Myanmar Online Shopping & Delivery Services

Myanmar Online Shopping & Delivery Services Business

13/10/2022

R.O Purified Drinking Water 💦MDY
FDA ထောက်ခံချက်ရ
ရေသန့် (20 လီတာ)ဗူး အထူးပရိုမိုးရှင်း
10ဗူး +2ဗူး(Foc)
အိမ်အရောက်ပို့ပေးသည်။

09986070904

 #ငါတို့အသုံးပြုနေကျစနစ်တွေပြောင်းကုန်ပြီ~~~~~~~~~~~~~~~~ငါတို့ ဘာကြောင့်ဆင်းရဲသွားတာလဲ။ #ပရီမီယာ ၁ထုပ် ယခင်က၅၀ ယခု၂၀၂၂ခ...
29/08/2022

#ငါတို့အသုံးပြုနေကျစနစ်တွေပြောင်းကုန်ပြီ
~~~~~~~~~~~~~~~~
ငါတို့ ဘာကြောင့်ဆင်းရဲသွားတာလဲ။
#ပရီမီယာ ၁ထုပ် ယခင်က၅၀ ယခု၂၀၂၂ခုနှစ်မှာ ၂၅၀ ဖြစ်သွားပြီတဲ့။
အရင်က တနေ့၃ကြိမ်ဖျော်သောက်နေရတဲ့ကော်ဖီဟာ အခုတော့ တနေ့ကို ၁ကြိမ်သောက်ဖို့စဉ်းစားနေရပြီ။
ငါ့ကော်ဖီ ၂ကြိမ်စာဘယ်သူယူသွားတာလဲ။

#ကြက်ဥတလုံး အရင်က ၁၀၀။ အခု ၂၀၀ ၊ ၂၂၀ ဖြစ်သွားပြီ။ မနက်တိုင်း ထမင်းနဲ့ ကြက်ဥကြော်စားနေရတဲ့ငါ။ အခုတော့ ပဲပြုတ်၂၀၀ကျပ်နဲ့ မိသားစုပါပေါင်းစား‌ေနရတယ်။ ငါ့ကြက်ဥတွေ ဘယ်သူယူသွားတာလဲ။

#ဆိုင်ကယ်လေး နဲ့ အလုပ်သွားတော့ ဆီထည့်ရဦးမယ်။ အရင်က ၁၀၀၀ ပေးရင် ဆီ ရေသန့်၁ဘူးအပြည့်ရတယ်။ ခု ၁၀၀၀ က ရေသန့်ဘူး ၃ပုံ ၁ပုံပဲရတော့တယ်။ ငါ့ဆီဘူးတဝက်ကျော် ဘယ်ရောက်သွားတာလဲ

#ဆန်ဆိုင်ရောက်တော့ စားနေကြပေါ်ဆန်းက တစ်ပြည်၂၆၀၀ကျပ်ကနေ ၄၀၀၀ကျော် နီးပါးဖြစ်သွားလို့ တဆင့်နိမ့်တဲ့ဆန်ပဲ ယူခဲ့ရတယ်။
ငါ့ပေါ်ဆန်းဆန်ကို တခြားဆန်နဲ့ ဘယ်သူယူလဲသွားတာလဲ။

#ပဲဆီအရင်က ၈၀၀၀ ကို ၁ပိသာရတယ်။ အခုတော့ ၅၀ သားပဲရတော့မယ်တဲ့။
ငါ့ဆီ ၅၀သားဘယ်ရောက်သွားတာလဲ။

#ငါတို့တို့က ဆင်းရဲတာကို။
ချမ်းသာတဲ့သူတွေ ကတော့ အေးဆေးပါတဲ့။
အံမယ် မထင်နဲ့ တော့ ။

Brand မှ သုံးတဲ့ ဟိုအမကြီးလဲ အခု စျေးချိုတဲ့ ဘေထုပ် Brand တွေမွှေနှောက်ရှာနေရပြီ။

#ကားကို 0 milage နဲ့ Brand New စစ်စစ် စီးချင်ပါတယ်ဆိုတဲ့ ဟိုအကိုလဲ သူ့ရှိတဲ့ကားလေးမပွန်းမပဲ့အောင် ဥစ္စာခြောက်နေရပြီ။

#ကလေးဖိနပ် ၊ လွယ်အိတ်ကို BPA Free တွေ ၊ Singapore Brand တွေမှ ဝယ်ပေးတဲ့ ဟိုမေမေလဲ တရုတ်ကလာတဲ့ ၅၀၀ကျပ်ဆိုင်ထဲကရေဘူးလေးတွေ၊ အိတ်လေးတွေ
ရှာဝယ်ပေးနေပြီ။

#ငါတို့ ဘာကြောင့်ဆင်းရဲသွားတာလဲ။
ငါတို့ပစ္စည်းတွေ ဘာလို့ တဆင့်နိမ့်တွေဖြစ်ကုန်တာလဲ။
#ကိုယ်လုပ်မှ ကိုယ်စားရမှာလို့ခံယူထားတဲ့ ငါတို့ အတွက် အလုပ် အစွမ်းကုန်နှုန်းအတိုင်း မပျင်းမရိ အလုပ်လုပ်တာတောင်ငါတို့ ဘာလို့တဖြည်းဖြည်းဆင်းရဲလာတာလဲ။
စဉ်းစားရင်း ............

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Myanmar Online Shopping & Delivery Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar Online Shopping & Delivery Services:

Share