TradeX

TradeX Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from TradeX, Advertising/Marketing, Mandalay.

 #ပိုက်ဆံ(သို့မဟုတ်)စကားပြောသောသက် မဲ့သေရင်အပါ ယူသွားလို့ မရပေမယ့်မင်းမရှိလို့ အသက်ပေါင်းများစွာဆုံးရှုံးသွားကြတယ် ''ပို...
24/01/2023

#ပိုက်ဆံ(သို့မဟုတ်)စကားပြောသောသက် မဲ့

သေရင်အပါ ယူသွားလို့ မရပေမယ့်

မင်းမရှိလို့ အသက်ပေါင်းများစွာ
ဆုံးရှုံးသွားကြတယ် ''ပိုက်ဆံ''. ။

အချစ်စစ်ကို ဝယ်ယူလို့ မရပေမယ့်..
မင်းမရှိရင်
ဘယ်သူမှအနားမကပ်ချင်ကြဘူး ''ပိုက်ဆံ''..။

ကောင်းမွန်သော အိပ်စက်ခြင်းမျိုးကို
မင်းဖန်တီးမပေးနိုင်ပေမယ့်.

မကျန်းမာတဲ့ အချိန်မှာ
မင်းကို အလိုရှိပြန်တယ် ''ပိုက်ဆံ''။

အတတ်ပညာ အသိပညာများစွာကို
ဝယ်ယူလို့ မရပေမယ့်.

ပညာတွေတတ်ဖို့တွက် မင်းကိုအသုံးပြုရပြန်တယ် ''ပိုက်ဆံ''...။

မင်းရှိနေရင်
လူအ က လူတော် ဖြစ်သွားနိူင်ပေမယ့်...

မင်းမရှိရင်
လူတော်တွေက လူအ ဖြစ်သွား
ကြရပြန်တယ် ''ပိုက်ဆံ''...။

မင်းက လူတိုင်းရဲ့ မျက်ရည်ကို
သုတ်မပေးနိုင်ပေမယ့်

မင်းကြောင့်
လူတစ်ချို့ မျက်ရည် ကျခဲ့ရတယ် ''ပိုက်ဆံ''... ။

နွေးထွေးတဲ့
မိသားစုကို ဖန်တီးမပေးနိုင်ပေမယ့်

မင်းကြောင့်
လူတစ်ချို့က မိဘရင်ခွင်ရဲ့
အဝေးနေရာကို...
ထာဝရ ထွက်ခွာသွားကြရတယ် ''ပိုက်ဆံ''...။

မင်းက ဖန်ဆင်းရှင် မဟုတ်ပေမယ့် ..

အချို့သောလူတွေကမင်းကို ဖန်ဆင်းရှင်လို
ကိုးကွယ်နေကြတယ် ''ပိုက်ဆံ''...။

ပိုက်ဆံ မင်းက သက်မဲ့ဆိုပေမယ့်...
အရာရာအတွက် စကားပြောတတ်တယ်နော်...။

ကျွန်တော်တို့တင်သမျှ အချိန်နှင့်တပြေးညီဖတ်နိုင်ရန် page ကို like & follow လုပ်ပေးခြင့်ဖြင့် ကျွန်တော်တို့ကို ကူညီနိုင်ပါတယ်ဗျ🤩

 # # အမေရိကန်က အဖြစ်အပျက် # #      အမေရိကန်နိုင်ငံမှာ လူမည်းအမျိုးသမီးကြီးတစ်ဦးရှိတယ်။ သူ့မှာ သားနှစ်ယောက်ရှိတယ်။ ဘယ်သူန...
23/01/2023

# # အမေရိကန်က အဖြစ်အပျက် # #

အမေရိကန်နိုင်ငံမှာ လူမည်းအမျိုးသမီးကြီးတစ်ဦးရှိတယ်။ သူ့မှာ သားနှစ်ယောက်ရှိတယ်။ ဘယ်သူနဲ့ရမှန်း သူတောင်မသိဘူး။ ဒါပေမယ့် ပြဿနာမရှိဘူး။ သူကျွေးထားတယ်။ လူမည်းမကြီးက အိမ်ပေါ်အလုပ်လုပ်တယ်။ သူ့သားနှစ်ယောက်ကို ပြုစုစောင့်ရှောက်ဖို့ အချိန်မရဘူး။ သားနှစ်ယောက်ကလဲ ဆိုးချင်တိုင်းဆိုးပီး လမ်းသရဲ ဖြစ်နေတာပေါ့။

@ လောကမှာ သားသမီးငယ်ရွယ်စဉ်မှာ မိဘအဆုံးအမ မရှိရင် အဲ့ဒီသားသမီးတွေ လမ်းပေါ်ရောက်ကြတာများပါတယ်။ ။

တစ်နေ့တော့ လူမည်းမကြီး အလုပ်သွားတယ်။ အိမ်ပေါ်အလုပ်ဆိုတော့ ချမ်းသာတဲ့အိမ်တေကို သွားပီးလုပ်ပေးရတာပေါ့။ ပထမဆုံးအိမ်မှာ သူမတစ်ခုသတိထားမိလိုက်တယ်။ အိမ်နံရံတေမှာ စာအုပ်တေအပြည့်ရှိနေတာပေါ့။ သူမတွေးလိုက်တယ်။ " သူတို့တေများ ချမ်းသာလိုက်တာ.. ဖတ်စရာ စာအုပ်တေအများကြီး....ငါတို့မာတော့ ဆင်းရဲတယ်..ဖတ်စရာ တစ်အုပ်မှမရှိဘူး။"
နောက်တစ်အိမ်ရောက်သွားတယ်။ ပထမအိမ်ထက်ချမ်းသာတယ်။ စာအုပ်တေကလည်း လှေကားတေမှာပါ ရှိတယ်။သူမတွေးပြန်တယ်။
" သူတို့တေများ ဖတ်နိင်လိုက်ကြတာ ..ငါတို့မှာ ဖတ်ချိန်တောင်မရဘူး.."
နောက်တစ်အိမ်ကျတော့ စာအုပ်တေကပိုများ။ စာကြည့်စားပွဲတေနဲ့ အကျအနပေါ့။ ဒီတစ်ခါတော့ သူမတစ်မျိုးတွေးတယ်။".စာဖတ်တာနဲ့ ချမ်းသာတာဟာ ပတ်သတ်မှုရှိတယ်လား?..စာများများ ဖတ်လေ.. များများချမ်းသာလေလား..?"။

@ အောင်မြင်တိုးတက်ချင်ရင် အောင်မြင်နေတဲ့သူတေဆီကနေ စံနမူနာယူကြည့်ရတယ်။

သူမက သားနှစ်ယောက်ကို ခေါ်လိုက်တယ်။". ငါ့သားတို့ မေမေ့ကို ချစ်လား" လို့မေးတယ်။ သားတေကလည်း "ချစ်ပါတယ်" ပေါ့။ " ဒါဆိုအမေ ခိုင်းတဲ့အတိုင်းလုပ်"။ သားနှစ်ယောက်ကို စာကြည့်တိုက်ခေါ်သွားတယ်။ သူတို့နိုင်ငံမှာ စာကြည့်တိုက်တေက အကြီးကြီးတေ။ သူတို့လူမျိုးတေက စာဖတ်ကြတယ်။ အရမ်းလည်းတိုးတက် ကြတယ်။

@ စာဖတ်သော လူမျိုးသည် တိုးတက်၍ တိုးတက်သော လူမျိုးတိုင်း စာဖတ်ကြသည်။

စာကြည့်တိုက်မှူးဆီကို သားနှစ်ယောက်စလုံးကိုအပ် တယ်။ သင့်တော်တဲ့စာအုပ်တေပေးဖို့တောင်းဆိုလိုက်တယ်။ စာကြည့်တိုက်မှူးကလည်း စိတ်ချလက်ချသာထားခဲ့ပေါ့။ အကြီးကောင်ကို ဘာဝါသနာပါလဲမေးတော့ ".. ကျွန်တော် ကိုယ်အဂ်ါအစိတ်အပိုင်းတေကို လေ့လာချင်တယ်"။ သူ့ကို စာအုပ်တေပေးတယ်။ ရောင်စုံ ကာလာတေနဲ့ဆိုတော့ သဘောကျတာပေါ့။တစ်အုပ်ပီးတစ်အုပ်ဖတ်တယ်။ အငယ်ကောင်က အင်ဂျင်နီယာ ဖြစ်ချင်တယ်။ ကားတေကို ဝါသနာ ပါတယ်တဲ့။ သူ့ကိုလည်း နိုင်ငံမျိုးစုံ က ကားမျိုးစုံအကြောင်း ဖတ်ခိုင်းတယ်။ နှစ်ယောက်စလုံး သဘောကျတာပေါ့။ နေ့တိုင်း စာကြည့်တိုက်ကိုသွားကြတယ်။

@ ကလေးတေကို စာဖတ်ခိုင်းရင် သူတို့ဝါသနာပါတဲ့ အကြောင်းအရာ ကို အရင်ဖတ်ခိုင်းမှ စာဖတ်ဝါသနာ စွဲမြဲလာပေမည်။

လူမည်းမကြီးရဲ့ သားနှစ်ယောက်စလုံးဟာ ကျောင်းစာမှာတော်လာကြတယ်။ ပြင်ပဗဟုသုတ စုံလာတော့ ကျောင်းစာနယ်ပယ်ဟာ ကျဉ်းမြောင်းသွားတယ်။ အထူး‌အထွေ မှတ်စရာမလိုတော့ဘူး။
အတန်းထဲမှာ ပထမဖြစ်လာတယ်။

@ ကျွန်တော်တို့နိုင်ငံက မိဘတေဟာ စာဖတ်ရင် ကျောင်းစာနောက်ကျတယ်လို့ ထင်ကြတယ်။ တကယ်တော့ စာဖတ်လေလေ ကျောင်းစာကို မှတ်ရလွယ်ကူလေပါ။

လူမည်းမကြီးက သူ့သားနှစ်ယောက်ကိုမှာထားတယ်။ "မင့်တို့ဖတ်ခဲ့တဲ့ စာအုပ်တေအကြောင်းကို အိမ်ပြန်ရောက်တော့ အမေ့ကိုရေးပြရမယ်" ပေါ့။ သားတေကလည်း နေ့တိုင်းရေးပေးပါတယ်။ဒီလိုနဲ့ သူ့သားနှစ်ယောက်စလုံး ပညာတတ်တေဖြစ်သွားတယ်။ အကြီးကောင်က ဆရာဝန်ဖြစ်သွားတယ်။ အငယ်ကောင်က အင်ဂျင်နီယာပေါ့။

ခရစ်စမတ်နေ့မှာ ပေါ့။ သူ့တို့သားအမိသုံးယောက်ဆုံကြတယ်။ အငယ်ကောင်ကမေးတယ်။". သားတို့ငယ်ငယ်က အမေစာတေရေးခိုင်းပီး ဘာလို့မဝေဖန်တာလည်း"။ သူ့အမေက လက်ကိုင်ပဝါနဲ့ထုတ်ထားတဲ့ စာရွက်တေယူလာတယ်။ "မင့်တို့ရေးထားတဲ့ စာရွက်တေ အမေ အမြတ်တနိုးသိမ်းထားပါတယ်။ မဝေဖန်ဘူးဆိုတာကတော့ သားရယ်.. အမေမှ စာမဖတ်တတ်တာ..သားတို့ကို မှတ်မိစေချင်လို့ပါ" မျက်ရည်ဝဲပီးပြောရှာတာပေါ့။

@ မိဘဆိုတာ သားသမီးကို စေတနာထားကြတာချည်းပါ။ဒါပေမယ့် စေတနာမလွဲကြစေနဲ့။ ငွေနောက်ကို လိုက်ပီး သားသမီးကို ကျောင်းမထုတ်ပါနဲ့လေ။ စာပေနဲ့နီးအောင်ထားရင် သားသမီးတွေ အောင်မြင်လာမှာပါ။

@ ယနေ့ခေတ် မိဘဝတ်တရားထဲမှာ " သားသမီးကို စာကြည့်တိုက်နဲ့နီးအောင် ဖန်တီးပေးရမည်" လို့ ပေါင်းထည့်ချင်ပါသည်။

ကယ်လီဖိုးနီးယား သေနတ်ပစ်ခတ်မှု ၁၀ ဦးသေဆုံး--------------23.1.2023အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်မှာ တရုတ်နှစ...
23/01/2023

ကယ်လီဖိုးနီးယား သေနတ်ပစ်ခတ်မှု ၁၀ ဦးသေဆုံး
--------------
23.1.2023

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်မှာ တရုတ်နှစ်သစ်ကူးပွဲတော်ကျင်းပနေစဉ် သေနတ် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် လူ ၁၀ ယောက်သေဆုံးခဲ့ပြီး ၁၀ ယောက်ဒဏ်ရခဲ့တဲ့အတွက် ပစ်ခတ်မှု ကျူးလွန်သူကို အမေရိကန်ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေပါတယ်။

လော့အိန်ဂျလိစ်မြို့ကနေ ၁၁ မိုင် လောက် ဝေးတဲ့ Monterey Park အရပ်က ကပွဲခန်းမတစ်ခုမှာ စနေနေ့ ည ၁၀ နာရီလောက်က သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။ အဲဒီနေရာဟာ အာရှ-အမေရိကန် အသိုင်းအဝိုင်းတွေ အများဆုံးနေထိုင်တဲ့ နေရာဖြစ်ပါတယ်။ မသင်္ကာသူရဲ့ ဓာတ်ပုံတွေကိုလည်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ သေနတ်သမားဟာ အခင်းဖြစ်တဲ့နေရာ ကနေ ထွက်ပြေးပြီးတဲ့နောက် နောက်ထပ် အကခန်းမ တစ်ခုကိုလည်း ပစ်မှတ်ထားခဲ့ပုံပေါ်ပါတယ်။

Monterey Park မှာ ပစ်ခတ်မှုဖြစ်ပြီး မိနစ် ၂၀ လောက်အကြာမှာ အယ်လ်ဟမ်ဘရာမြို့အနီးက အကခန်းမတစ်ခုတည်း ကိုလည်း အာရှနွယ်ဖွားဖြစ်ပုံရတဲ့ အမျိုးသားတစ်ယောက်က သေနတ်တစ်လက်ကိုင်ပြီး ဝင်လာတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အဲဒီဖြစ်ရပ်နှစ်ခုက ဆက်စပ်မှု ရှိ/မရှိ ဆိုတာကိုတော့ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။

ရေမရောတဲ့ မန္တလေးသား စစ်စစ်ဖြစ်ကြောင်း သက်သေပြနိုင်မယ့် အချက် (၁၀) ချက်မန္တလေးသား၊ မန္တလေးသူ အစစ်အမှန်ဖြစ်ကြောင်း သက်သေပ...
22/01/2023

ရေမရောတဲ့ မန္တလေးသား စစ်စစ်ဖြစ်ကြောင်း သက်သေပြနိုင်မယ့် အချက် (၁၀) ချက်

မန္တလေးသား၊ မန္တလေးသူ အစစ်အမှန်ဖြစ်ကြောင်း သက်သေပြနိုင်မယ့် အချက် (၁၀)ချက်။ မန္တလေးသား၊သူ စစ်ရဲ့လား ရေရောနေသလားဆိုတာကို ဘယ်လို ခွဲကြမလဲ။ အောက်မှာဖော်ပြထားတဲ့ အချက် (၁၀)ချက်နဲ့သာ တိုက်ဆိုင် စစ်ဆေးကြည့်ပါဗျ။ အဲဒီ အချက်တွေကတော့ (ကျွန်တော်တို့လို မန္တလေးမှာ မွေးပြီး မန္တလေးမှာ ကြီးပြင်းခဲ့တဲ့ သူတွေအတွက်တော့ ဘာမှ မထူးဆန်းပေမယ့် မသိသေးတဲ့သူတွေ သိရအောင် ဖော်ပြပေးလိုက်ပါတယ်။)

၁။ ကား၊ ဆိုင်ကယ်မောင်းရင် နားလည်မှုနဲ့သာ မောင်းပါတယ်။ မန္တလေးမှာ လမ်းသွယ်ကပဲ ဖြတ်လာတဲ့ ယာဉ်ဖြစ်ဖြစ် အရင်သွားချင်လို့ လမ်းတောင်းချင်ရင် ပြုံးပြပြီး ခေါင်းငြိမ့်ပြလိုက်ရုံပါပဲ။ မီးပွိုင့်စောင့်ရင်လည်း ကိုယ့်လမ်းကြောထက် သူများလမ်းကြောက အစိမ်းအနီကို မျက်ခြေမပြတ် ကြည့်ကြပါသေးတယ်။

၂။ ဂဏန်းသင်္ချာကျွမ်းပါတယ်။ ဂဏန်းသင်္ချာဆိုလို့ ဖဲရိုက်တတ်တာ၊ နှလုံးထိုးတာကို ဆိုလိုတာမဟုတ်ပါဘူး။ မန္တလေးမြို့ရဲ့ လမ်းတိုင်းရဲ့ လမ်းမတွေကို ဂဏန်းတွေနဲ့ဖော်ပြထားသလို လမ်းသွယ်တိုင်းကိုလည်း အစဉ်လိုက်ဖြစ်တဲ့ လမ်းမကြီးရဲ့ နံပတ်နဲ့အတူ အင်္ဂလိပ်အက္ခရာတွဲပြီး ဖော်ပြကြတာမို့ ဂဏန်းသင်္ချာမှာ ကျွမ်းကျင်နေတာတော့ မဆန်းလှတော့ပါဘူး။

၃။ အအေးဒဏ်မခံနိုင်ကြပါဘူး။ နွေရာသီ ကြိုက်သလောက်ပူပါ မန္တလေးသား၊သူအစစ်တွေက အေးဆေးပါပဲ။ ဒေါင်ဒေါင်မြည်လျက်ပေါ့။ ဆောင်းရာသီ နဲနဲလေး အေးလာတာနဲ့ နှာစေးပါပြီ ချောင်းဆိုးပါပြီ ဖျားပါပြီ။ ကျွန်တော်တောင် အခု နှာစေးနေတာပါ။

၄။ မုန့်ဟင်းခါးသောက်ရင် ဟင်းရည် အဆစ်တောင်းတတ်ကြပါတယ်။ မုန့်ဟင်းခါးကို ဘယ်ဆိုင်မှာပဲသောက်သောက် တစ်ပွဲသောက်မကုန်ခင် အဖတ်နည်းနည်းချန်ပြီး ဟင်းရည်အဆစ်တောင်းကြတာ ဟိုးယခင်ကနေ အခုထိပါပဲ။ မန္တလေးက ဆိုင်တွေကလည်း ဟင်းရည်အဆစ် ပေးကြသလို မုန့်ဟင်းခါးကို စားတယ် မပြောဘဲ သောက်တယ်ပြောတာကလည်း ထူးခြားမှုတစ်ခုပါ။

၅။ ကွန်ဒိုတိုက်ခန်းတွေမှာ နေရတာထက် လုံးချင်းနေရတာကိုပဲ နှစ်သက်ကြသူတွေပါ။ ဘယ်လိုပဲ မြန်မာနိုင်ငံရဲ့ အကြီးဆုံးမြို့တွေထဲက တစ်ခုအပါအဝင်ဖြစ်ဖြစ် အထပ်မြင့်ကွန်ဒိုတွေ ဘယ်လောက်ဆောက်ဆောက် မန္တလေးသူ မန္တလေးသားတွေက ကိုယ့်အိမ် ကိုယ်ခြံလေးတွေနဲ့ နေရတာကိုသာ နှစ်သက်ကြပါတယ်။ အခြေအနေအရ တိုက်ခန်းမှာ နေကြတဲ့သူတွေ ရှိပေမယ့် လုံးချင်းအိမ်လေး တစ်လုံးကိုတော့ ရည်မှန်းထားသူတွေချည်းပါပဲ။

၆။ မန္တလေးသားရော မန္တလေးသူရော ကျွန်တော်ဆိုတဲ့ နာမ်စားကိုပဲ သုံးကြပါတယ်။ ဒါကတော့ ရာဇဝင်နဲ့ သမိုင်းနဲ့ လာတာမို့ သိချင် ရှာဖတ်ပါလို့။ မန္တလေးသူတွေ ကျွန်တော်ဆိုပြီး ပြောဆိုကြတာတော့ ကြားဖူးကြတယ်လို့ ယူဆမိပါတယ်။ မန္တလေးသူတွေ ထူးရင်လည်း ရှင့်လို့ ထူးမယ့်အစား ဗျလို့ပဲ အထူးများကြပါတယ်။

၇။ အရပ်မျက်နှာကို အလေးထားကြပါတယ်။ မန္တလေးမြို့ကို အလည်ရောက်လို့ လမ်းမသိရင် အရှေ့ဘက်သွား မြောက်ဘက်သွား စသဖြင့် ညွှန်ပြတဲ့သူတွေနဲ့ပဲ တွေ့မှာ သေချာပေါက်ပါပဲ။ ဒီကြားထဲ အရှေ့တစ်ပြ၊ တောင်ဘက်ကအပြ အဲလိုတွေပါ ညွှန်လိုက်ရင် ဘာတွေပြောနေလဲမသိ ဖြစ်သွားမယ်နော်။ ဆိုတော့ မန္တလေးကို လာမယ်ဆိုရင် တစ်ပြ နှစ်ပြဆိုတာ လမ်း၂ခုကြား အကွာအဝေးကို ပြောတာလို့သာ အလွယ်မှတ်ထားတော့နော်။

၈။ မတူညီတဲ့ အစားအသောက် အခေါ်တွေ ပြောတတ်ပါတယ်။ မန္တလေးသားတွေဖြစ်ဖြစ် မန္တလေးသူတွေဖြစ်ဖြစ် ပလာတာနဲ့ ထပ်တရာကို ခွဲခြားကာ မှာတတ်ကြပြီးတော့ ကောက်ညှင်းကျည်တောက်ကို ခဲတံချောင်း လို့ ခေါ်ကြသေးတယ်။
မုန်လာဥနီကို ခါကြက်ဥ၊ ပဲပင်ပေါက်ကို တိုရ၊ ပန်းပွင့်ကို ပန်းမုန်လာ၊ ပဲငံပြာရည်အပျစ်ကို ကြာညို့ စသဖြင့်လည်း အခြားဒေသနဲ့ မတူညီတဲ့ အခေါ်အဝေါ်တွေကို ခေါ်ဝေါ်ကြတာတွေ တွေ့ရမှာပါ။ မုန့်တီကိုလည်း နန်းကြီး၊ နန်းလတ်၊ ခိုတောင်နန်း၊ နန်းသေး၊ နန်းပြား ဆိုပြီး ခွဲခြားခေါ်ဆိုကြပါသေးတယ်။

၉။ တခြားမြို့ရွာက သူတွေနဲ့ အချစ်ဇာတ်လမ်းတွေ ဖြစ်ရင်တောင် မန္တလေးကို ချစ်တတ်အောင်ပဲ သင်ပေးကြသူတွေပါ။ ဒီအချက်ကတော့ အက်ဖ်အေတွေကို ခွဲခြားဆက်ဆံသလို ဖြစ်မှာစိုးလို့ ရှင်းမပြတော့ပါဘူး။

၁၀။ စကားကြွယ်သူတွေနေထိုင်ရာ မန္တလေးမြို့ပါ။ မန္တလေးဒေသခံတွေဟာ အနုပညာမှာ ပါရမီပါကြသလို စကားကြွယ်ချက်ကလည်း မားကတ်တင်းသမားတွေ နေခဲ့တော့ပဲ။ မယုံရင် စီဘီသာ ကြွခဲ့တော့ဗျို့။ ဒီတော့ ဒီလောက်ပါပဲဗျ။

အချက် ၁၀ ချက်မက ကိုက်ညီတဲ့ မန္တလေးသူ မန္တလေးသား အစစ်ဆုံးတွေ ရှိနိုင်သေးသလို အချက်အနည်းငယ်ပဲ ကိုက်ညီတဲ့ ရေရောလေးတွေ ရှိနိုင်တာမို့ မန္တလေးသူ မန္တလေးသား စစ်စစ်ကိုမှ ချစ်ချင်တယ်ဆိုသူများအတွက် တိုက်ဆိုင် စစ်ဆေးကာ ရွေးချယ်လို့ ရပြီဆိုတဲ့အကြောင်း သတင်းကောင်း ပါးလိုက်ပါရစေ။

တောင်ကိုရီးယားမြို့တော် ဆိုးလ်က ပျံကျရပ်ကွက် မီးလောင်တောင်ကိုရီးယားနိုင်ငံမြို့တော် ဆိုးလ်က ပျံကျရပ်ကွက်မှာ မနေ့ ဇန်နဝါရ...
21/01/2023

တောင်ကိုရီးယားမြို့တော် ဆိုးလ်က ပျံကျရပ်ကွက် မီးလောင်

တောင်ကိုရီးယားနိုင်ငံမြို့တော် ဆိုးလ်က ပျံကျရပ်ကွက်မှာ မနေ့ ဇန်နဝါရီလ ၂၀ ရက်တုန်းက မီးလောင်မှုဖြစ်ခဲ့တာကြောင့် ရာနဲ့ချီတဲ့လူတွေ ဘေးလွတ်ရာရွှေ့ပြောင်းနေရပါတယ်။

မီးလောင်မှုဟာ မြို့တော်ဆိုးလ်က ဂါယုံကျေးရွာမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး နေအိမ်ပေါင်း ၆၀ လောက် မီးထဲ ပါသွားခဲ့ပါတယ်။

တဟုန်းဟုန်းတောက်နေတဲ့မီးကို ငြိမ်းသတ်နိုင်ဖို့ မီးသတ်သမား ၉၀၀ ကျော်နဲ့ ရဟတ်ယာဥ်တွေရဲ့ အင်အားကိုပါ သုံးခဲ့ရတာဖြစ်ပါတယ်။

အဲဒီနေရာဟာ ဆိုးလ်မြို့မှာ နောက်ဆုံးကျန်နေတော့တဲ့ ပျံကျရပ်ကွက်ဖြစ်ပြီး ယာယီတဲတွေ ကျပ်ကျပ်တည်းတည်း ကပ်ဆောက်ထားတဲ့နေရာဖြစ်တယ်လို့ တောင်ကိုရီးယား မီဒီယာတွေမှာ သတင်းဖော်ပြပါတယ်။

မီးလောင်ရတဲ့အကြောင်းရင်းကို မသိရသေးပေမဲ့ သစ်သားပြားတွေ၊ ကတ်ထူပြားတွေနဲ့ ယာယီတဲတွေ ဆောက်နေထိုင်ကြတဲ့ အဲဒီနေရာဟာ မီးဘေး၊ရေဘေး မကြာခဏသင့်တဲ့နေရာဖြစ်ပါတယ်။

ကိုရီးယားတိုင်းမ် သတင်းဌာနရဲ့ ဖော်ပြချက်အရဆိုရင် အဲဒီကျေးရွာဟာ ၂၀၀၉ ခုနှစ်ကတည်းကဆိုရင် မီးလောင်မှု ၁၆ ကြိမ်ထက်မနည်းဖြစ်ပွားထားပါတယ်။

#တောင်ကိုရီးယား #ဆိုးလ်

" ဂရုမစိုက်ဘဲ နေတတ်လာတယ် "  ~~~~~~~~~~~~~~~~~လူဆိုတာပတ်ဝန်းကျင်နဲ့ အသိုင်းအဝိုင်းနဲ့ နေရတာပါ ။ဒါပေမယ့်…အဲဒီ ပတ်ဝန်းကျင်တ...
21/01/2023

" ဂရုမစိုက်ဘဲ နေတတ်လာတယ် "
~~~~~~~~~~~~~~~~~

လူဆိုတာ
ပတ်ဝန်းကျင်နဲ့
အသိုင်းအဝိုင်းနဲ့ နေရတာပါ ။

ဒါပေမယ့်…
အဲဒီ ပတ်ဝန်းကျင်တို့ အသိုင်းဝိုင်းတို့ ဆိုတာ
အမြဲ ဂရုစိုက်နေဖို့ မလိုသလို
သူတို့ စိတ်တိုင်းကျအောင်လည်း
အမြဲ လိုက်လုပ်နေလို့ မဖြစ်ပြန်ဘူး ။

သူစိမ်းလူတွေ မပြောနဲ့
ကိုယ့်အမျိုး ကိုယ့်မိသားစုထဲမှာတောင်
ကိုယ့်အကြောင်း သေချာမသိတဲ့ လူတွေ
ကိုယ့်အလုပ်ကို သေချာ နားမလည်တဲ့သူတွေ
ကိုယ့်မေတ္တာ တန်ဖိုးမထားတဲ့သူတွေ
တစ်ပုံကြီးပဲ ။

ဖြတ်သန်းခဲ့ရတဲ့ ဘဝခြင်း မတူရင်
ကြုံတွေ့ခဲ့ရတဲ့ သင်ခန်းစာခြင်းကလည်း
တူမှာ မဟုတ်ဘူး ။

ကြည့်တဲ့ ရှုထောင့်ခြင်း မတူရင်
မြင်တဲ့ အမြင်ခြင်းကလည်း
တူမှာ မဟုတ်ပါဘူး ။

ရည်ရွယ်ချက်ခြင်း မတူရင်
တစ်လမ်းထဲလည်း
အတူတူ လျှောက်လို့ မရဘူး ။

ရခဲ့တဲ့ ဒဏ်ရာခြင်း မတူရင်
အတွင်းစိတ်ရဲ့ ခံစားချက်ဟာလည်း
တူမှာ မဟုတ်ဘူး ။

တကယ်တော့…
ဘယ်နေရာမှာ ဖြစ်ဖြစ်
သူကသူ ကိုယ်က ကိုယ်ပါပဲ ။

ဒါကို ငါပြောသလို လုပ်
ငါထားသလိုနေ ငါတွေးသလို တွေး
ငါပြောတာ နားထောင် ဆိုတာမျိုးက
ဟိုအရင် ကလေးဘဝတုန်းကတော့
အဆင်ပြေရင် ပြေလိမ့်မယ် ။

အခုနေ အရွယ်ရောက်လာတဲ့ အခါမျိုးမှာတော့
ဒီလို ဘောင်တွေ စည်းတွေနဲ့
ပုံစံခွက်ထဲ လာသွင်းကြတဲ့ အခါမှာတော့
ဘယ်လိုမှ အဆင်မပြေနိုင်တော့ဘူး ။

အဲဒီ အခါမှာတော့ ဘေးပတ်ဝန်းကျင်နဲ့
အသိုင်းဝိုင်းက ပြောတဲ့ စကားတွေ
သူတို့ရဲ့ ထင်မြင်ချက်တွေကို
သိပ် ဂရုစိုက်နေလို့ မရတော့ဘူး ။

ကိုယ်လုပ်စရာ ရှိတာ လုပ်ရတော့မယ်
ကိုယ့်လမ်းကို မှန်ကန်အောင် လျှောက်ရမှာပါ
ကိုယ့်အိပ်မက်တွေ လက်တွေ့ ဖြစ်လာဖို့အတွက်
ယုံကြည်မှုကို ကိုင်စွဲပြီး
ရှေ့ကို ဆက်ကြိုးစား နေရမှာဘဲ

ကဲ့ရဲ့ဝေဖန်ခြင်းတွေကို
တုန့်ပြန်နေဖို့ မလိုသလို
လူတိုင်း နားလည်လာအောင်လည်း
လိုက်ပြီး ရှင်းပြနေဖို့ မလိုပါဘူး ။

ကိုယ်ဘယ်လောက် ကောင်းအောင်နေနေ
အပြစ်မြင်မယ့် လူတစ်စုကတော့
တစ်သက်လုံး အပြစ်မြင်နေမှာဘဲ

ကိုယ်ဘယ်လောက် ရိုးသားနေပါစေ
ကောက်ကျစ် ယုတ်မာစိတ် ရှိတဲ့သူတွေကတော့
ကိုယ့်ကို ဘယ်တော့မှ
လူကောင်းလို့ ထင်မှာ မဟုတ်ဘူး ။

ကိုယ်ဘယ်လောက် စေတနာထားထား
အလကား ရတိုင်း
အလကား လိုချင်နေတဲ့ သူတွေကတော့
ကိုယ့်ကို ခပ်ပေါပေါလို့ တွက်ကြမှာဘဲ

ကြာလာတော့…
သူများ အမြင်မှာ ကောင်းဖို့ထက်
ကိုယ်အစစ်အမှန် ကောင်းအောင်နေဖို့ဘဲ
ပိုအာရုံ စိုက်ဖြစ်လာတယ် ။

သူများက မှန်တယ်လို့ ထင်ဖို့ထက်
ကိုယ် မမှားအောင်ဘဲ သတိထားပြီး
လုပ်တော့တယ် ။

ဘဝင်မြင့်နေတဲ့ လူတွေကြားမှာ
ခပ်ရိုးရိုး ခပ်အေးအေးလေးဘဲ နေလိုက်ပြီး
တစ်ယူသန် အငြင်းသန်တဲ့ သူတွေနဲ့တွေ့ရင်တော့
ကိုယ်ဘာမှ မသိသလို
ခပ်ဆိတ်ဆိတ်လေး နေလိုက်တယ် ။

အမှားတွေ ကြားမှာ
အမှန်ဟာ ခါးလာပြီး
အပေါ်ယံတွေ ကြားထဲမှာ
အစစ်အမှန်တွေ ကျပျောက်လာတဲ့အခါ …

အကောင်းထက်
အဆိုးမြင်နေတဲ့ လူတွေကြားမှာ
ကိုယ် ဂရုမစိုက်ဘဲ နေတတ်လာတယ် ။

လူတိုင်း ကြိုက်ဖို့မှ မလိုတာ
ကိုယ့်တန်ဖိုး ကိုယ်သိရင်တော့
ဒီလောက်ဆို တော်ပြီပေါ့ …

19/01/2023
🔸️ ကျရှုံးချိန်မှာ   ခေါင်းမော့ပါ🔸️ ကြိုးစားနေတဲ့အချိန်မှာ သည်းခံပါ🔸️ အောင်မြင်ချိန်မှာ  မာန်ချပါ🔸️ ပြည့်ဝချိန်မှာ      ...
18/01/2023

🔸️ ကျရှုံးချိန်မှာ ခေါင်းမော့ပါ

🔸️ ကြိုးစားနေတဲ့အချိန်မှာ သည်းခံပါ

🔸️ အောင်မြင်ချိန်မှာ မာန်ချပါ

🔸️ ပြည့်ဝချိန်မှာ မျှဝေပါ

🔸️ ပြုံးနေပေမယ့် နာကျင်ရတဲ့ရက်တွေရှိတယ်

🔸️ အပေါ်ယံလေးနဲ့ အရာရာကိုမဝေဖန်ချင်ပါနဲ့

🔸️ လူတိုင်းမှာ သောကကိုယ်စီနဲ့ ပျော်သလိုနေနေကြတာပါ

🔸️ ဘဝမှာ အခက်ခဲတွေနဲ့ရင်ဆိုင်ရတဲ့အခါ

🔸️ ဘာလို့လဲလို့ မေးခွန်းထုတ်မနေပဲ

🔸️ ဘယ်လိုကြိုးစားရမလဲဆိုတာ စဉ်းစားလိုက်ပါ။

🔸️ ရည်မှန်းချက်တွေပျက်ရင် ဘဝတစ်ခုလုံး ပျက်စီးသွားနိုင်တယ်

🔸️ ဒါကြောင့် အခက်ခဲတွေနဲ့ ဘယ်လိုပဲကြုံတွေ့နေပါစေ

🔸️ ရည်မှန်းချက်တွေမပျက်ပါစေနဲ့

🔹️ အားတင်းထား ဘဝနဲ့ရင်းပြီး ရလိုက်တဲ့

သင်ခန်းစာတွေက ခံရတဲ့အချိန်မှာ ခါးသီးပေမယ့်

တချိန်ချိန်မှာ ချိုမြိန်လာမှာပါ

🔹️ မှန်မှန်မှားမှား ဆင်းရဲရင်တော့ ခံရမယ်

🔹️ ချိုချိုခါးခါး မကျန်းမာရင်တော့ သောက်ရမယ်

🔹️ လိုလိုမလိုလို ပတ်ဝန်းကျင်ဆိုတော့ ပေါင်းရတယ်

🔹️ ကောင်းကောင်းမကောင်းကောင်း အလုပ်သဘောရတော့ ပြုံးရတယ်

🔹️ မင်းဒုက္ခရောက်နေချိန်မှာ ဘယ်သူ့ကိုမှ အသနားမခံပါနဲ့

🔹️ ရုန်းထွက်နိုင်အောင်ကြိုးစားပါ

🔹️ စိတ်ဓာတ်ကျတိုင်း ဤစာကိုဖတ်ပါ

🔹️ သင့်ဘဝတွက် ခွန်းအားဖြစ်စေလိမ့်မယ်.

🔹️ ကိုယ့်တန်ဖိုးကို နားမလည်တဲ့လူတွေကို
အချိန်ကုန်ခံမနေပါနဲ့

🔹️ ကိုယ့်ပေါ်မှာတန်ဖိုးထားတဲ့ လူတွေကိုအချိန်ပေးရအုံးမယ်

🔹️ လူကိုမကြည့်နဲ့. မူကိုကြည့်

🔹️ ရုပ်ကိုမကြည့်နဲ့. အလုပ်ကိုကြည့်

🔹️ အပြောမကြည့်နဲ့. မနောကိုကြည့်

🔹️ အတူမြင်ပေမယ့် အမြင်မတူတဲ့အခါ
အဓိပ္ပါယ် ဟာ လွဲမှားနေအုံးမှာပါ။

တောက်ပတဲ့ အနာဂတ်ကိုလိုချင်ရင်အတိတ်တွေဆီ ခရီမလွန်ပါစေနဲ့လက်ရှိ ပစ္စပ္ပန်မှာဘဲအကောင်းမွန်ဆုံး ကြိုးစားရှင်သန်ပါ…
17/01/2023

တောက်ပတဲ့ အနာဂတ်ကိုလိုချင်ရင်
အတိတ်တွေဆီ ခရီမလွန်ပါစေနဲ့
လက်ရှိ ပစ္စပ္ပန်မှာဘဲ
အကောင်းမွန်ဆုံး ကြိုးစားရှင်သန်ပါ…

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when TradeX posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share