရေပေးသွင်းရမည့်နည်းစနစ်၊
ရာသီဥတုအခြေအနေ စသည့် အချက်အလက်များကို
အခြေခံ၍ တွက်ချက်ဆောင်ရွက်ရမည့်
အတက်ပညာဖြစ်သည်။

ရေပေးသွင်းရာတွင် ထည့်သွင်းစဉ်းစားရမည့်
အချက်များ -

၁။ ရေလိုအပ်ရန် အလားအလာရှိသော ( သို့ )
ရေကို အမှန်တကယ်လိုအပ်သော
အခြေအနေဖြစ်ရမည်။
ယေဘုယျအားဖြင့် သီးနှံပင်အနီးတဝိုက်ရှိ
မြေဆီလွှာမျက်နှာပြင် ခြောက်သွေ့နေချိန်တွင်
ရေသွင်းရန် လိုအပ်နေပြီဖြစ်ကြောင်း သိနိုင်သည်။
အမြစ်ဇုန်နှင့် မနီးမဝေးသောနေရာတွင်
မြေလွှာအား တူရွင်းပြား(Shovel)ဖြင့်
တူးဆွကြည့်ပါက မြေမျက်နှာပြင်၏ အောက်ဘက်
မြေအနက် ၃/၄ လက်မခန့်တွင် အစိုဓာတ်ကို
မတွေ့ရတော့ဘဲ ခြောက်သွေ့နေပါက
အပင်အတွက် ရေလုံလောက်မှုမရရှိတော့ကြောင်း
သိနိုင်သည်။
၎င်း အခြေအနေသည် ရေပေးသွင်းရန်
အကောင်းဆုံး အနေအထားဖြစ်သည်။
ရေပေးသွင်းရာတွင် မြေဆီလွှာအတွင်း
အစိုဓာတ် ၄၅ ရာခိုင်နှုန်းထက် ကျော်လွန်၍
ရေသွင်းခြင်း မပြုလုပ်ရပါ။

၂။ ရေပေးသွင်းရမည့် သီးနှံပင် အမျိုးအစားနှင့်
သက်တမ်းကို သိရှိထားရမည်။
အပင်အမျိုးအစားအလိုက် ရေလိုအပ်ချက်
မတူညီသကဲ့သို့ အပင်သက်တမ်းအလိုက်
မူတည်၍လည်း ရေလိုအပ်ချက် မတူညီကြပါ။
ဥပမာ - ပြောင်းပင်၏ ရေလိုအပ်မှုသည်
နှမ်းပင်ထက်များ၍ နှမ်းပင်၏ ရေလိုအပ်မှုသည်
ဝါပင်ထက်များသည်။
ထို့အပြင် ဝါပင်သည် ၎င်း၏သက်တမ်းတလျောက်
ရေလိုအပ်မှုအများဆုံးအချိန်သည် ပန်းဖြိုင်ဖြိုင်
ပွင့်ချိန်ဖြစ်သည်။
သီးနှံပင် အမျိုးအစားအလိုက် ရေလိုအပ်မှု
နည်းပါးသောအချိန်တွင် ရေပေးသွင်းမိပါက
အရာထင်မည်မဟုတ်ချေ။

၃။ သီးနှံပင်များစိုက်ပျိုးထားသော
မြေမျက်နှာသွင်ပြင်သည် အနိမ့်၊ အမြင့်
ညီညာပြန့်ဖြူးရမည်။
သီးနှံပင်များကို စိုက်ပျိုးရာတွင်
တစ်ကွင်းတစ်စပ်တည်း စိုက်ပျိုးခြင်းသည်
ရေအလေအလွင့်နည်းပါးစွာဖြင့် လိုအပ်သောရေကို
စိုက်ကွင်းထဲအရောက် အချိန်မကုန်ဘဲ
လွယ်ကူစွာ ရေပေးဝေနိုင်သည်။

၄။ သီးနှံပင်များ စိုက်ပျိုးထားသော မြေဆီလွှာ
ဖွဲ့စည်းပုံ အမျိုးအစားအပေါ်မူတည်၍လည်း
ရေပေးသွင်းရမည့် စနစ်နှင့် သွင်းရေပမာဏသည်
အမျိုးမျိုးကွဲပြားသည်။
ရေသွင်းရာတွင် မြေဆီလွှာ၏ ရေထိန်းနိုင်မှု
အတိုင်းအတာကို ထည့်သွင်းတွက်ချက်ရသည်။
မြေဆီလွှာအတွင်း ရေထိန်းထားနိုင်စွမ်းသည်
မြေမှုန်များ၏ ပေါင်းစပ်ဖွဲ့စည်းမှု၊
မြေသားအထူအပါး၊ အော်ဂဲနစ်
ရုပ်ဝတ္ထုပစ္စည်းများပါဝင်မှု အစရှိသည့်
အချက်များပေါ်မူတည်၍ သွင်းရေပမာဏကို
လိုအပ်သလို ထိန်းကျောင်းရသည်။

၅။ သီးနှံပင်များအတွက် ရေလိုအပ်မှု
အတိုင်းအတာသည် ရာသီဥတုအပေါ်၌လည်း
များစွာမူတည်သည်။
သီးနှံပင်ဝန်းကျင်တွင် အပူချိန်မြင့်မားခြင်း၊
လေတိုက်ခတ်ခြင်း၊ နေ့တာ အတို/အရှည် စသည့်
အချက်တို့သည်လည်း သီးနှံပင်ရေလိုအပ်ချက်ကို
လွမ်းမိုးနိုင်သည်။

ယခင်က စိုက်ပျိုးသီးနှံပင်များအတွက်
ရေပေးသွင်းရာတွင် မြစ်ရေ၊ ချောင်းရေများကို
ပိတ်လှောင်၍သော်လည်းကောင်း၊ တိုက်ရိုက်လွဲယူ၍
သော်လည်းကောင်း သုံးစွဲခဲ့သော မူလအခြေခံ
နည်းစနစ်မှသည် အဆင့်ဆင့်တိုးတက်အောင်
ရှာဖွေကြံဆ ဆောင်ရွက်လျက်ရှိရာ ယခုအခါတွင်
မိုးအတုရွာသွန်းသော နည်းစနစ်များအထိ
တိုးတက်လာပြီဖြစ်သည်။
ရေကို အကျိုးရှိစွာအသုံးချတက်ရန်
နည်းလမ်းများတွင် စိုက်ပျိုးသီးနှံပင်အမျိုးအစား၊
စိုက်ပျိုးနည်းစနစ်များ၊ ပတ်ဝန်းကျင်အခြေအနေ
စသည့် အချက်များနှင့် ညီညွတ်စေမည့်
နည်းလမ်းများကို ဆောင်ရွက်လာကြသည်။
ရေပေးသွင်းရာတွင် ရေလေလွင့်ဆုံးရှုံးမှု
နည်းပါးသော၊ သီးနှံပင်များအတွက် ထိရောက်သော
နည်းလမ်းများကို ဆောင်ရွက်လာကြသည်။

၁။ စိုက်ဘောင်များအကြား ရေသွင်းခြင်း
(Furrow method of irrigation )

၂။ Zig-zag ပုံဖော်၍ ရေသွင်းခြင်း
(Zig-zag method of irrigation)

၃။ အပင်ခြေအထိမြောင်းဖော်၍ ရေသွင်းခြင်း
(Basin flooding irrigation)

၄။ အကွက်ငယ်ဖော် ရေသွင်းခြင်း
(Check flooding irrigation)

၅။ ကွန်တိုအလိုက် ရေသွင်းခြင်း
(Contour irrigation)

၆။ စိုက်ကွက်အတွင်း ရေအမြုပ်သွင်းခြင်း
(Free flooding irrigation)

၇။ စိုက်ခင်းမျက်နှာပြင်အောက် အမြစ်ဇုံတွင်
ရေပေးခြင်း(Sub-surface method)

၈။ Sprinkler ဖြင့် ရေပေးခြင်း
(Sprinkler irrigation)

၉။ အစက်ချနည်းဖြင့် ရေပေးခြင်း
(Drip irrigation)

၁၀။ မိုးအတု ရွာသွန်းခြင်း
(Cloud seeding or Artificial rainmaking)

ရေသွင်းရာတွင် သတိပြုရမည့်အချက်များ -

သီးနှံပင်များ စိုက်ပျိုးထုတ်လုပ်ရာတွင်
ရေသည် မရှိမဖြစ်အရေးပါသော်လည်း
ရေကို လိုအပ်သည်ထက် ပိုမိုသုံးစွဲခြင်းဖြင့်
သီးနှံအထွက်နှုန်းကို ထိခိုက်စေနိုင်သလို
လျော့၍ အသုံးပြုခြင်းသည်လည်း အထွက်နှုန်းကို
လျော့နည်းစေသည်။
ယေဘုယျအားဖြင့် မြေဆီလွှာတွင်း ရေပါဝင်မှု
၄၅ ရာခိုင်နှုန်းထက် ကျော်လွန်သွားပါက
သီးနှံပင်များ ကြီးထွားဖွံ့ဖြိုးရေးနှင့်
အသက်ရှင်သန်ရေးကို ထိခိုက်စေနိုင်သည်။
ထို့အပြင် မြေဆီလွှာအတွင်း မြေမှုန်များအကြား
Oxygen ချို့တဲ့သွားပြီး လေမဲ့အခြေအနေ
(Anaerobic conditions)ကို ဖြစ်ပေါ်စေနိုင်သည်။
ရေဝပ်ခြင်းကြောင့် မြေဆီလွှာထဲတွင် Hypoxia
(Low Oxygen Concentrations)
အောက်ဆီဂျင် မလုံလောက်သည့် အခြေအနေကို
ဖြစ်ပေါ်စေသည်။
အပင်ဟူသမျှတို့သည် Oxygen ချို့တဲ့သွားသည်နှင့်
ဇီဝရုပ်ဖြစ်ပျက်မှု (Metabolism) လျော့သွားခြင်း၊
ကြီးထွားမှု ရပ်ဆိုင်းခြင်း စသည်တို့ဖြစ်တက်သည်။
မြေဆီလွှာအတွင်း လေဝင်၊ လေထွက်
ညံ့ဖျင်းသွားခြင်းကြောင့် Microorganisms များ၏
အသက်ရှင်သန်မှုထိခိုက်စေနိုင်ပြီး မြေဆီလွှာအတွင်း
အပူချိန်ကျဆင်းခြင်းကြောင့် Microorganisms များ
စွမ်းဆောင်ရည် နှေးကွေးကျဆင်းသွားသည်။
၎င်းအပြင် Denitrification ဖြစ်စဉ်ကြောင့်
Nitrogen ဆုံးရှုံးရခြင်း ဖြစ်စေနိုင်သည်။

ဆောင်းပါးရှင် - ဉာဏ်မြင့်
ရေးသားသည့်ရက်စွဲ - 3.8.2019

(ဆောင်းပါးရှင် ကိုဉာဏ်မြင့်ဟာ စိုက်ပျိုးရေးပညာကို တစိုက်မတ်မတ်လေ့လာပြီး စိုက်ပျိုးရေးဆိုင်ရာအသိပညာများကို ဟောပြောပို့ချခြင်း၊ ဆောင်းပါးများရေးသားဖြင့် မျှဝေပေးနေသူတစ်ဦးဖြစ်ပါတယ်၊ ဆောင်းပါးမျှဝေပေးသော ဆရာကိုဉာဏ်မြင့်ကို Myanmar Farmers' Academy အဖွဲ့မှ ကျေးဇူးတင်ကြောင်း ဖော်ပြအပ်ပါတယ်။)

References
1. Moisture stress (Wikipedia)
2. Drainage and Irrigation AEM (Cornell University)
3. Crop water needs (FAO)

Photos from different Internet sources!

Crd

ဓာတ်မြေသြဇာဆိုတာ ဘာလဲ ဓာတ်မြေသြဇာများသည် အပင်များအတွက် အစာဖြစ်သည်၊ ၎င်းတို့သည် အပင်များ ကြီးထွားရှင်သန်ရန် အာဟာရများကို ...
01/02/2023

ဓာတ်မြေသြဇာဆိုတာ ဘာလဲ

ဓာတ်မြေသြဇာများသည် အပင်များအတွက် အစာဖြစ်သည်၊ ၎င်းတို့သည် အပင်များ ကြီးထွားရှင်သန်ရန် အာဟာရများကို ပံ့ပိုးပေးသည်။

တွင်းထွက်အပင်အာဟာရသည် အောက်ပါဒြပ်စင်တစ်ခုဖြစ်သည်။

အပင်ကြီးထွားမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ် သို့မဟုတ် အကျိုးပြုသည်။

သဘာဝ သို့မဟုတ် စိုက်ပျိုးထားသော ပတ်ဝန်းကျင်တွင် စိုက်ပျိုးထားသော အပင်မျိုးစိတ်များ၏ ရိတ်သိမ်းထားသော ထုတ်ကုန်၏ အရည်အသွေးဂုဏ်ရည်များ အတွက် မရှိမဖြစ်လိုအပ်ပါသည်။

လေထုနှင့်ရေမှရရှိသော ကာဗွန်၊ ဟိုက်ဒရိုဂျင်နှင့် အောက်ဆီဂျင်တို့အပြင် အပင်များသည် ၎င်းတို့၏ကြီးထွားမှုနှင့် ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်များစွာ လိုအပ်ခြင်းကိုဓာတ်မြေသြဇာများက ပံ့ပိုးပေးသည်-

နိုက်ထရိုဂျင် (N)၊ ဖော့စဖရပ် (P) နှင့် ပိုတက်စီယမ် (K) တို့သည် မြေသြဇာများတွင် အဓိကအာဟာရများဖြစ်သည်။

အခြားအပင်အာဟာရများမှာ ဆာလဖာ (S)၊ မဂ္ဂနီဆီယမ် (Mg)၊ ကယ်လ်စီယမ် (Ca)၊ ဇင့် (Zn)၊ သံ (Fe)၊ ဘိုရွန် (B)၊ မန်းဂနိစ် (Mn)၊ ကြေးနီ (Cu)၊ မိုလစ်ဘ်ဒင်နမ် (မို) ကလိုရင်း၊ (Cl), နီကယ် (Ni), အိုင်အိုဒင်း (I)။ အပင်မျိုးစိတ်အနည်းငယ်အတွက် အပိုအာဟာရဓာတ်များ ဥပမာ- ဆိုဒီယမ် (Na) နှင့် ကိုဘော့ (Co) တို့ လိုအပ်ပါသည်။

လူ​တွေပဲသတ္တုဓာတ်လိုအပ်ခြင်းမဟုတ်ပဲ အပင်များသည်လည်းလိုအပ်​သောသတ္တုဓာတ်ကို​ထောက်ပံ​ပေး​သောမြေဩဇာများမှာကျွန်ုပ်တို့၏အစားအစာစနစ်များတွင် မရှိမဖြစ်အရေးပါသောအခန်းကဏ္ဍမှပါဝင်သည်- ၎င်းသည် ပုံသေမြေပမာဏပေါ်တွင် စိုက်ပျိုးနိုင်သော အစားအစာပမာဏကို တိုးစေသည်။ ယနေ့ကျွန်ုပ်တို့စားသုံးသော အစားအစာတစ်ဝက်ခန့်သည် သတ္တုဓာတ်မြေသြဇာဖြင့် ထုတ်လုပ်ထားပါသည်။

စျေးနှုန်းသက်သာ Quality မှန် ​​တောင်သူတိုင်းအတွက် HI-TECH ​လေးမျိုးစပ်​​မြေသြဇာကို ယုံကြည်စွာသုံးစွဲကြပါစို့
31/01/2023

စျေးနှုန်းသက်သာ Quality မှန် ​​တောင်သူတိုင်းအတွက် HI-TECH ​လေးမျိုးစပ်​​မြေသြဇာကို ယုံကြည်စွာသုံးစွဲကြပါစို့

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Hi-Tech Fertilizer posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share